ခေါင်းလျှော်ခြင်းနဲ့ ပတ်သက်ပြီး အများစုမှားနေတဲ့ အချက် (၈) ချက်

ခေါင်းလျှော်တာက တစ်ကိုယ်ရည် သန့်ရှင်းရေးထဲမှာ ပါဝင်တာကြောင့် အမြဲပုံမှန် လျှောသင့်ပါတယ်။ ဒါပေမယ့် ခေါင်းလျှော်တာနဲ့ ပတ်သက်ပြီး မှားနေတဲ့ အချက်လေးတွေလည်း ရှိပါတယ်နော် ။၁။ ခေါင်းလျှော်ရည်နှင့် ခဏခဏ ခေါင်းလျှော်ခြင်း – ရေချိုးတဲ့အခါတိုင်းမှာ ခေါင်းလျှော်ဖို့ မလိုအပ်ဘူးလို့ ဆေးပညာ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ နေ့တိုင်း ခေါင်းလျှော်ချင်တယ်ဆိုရင် ဆံပင်ကို ခေါ င်း လျှော်ရည်မပါဘဲ ရေဆေးချလို့တောင် ရတယ်လို့ ပြောထားကြပါတယ် ။ခေါင်းလျှော်ရည်တွေက ဆံပင်ရဲ့အဆီတွေကို ဖယ်ရှားပစ်ပါတယ်။ ဆံပင်ရဲ့ အဆီတွေက ဆံပင်ကျန်းမာရေးအတွက် လိုအပ်တာကြောင့် တစ်ပတ်ကို ၂ ခါခန့်သာ ခေါင်းလျှော်ရည်နဲ့ လျှော်သင့်ပါတယ် ။ ၂။ ခေါင်းလျှော်ရည်ကို အများကြီး သုံးခြင်း – ခေါင်းလျှော်ရည်မသုံးခင်မှာ ဆံပင်ကို တစ်မိနစ်ကြာ ရေဆေးချတာက ဆံပင်မှာ ကပ်ညိနေတဲ့ ဖုန်အမှုန်တွေ ကို ဖယ်ရှားပေးပါ တယ်။ ဆံပင် တွေ အကုန်စိုသွားတဲ့အခါ ခေါင်းလျှော်ရည်သုံးရင် အမြှုပ်ပိုထွက်စေနိုင်ပါတယ် ။ ၃။ ခေါင်းလျှော်ရည်သုံးပြီးမှ conditioner ကို သုံးခြင်း – ခေါင်းလျှော်ရည်သုံးပြီးမှ conditioner သုံးတာက အချို့ဆံပင် အမျိုးအစားတွေအတွက်သာ သင့်တော်ပါတယ်။ Conditioner ကို အရင်သုံးတဲ့အခါ ဆံပင်ကို ပိုထူသယောင် ထင်ရစေပါတယ်။ Conditioner ကို နောက်မှသုံးတာက ဆံပင်ကို အဆီပြန်သလို ထင်ရစေပါတယ် ။

၄။ ခေါင်းလျှော်ရည်ကို ဆံပင်အဖျားထိ သုံးခြင်း – ဆံပင်ရဲ့အဖျားက အမြဲလိုလို ခြောက်သွေ့ နေတတ်ပါတယ်။ ဆံပင်အဖျားကို ခေါင်းလျှော်ရည် အများကြီးနဲ့ လျှော်တာ က ဆံပင်ကိုပျက်စီးစေပါတယ်။ အဲဒီအခါ ဖွာပြီး ဆံပင် ၂ ခွတွေ ဖြစ်လာတတ်တာကြောင့် ဆံပင်အဖျားကို ခေါင်းလျှော် ရည် အများကြီးနဲ့ လျှော်ဖို့ မလိုပါဘူး ။၅။ ဦးရေပြားကို လက်သည်းနှင့် ကုတ်ခြင်း – ခေါင်းလျှော်တဲ့အခါမှာ ဦးရေပြားကို လက်သည်းနဲ့ကုတ်တာက ဦးရေပြားပွန်းပဲ့ပြီး ပိုးဝင်တတ်ပါတယ်။ ဆံပင်က စိုနေတဲ့ အခါ ကျိုးလွယ်၊ ပြတ် လွယ်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို ညင်ညင်သာသာ နှိပ်ပေးတာကတော့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ် …။၆။ ရေနွေးနှင့် ခေါင်းလျှော်ခြင်း – ခေါင်းလျှော်ဖို့အတွက် အကောင်းဆုံး ရေအပူချိန်က ကြက်သီးနွေးရေပါ။ ရေနွေးနဲ့ခေါင်းလျှော်တာက ဆံပင်ကို ကျိုးလွယ်စေပြီး ဆံပင်အရင်းကို အားနည်းစေပါတယ်။ ရေနွေးနဲ့ခေါင်းလျှော်ပြီးရင် ရေအေးနဲ့ ပြန် ရေဆေးချသင့်ပါတယ်။၇။ Conditioner ကို ဦးရေ ပြားပေါ်အထိသုံးခြင်း – Conditioner ကို ဦးရေပြား ပေါ်အထိ မသုံးရပါဘူး။ Conditioner ကို ဦးရေပြားပေါ်အထိ အသုံးပြုတဲ့အခါ မွေးညင်းပေါက်ပိတ်ပြီး ဆံပင်ကြီးထွာ းမှုကို နှေးကွေးစေ တတ်ပါတယ် ။ ၈။ ဆံပင် စိုနေတုန်း ခေါင်းဖြီးခြင်း -ဆံပင်စိုနေတဲ့အချိန်က ဆံပင်အားအနည်းဆုံးအချိန်ပါပဲ။ အဲဒါကြောင့် ဆံပင်စိုနေတုန်းမှာ ခေါင်းမဖြီးသင့်ပါဘူး။ ဒါ့အပြင် ဆံပင်ခြောက်သွားအောင် ပုဝါနဲ့ ကြ မ်းကြမ်းပွတ်ခြင်းကလည်း ဆံပင်ကို ပျက်စီးစေပါတယ်။ ဆံပင်ကို ဖွဖွလေးပုတ်ပြီး သဘာဝအတိုင်း အခြောက်ခံတာက ပိုပြီးသင့်တော်ပါတယ်နော် ။

မူရင်း – credit

[zawgyi]

ေခါင္းေလွ်ာ္တာက တစ္ကိုယ္ရည္ သန႔္ရွင္းေရးထဲမွာ ပါဝင္တာေၾကာင့္ အၿမဲပုံမွန္ ေလွ်ာသင့္ပါတယ္။ ဒါေပမယ့္ ေခါင္းေလွ်ာ္တာနဲ႔ ပတ္သက္ၿပီး မွားေနတဲ့ အခ်က္ေလးေတြလည္း ရွိပါတယ္ေနာ္ ။၁။ ေခါင္းေလွ်ာ္ရည္ႏွင့္ ခဏခဏ ေခါင္းေလွ်ာ္ျခင္း – ေရခ်ိဳးတဲ့အခါတိုင္းမွာ ေခါင္းေလွ်ာ္ဖို႔ မလိုအပ္ဘူးလို႔ ေဆးပညာ ကြၽမ္းက်င္ပညာရွင္ေတြက ေျပာပါတယ္။ ေန႔တိုင္း ေခါင္းေလွ်ာ္ခ်င္တယ္ဆိုရင္ ဆံပင္ကို ေခါ င္း ေလွ်ာ္ရည္မပါဘဲ ေရေဆးခ်လို႔ေတာင္ ရတယ္လို႔ ေျပာထားၾကပါတယ္ ။ေခါင္းေလွ်ာ္ရည္ေတြက ဆံပင္ရဲ႕အဆီေတြကို ဖယ္ရွားပစ္ပါတယ္။ ဆံပင္ရဲ႕ အဆီေတြက ဆံပင္က်န္းမာေရးအတြက္ လိုအပ္တာေၾကာင့္ တစ္ပတ္ကို ၂ ခါခန႔္သာ ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္သင့္ပါတယ္ ။ ၂။ ေခါင္းေလွ်ာ္ရည္ကို အမ်ားႀကီး သုံးျခင္း – ေခါင္းေလွ်ာ္ရည္မသုံးခင္မွာ ဆံပင္ကို တစ္မိနစ္ၾကာ ေရေဆးခ်တာက ဆံပင္မွာ ကပ္ညိေနတဲ့ ဖုန္အမႈန္ေတြ ကို ဖယ္ရွားေပးပါ တယ္။ ဆံပင္ ေတြ အကုန္စိုသြားတဲ့အခါ ေခါင္းေလွ်ာ္ရည္သုံးရင္ အျမႇဳပ္ပိုထြက္ေစႏိုင္ပါတယ္ ။ ၃။ ေခါင္းေလွ်ာ္ရည္သုံးၿပီးမွ conditioner ကို သုံးျခင္း – ေခါင္းေလွ်ာ္ရည္သုံးၿပီးမွ conditioner သုံးတာက အခ်ိဳ႕ဆံပင္ အမ်ိဳးအစားေတြအတြက္သာ သင့္ေတာ္ပါတယ္။ Conditioner ကို အရင္သုံးတဲ့အခါ ဆံပင္ကို ပိုထူသေယာင္ ထင္ရေစပါတယ္။ Conditioner ကို ေနာက္မွသုံးတာက ဆံပင္ကို အဆီျပန္သလို ထင္ရေစပါတယ္ ။၄။ ေခါင္းေလွ်ာ္ရည္ကို ဆံပင္အဖ်ားထိ သုံးျခင္း – ဆံပင္ရဲ႕အဖ်ားက အၿမဲလိုလို ေျခာက္ေသြ႕ ေနတတ္ပါတယ္။ ဆံပင္အဖ်ားကို ေခါင္းေလွ်ာ္ရည္ အမ်ားႀကီးနဲ႔ ေလွ်ာ္တာ က ဆံပင္ကိုပ်က္စီးေစပါတယ္။ အဲဒီအခါ ဖြာၿပီး ဆံပင္ ၂ ခြေတြ ျဖစ္လာတတ္တာေၾကာင့္ ဆံပင္အဖ်ားကို ေခါင္းေလွ်ာ္ရည္ အမ်ားႀကီးနဲ႔ ေလွ်ာ္ဖို႔ မလိုပါဘူး ။၅။ ဦးေရျပားကို လက္သည္းႏွင့္ ကုတ္ျခင္း – ေခါင္းေလွ်ာ္တဲ့အခါမွာ ဦးေရျပားကို လက္သည္းနဲ႔ကုတ္တာက ဦးေရျပားပြန္းပဲ့ၿပီး ပိုးဝင္တတ္ပါတယ္။ ဆံပင္က စိုေနတဲ့ အခါ က်ိဳးလြယ္၊ ျပတ္ လြယ္ပါတယ္။ ေခါင္းေလွ်ာ္တဲ့အခါ ဦးေရျပားကို ညင္ညင္သာသာ ႏွိပ္ေပးတာကေတာ့ အေကာင္းဆုံး နည္းလမ္းပဲ ျဖစ္ပါတယ္ …။၆။ ေရေႏြးႏွင့္ ေခါင္းေလွ်ာ္ျခင္း – ေခါင္းေလွ်ာ္ဖို႔အတြက္ အေကာင္းဆုံး ေရအပူခ်ိန္က ၾကက္သီးေႏြးေရပါ။ ေရေႏြးနဲ႔ေခါင္းေလွ်ာ္တာက ဆံပင္ကို က်ိဳးလြယ္ေစၿပီး ဆံပင္အရင္းကို အားနည္းေစပါတယ္။ ေရေႏြးနဲ႔ေခါင္းေလွ်ာ္ၿပီးရင္ ေရေအးနဲ႔ ျပန္ ေရေဆးခ်သင့္ပါတယ္။၇။ Conditioner ကို ဦးေရျပားေပၚအထိသုံးျခင္း – Conditioner ကို ဦးေရျပား ေပၚအထိ မသုံးရပါဘူး။ Conditioner ကို ဦးေရျပားေပၚအထိ အသုံးျပဳတဲ့အခါ ေမြးညင္းေပါက္ပိတ္ၿပီး ဆံပင္ႀကီးထြာ းမႈကို ေႏွးေကြးေစ တတ္ပါတယ္ ။ ၈။ ဆံပင္ စိုေနတုန္း ေခါင္းၿဖီးျခင္း -ဆံပင္စိုေနတဲ့အခ်ိန္က ဆံပင္အားအနည္းဆုံးအခ်ိန္ပါပဲ။ အဲဒါေၾကာင့္ ဆံပင္စိုေနတုန္းမွာ ေခါင္းမၿဖီးသင့္ပါဘူး။ ဒါ့အျပင္ ဆံပင္ေျခာက္သြားေအာင္ ပုဝါနဲ႔ ၾက မ္းၾကမ္းပြတ္ျခင္းကလည္း ဆံပင္ကို ပ်က္စီးေစပါတယ္။ ဆံပင္ကို ဖြဖြေလးပုတ္ၿပီး သဘာဝအတိုင္း အေျခာက္ခံတာက ပိုၿပီးသင့္ေတာ္ပါတယ္ေနာ္ ။