ဂျပန်က တင်သွင်းတဲ့ တစ်ပတ်ရစ် (used) ကားဝယ်မည့်သူတွေအနေနဲ့ ဂရုပြုသင့်တဲ့အချက်များ

(၁) ငွေဘယ်လောက်သုံးမှာလဲ – ကားဝယ်ဖို့ မိမိတတ်နိုင်တဲ့ တန်ဖိုးနဲ့ညီမျှတဲ့ ကားအမျိုးအစား ကို စတင်ရှာဖွေပါမယ်။ အဲသည်အတွက် ကားအရောင်းစင်တာတွေ၊ ကားရောင်းဝယ်ရေး စခန်းတွေ၊ ကား ပွဲစားတန်း တွေမှာ မိမိ သုံးမယ့်တန်ဖိုးနဲ့ ကိုက်ညီတဲ့ကား အမျိုးအစားတွေ ရှာဖွေရပါမယ်။ အွန်လိုင်းဖေ့စ်ဘုတ်မှာ တင်ထားတဲ့ကား တွေထဲကလည်း ကြည့်နိုင် ပါတယ်။ ကားဂျာနယ်တွေ၊ စီးပွားရေးသတင်း ဂျာနယ်တွေက နေလည်း ကားဈေးနှုန်းတွေ သိရှိနိုင် ပါတယ်။(၂) သင့်တင့်မှန်ကန်တဲ့ကားကို ရှာပါ – ဘယ်မော်ဒယ်၊ ဘယ်ကား အမျိုးအစားကို ရွေးချယ်မလဲ ဆိုတာဟာ ဆုံးဖြတ်ရပါမယ်။ ဘယ်လို ကိုယ်ထည်ပုံစံက ကိုယ့်ရဲ့အသုံးပြုမှုနဲ့ ကိုက်ညီမလဲ ဆိုတာ ရွေးချယ်ရပါမယ်။ မော်ဒယ်အလိုက် ကွဲပြားတဲ့ဈေးနှုန်းတွေ လေ့လာပြီး သင့်တင့်မှန်ကန်တဲ့ကား အမျိုးအစား ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။(၃) ရောင်းချသူနဲ့ဆက်သွယ်ပါ – ရွေးချယ်ထားတဲ့ကား အမျိုးအစားကို တွေ့ရင် ရောင်းချတဲ့သူကို အောက်မှာ ဖော်ပြထားတဲ့မေးခွန်း တွေကို မေးရမှာဖြစ် တယ်။သည်ကားကို ဝယ်ထားတာ ဘယ်လောက်ကြာပြီလဲ။ သည်ကားမှာ ဘာချို့ယွင်းချက် တွေရှိလဲ။ ကားရဲ့အခြေအနေက ဘယ်လိုရှိလဲ။ ကားမှာ ဆိုးရွားတဲ့အကျင့်လေး တွေရှိလား။(၄) စိတ်ချရတဲ့သူ ဖြစ်ပါစေ – ကားရောင်းချတဲ့သူဟာ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ရပါမယ်။ ဒါမှမဟုတ်ရင် သူရဲ့နေရပ်လိပ်စာ နေရာမှာ အမှန်တကယ် နေထိုင်တာ ဟုတ် / မဟုတ် စုံစမ်းသိရှိထား ရပါမယ်။ ဒါမှသာ ရောင်းမှား ဝယ် မှားဖြစ်ရင် ဖြေရှင်းနိုင်မှာဖြစ် တယ်။(၅) ကားနဲ့ပတ်သက်တဲ့စာရွက် စာတမ်းတွေ စစ်ဆေးပါ – ခိုးယူထားတဲ့ကားတစ်စင်း မဟုတ်ဘူး ဆိုတာကို သက်သေ ခိုင်ခိုင်လုံလုံပြနိုင်တဲ့ စာရွက်စာတမ်း အထောက်အထား တွေကို သေချာစစ်ဆေးရမှာ ဖြစ်ပါတယ်။ စာရွက် စာတမ်း တွေက မှန်ကန် တယ်ဆိုတာကို သက်ဆိုင်ရာရုံး တွေရဲ့ထောက်ခံချက်တွေ နဲ့ တိုက်ဆိုင်စစ်ဆေး ရမှာဖြစ်ပါတယ် ။ ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဥပမာ – ယာဉ်မှတ်ပုံတင်နံပါတ်တွေက ကညနရုံးမှာ မှတ်ပုံတင်ထားတဲ့နံပါတ်နဲ့ ကိုက်ညီမှုရှိ / မရှိ စစ်ဆေး နိုင်ပါတယ်။

(၆) ကျွမ်းကျင်တဲ့သူနဲ့ကားကို စစ်ဆေးပါ – ကျွမ်းကျင်တဲ့ဝပ်ရှော့ပ်ဆရာ နဲ့ဖြစ်ဖြစ်၊ မိမိအသုံးပြုနေကျ ကားဝပ်ရှော့ပ်မှာ စစ်ဆေး သင့်ပါတယ်။ အဲသည်အတွက် ယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာ ပြ ဿနာတွေနဲ့ အရင်က ပျက်စီးလို့ အစားထိုးပြုပြင်ထား တာတွေကို သိရှိနိုင်မှာဖြစ် တယ်။ သည်နေရာမှာ ကားအောက်ပိုင်း တွေကိုလည်း အထူး သတိပြုစစ်ဆေးသင့် ပါတယ်။ ရေနစ်ပြီး ပင် လယ်ဆားငန်ရည် ဒဏ်ထိထားတဲ့ အောက်ပိုင်းတွေဟုတ် / မဟုတ် သိရှိနိုင်မှာ ဖြစ်တယ်။ ကားဘောနက်ကို လှန်ပြီး စစ်ဆေးတာ အတွင်းခန်းအခင်းကို လှန်ပြီး စစ်ဆေးတာက ကားဘော်ဒီနဲ့အခင်း နေရာတွေမှာ ဝရိန် (welding) ဆော်ထားတဲ့နေရာ တွေရှိရင် တွေ့ရှိနိုင် ပါတယ်။ အင် ဂျင်အတွင်းမှာ ဆီ လည်ပတ်တဲ့အခြေအနေ၊ အင်ဂျင် ဝိုင်ပုံမှန် လဲလှယ်ထားတာမျိုး ရှိ/ မရှိ၊ စက်ပိုင်းဆိုင်ရာ ချိတ်ဆက် လှုပ်ရှားမှုတွေ အားလုံး ကို ကျွမ်းကျင်တဲ့ဝပ်ရှော့ပ်ဆရာ နဲ့ စစ်ဆေး ရမှာ ဖြစ်တယ်။(၇) စမ်းသပ်မောင်းနှင်ပါ – ကားကို စက်မနှိုးခင် စတီယာရင်ကို အဆုံးထိ လှည့်ကြည့်ပါ။ တကျိကျိမြည်တဲ့အသံ တဒုတ် ဒုတ်မြည် တဲ့အသံတွေ မထွက်စေရပါဘူး။ အသံတွေမြင်နေရင်တော့ စတီယာရင်မှာ ပြဿနာရှိ နေတာပါ။ သည်လိုပဲအခြား အစိတ်အပိုင်း တွေက လည်း ညင်သာ ချောမွေ့တာမျိုးရှိ / မရှိ စမ်းသပ်ရ ပါမယ်။ ကားစက်နှိုးတဲ့အခါ အင်ဂျင် စက်သံက ညက်ညောမှုရှိ / မရှိ နားထောင်ပါ။ ဘရိတ်စနစ်၊ ဂီယာ စနစ်တွေ ပုံမှန် အလုပ်လုပ်ရဲ့လား စမ်းသပ်ရမှာ ဖြစ်တယ်။ အဝေးပြေးလမ်းမှာ မြန်နှုန်းမြင့်စမ်းသပ် မောင်းနှင်ဖို့လည်း လိုအပ်ပါ တယ်။ကားက အားလုံးကောင်းမွန်နေတယ် ဆိုရင်တော့ သူတောင်း တဲ့ဈေး ပေးနိုင်တာ ဖြစ်ပေမဲ့ လက်ခံနိုင်လောက်တဲ့ ချို့ယွင်းမှုတွေရှိ နေရင်တော့ အဲသည်အတွက် ဈေးလျှော့ဖို့ တောင်းဆိုရမှာ ဖြစ်ပါ တယ်။

Credit _ ကားချစ်သူ

[zawgyi]

(၁) ေငြဘယ္ေလာက္သုံးမွာလဲ – ကားဝယ္ဖို႔ မိမိတတ္ႏိုင္တဲ့ တန္ဖိုးနဲ႔ညီမွ်တဲ့ ကားအမ်ိဳးအစား ကို စတင္ရွာေဖြပါမယ္။ အဲသည္အတြက္ ကားအေရာင္းစင္တာေတြ၊ ကားေရာင္းဝယ္ေရး စခန္းေတြ၊ ကား ပြဲစားတန္း ေတြမွာ မိမိ သုံးမယ့္တန္ဖိုးနဲ႔ ကိုက္ညီတဲ့ကား အမ်ိဳးအစားေတြ ရွာေဖြရပါမယ္။ အြန္လိုင္းေဖ့စ္ဘုတ္မွာ တင္ထားတဲ့ကား ေတြထဲကလည္း ၾကည့္ႏိုင္ ပါတယ္။ ကားဂ်ာနယ္ေတြ၊ စီးပြားေရးသတင္း ဂ်ာနယ္ေတြက ေနလည္း ကားေဈးႏႈန္းေတြ သိရွိႏိုင္ ပါတယ္။(၂) သင့္တင့္မွန္ကန္တဲ့ကားကို ရွာပါ – ဘယ္ေမာ္ဒယ္၊ ဘယ္ကား အမ်ိဳးအစားကို ေ႐ြးခ်ယ္မလဲ ဆိုတာဟာ ဆုံးျဖတ္ရပါမယ္။ ဘယ္လို ကိုယ္ထည္ပုံစံက ကိုယ့္ရဲ႕အသုံးျပဳမႈနဲ႔ ကိုက္ညီမလဲ ဆိုတာ ေ႐ြးခ်ယ္ရပါမယ္။ ေမာ္ဒယ္အလိုက္ ကြဲျပားတဲ့ေဈးႏႈန္းေတြ ေလ့လာၿပီး သင့္တင့္မွန္ကန္တဲ့ကား အမ်ိဳးအစား ကို ေ႐ြးခ်ယ္ရမွာ ျဖစ္ပါတယ္။(၃) ေရာင္းခ်သူနဲ႔ဆက္သြယ္ပါ – ေ႐ြးခ်ယ္ထားတဲ့ကား အမ်ိဳးအစားကို ေတြ႕ရင္ ေရာင္းခ်တဲ့သူကို ေအာက္မွာ ေဖာ္ျပထားတဲ့ေမးခြန္း ေတြကို ေမးရမွာျဖစ္ တယ္။သည္ကားကို ဝယ္ထားတာ ဘယ္ေလာက္ၾကာၿပီလဲ။ သည္ကားမွာ ဘာခ်ိဳ႕ယြင္းခ်က္ ေတြရွိလဲ။ ကားရဲ႕အေျခအေနက ဘယ္လိုရွိလဲ။ ကားမွာ ဆိုး႐ြားတဲ့အက်င့္ေလး ေတြရွိလား။(၄) စိတ္ခ်ရတဲ့သူ ျဖစ္ပါေစ – ကားေရာင္းခ်တဲ့သူဟာ ရင္းႏွီးကြၽမ္းဝင္ၿပီးသား ျဖစ္ရပါမယ္။ ဒါမွမဟုတ္ရင္ သူရဲ႕ေနရပ္လိပ္စာ ေနရာမွာ အမွန္တကယ္ ေနထိုင္တာ ဟုတ္ / မဟုတ္ စုံစမ္းသိရွိထား ရပါမယ္။ ဒါမွသာ ေရာင္းမွား ဝယ္ မွားျဖစ္ရင္ ေျဖရွင္းႏိုင္မွာျဖစ္ တယ္။(၅) ကားနဲ႔ပတ္သက္တဲ့စာ႐ြက္ စာတမ္းေတြ စစ္ေဆးပါ – ခိုးယူထားတဲ့ကားတစ္စင္း မဟုတ္ဘူး ဆိုတာကို သက္ေသ ခိုင္ခိုင္လုံလုံျပႏိုင္တဲ့ စာ႐ြက္စာတမ္း အေထာက္အထား ေတြကို ေသခ်ာစစ္ေဆးရမွာ ျဖစ္ပါတယ္။ စာ႐ြက္ စာတမ္း ေတြက မွန္ကန္ တယ္ဆိုတာကို သက္ဆိုင္ရာ႐ုံး ေတြရဲ႕ေထာက္ခံခ်က္ေတြ နဲ႔ တိုက္ဆိုင္စစ္ေဆး ရမွာျဖစ္ပါတယ္ ။ ဒါမွမဟုတ္ ကြၽမ္းက်င္သူေတြနဲ႔ စစ္ေဆးဖို႔ လိုအပ္ပါတယ္။ ဥပမာ – ယာဥ္မွတ္ပုံတင္နံပါတ္ေတြက ကညန႐ုံးမွာ မွတ္ပုံတင္ထားတဲ့နံပါတ္နဲ႔ ကိုက္ညီမႈရွိ / မရွိ စစ္ေဆး ႏိုင္ပါတယ္။(၆) ကြၽမ္းက်င္တဲ့သူနဲ႔ကားကို စစ္ေဆးပါ – ကြၽမ္းက်င္တဲ့ဝပ္ေရွာ့ပ္ဆရာ နဲ႔ျဖစ္ျဖစ္၊ မိမိအသုံးျပဳေနက် ကားဝပ္ေရွာ့ပ္မွာ စစ္ေဆး သင့္ပါတယ္။ အဲသည္အတြက္ ယာဥ္ရဲ႕ စက္ပိုင္းဆိုင္ရာ ျပႆနာေတြနဲ႔ အရင္က ပ်က္စီးလို႔ အစားထိုးျပဳျပင္ထား တာေတြကို သိရွိႏိုင္မွာျဖစ္ တယ္။ သည္ေနရာမွာ ကားေအာက္ပိုင္း ေတြကိုလည္း အထူး သတိျပဳစစ္ေဆးသင့္ ပါတယ္။ ေရနစ္ၿပီး ပင္လယ္ဆားငန္ရည္ ဒဏ္ထိထားတဲ့ ေအာက္ပိုင္းေတြဟုတ္ / မဟုတ္ သိရွိႏိုင္မွာ ျဖစ္တယ္။ ကားေဘာနက္ကို လွန္ၿပီး စစ္ေဆးတာ အတြင္းခန္းအခင္းကို လွန္ၿပီး စစ္ေဆးတာက ကားေဘာ္ဒီနဲ႔အခင္း ေနရာေတြမွာ ဝရိန္ (welding) ေဆာ္ထားတဲ့ေနရာ ေတြရွိရင္ ေတြ႕ရွိႏိုင္ ပါတယ္။ အင္ဂ်င္အတြင္းမွာ ဆီ လည္ပတ္တဲ့အေျခအေန၊ အင္ဂ်င္ ဝိုင္ပုံမွန္ လဲလွယ္ထားတာမ်ိဳး ရွိ/ မရွိ၊ စက္ပိုင္းဆိုင္ရာ ခ်ိတ္ဆက္ လႈပ္ရွားမႈေတြ အားလုံး ကို ကြၽမ္းက်င္တဲ့ဝပ္ေရွာ့ပ္ဆရာ နဲ႔ စစ္ေဆး ရမွာ ျဖစ္တယ္။(၇) စမ္းသပ္ေမာင္းႏွင္ပါ – ကားကို စက္မႏႈိးခင္ စတီယာရင္ကို အဆုံးထိ လွည့္ၾကည့္ပါ။ တက်ိက်ိျမည္တဲ့အသံ တဒုတ္ ဒုတ္ျမည္ တဲ့အသံေတြ မထြက္ေစရပါဘူး။ အသံေတြျမင္ေနရင္ေတာ့ စတီယာရင္မွာ ျပႆနာရွိ ေနတာပါ။ သည္လိုပဲအျခား အစိတ္အပိုင္း ေတြက လည္း ညင္သာ ေခ်ာေမြ႕တာမ်ိဳးရွိ / မရွိ စမ္းသပ္ရ ပါမယ္။ ကားစက္ႏႈိးတဲ့အခါ အင္ဂ်င္ စက္သံက ညက္ေညာမႈရွိ / မရွိ နားေထာင္ပါ။ ဘရိတ္စနစ္၊ ဂီယာ စနစ္ေတြ ပုံမွန္ အလုပ္လုပ္ရဲ႕လား စမ္းသပ္ရမွာ ျဖစ္တယ္။ အေဝးေျပးလမ္းမွာ ျမန္ႏႈန္းျမင့္စမ္းသပ္ ေမာင္းႏွင္ဖို႔လည္း လိုအပ္ပါ တယ္။ကားက အားလုံးေကာင္းမြန္ေနတယ္ ဆိုရင္ေတာ့ သူေတာင္း တဲ့ေဈး ေပးႏိုင္တာ ျဖစ္ေပမဲ့ လက္ခံႏိုင္ေလာက္တဲ့ ခ်ိဳ႕ယြင္းမႈေတြရွိ ေနရင္ေတာ့ အဲသည္အတြက္ ေဈးေလွ်ာ့ဖို႔ ေတာင္းဆိုရမွာ ျဖစ္ပါ တယ္။