ခရီးသွားနှင့် ကျားအိုကြီး

တစ်ခါတုန်းက ကျားအိုကြီးတစ်ကောင်ဟာ ရေအိုင်နားမှာရေချိုးပြီး သူများတွေမြင်လျှင် မြက်ကိုသာအမြဲစားသည့် ကျားသူတော်ကောင်းကြီးပါလားဟု အထင်ခံရအောင် သမန်းမြက်တွေကိုကိုင်ထားပြီး ကမ်းနဖူးမှာထိုင်နေစဉ် ခရီးသွားတစ်ယောက်ကိုတွေ့သောအခါ..” အို ခရီး သည် ငါ့ဆီကရွှေလက်ကောက်ကို လာယူလှည့်ပါ ” ဟုဆိုလေ၏ ။ခရီးသည်လည်း လိုချင်မှုလောဘဇောတက်ပြီစိတ်ထဲမှာစဉ်းစားလေ၏ ။ဒီရွှေလက်ကောက်ဟာ ငါ့ရဲ့ရှေးဘုန်းရှေးကံကြောင့်ရသင့်ရထိုက်လို့ ဖြစ်လာတာပဲ ၊ ဒါပေမဲ့ စဉ်းစားစရာတော့ တစ်ချက်ရှိတယ်။” မနှစ်သက် အပ်သောအရာမှနှစ်သက်မြတ်နိုးအပ်တဲ့ ပစ္စည်းကိုရခြင်းဟာကောင်းကျိုးမဖြစ်နိုင်ဘူး။အဆိပ်နဲ့ရောထားတဲ့ အမြိုက်သုဓာဟာအ သက် ကိုသေစေနိုင်တယ်…”ဒါပေမဲ့ ပစ္စည်းဥစ္စာရှာဖွေရာမှာ စွန့်စားမှု ၊ ဒါမှမဟုတ် အန္တရာယ်ကတော့ ရှိမှာပဲ။” လူဟာ မစွန့်စားပဲအခြေနေကောင်းကို မတွေ့မြင်နိင်ဘူး၊ စွန့်စားပြီး တကယ်လို့အသက်ရှင်နေသေးရင်အခြေနေကောင်းကို တွေ့မြင်ရနိုင်တယ်…”ဒါကြောင့် ငါအရင်စုံစမ်းဦးမယ်ဆိုပြီး…” အို ကျားကြီး..သင့်ရဲ့ရွှေလက်ကောက်က ဘယ်မှာလဲ ” လို့ မေးတဲ့အခါ ကျားကြီးက ရွှေလက်ကောက်ကိုပြလေ၏ ။ထိုအခါ ခရီးသွားက…” အသားစားတဲ့ကျားကို ငါဘယ်လိုယုံရမှာလဲ ” လို့မေးတဲ့အခါ ကျားကြီးက…” ခရီးသွား… ငါပြောတာနားထောင်ပါဦး၊ ငယ်တုန်းကတော့ ငါတော်တော်ဆိုးခဲ့ပါတယ်၊ နွားနဲ့ လူပေါင်းများစွာကို သတ်ခဲ့တဲ့အတွက်ငါ့သားမယားတွေလည်းသေကုန်ကြလို့ ငါ့မှာဆွေ မျိုးမဲ့နေပါပြီ။တစ်နေ့မှာ တရားရှင်တစ်ယောက်နဲ့တွေ့ပြီးငါ့ကိုဆိုဆုံးမလို့ အခုငါဟာ အလှူဒါနပြုခြင်း စတဲ့ကောင်းမှုပြုတဲ့ သူတော်ကောင်း ကြီးဖြစ်နေပါပြီ၊ပြီးတော့လည်းငါ့မှာ ခြေသည်း လက်သည်း အစွယ်သွားတွေ ကြွေလို့ အဖိုးကြီးဖြစ်နေသောကြောင့် မယုံကြည်နိုင်စရာ အ ကြောင်းမရှိပါဘူး ”” ယဇ်ပူဇော်ခြင်းဝေဒကို သရဇ္ဈာယ်ခြင်း၊ အလှူပေးခြင်း၊ ခြို့ခြံစွာကျင့်ခြင်း၊ မှန်သောစကားကိုဆိုခြင်း၊ တည် ကြည်ခြင်း ၊ သည်းခံခြင်း၊ လောဘမကြီးခြင်းဆိုတဲ့အကျင့်ရှစ်ပါးရှိပါတယ်။အဲဒီအကျင့်ရှစ်ပါးထဲမှာ ရှေ့လေးပါးက ထင်ပေါ်ကျော်ကြား လှည့် စား ခြင်းငှာလည်း ကျင့်ကြတယ် ။နောက်လေးပါးကတော့ စိတ်ထားမြတ်သူတို့မှာသာတည်တယ် ။ဒါကြောင့်မို့ ငါဟာလောဘကင်းနေပြီဖြစ်လို့ ဒီရွှေလက်ကောက်အားတစ်ဦးဦးကို ပေးချင်နေတာပါ။ဒါပေမဲ့ ကျားဆိုတာ လူသားစားတတ်တယ်ဆိုတဲ့လူတွေရဲ့ စွပ်စွဲချက်ကိုတော့ တားမြစ်ပိတ်ပင်ရန်ခဲရင်းလှပါတယ် ” လောကကြီးဟာ…ရှေးရိုးစဉ်လာကို လိုက်လေ့ရှိတယ်၊တရားနည်းလမ်းညွန်ပြတတ်တဲ့အောင် သွယ်မိန်းမရဲ့စကားကိုနွားသတ်တဲ့ပုဏ္ဏားရဲ့စကားလောက်ဘယ်သူမှ အရေးမထားပေ” ခရီးသွား…ငါလည်း တရားဓမ္မတွေကို သင်ယူထား ပါတယ် ။ သင်နားထောင်ပေးပါဦး…” ရေရှားတဲ့အရပ်မှာ မိုးရွာသလိုငတ်မွတ်နေသူအားအစာပေးတာ အကျိုးရှိတယ်။မရှိဆင်းရဲသားအားအကျိုးရှိတဲ့ ဒါနကိုပေးသင့်တယ်…” မိမိအသက်ရှင်ချင်သလိုသတ္တဝါတွေရဲ့အသက်တွေကိုလည်းရှင်စေချင်ရတယ်။ကိုယ်ချင်းစားတရားဖြင့်သူတော် ကောင်းတွေကသတ္တဝါအားလုံးကို သနားကြတယ် ” တောင်းတာကိုငြင်းပယ်ခြင်း၊ ပေးခြင်းချမ်းသာ ဆင်းရဲအချစ် အမုန်းတို့၌ကိုယ်ချင်းစာသဖြင့်လူတစ်ယောက်ရဲ့စံကို သိရတယ်…”

” သူတပါးသားမယားကို အမေလိုသူတပါးစည်းစိမ်ကို မြေကြီးခဲလိုသတ္တဝါအားလုံးကို မိမိလိုသဘောထားနိုင်ရင်အဲဒီလူဟာ အမြင်မှန်ရတဲ့ ပညာရှိပဲ”သင်ခရီးသွားသည်လည်း အတော်ဆင်းရဲပုံရတယ်။ဒါကြောင့် ဒီရွှေလက်ကောက်အား သင့်ကိုပေးဖို့အလွန်ကို ဆန္ဒရှိနေပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့…” ဆင်းရဲသားတို့ကို ကျွေးမွေးစောင့်ရှောက်ပါ၊ချမ်းသာတဲ့သူကို ဥစ္စာမပေးပါနဲ့ ဆေးဟာ မကျန်းမာသူအတွက်သာ အကျိုးရှိတယ်၊ ကျန်းမာတဲ့သူအတွက် ဘာအကျိုးမှ မရှိလို့ပဲ” ဤကဲ့သို့ သင်ယူမှတ်သားခဲ့ရပါတယ် ။နောက်ထပ်ကျမ်းဂန်ထဲမှာ သင်ခဲ့ရတာ ကတော့…” အလှူလှူမယ်ဆိုရင်…ကိုယ့်ကိုကျေးဇူးမပြုဘူးသူကိုလှူသောအလှူဒါနနှင့်ဒေသ ‘ ကာလ ‘ မြတ်သောအလှူခံတို့၌လှူသောအလှူဒါနဟာ မြတ်တယ်လို့သင်ယူခဲ့ရဘူးပါတယ် ။ဒါကြောင့်မို့သင်သည် ဒီရေအိုင်မှာရေချိုးပြီး ရွှေလက်ကောက်ကို ယူပါ ” လို့ ကျားကြီးကပြောတဲ့အခါ ခရီးသွားဟာ ကျားရဲ့စကားကိုယုံပြီး လောဘရဲ့ဆွဲဆောင်မှုကြောင့် ရေချိုးရန် ရေအိုင်ထဲသို့ဆင်းတဲ့အခါညွန်ထဲနစ်ပြီး ရုန်းထွက်မရပဲ ဖြစ်နေလေ၏။ထိုအခါ ကျားကြီးက…” အို…ညွန်ထဲနစ်သွားတာပဲ၊ စိတ်မပူပါနဲ့၊ သင့်ကိုငါကယ်မယ် ”ဆိုပြီး တဖြေးဖြေးအနားကပ်သွားကာခရီသွားကို ဖမ်းယူကိုက်ချီလိုက်တဲ့အချိန်မှာ ခရီးသွားက နောင်တရပြီး စဉ်းစားလေ၏ ။” တရားကျမ်းဂန်ကို ရွတ်ဖတ်ခြင်းဟာသူယုတ်မာအတွက် သူတော်ကောင်းဖြစ်ရန်အကြောင်းရင်းမဟုတ်ဘူး၊နွားနို့ဟာ ပင်ကိုယ်အားဖြင့်ချိုသလိုမျက်နှာပန်းလှအောင်ဗန်းပြတဲ့အရာတွေထက်ပင်ကိုယ်သဘောကသာသာလွန်လွှမ်းမိုး၏။” မိမိရဲ့ဣန္ဒြေနဲ့စိတ်ကိုမထိန်းနိုင်တဲ့သူတွေရဲ့ အပြုအမူဟာဆင်ရေချိုးသလို ဘာအကျိုးမှမရှိဘူး။ ကိုယ်ကျင့်တရားကင်းတဲ့ ဉာဏ်ပညာဟာ ရုပ်ဆိုးတဲ့သူ တန်ဆာဆင်သလိုဝန်လေးရုံသက်သက်ပါပဲ…”အခုတော့ ငါသည် ယုတ်မာသေားကျားအပေါ် ယုံမိခြင်းမှာ မကောင်းသောလုပ်ရပ်ကို လုပ်မိသွားပြီ။ဒါကြောင့် ရှေးပညာရှိတွေက ဒီလိုဆိုထားတာပဲ…” ဦးချိုရှိတဲ့ သတ္တဝါရယ်၊မြစ်ရယ်၊ခြေသည်း လက်သည်းရှိတဲ့သတ္တဝါရယ်၊လက်နက်ရှိတဲ့သူတွေရယ်၊(မကောင်းတဲ့)မိန်းမရယ်၊မင်းမျိုးတွေရယ်ကိုယုံကြည် ခင်မင် အကျွမ်းမဝင်သင့်ဘူး…” အရာအားလုံးရဲ့ သဘာဝကိုသာ စူးစမ်းလေ့လာသင့်တယ်၊အခြားသောဂုဏ်တွေကိုမစူး စမ်း မလေ့လာသင့်ဘူး၊အဘယ့်ကြောင့်လဲဆိုတော့သဘာဝဟာ ဂုဏ်တွေရဲ့အထက်မှာတည်လို့ပဲ ”နောက်ဆုံးတော့ ခရီးသွားလည်း ကျားလက်မှလွတ်လမ်းမမြင်တော့တဲ့အဆုံး ကံကိုသာပုံချလေတော့၏ ။” ကောင်းကင်မှာရှိတဲ့ရောင်ခြည်တစ်ထောင်အလင်းဆောင်တဲ့ နေမင်းရယ် ကြယ်တာရာကြားမှာခစားတဲ့ လမင်းတို့တောင်မှ ရာဟုဖမ်းတာ ခံရသေးတာပဲကံကြမ္မာကစီရင်လိုက်တဲ့ဒီနဖူးပြင်က အမှတ်အသားကိုဘယ်သူက ဖျောက်နိုင်မှာတဲ့လဲ…”ဤသို့ စိတ်ဓာတ်ကျပြီး တွေးတောစဉ်းစားနေစဉ်မှာပဲကျားရဲ့ကိုက်သတ်ခြင်းကိုခံလိုက်ရလေ၏။ ရွှေ လက်ကောက်ကို လိုချင်တဲ့လောဘကြောင့်ညွန်နစ်သွားသော ခရီးသည်တစ်ယောက်ဟာကျားအိုကြီးရဲ့ကိုင်သတ်ခြင်းကြောင့်သေခဲ့ရဘူးလေပြီ…။

Credit – မူရင်း

[zawgyi]

တစ္ခါတုန္းက က်ားအိုႀကီးတစ္ေကာင္ဟာ ေရအိုင္နားမွာေရခ်ိဳးၿပီး သူမ်ားေတြျမင္လွ်င္ ျမက္ကိုသာအၿမဲစားသည့္ က်ားသူေတာ္ေကာင္းႀကီးပါလားဟု အထင္ခံရေအာင္ သမန္းျမက္ေတြကိုကိုင္ထားၿပီး ကမ္းနဖူးမွာထိုင္ေနစဥ္ ခရီးသြားတစ္ေယာက္ကိုေတြ႕ေသာအခါ..” အို ခရီး သည္ ငါ့ဆီကေ႐ႊလက္ေကာက္ကို လာယူလွည့္ပါ ” ဟုဆိုေလ၏ ။ခရီးသည္လည္း လိုခ်င္မႈေလာဘေဇာတက္ၿပီစိတ္ထဲမွာစဥ္းစားေလ၏ ။ဒီေ႐ႊလက္ေကာက္ဟာ ငါ့ရဲ႕ေရွးဘုန္းေရွးကံေၾကာင့္ရသင့္ရထိုက္လို႔ ျဖစ္လာတာပဲ ၊ ဒါေပမဲ့ စဥ္းစားစရာေတာ့ တစ္ခ်က္ရွိတယ္။” မႏွစ္သက္ အပ္ေသာအရာမွႏွစ္သက္ျမတ္ႏိုးအပ္တဲ့ ပစၥည္းကိုရျခင္းဟာေကာင္းက်ိဳးမျဖစ္ႏိုင္ဘူး။အဆိပ္နဲ႔ေရာထားတဲ့ အၿမိဳက္သုဓာဟာအ သက္ ကိုေသေစႏိုင္တယ္…”ဒါေပမဲ့ ပစၥည္းဥစၥာရွာေဖြရာမွာ စြန႔္စားမႈ ၊ ဒါမွမဟုတ္ အႏၲရာယ္ကေတာ့ ရွိမွာပဲ။” လူဟာ မစြန႔္စားပဲအေျခေနေကာင္းကို မေတြ႕ျမင္နိင္ဘူး၊ စြန႔္စားၿပီး တကယ္လို႔အသက္ရွင္ေနေသးရင္အေျခေနေကာင္းကို ေတြ႕ျမင္ရႏိုင္တယ္…”ဒါေၾကာင့္ ငါအရင္စုံစမ္းဦးမယ္ဆိုၿပီး…” အို က်ားႀကီး..သင့္ရဲ႕ေ႐ႊလက္ေကာက္က ဘယ္မွာလဲ ” လို႔ ေမးတဲ့အခါ က်ားႀကီးက ေ႐ႊလက္ေကာက္ကိုျပေလ၏ ။ထိုအခါ ခရီးသြားက…” အသားစားတဲ့က်ားကို ငါဘယ္လိုယုံရမွာလဲ ” လို႔ေမးတဲ့အခါ က်ားႀကီးက…” ခရီးသြား… ငါေျပာတာနားေထာင္ပါဦး၊ ငယ္တုန္းကေတာ့ ငါေတာ္ေတာ္ဆိုးခဲ့ပါတယ္၊ ႏြားနဲ႔ လူေပါင္းမ်ားစြာကို သတ္ခဲ့တဲ့အတြက္ငါ့သားမယားေတြလည္းေသကုန္ၾကလို႔ ငါ့မွာေဆြ မ်ိဳးမဲ့ေနပါၿပီ။တစ္ေန႔မွာ တရားရွင္တစ္ေယာက္နဲ႔ေတြ႕ၿပီးငါ့ကိုဆိုဆုံးမလို႔ အခုငါဟာ အလႉဒါနျပဳျခင္း စတဲ့ေကာင္းမႈျပဳတဲ့ သူေတာ္ေကာင္း ႀကီးျဖစ္ေနပါၿပီ၊ၿပီးေတာ့လည္းငါ့မွာ ေျခသည္း လက္သည္း အစြယ္သြားေတြ ေႂကြလို႔ အဖိုးႀကီးျဖစ္ေနေသာေၾကာင့္ မယုံၾကည္ႏိုင္စရာ အ ေၾကာင္းမရွိပါဘူး ”” ယဇ္ပူေဇာ္ျခင္းေဝဒကို သရဇၩာယ္ျခင္း၊ အလႉေပးျခင္း၊ ၿခိဳ႕ၿခံစြာက်င့္ျခင္း၊ မွန္ေသာစကားကိုဆိုျခင္း၊ တည္ ၾကည္ျခင္း ၊ သည္းခံျခင္း၊ ေလာဘမႀကီးျခင္းဆိုတဲ့အက်င့္ရွစ္ပါးရွိပါတယ္။အဲဒီအက်င့္ရွစ္ပါးထဲမွာ ေရွ႕ေလးပါးက ထင္ေပၚေက်ာ္ၾကား လွည့္ စား ျခင္းငွာလည္း က်င့္ၾကတယ္ ။ေနာက္ေလးပါးကေတာ့ စိတ္ထားျမတ္သူတို႔မွာသာတည္တယ္ ။ဒါေၾကာင့္မို႔ ငါဟာေလာဘကင္းေနၿပီျဖစ္လို႔ ဒီေ႐ႊလက္ေကာက္အားတစ္ဦးဦးကို ေပးခ်င္ေနတာပါ။ဒါေပမဲ့ က်ားဆိုတာ လူသားစားတတ္တယ္ဆိုတဲ့လူေတြရဲ႕ စြပ္စြဲခ်က္ကိုေတာ့ တားျမစ္ပိတ္ပင္ရန္ခဲရင္းလွပါတယ္ ” ေလာကႀကီးဟာ…ေရွး႐ိုးစဥ္လာကို လိုက္ေလ့ရွိတယ္၊တရားနည္းလမ္းၫြန္ျပတတ္တဲ့ေအာင္ သြယ္မိန္းမရဲ႕စကားကိုႏြားသတ္တဲ့ပုဏၰားရဲ႕စကားေလာက္ဘယ္သူမွ အေရးမထားေပ” ခရီးသြား…ငါလည္း တရားဓမၼေတြကို သင္ယူထား ပါတယ္ ။ သင္နားေထာင္ေပးပါဦး…” ေရရွားတဲ့အရပ္မွာ မိုး႐ြာသလိုငတ္မြတ္ေနသူအားအစာေပးတာ အက်ိဳးရွိတယ္။မရွိဆင္းရဲသားအားအက်ိဳးရွိတဲ့ ဒါနကိုေပးသင့္တယ္…” မိမိအသက္ရွင္ခ်င္သလိုသတၱဝါေတြရဲ႕အသက္ေတြကိုလည္းရွင္ေစခ်င္ရတယ္။ကိုယ္ခ်င္းစားတရားျဖင့္သူေတာ္ ေကာင္းေတြကသတၱဝါအားလုံးကို သနားၾကတယ္ ” ေတာင္းတာကိုျငင္းပယ္ျခင္း၊ ေပးျခင္းခ်မ္းသာ ဆင္းရဲအခ်စ္ အမုန္းတို႔၌ကိုယ္ခ်င္းစာသျဖင့္လူတစ္ေယာက္ရဲ႕စံကို သိရတယ္…”” သူတပါးသားမယားကို အေမလိုသူတပါးစည္းစိမ္ကို ေျမႀကီးခဲလိုသတၱဝါအားလုံးကို မိမိလိုသေဘာထားႏိုင္ရင္အဲဒီလူဟာ အျမင္မွန္ရတဲ့ ပညာရွိပဲ”သင္ခရီးသြားသည္လည္း အေတာ္ဆင္းရဲပုံရတယ္။ဒါေၾကာင့္ ဒီေ႐ႊလက္ေကာက္အား သင့္ကိုေပးဖို႔အလြန္ကို ဆႏၵရွိေနပါတယ္။ ဘာ ျဖစ္လို႔လဲဆိုေတာ့…” ဆင္းရဲသားတို႔ကို ေကြၽးေမြးေစာင့္ေရွာက္ပါ၊ခ်မ္းသာတဲ့သူကို ဥစၥာမေပးပါနဲ႔ ေဆးဟာ မက်န္းမာသူအတြက္သာ အက်ိဳးရွိတယ္၊ က်န္းမာတဲ့သူအတြက္ ဘာအက်ိဳးမွ မရွိလို႔ပဲ” ဤကဲ့သို႔ သင္ယူမွတ္သားခဲ့ရပါတယ္ ။ေနာက္ထပ္က်မ္းဂန္ထဲမွာ သင္ခဲ့ရတာ ကေတာ့…” အလႉလႉမယ္ဆိုရင္…ကိုယ့္ကိုေက်းဇူးမျပဳဘူးသူကိုလႉေသာအလႉဒါနႏွင့္ေဒသ ‘ ကာလ ‘ ျမတ္ေသာအလႉခံတို႔၌လႉေသာအလႉဒါနဟာ ျမတ္တယ္လို႔သင္ယူခဲ့ရဘူးပါတယ္ ။ဒါေၾကာင့္မို႔သင္သည္ ဒီေရအိုင္မွာေရခ်ိဳးၿပီး ေ႐ႊလက္ေကာက္ကို ယူပါ ” လို႔ က်ားႀကီးကေျပာတဲ့အခါ ခရီးသြားဟာ က်ားရဲ႕စကားကိုယုံၿပီး ေလာဘရဲ႕ဆြဲေဆာင္မႈေၾကာင့္ ေရခ်ိဳးရန္ ေရအိုင္ထဲသို႔ဆင္းတဲ့အခါၫြန္ထဲနစ္ၿပီး ႐ုန္းထြက္မရပဲ ျဖစ္ေနေလ၏။ထိုအခါ က်ားႀကီးက…” အို…ၫြန္ထဲနစ္သြားတာပဲ၊ စိတ္မပူပါနဲ႔၊ သင့္ကိုငါကယ္မယ္ ”ဆိုၿပီး တေျဖးေျဖးအနားကပ္သြားကာခရီသြားကို ဖမ္းယူကိုက္ခ်ီလိုက္တဲ့အခ်ိန္မွာ ခရီးသြားက ေနာင္တရၿပီး စဥ္းစားေလ၏ ။” တရားက်မ္းဂန္ကို ႐ြတ္ဖတ္ျခင္းဟာသူယုတ္မာအတြက္ သူေတာ္ေကာင္းျဖစ္ရန္အေၾကာင္းရင္းမဟုတ္ဘူး၊ႏြားႏို႔ဟာ ပင္ကိုယ္အားျဖင့္ခ်ိဳသလိုမ်က္ႏွာပန္းလွေအာင္ဗန္းျပတဲ့အရာေတြထက္ပင္ကိုယ္သေဘာကသာသာလြန္လႊမ္းမိုး၏။” မိမိရဲ႕ဣေျႏၵနဲ႔စိတ္ကိုမထိန္းႏိုင္တဲ့သူေတြရဲ႕ အျပဳအမူဟာဆင္ေရခ်ိဳးသလို ဘာအက်ိဳးမွမရွိဘူး။ ကိုယ္က်င့္တရားကင္းတဲ့ ဉာဏ္ပညာဟာ ႐ုပ္ဆိုးတဲ့သူ တန္ဆာဆင္သလိုဝန္ေလး႐ုံသက္သက္ပါပဲ…”အခုေတာ့ ငါသည္ ယုတ္မာေသားက်ားအေပၚ ယုံမိျခင္းမွာ မေကာင္းေသာလုပ္ရပ္ကို လုပ္မိသြားၿပီ။ဒါေၾကာင့္ ေရွးပညာရွိေတြက ဒီလိုဆိုထားတာပဲ…” ဦးခ်ိဳရွိတဲ့ သတၱဝါရယ္၊ျမစ္ရယ္၊ေျခသည္း လက္သည္းရွိတဲ့သတၱဝါရယ္၊လက္နက္ရွိတဲ့သူေတြရယ္၊(မေကာင္းတဲ့)မိန္းမရယ္၊မင္းမ်ိဳးေတြရယ္ကိုယုံၾကည္ ခင္မင္ အကြၽမ္းမဝင္သင့္ဘူး…” အရာအားလုံးရဲ႕ သဘာဝကိုသာ စူးစမ္းေလ့လာသင့္တယ္၊အျခားေသာဂုဏ္ေတြကိုမစူး စမ္း မေလ့လာသင့္ဘူး၊အဘယ့္ေၾကာင့္လဲဆိုေတာ့သဘာဝဟာ ဂုဏ္ေတြရဲ႕အထက္မွာတည္လို႔ပဲ ”ေနာက္ဆုံးေတာ့ ခရီးသြားလည္း က်ားလက္မွလြတ္လမ္းမျမင္ေတာ့တဲ့အဆုံး ကံကိုသာပုံခ်ေလေတာ့၏ ။” ေကာင္းကင္မွာရွိတဲ့ေရာင္ျခည္တစ္ေထာင္အလင္းေဆာင္တဲ့ ေနမင္းရယ္ ၾကယ္တာရာၾကားမွာခစားတဲ့ လမင္းတို႔ေတာင္မွ ရာဟုဖမ္းတာ ခံရေသးတာပဲကံၾကမၼာကစီရင္လိုက္တဲ့ဒီနဖူးျပင္က အမွတ္အသားကိုဘယ္သူက ေဖ်ာက္ႏိုင္မွာတဲ့လဲ…”ဤသို႔ စိတ္ဓာတ္က်ၿပီး ေတြးေတာစဥ္းစားေနစဥ္မွာပဲက်ားရဲ႕ကိုက္သတ္ျခင္းကိုခံလိုက္ရေလ၏။ ေ႐ႊ လက္ေကာက္ကို လိုခ်င္တဲ့ေလာဘေၾကာင့္ၫြန္နစ္သြားေသာ ခရီးသည္တစ္ေယာက္ဟာက်ားအိုႀကီးရဲ႕ကိုင္သတ္ျခင္းေၾကာင့္ေသခဲ့ရဘူးေလၿပီ…။