စာနာစိတ်ဆိုတာ…

လူတစ်ချို့က မျက်စိနှစ်ဖက်ပါတာချင်းအတူတူအကောင်းမြင်ဖို့ထက်အဆိုးမြင်နဲ့ပဲကြည့်တတ်ကြတယ်။ လက်နှစ်ဖက်ပါတာချင်းအတူတူဖေးမဖို့ထက်တွန်းချဖို့ပဲကမ်းလင့်တတ်ကြတယ်။လူတွေရဲ့သဘောကသူများအနာကိုမြင်ရင်ကြိတ်ပျော်တတ်ကြပေမယ့်ကိုယ့်အနာကိုကျ မြတ်မြတ်နိုးနိုးနဲ့နာတတ်လိုက်ကြတာ..ဘယ်လိုပြောရမလဲလို့ ပြင်နေတဲ့ပါးစပ်က ဘယ်လောက်နာကျင်သွားမလဲဆိုတဲ့တစ်ဖက် သားကိုမသနားတတ်ကြဘူး။

နူတ်ခမ်းဖျားကသာ အသားစတွေမခြောက်သေးတာ..ပါးစပ်ဖျားကတော့ သနား,ညာတာ,စာနာမူတွေကို သီကုံးဖြဲ့လို့မဆုံးဘူး။လူပီသချင်ရင်ကိုယ့်ကိုယ်ကိုချစ်ဖို့လိုသလိုသူတစ်ပါးကိုလည်းကိုယ့်ရဲ့စိတ်ရင်းကောင်းနဲ့ညှာတာ,စာနာတတ်ရတယ်။စာနာစိတ်ဆိုတာ ပါးစပ်မှာထားရမှာမဟုတ်ဘူး။ရင်ထဲကိုပို့ပြီးနှလုံးသားနဲ့ရင်းပြီးပြောရမယ့်အရာပါ။ဘာပဲဖြစ်ဖြစ်ကိုယ့်လုပ်ရပ်,ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်ဆုံးဖြတ်ချက်တွေကသာ ကိုယ့်ရဲ့ကံကြမ္မာပဲလေ။ဆင်ခြင်ဖို့ပဲလိုတာပါ။

Credit – ဘဝအတွက် သုတ ရသ စာပေများ

[zawgyi]

လူတစ္ခ်ိဳ႕က မ်က္စိႏွစ္ဖက္ပါတာခ်င္းအတူတူအေကာင္းျမင္ဖို႔ထက္အဆိုးျမင္နဲ႔ပဲၾကည့္တတ္ၾကတယ္။ လက္ႏွစ္ဖက္ပါတာခ်င္းအတူတူေဖးမဖို႔ထက္တြန္းခ်ဖို႔ပဲကမ္းလင့္တတ္ၾကတယ္။လူေတြရဲ႕သေဘာကသူမ်ားအနာကိုျမင္ရင္ႀကိတ္ေပ်ာ္တတ္ၾကေပမယ့္ကိုယ့္အနာကိုက် ျမတ္ျမတ္ႏိုးႏိုးနဲ႔နာတတ္လိုက္ၾကတာ..ဘယ္လိုေျပာရမလဲလို႔ ျပင္ေနတဲ့ပါးစပ္က ဘယ္ေလာက္နာက်င္သြားမလဲဆိုတဲ့တစ္ဖက္ သားကိုမသနားတတ္ၾကဘူး။ႏူတ္ခမ္းဖ်ားကသာ အသားစေတြမေျခာက္ေသးတာ..ပါးစပ္ဖ်ားကေတာ့ သနား,ညာတာ,စာနာမူေတြကို သီကုံးၿဖဲ့လို႔မဆုံးဘူး။လူပီသခ်င္ရင္ကိုယ့္ကိုယ္ကိုခ်စ္ဖို႔လိုသလိုသူတစ္ပါးကိုလည္းကိုယ့္ရဲ႕စိတ္ရင္းေကာင္းနဲ႔ညႇာတာ,စာနာတတ္ရတယ္။စာနာစိတ္ဆိုတာ ပါးစပ္မွာထားရမွာမဟုတ္ဘူး။ရင္ထဲကိုပို႔ၿပီးႏွလုံးသားနဲ႔ရင္းၿပီးေျပာရမယ့္အရာပါ။ဘာပဲျဖစ္ျဖစ္ကိုယ့္လုပ္ရပ္,ကိုယ့္စိတ္ဓာတ္နဲ႔ ကိုယ့္ဆုံးျဖတ္ခ်က္ေတြကသာ ကိုယ့္ရဲ႕ကံၾကမၼာပဲေလ။ဆင္ျခင္ဖို႔ပဲလိုတာပါ။