စတိဗ်ဂျော့စ် (Steve Jobs) ရဲ့ နောက်ဆုံးစကား

စီးပွားရေးလောကမှာ ကျွန်တော်ဟာ အထွဋ်အထိပ်ကို ရောက်ခဲ့ပါတယ်။ အများတကာမျက်လုံးထဲမှာတော့ ကျွန်တော်ဟာ အောင်မြင်မှုရဲ့ ပြယုဂ်ပေါ့။ သို့ပေမယ့် အလုပ်ပြင်ပမှာ ကျွန်တော့်အတွက် ပျော်ရွှင်စရာဆိုတာ မရှိ။ နောက်ဆုံးမှာတော့ ချမ်းသာကြွယ်ဝြခင်းဆိုတာ ကျွန် တော်အဖို့ ထူးပြီးမဆန်းတဲ့ ကိစ္စ၊ ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်းတခုသက်သက်ပါပဲ။နေထိုင်မကောင်းလို့ အိပ်ရာထဲလဲနေရတဲ့ အခုလိုအချိန်မှာ ကျွန်တော့်ဘ၀ကို ပြန်စဉ်းစားကြည့်တော့ ကျွန်တော် အင်မတန်ဂုဏ်ယူခဲ့တဲ့ ဓနဥစ္စာကြွယ်၀မှုနဲ့ လူအများရဲ့ အသိအမှတ်ပြုမှုဆိုတာတွေ မှေးမှိန်သွားပြီးတော့ သေခြင်းတရားရဲ့မျက်မှောက်မှာ ဒါတွေအားလုံး အဓိပ္ဗါယ်မဲ့သွားတယ်။ အမှောင်ထဲမှာ ကျွန်တော့်အသက်ကို ထောက်ကူပြုထားတဲ့ စက်ကိရိယာတွေဆီကလာတဲ့ အစိမ်းရောင်မီးကို ကြည့်နေမိတယ်။ ဒီစက်တွေကလာတဲ့ အသံကို ကြားနေရတယ်။ အနားတိုးလာတဲ့ သေမင်းတမန်ရဲ့ ပင့်သက်ကို ခံစားလို့ရတယ် …အခု ကျွန်တော် သိသွားပြီ။ ဘ၀အတွက် ဖူလှုံတဲ့ ဥစ္စာဓနကြွယ်၀မှုရှိပြီဆိုရင် ငွေကြေးဥစ္စာနဲ့မဆိုင်တဲ့ အခြားအရာတွေနောက်ကို လိုက်သင့်တယ် …ဘ၀အတွက် အမှန်တကယ် အရေးကြီးတဲ့ ကိစ္စရပ်မျိုးတွေနောက်ကို လိုက်သင့်တယ်။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးဖြစ်ဖြစ်၊ အနုပညာအလုပ်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ငယ်ငယ်က ရူးသွပ်ခဲ့တဲ့ စိတ်ကူးယဉ်အိပ်မက်ပဲ ဖြစ်ဖြစ်ပေါ့။ငွေကြေးနောက်ကိုပဲ မဆုံးတမ်းလိုက်တဲ့အခါ ကျွန်တော့်လိုမျိုး လူသားမဆန်တဲ့ လူ ဖြစ်လာပါလိမ့်မယ်။လူသားတိုင်းအတွက် ချစ်ခြင်းမေတ္တာကို ခံစားတက်တဲ့ နှလုံးသား ဘုရားသခင်က ပေးထားတယ်။ ချမ်းသာကြွယ်၀မှုက ယူဆောင်လာတဲ့ အတုအယောင်တွေနောက်ကို မလိုက်ကြပါနဲ့။

ကျွန်တော် ရှာဖွေစုဆောင်းခဲ့တဲ့ ဥစ္စာဓနတွေကို ကျွန်တော် ယူသွားလို့မရဘူး။ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပေါ်လာတဲ့ အမှတ်တရလေးတွေကိုသာ ကျွန်တော် ယူဆောင်သွားနိုင်တာပါ။ အဲဒီဟာကမှ ကိုယ်နဲ့တပါတည်း လိုက်ပါလာမယ့်၊ ကိုယ့်ကို အဖော်လုပ်ပေးမယ့်၊ ကိုယ့်အ တွက် ရှေ့ဆက်ဖို့ ခွန်အားနဲ့ အလင်းကို ပေးမယ့် တကယ့် ချမ်းသာမှုဖြစ်တယ်။ ချစ်ခြင်းမေတ္တာဟာ မိုင်ထောင်ချီ သွားနိုင်ပါတယ်။ ဘ၀ဆိုတာ အဆုံးမဲ့ပါ။ ကိုယ်သွားချင်တဲ့နေရာကို သွားပါ။ ကိုယ်တက်လှမ်းချင်သလောက် တက်လှမ်းပါ။ ဒီလိုလုပ်နိုင်စွမ်းဟာ သင့်ရဲ့ နှလုံးသား၊ သင့်ရဲ့လက်ထဲမှာ ရှိပါတယ်။ ကမ္ဘာပေါ်မှာ စျေးအကြီးဆုံး အိပ်ရာက ဘယ်အိပ်ရာလဲ သိသလား။ သင် သေခါနီး လဲလျောင်းရတဲ့ အိပ်ရာပါပဲ။ လူတယောက်ကို အခကြေးငွေပေးပြီး သင့်ကားကို မောင်းနှင်စေလို့ရတယ်။ ငွေရှာခိုင်းလို့ ရမယ်။ ဒါပေမယ့် သင် ခံစားနေရတဲ့ ရောဂါဝေဒနာကိုတော့ ဘယ်သူကမှ အစား၀င်ခံစားပေးနိုင်မယ် မဟုတ်ဘူး။ပျောက်ဆုံးသွားတဲ့ ပစ္စည်းဥစ္စာကို ပြန်ရှာတွေ့နိုင်တယ်။ ဒါပေမယ့် ပျောက်သွားရင်ပြန်ရှာလို့မရနိုင်တာ တခုပဲရှိတယ်။ ဘ၀။လူတယောက် ခွဲစိပ်ခန်းထဲ၀င်ရတဲ့အခါ သူ့ဘ၀မှာ မဖတ်ရသေးတဲ့စာအုပ်တအုပ်ရှိတယ်ဆိုတာ သူ သဘောပေါက်မိပါလိမ့်မယ်။ ကျန်းမာသောဘ၀အကြောင်း စာအုပ်ပေါ့။ကျွန်တော်တို့ဟာ ဘ၀ရဲ့ ဘယ်အရွယ်မှာရောက်နေပါစေ တချိန်ချိန်မှာ ကန့်လန့်ကာကျလာမယ့်နေ့နဲ့ ရင်ဆိုင်တွေ့ရမှာပါပဲ။ ကိုယ့် မိသားစုအပေါ်ထားတဲ့ မေတ္တာ၊ ကိုယ့် ကြင်ဖော်အပေါ်ထားတဲ့ ချစ်ခြင်း၊ သူငယ်ချင်း မိတ်ဆွေတွေအပေါ်မှာထားရှိတဲ့ ချစ်ခင်ခြင်းတွေကို တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားပါ။ တပါးသူကိုလည်း တန်ဖိုးထားပါ။

Credit – မူရင်း

[zawgyi]

စီးပြားေရးေလာကမွာ ကြၽန္ေတာ္ဟာ အထြဋ္အထိပ္ကို ေရာက္ခဲ့ပါတယ္။ အမ်ားတကာမ်က္လုံးထဲမွာေတာ့ ကြၽန္ေတာ္ဟာ ေအာင္ျမင္မႈရဲ႕ ျပယုဂ္ေပါ့။ သို႔ေပမယ့္ အလုပ္ျပင္ပမွာ ကြၽန္ေတာ့္အတြက္ ေပ်ာ္႐ႊင္စရာဆိုတာ မရွိ။ ေနာက္ဆုံးမွာေတာ့ ခ်မ္းသာႂကြယ္ျဝခင္းဆိုတာ ကြၽန္ ေတာ္အဖို႔ ထူးၿပီးမဆန္းတဲ့ ကိစၥ၊ ကြၽန္ေတာ့္ဘ၀ရဲ႕ အစိတ္အပိုင္းတခုသက္သက္ပါပဲ။ေနထိုင္မေကာင္းလို႔ အိပ္ရာထဲလဲေနရတဲ့ အခုလိုအခ်ိန္မွာ ကြၽန္ေတာ့္ဘ၀ကို ျပန္စဥ္းစားၾကည့္ေတာ့ ကြၽန္ေတာ္ အင္မတန္ဂုဏ္ယူခဲ့တဲ့ ဓနဥစၥာႂကြယ္၀မႈနဲ႔ လူအမ်ားရဲ႕ အသိအမွတ္ျပဳမႈဆိုတာေတြ ေမွးမွိန္သြားၿပီးေတာ့ ေသျခင္းတရားရဲ႕မ်က္ေမွာက္မွာ ဒါေတြအားလုံး အဓိပၺါယ္မဲ့သြားတယ္။ အေမွာင္ထဲမွာ ကြၽန္ေတာ့္အသက္ကို ေထာက္ကူျပဳထားတဲ့ စက္ကိရိယာေတြဆီကလာတဲ့ အစိမ္းေရာင္မီးကို ၾကည့္ေနမိတယ္။ ဒီစက္ေတြကလာတဲ့ အသံကို ၾကားေနရတယ္။ အနားတိုးလာတဲ့ ေသမင္းတမန္ရဲ႕ ပင့္သက္ကို ခံစားလို႔ရတယ္ …အခု ကြၽန္ေတာ္ သိသြားၿပီ။ ဘ၀အတြက္ ဖူလႈံတဲ့ ဥစၥာဓနႂကြယ္၀မႈရွိၿပီဆိုရင္ ေငြေၾကးဥစၥာနဲ႔မဆိုင္တဲ့ အျခားအရာေတြေနာက္ကို လိုက္သင့္တယ္ …ဘ၀အတြက္ အမွန္တကယ္ အေရးႀကီးတဲ့ ကိစၥရပ္မ်ိဳးေတြေနာက္ကို လိုက္သင့္တယ္။ လူအခ်င္းခ်င္း ေပါင္းသင္းဆက္ဆံေရးျဖစ္ျဖစ္၊ အႏုပညာအလုပ္ပဲျဖစ္ျဖစ္ ဒါမွမဟုတ္ ငယ္ငယ္က ႐ူးသြပ္ခဲ့တဲ့ စိတ္ကူးယဥ္အိပ္မက္ပဲ ျဖစ္ျဖစ္ေပါ့။ေငြေၾကးေနာက္ကိုပဲ မဆုံးတမ္းလိုက္တဲ့အခါ ကြၽန္ေတာ့္လိုမ်ိဳး လူသားမဆန္တဲ့ လူ ျဖစ္လာပါလိမ့္မယ္။လူသားတိုင္းအတြက္ ခ်စ္ျခင္းေမတၱာကို ခံစားတက္တဲ့ ႏွလုံးသား ဘုရားသခင္က ေပးထားတယ္။ ခ်မ္းသာႂကြယ္၀မႈက ယူေဆာင္လာတဲ့ အတုအေယာင္ေတြေနာက္ကို မလိုက္ၾကပါနဲ႔။ကြၽန္ေတာ္ ရွာေဖြစုေဆာင္းခဲ့တဲ့ ဥစၥာဓနေတြကို ကြၽန္ေတာ္ ယူသြားလို႔မရဘူး။ ခ်စ္ျခင္းေမတၱာေၾကာင့္ ျဖစ္ေပၚလာတဲ့ အမွတ္တရေလးေတြကိုသာ ကြၽန္ေတာ္ ယူေဆာင္သြားႏိုင္တာပါ။ အဲဒီဟာကမွ ကိုယ္နဲ႔တပါတည္း လိုက္ပါလာမယ့္၊ ကိုယ့္ကို အေဖာ္လုပ္ေပးမယ့္၊ ကိုယ့္အ တြက္ ေရွ႕ဆက္ဖို႔ ခြန္အားနဲ႔ အလင္းကို ေပးမယ့္ တကယ့္ ခ်မ္းသာမႈျဖစ္တယ္။ ခ်စ္ျခင္းေမတၱာဟာ မိုင္ေထာင္ခ်ီ သြားႏိုင္ပါတယ္။ ဘ၀ဆိုတာ အဆုံးမဲ့ပါ။ ကိုယ္သြားခ်င္တဲ့ေနရာကို သြားပါ။ ကိုယ္တက္လွမ္းခ်င္သေလာက္ တက္လွမ္းပါ။ ဒီလိုလုပ္ႏိုင္စြမ္းဟာ သင့္ရဲ႕ ႏွလုံးသား၊ သင့္ရဲ႕လက္ထဲမွာ ရွိပါတယ္။ ကမာၻေပၚမွာ ေစ်းအႀကီးဆုံး အိပ္ရာက ဘယ္အိပ္ရာလဲ သိသလား။ သင္ ေသခါနီး လဲေလ်ာင္းရတဲ့ အိပ္ရာပါပဲ။ လူတေယာက္ကို အခေၾကးေငြေပးၿပီး သင့္ကားကို ေမာင္းႏွင္ေစလို႔ရတယ္။ ေငြရွာခိုင္းလို႔ ရမယ္။ ဒါေပမယ့္ သင္ ခံစားေနရတဲ့ ေရာဂါေဝဒနာကိုေတာ့ ဘယ္သူကမွ အစား၀င္ခံစားေပးႏိုင္မယ္ မဟုတ္ဘူး။ေပ်ာက္ဆုံးသြားတဲ့ ပစၥည္းဥစၥာကို ျပန္ရွာေတြ႕ႏိုင္တယ္။ ဒါေပမယ့္ ေပ်ာက္သြားရင္ျပန္ရွာလို႔မရႏိုင္တာ တခုပဲရွိတယ္။ ဘ၀။လူတေယာက္ ခြဲစိပ္ခန္းထဲ၀င္ရတဲ့အခါ သူ႔ဘ၀မွာ မဖတ္ရေသးတဲ့စာအုပ္တအုပ္ရွိတယ္ဆိုတာ သူ သေဘာေပါက္မိပါလိမ့္မယ္။ က်န္းမာေသာဘ၀အေၾကာင္း စာအုပ္ေပါ့။ကြၽန္ေတာ္တို႔ဟာ ဘ၀ရဲ႕ ဘယ္အ႐ြယ္မွာေရာက္ေနပါေစ တခ်ိန္ခ်ိန္မွာ ကန္႔လန္႔ကာက်လာမယ့္ေန႔နဲ႔ ရင္ဆိုင္ေတြ႕ရမွာပါပဲ။ ကိုယ့္ မိသားစုအေပၚထားတဲ့ ေမတၱာ၊ ကိုယ့္ ၾကင္ေဖာ္အေပၚထားတဲ့ ခ်စ္ျခင္း၊ သူငယ္ခ်င္း မိတ္ေဆြေတြအေပၚမွာထားရွိတဲ့ ခ်စ္ခင္ျခင္းေတြကို တန္ဖိုးထားပါ။ ကိုယ့္ကိုယ္ကိုလည္း တန္ဖိုးထားပါ။ တပါးသူကိုလည္း တန္ဖိုးထားပါ။