ခြင်္သေ့ကြီးလို လူတွေရှိတယ်

တစ်ခါတုန်းက အရမ်းကို မတ်စောက်ပြီး အချွန်အတက် အဖုအထစ်ပေါတဲ့ ကျောက်ဆောင်အမြင့်ပေါ်တွင်ခုန်ပေါက်ပြေးလွှား ကစားနေတဲ့ ဆိတ် ကလေး တစ်ကောင်ကို ခြင်္သေ့တစ်ကောင်းက မြင်သောအခါ ခြင်္သေ့က ဆိတ်ကလေးကို ” ငါရပ်နေတဲ့ ဒီနေရာလေးမှာ စိမ်းလန်းစိုပြည်လှပ၍ စိတ်ချမ်း သာ ကိုယ်ချမ်းသာနဲ့လည်း နေနိုင်ရန် သက်သောင့်သက်သာဖြင့် ရွက်နုတွေကို စားသောက် စံစားနိုင်ရန် အောက်သို့ဆင်းလာခဲ့ပါ ” ဟုအော်ပြီး ပြောကြားလိုက်သတဲ့..။ ထိုအခါ ဆိတ်ကလေးကလည်း” ခင်ဗျားရဲ့ အကြံဉာဏ်အတွက်တော့သိပ်ကို ကျေးဇူး တင်ပါတယ် မိတ်ဆွေ ခြင်္သေ့ကြီးရယ်..။

ဒါပေမဲ့ကျုပ်သိချင်နေမိတာကခင်ဗျားဟာကျုပ်ရဲ့ သက်သောင့်သက်သာဖြစ်ဖို့စဉ်းစားနေတာလား ဒါမှမဟုတ် ဆိတ်သား ဘယ်လောက်မြိန်လိုက်မလဲလို့စဉ်းစားနေတာလား ” ဆိုတာပါပဲလို့ပြန်ပြောလိုက်ပါတယ်။ကျွန်တော်တို့ဟာ လူပေါင်းများစွာနဲ့ တွေ့ဆုံပေါင်းသင်း ဆက်ဆံရတတ်ပါတယ် ။မိမိရဲ့ ကောင်းမွန်မှု၊ အောင်ူမြင်မှုကိုတိုးတက်အောင် လုပ်ပေးချင်သော မိတ်ဆွေတွေ ရှိသလို ကောင်းမွန်မှု၊ အောင်မြင်မှုတွေကိုမတိုးတက်အောင် မဖြစ်ထွန်းအောင် ကျရှုံးအောင်လုပ်ချင်နေကြသော မိတ်ဆွေတွေလည်း ရှိနေတတ်ပါတယ်။ဘယ်လို လူတွေပဲ ဖြစ်နေပါစေ မိမိကိုယ်မိမိ စဉ်းစားဝေဖန်ပြီးမှပြုလုပ်တာက ကျွန်တော်တို့အတွက် အကောင်းမွန်ဆုံးဖြစ်မှာပါ..။

Credit မူရင်း

[zawgyi]

တစ္ခါတုန္းက အရမ္းကို မတ္ေစာက္ၿပီး အခြၽန္အတက္ အဖုအထစ္ေပါတဲ့ ေက်ာက္ေဆာင္အျမင့္ေပၚတြင္ခုန္ေပါက္ေျပးလႊား ကစားေနတဲ့ ဆိတ္ ကေလး တစ္ေကာင္ကို ျခေသၤ့တစ္ေကာင္းက ျမင္ေသာအခါ ျခေသၤ့က ဆိတ္ကေလးကို ” ငါရပ္ေနတဲ့ ဒီေနရာေလးမွာ စိမ္းလန္းစိုျပည္လွပ၍ စိတ္ခ်မ္း သာ ကိုယ္ခ်မ္းသာနဲ႔လည္း ေနႏိုင္ရန္ သက္ေသာင့္သက္သာျဖင့္ ႐ြက္ႏုေတြကို စားေသာက္ စံစားႏိုင္ရန္ ေအာက္သို႔ဆင္းလာခဲ့ပါ ” ဟုေအာ္ၿပီး ေျပာၾကားလိုက္သတဲ့..။ ထိုအခါ ဆိတ္ကေလးကလည္း” ခင္ဗ်ားရဲ႕ အႀကံဉာဏ္အတြက္ေတာ့သိပ္ကို ေက်းဇူး တင္ပါတယ္ မိတ္ေဆြ ျခေသၤ့ႀကီးရယ္..။ဒါေပမဲ့က်ဳပ္သိခ်င္ေနမိတာကခင္ဗ်ားဟာက်ဳပ္ရဲ႕ သက္ေသာင့္သက္သာျဖစ္ဖို႔စဥ္းစားေနတာလား ဒါမွမဟုတ္ ဆိတ္သား ဘယ္ေလာက္ၿမိန္လိုက္မလဲလို႔စဥ္းစားေနတာလား ” ဆိုတာပါပဲလို႔ျပန္ေျပာလိုက္ပါတယ္။ကြၽန္ေတာ္တို႔ဟာ လူေပါင္းမ်ားစြာနဲ႔ ေတြ႕ဆုံေပါင္းသင္း ဆက္ဆံရတတ္ပါတယ္ ။မိမိရဲ႕ ေကာင္းမြန္မႈ၊ ေအာင္ူျမင္မႈကိုတိုးတက္ေအာင္ လုပ္ေပးခ်င္ေသာ မိတ္ေဆြေတြ ရွိသလို ေကာင္းမြန္မႈ၊ ေအာင္ျမင္မႈေတြကိုမတိုးတက္ေအာင္ မျဖစ္ထြန္းေအာင္ က်ရႈံးေအာင္လုပ္ခ်င္ေနၾကေသာ မိတ္ေဆြေတြလည္း ရွိေနတတ္ပါတယ္။ဘယ္လို လူေတြပဲ ျဖစ္ေနပါေစ မိမိကိုယ္မိမိ စဥ္းစားေဝဖန္ၿပီးမွျပဳလုပ္တာက ကြၽန္ေတာ္တို႔အတြက္ အေကာင္းမြန္ဆုံးျဖစ္မွာပါ..။