ခြင်္သေ့ စိတ်ဓါတ် နဲ့ PLAN _ B

ဒီ မေးခွန်း ကတော့ မြန်မာနိုင်ငံ က လူငယ်တော်တော်များများရဲ့ ရင်ထဲမှာ ရှိနေတဲ့ မေးခွန်း တစ်ခုပါ။‘ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတဲ့ လူငယ် တွေ၊ သိလည်း ကိုယ့် ဝါသနာ ကို အကောင်အထည်ဖော်လို့ မရတဲ့ လူငယ် တွေ ဘာလုပ်သင့်ပါသလဲ’ တဲ့။မေးခွန်း လေးက ရိုးရှင်းသလို ဆရာ တို့ရဲ့အဖြေ ကလည်း ဆိုလိုရင်းအတိအကျပါပဲ။ကျွန်တော် တို့ဆီမှာ မိဘ တွေရဲ့ အုပ်ထိန်းမှု၊ ကျောင်း က ဆရာ ဆရာမ တွေရဲ့ လမ်းညွှန်မှု ဟာ ဘယ်ကိုပဲ အဓိကဦးတည်လဲဆိုရင် စာမေးပွဲ မှာ အမှတ် များဖို့နဲ့ ဆယ်တန်း အောင်တဲ့အခါ တက္ကသိုလ် ကောင်း ကောင်း တက်ရဖို့ပါပဲ။ လိမ္မာတယ်၊ စကားနားထောင်တယ်၊ စာတော်တယ် ဆိုရင် ဒီ ကလေး အတွက် သိပ် ဂုဏ်ယူ ကြပါတယ်။ သူ ဘာ ဝါ သနာ ပါတယ်ဆိုတာကို ထုတ်ဖော်ဖို့ အားမပေးတတ်ကြဘူး။ အဲဒီအပြင် ပိတ်ပင်ခံရတာတွေတောင် ရှိပါတယ်။ ဒီအရွယ်မှာ အပြင်စာတွေမဖတ်နဲ့၊ ဘောလုံး ချည်းပဲ ကန်နေတာပဲ၊ စသဖြင့် ကျောင်းစာ မှာ အမှတ်နည်းမှာစိုးတာကြောင့် ကန့်သတ်ချုပ်ချယ်ကြတာတွေ ရှိပါတယ်။ ကျွန်တော် တို့ရဲ့ ပညာရေး စနစ်ကလည်း ဒီလိုဖြစ်အောင် ဖန်တီးပေးထားတာကိုး။အဲဒီရဲ့ အကျိုးဆက်ကတော့ လူငယ် တွေဟာ ကိုယ့် ကိုယ်ကိုယ် ဘာ ဝါသနာ ပါမှန်း မသိတော့ဘူး။ အိမ်က တက်ခိုင်းတဲ့ တက္ကသိုလ်၊ အမှတ်မီတဲ့ တက္ကသိုလ် တက်တယ်၊ နောက်တော့မှ ကိုယ့် ဝါသနာ ကိုယ်တွေ့ပြီး စီးပွါးရေးလုပ်ဖြစ်တာတို့၊ အနုပညာလိုင်း ကို ကူးပြောင်းကုန်တာတို့ ဖြစ်ကုန်တာပေါ့။နောက်တစ်ခုက ကို ယ့်ဝါသနာ ကိုယ်သိပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ကျတော့လည်း ပြဿနာ ရှိပြန်ပါတယ်။ ဥပမာ ဘောလုံး ကန်ရတာ ဝါသနာပါတယ် ဆိုပါတော့။ သူများ တိုင်းပြည် တွေဆို ဒါကို ပရော်ဖက်ရှင် အဖြစ် ရွေးချယ်ပြီး ကြိုးစားလိုက်လို့ ရပေမယ့် ကျွန်တော်တို့ဆီမှာ အဲ့လောက် မလွယ်ပါဘူး။ နိုင်ငံက ဖွံ့ဖြိုးမှု နောက်ကျနေတဲ့အခါ လူငယ်တွေအတွက် ရွေးချယ်စရာ ပရော်ဖက်ရှင် အလုပ်က အင်မတန်မှ နည်း ပါတယ်။ဒီတော့ ကျွန်တော် တို့ လူငယ် တွေ ဘာလုပ်ကြမလဲ။ဆရာ တို့က ဖြေပါတယ်။ ခြင်္သေ့ စိတ်ဓါတ် မွေးပါတဲ့။မြန်မာနိုင်ငံ က ဆရာဝန် တစ်ယောက်အနေနဲ့ ယူလို့ရတဲ့ဘွဲ့ အကုန်လုံးကို ရထားပြီးပြီဖြစ်တဲ့ ဆရာရဲမြင့်ကျော် (လကာင်္ရည်ကျော်)ဟာ ဆရာဝန် အလုပ် ကို ဝါသနာ မပါခဲ့ဘူးလို့ ပြောရင် အံ့သြ သွားကြမယ်ထင်ပါတယ်။ ကျွန်တော် တို့လည်း ကြားကြားချင်းမှာ အံ့သြခဲ့ရတယ်။ ဟုတ်ပါတယ်။ ဆ ရာ ဆေးတက္ကသိုလ် ကို မိသားစု ထဲမှာ ဆရာဝန် မရှိသေးဘူး ဆိုပြီး အိမ်က တက်ခိုင်းလို့ တက်ခဲ့ရတာပါ၊ တကယ်ဖြစ်ချင်ခဲ့တာက စာရေး ဆရာပါ တဲ့။ဒါဖြင့် ဝါသနာ မပါတဲ့ အလုပ် မှာ ဘာဖြစ်လို့ ဒီလို ထူးချွန် နေသလဲ ဆိုတော့ ငါ ဒီကျောင်းကို တက်ရတော့မယ်၊ ဒီအလုပ်လုပ်ရတော့မယ်ဆိုမှတော့ တခုခုထွန်းပေါက်အောင် လုပ်ရမယ်ဆိုပြီး ကြိုးစားခဲ့တာပါတဲ့။ ဒေါက်တာ လို့ နာမည်တပ်ပြီးမှတော့ ဆေးမကု တတ်ရင် သူများကို သတ်သလို ဖြစ်တော့မယ် ဆိုတဲ့စိတ်နဲ့ ကြိုးစားလိုက်တာ ခုလိုဖြစ်လာတဲ့အထိပဲ။

ဆရာတော် အရှင်ဆန္ဒာဓိက ဟောဖူးတာလေးကို သွားသတိရပါတယ်။ ဆရာတော် ဟာ ဆယ်တန်း တုန်းက ဘာသာစုံဂုဏ်ထူးထွက်ပါတယ်။ အဲဒီအချိန်မှာကတည်းက ဆယ်တန်း အောင်ပြီးရင် သာသနာ့ဘောင် အပြီးအပိုင်ဝင်တော့မယ်လို့ ဆုံးဖြတ်ပြီးသားပါ။ ဒီအကြောင်းကို ကြားရတော့ ဒကာ တစ်ယောက်က အံ့သြတစ်ကြီး လျှောက်တယ်။ ဒါနဲ့တောင် ဆရာတော် က ဘာသာစုံ ဂုဏ်ထူး ထွက်တဲ့အထိ ကြိုး စားခဲ့ရသလား ဆိုတော့ ဆရာတော် က ပြန်ဖြေပါတယ်။ ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ချင်တဲ့စိတ်ကြောင့်ပါ တဲ့။အဲဒီ ဆယ်တန်း အမှတ် က ဆရာတော့် အတွက် ဘာမှအသုံးမဝင်ခဲ့ပါဘူး။ အမှတ်တမဲ့ကြည့်ရင် အလဟဿပေါ့။ ဒါပေမယ့် အဲဒီအချိန်ကတည်းက အမြစ်တွယ်ခဲ့တဲ့ ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ကတော့ ခုလို သံဃာတော်တစ်ပါး ဖြစ်လာတဲ့အခါမှာလည်း လိုက်ပြီး အကျိုးပြုနေတုန်းပါပဲတဲ့။ခြင်္သေ့ တွေဟာ သားကောင် ကို လိုက်တဲ့အခါ ကြီးတဲ့အကောင်ဖြစ်စေ၊ ငယ်တဲ့အကောင်ဖြစ်စေ တူညီတဲ့လုံ့လဝီရိယကို စိုက်ထုတ်တတ်ပါတယ်။ ဒါကြောင့် ကိုယ် ဝါသနာ မပါတဲ့ အလုပ် လုပ်နေရတဲ့ လူငယ် တွေအနေနဲ့လည်း ဟိုအပြစ်တင်၊ ဒီအပြစ်တင် လုပ်မနေပါနဲ့။ ဝါသနာ ပါတဲ့ အလုပ် ကိုဖြစ်စေ၊ မပါတဲ့ အလုပ် ကိုဖြစ်စေ၊ အကောင်းဆုံးဖြစ်အောင် လုပ်မယ် ဆိုတဲ့ ခြင်္သေ့ စိတ်ဓါတ် မျိုး ထားလိုက်ပါ။ တူညီတဲ့ အကျိုးရလဒ်တစ်ခု ပြန်ရပါလိမ့်မယ်။ဒီလိုပြောလိုက်လို့ ဝါသနာ ကို စွန့်လွှတ်လိုက်ရမှာလား ဆိုတော့ မဟုတ်ပါဘူး။ ဆေးကျောင်းတက်၊ ဆရာဝန်လုပ်ခဲ့ပေမယ့် စာရေးဆရာဖြစ်ချင်တယ် ဆိုတဲ့ အိပ်မက် ဆရာဟာ ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။ တစ်ခုပဲ၊ အချိန်လေးနောက်ဆုတ်လိုက်တာပါပဲ။အဲဒီအချိန်က မရေရာခဲ့တဲ့ စာရေးဆရာ ဖြစ်ရေး ဆိုတာထက် ပိုသေချာတဲ့ ဆရာဝန် ဘဝကို အရင်လျှောက်လှမ်းတယ်၊ ပြီးတော့မှ အဲဒီဘဝအပေါ် အခြေခံတဲ့ဝတ္ထုတွေရေးတယ်။ အဲဒီကနေတစ်ဆင့် ခုလိုနိုင်ငံ ကျော်စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့တယ်။ဆရာ ကပြောပါတယ်၊ Plan B ဆိုတာ လက်မြှောက်အရှုံးပေးလိုက်တာ မဟုတ်ပါဘူး၊ ဒီလမ်းက ပိတ်နေလို့ တခြားတစ်ဖက်က ပတ်သွားလိုက်တာပါ တဲ့။ အချိန်တော့ ကြာကောင်းကြာမယ်၊ ဒါပေမယ့် တစ်နေ့တော့ ရောက်မှာပါပဲ တဲ့။တကယ်တော့ ဘဝ ဆိုတာ စာမေးပွဲ တစ်ခုဆိုရင် အဲဒီစာမေးပွဲမှာ ကျွန်တော် တို့ဟာ ကိုယ့်ကိုပေးလာတဲ့ပုစ္ဆာကိုပဲ ဖြေဆိုကြရပါတယ်။ သူများမေးခွန်း သွားဖြေချင်လို့ မရပါဘူး။ လက်တွေ့ဘဝမှာ တချို့လူတွေအတွက် မိဘ ပံ့ပိုးမှုဆိုတာ အဆင်သင့်ဖြစ်နေပေမယ့် ကိုယ် ကတော့ မိဘ ပြန်ထောက်ပံ့နေရတာမျိုးတွေ ရှိနိုင်တယ်။ ဒါကို သူများလို မဖြစ်ရကောင်းလားဆိုပြီး ညည်းတွားနေလို့ မရပါဘူး။ ဘာမှလည်း ထူးလာမှာ မဟုတ်ဘူး။တစ်ခါတစ်လေမှာ လက်တွေ့ကျတာကို ကိုယ့် ဆန္ဒထ က် ဦးစားပေးရတာမျိုးတွေ ရှိပါတယ်။ ဒီအတွက် စိတ် ဓါတ် မကျပါနဲ့။ ကိုယ့် အိပ်မက် ကိုလည်း မစွန့်လွှတ်လိုက်ပါနဲ့။ လတ်တလောမှာ ဒီလမ်း က ဘယ်လိုမှလျှောက်မရတာမို့ တခြားတစ်လမ်းက ပတ်သွားရတာသာ ဖြစ်ပါတယ်။ အဲဒီနေရာကို မရောက်ရောက်အောင် သွားမယ်ဆိုတဲ့စိတ်နဲ့သာ ကြိုးစားရင် တကယ်ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ကိုယ့် ဝါသနာ ကို မသိသေးတဲ့သူပဲဖြစ်ဖြစ်၊ သိရက်နဲ့ လက်တွေ့မလုပ်နိုင်သေးတဲ့သူပဲဖြစ်ဖြစ် လက်ရှိလုပ်နေတဲ့အလုပ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ အဲဒီ ခြင်္သေ့ စိတ်ဓါတ် က ကိုယ့် အိပ်မက် တွေဆီ သွားမယ့် ဒုတိယလမ်း Plan-B ကို ပိုပြီး အဆင်ပြေချော မွေ့စေပါလိမ့်မယ်။

Credit _ ဒေါက်တာ ဖြိုးသီဟ

[zawgyi]

ဒီ ေမးခြန္း ကေတာ့ ျမန္မာႏိုင္ငံ က လူငယ္ေတာ္ေတာ္မ်ားမ်ားရဲ႕ ရင္ထဲမွာ ရွိေနတဲ့ ေမးခြန္း တစ္ခုပါ။‘ကိုယ့္ကိုယ္ကိုယ္ ဘာဝါသနာပါမွန္း မသိတဲ့ လူငယ္ ေတြ၊ သိလည္း ကိုယ့္ ဝါသနာ ကို အေကာင္အထည္ေဖာ္လို႔ မရတဲ့ လူငယ္ ေတြ ဘာလုပ္သင့္ပါသလဲ’ တဲ့။ေမးခြန္း ေလးက ႐ိုးရွင္းသလို ဆရာ တို႔ရဲ႕အေျဖ ကလည္း ဆိုလိုရင္းအတိအက်ပါပဲ။ကြၽန္ေတာ္ တို႔ဆီမွာ မိဘ ေတြရဲ႕ အုပ္ထိန္းမႈ၊ ေက်ာင္း က ဆရာ ဆရာမ ေတြရဲ႕ လမ္းၫႊန္မႈ ဟာ ဘယ္ကိုပဲ အဓိကဦးတည္လဲဆိုရင္ စာေမးပြဲ မွာ အမွတ္ မ်ားဖို႔နဲ႔ ဆယ္တန္း ေအာင္တဲ့အခါ တကၠသိုလ္ ေကာင္းေကာင္းတက္ရဖို႔ပါပဲ။ လိမၼာတယ္၊ စကားနားေထာင္တယ္၊ စာေတာ္တယ္ ဆိုရင္ ဒီ ကေလး အတြက္ သိပ္ ဂုဏ္ယူ ၾကပါတယ္။ သူ ဘာ ဝါသနာ ပါတယ္ဆိုတာကို ထုတ္ေဖာ္ဖို႔ အားမေပးတတ္ၾကဘူး။ အဲဒီအျပင္ ပိတ္ပင္ခံရတာေတြေတာင္ ရွိပါတယ္။ ဒီအ႐ြယ္မွာ အျပင္စာေတြမဖတ္နဲ႔၊ ေဘာလုံး ခ်ည္းပဲ ကန္ေနတာပဲ၊ စသျဖင့္ ေက်ာင္းစာ မွာ အမွတ္နည္းမွာစိုးတာေၾကာင့္ ကန႔္သတ္ခ်ဳပ္ခ်ယ္ၾကတာေတြ ရွိပါတယ္။ ကြၽန္ေတာ္ တို႔ရဲ႕ ပညာေရး စနစ္ကလည္း ဒီလိုျဖစ္ေအာင္ ဖန္တီးေပးထားတာကိုး။အဲဒီရဲ႕ အက်ိဳးဆက္ကေတာ့ လူငယ္ ေတြဟာ ကိုယ့္ကိုယ္ကိုယ္ ဘာ ဝါသနာ ပါမွန္း မသိေတာ့ဘူး။ အိမ္က တက္ခိုင္းတဲ့ တကၠသိုလ္၊ အမွတ္မီတဲ့ တကၠသိုလ္ တက္တယ္၊ ေနာက္ေတာ့မွ ကိုယ့္ ဝါသနာ ကိုယ္ေတြ႕ၿပီး စီးပြါးေရးလုပ္ျဖစ္တာတို႔၊ အႏုပညာလိုင္း ကို ကူးေျပာင္းကုန္တာတို႔ ျဖစ္ကုန္တာေပါ့။ေနာက္တစ္ခုက ကို ယ့္ဝါသနာ ကိုယ္သိေပမယ့္ လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔က်ေတာ့လည္း ျပႆနာ ရွိျပန္ပါတယ္။ ဥပမာ ေဘာလုံး ကန္ရတာ ဝါသနာပါတယ္ ဆိုပါေတာ့။ သူမ်ား တိုင္းျပည္ ေတြဆို ဒါကို ပေရာ္ဖက္ရွင္ အျဖစ္ ေ႐ြးခ်ယ္ၿပီး ႀကိဳးစားလိုက္လို႔ ရေပမယ့္ ကြၽန္ေတာ္တို႔ဆီမွာ အဲ့ေလာက္ မလြယ္ပါဘူး။ ႏိုင္ငံက ဖြံ႕ၿဖိဳးမႈ ေနာက္က်ေနတဲ့အခါ လူငယ္ေတြအတြက္ ေ႐ြးခ်ယ္စရာ ပေရာ္ဖက္ရွင္ အလုပ္က အင္မတန္မွ နည္းပါတယ္။ဒီေတာ့ ကြၽန္ေတာ္ တို႔ လူငယ္ ေတြ ဘာလုပ္ၾကမလဲ။ဆရာ တို႔က ေျဖပါတယ္။ ျခေသၤ့ စိတ္ဓါတ္ ေမြးပါတဲ့။ျမန္မာႏိုင္ငံ က ဆရာဝန္ တစ္ေယာက္အေနနဲ႔ ယူလို႔ရတဲ့ဘြဲ႕ အကုန္လုံးကို ရထားၿပီးၿပီျဖစ္တဲ့ ဆရာရဲျမင့္ေက်ာ္ (လကာရၤည္ေက်ာ္)ဟာ ဆရာဝန္ အလုပ္ ကို ဝါသနာ မပါခဲ့ဘူးလို႔ ေျပာရင္ အံ့ၾသ သြားၾကမယ္ထင္ပါတယ္။ ကြၽန္ေတာ္ တို႔လည္း ၾကားၾကားခ်င္းမွာ အံ့ၾသခဲ့ရတယ္။ ဟုတ္ပါတယ္။ ဆရာ ေဆးတကၠသိုလ္ ကို မိသားစု ထဲမွာ ဆရာဝန္ မရွိေသးဘူး ဆိုၿပီး အိမ္က တက္ခိုင္းလို႔ တက္ခဲ့ရတာပါ၊ တကယ္ျဖစ္ခ်င္ခဲ့တာက စာေရးဆရာပါ တဲ့။ဒါျဖင့္ ဝါသနာ မပါတဲ့ အလုပ္ မွာ ဘာျဖစ္လို႔ ဒီလို ထူးခြၽန္ ေနသလဲ ဆိုေတာ့ ငါ ဒီေက်ာင္းကို တက္ရေတာ့မယ္၊ ဒီအလုပ္လုပ္ရေတာ့မယ္ဆိုမွေတာ့ တခုခုထြန္းေပါက္ေအာင္ လုပ္ရမယ္ဆိုၿပီး ႀကိဳးစားခဲ့တာပါတဲ့။ ေဒါက္တာ လို႔ နာမည္တပ္ၿပီးမွေတာ့ ေဆးမကု တတ္ရင္ သူမ်ားကို သတ္သလို ျဖစ္ေတာ့မယ္ ဆိုတဲ့စိတ္နဲ႔ ႀကိဳးစားလိုက္တာ ခုလိုျဖစ္လာတဲ့အထိပဲ။ဆရာေတာ္ အရွင္ဆႏၵာဓိက ေဟာဖူးတာေလးကို သြားသတိရပါတယ္။ ဆရာေတာ္ ဟာ ဆယ္တန္း တုန္းက ဘာသာစုံဂုဏ္ထူးထြက္ပါတယ္။ အဲဒီအခ်ိန္မွာကတည္းက ဆယ္တန္း ေအာင္ၿပီးရင္ သာသနာ့ေဘာင္ အၿပီးအပိုင္ဝင္ေတာ့မယ္လို႔ ဆုံးျဖတ္ၿပီးသားပါ။ ဒီအေၾကာင္းကို ၾကားရေတာ့ ဒကာ တစ္ေယာက္က အံ့ၾသတစ္ႀကီး ေလွ်ာက္တယ္။ ဒါနဲ႔ေတာင္ ဆရာေတာ္ က ဘာသာစုံ ဂုဏ္ထူး ထြက္တဲ့အထိ ႀကိဳးစားခဲ့ရသလား ဆိုေတာ့ ဆရာေတာ္ က ျပန္ေျဖပါတယ္။ ဘာပဲလုပ္လုပ္ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ခ်င္တဲ့စိတ္ေၾကာင့္ပါ တဲ့။အဲဒီ ဆယ္တန္း အမွတ္ က ဆရာေတာ့္ အတြက္ ဘာမွအသုံးမဝင္ခဲ့ပါဘူး။ အမွတ္တမဲ့ၾကည့္ရင္ အလဟႆေပါ့။ ဒါေပမယ့္ အဲဒီအခ်ိန္ကတည္းက အျမစ္တြယ္ခဲ့တဲ့ ဘာပဲလုပ္လုပ္ အေကာင္းဆုံးျဖစ္ေအာင္ လုပ္မယ္ဆိုတဲ့ စိတ္ကေတာ့ ခုလို သံဃာေတာ္တစ္ပါး ျဖစ္လာတဲ့အခါမွာလည္း လိုက္ၿပီး အက်ိဳးျပဳေနတုန္းပါပဲတဲ့။ျခေသၤ့ ေတြဟာ သားေကာင္ ကို လိုက္တဲ့အခါ ႀကီးတဲ့အေကာင္ျဖစ္ေစ၊ ငယ္တဲ့အေကာင္ျဖစ္ေစ တူညီတဲ့လုံ႔လဝီရိယကို စိုက္ထုတ္တတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ ဝါသနာ မပါတဲ့ အလုပ္ လုပ္ေနရတဲ့ လူငယ္ ေတြအေနနဲ႔လည္း ဟိုအျပစ္တင္၊ ဒီအျပစ္တင္ လုပ္မေနပါနဲ႔။ ဝါသနာ ပါတဲ့ အလုပ္ ကိုျဖစ္ေစ၊ မပါတဲ့ အလုပ္ ကိုျဖစ္ေစ၊ အေကာင္းဆုံးျဖစ္ေအာင္ လုပ္မယ္ ဆိုတဲ့ ျခေသၤ့ စိတ္ဓါတ္ မ်ိဳး ထားလိုက္ပါ။ တူညီတဲ့ အက်ိဳးရလဒ္တစ္ခု ျပန္ရပါလိမ့္မယ္။ဒီလိုေျပာလိုက္လို႔ ဝါသနာ ကို စြန႔္လႊတ္လိုက္ရမွာလား ဆိုေတာ့ မဟုတ္ပါဘူး။ ေဆးေက်ာင္းတက္၊ ဆရာဝန္လုပ္ခဲ့ေပမယ့္ စာေရးဆရာျဖစ္ခ်င္တယ္ ဆိုတဲ့ အိပ္မက္ ဆရာဟာ ဘယ္တုန္းကမွ မစြန႔္လႊတ္ခဲ့ပါဘူး။ တစ္ခုပဲ၊ အခ်ိန္ေလးေနာက္ဆုတ္လိုက္တာပါပဲ။အဲဒီအခ်ိန္က မေရရာခဲ့တဲ့ စာေရးဆရာ ျဖစ္ေရး ဆိုတာထက္ ပိုေသခ်ာတဲ့ ဆရာဝန္ ဘဝကို အရင္ေလွ်ာက္လွမ္းတယ္၊ ၿပီးေတာ့မွ အဲဒီဘဝအေပၚ အေျခခံတဲ့ဝတၳဳေတြေရးတယ္။ အဲဒီကေနတစ္ဆင့္ ခုလိုႏိုင္ငံေက်ာ္စာေရးဆရာတစ္ေယာက္ ျဖစ္လာခဲ့တယ္။ဆရာ ကေျပာပါတယ္၊ Plan B ဆိုတာ လက္ေျမႇာက္အရႈံးေပးလိုက္တာ မဟုတ္ပါဘူး၊ ဒီလမ္းက ပိတ္ေနလို႔ တျခားတစ္ဖက္က ပတ္သြားလိုက္တာပါ တဲ့။ အခ်ိန္ေတာ့ ၾကာေကာင္းၾကာမယ္၊ ဒါေပမယ့္ တစ္ေန႔ေတာ့ ေရာက္မွာပါပဲ တဲ့။တကယ္ေတာ့ ဘဝ ဆိုတာ စာေမးပြဲ တစ္ခုဆိုရင္ အဲဒီစာေမးပြဲမွာ ကြၽန္ေတာ္ တို႔ဟာ ကိုယ့္ကိုေပးလာတဲ့ပုစာၦကိုပဲ ေျဖဆိုၾကရပါတယ္။ သူမ်ားေမးခြန္း သြားေျဖခ်င္လို႔ မရပါဘူး။ လက္ေတြ႕ဘဝမွာ တခ်ိဳ႕လူေတြအတြက္ မိဘ ပံ့ပိုးမႈဆိုတာ အဆင္သင့္ျဖစ္ေနေပမယ့္ ကိုယ္ကေတာ့ မိဘ ျပန္ေထာက္ပံ့ေနရတာမ်ိဳးေတြ ရွိႏိုင္တယ္။ ဒါကို သူမ်ားလို မျဖစ္ရေကာင္းလားဆိုၿပီး ညည္းတြားေနလို႔ မရပါဘူး။ ဘာမွလည္း ထူးလာမွာ မဟုတ္ဘူး။တစ္ခါတစ္ေလမွာ လက္ေတြ႕က်တာကို ကိုယ့္ ဆႏၵထ က္ ဦးစားေပးရတာမ်ိဳးေတြ ရွိပါတယ္။ ဒီအတြက္ စိတ္ဓါတ္ မက်ပါနဲ႔။ ကိုယ့္ အိပ္မက္ ကိုလည္း မစြန႔္လႊတ္လိုက္ပါနဲ႔။ လတ္တေလာမွာ ဒီလမ္း က ဘယ္လိုမွေလွ်ာက္မရတာမို႔ တျခားတစ္လမ္းက ပတ္သြားရတာသာ ျဖစ္ပါတယ္။ အဲဒီေနရာကို မေရာက္ေရာက္ေအာင္ သြားမယ္ဆိုတဲ့စိတ္နဲ႔သာ ႀကိဳးစားရင္ တကယ္ျဖစ္လာႏိုင္ပါတယ္။ဒါေၾကာင့္ ကိုယ့္ ဝါသနာ ကို မသိေသးတဲ့သူပဲျဖစ္ျဖစ္၊ သိရက္နဲ႔ လက္ေတြ႕မလုပ္ႏိုင္ေသးတဲ့သူပဲျဖစ္ျဖစ္ လက္ရွိလုပ္ေနတဲ့အလုပ္မွာ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ပါ။ အဲဒီ ျခေသၤ့ စိတ္ဓါတ္ က ကိုယ့္ အိပ္မက္ ေတြဆီ သြားမယ့္ ဒုတိယလမ္း Plan-B ကို ပိုၿပီး အဆင္ေျပေခ်ာေမြ႕ေစပါလိမ့္မယ္။