စိတ်ကို ကျွဲထိန်းသလို ထိန်းပါ

တစ်ခါတော့ ..မြစ်၀ကျွန်းပေါ် ဒေသတစ်ခုသို့ဆရာတော် တရားဟောကြွလေ၏ ။ထိုဒေသတွင် မိုးများသည့်အတွက်တောင်ယာသမား အ များစုသည်နွားအစား ကျွဲများဖြင့်သာထွန်ယက်စိုက်ပျိုးကြရလေ၏ ။ကျွဲများသည် သန်မာထွားကျိုင်းပြီး ချိုကြီးများကားနေ၏ ။ဆရာတော်သည် ..ကျွဲကြီးများကို မြင်သောအခါထိုဒေသမှ ဒကာကြီးများကိုယခုကဲ့သို့ မေးကြည့်လေ၏ ။“ ဒကာကြီး ..ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေကဒကာကြီးတို့ကို ပြန်ပြီးရန်မမူကြဘူးလား ”“ တစ်ခါတလေတော့ ရန်မူတယ်ဘုရား ၊တလောက ဟိုဘက်ရွာကတောင်သူတစ်ယောက်ကျွဲခတ်လိုက်တာ ဗိုက်ပေါက်ပြီးနေရာမှာတင် ပွဲချင်းပြီးသေပါရောလားဘုရား ”“ အိုး..ကြောက်စရာ ကောင်းလိုက်တာ ၊ကျွဲထိန်းရတာလည်း တော်တော်အန္တရာယ်များတာပဲ ”“ ဒါက ဖြစ်ခဲပါတယ်ဘုရား ၊သူတို့ ကျွဲထိန်းတဲ့နေရာမှာညှာလိုက်လို့ပါ”“ ဒကာကြီးက ဘယ်လိုထိန်းလို့လဲ၊ကြောက်အောင် ရိုက်နှက်ထားလို့လား ”“ တစ်ချက်မှ ရိုက်နှက်စရာမလိုဘဲထိန်းတဲ့နည်းရှိတယ်ဘုရား ”

“ ဒကာကြီးတို့နည်းက ဘုန်းကြီးတို့လိုမေတ္တာသမားနဲ့ ကိုက်တာပေါ့ ၊ဘယ်လိုထိန်းတာလဲ”“ အလုပ်နဲ့ ထိန်းတာပါဘုရား၊ လယ်ချိန် လယ် ထွန်တယ် ၊ယာချိန် ယာထွန်တယ် ၊လယ်တွေ၊ ယာတွေ မရှိရင်ရေခပ်ခိုင်းတယ်။ရေစည်ကို လှည်းပေါ်တင်ပြီးမြစ်ရေကိုသယ်တယ်။ရေသယ်စရာ မရှိရင်ထင်းလိုက်တယ်ဘုရား ..”“ အဲဒီလို မနားတမ်း ခိုင်းနေမယ်ဆိုရင် ဒီကျွဲဟာပင်ပန်းပြီးညောင်းနေတဲ့အတွက်နားရတဲ့အချိန်လေးမှာငြိမ်နေတာပေါ့ဘုရား .. ။ဒေါသဖြစ်ချိန်ကိုမပေးတော့ဘူးဘုရား ”“ အို.. ဒကာကြီးတို့ပြောတဲ့ ကျွဲထိန်းနည်းက ..ဘုန်းကြီးအတွက်တော့တရားတစ်ပုဒ်ပါပဲ ၊ကျွဲကြီးကို စိတ်နေရာမှာထားပြီးစိတ်ကိုအလွတ်မထားဘူး။ အမြဲခိုင်းနေမယ်ဆိုရင်လောဘ၊ ဒေါသ ၊ မောဟဆိုတဲ့ကိ လေသာတွေ မ၀င်နိုင်ဘူးပေါ့ “” ဒါကြောင့် ..ကိုယ်တော်တို့ တတွေလည်းစိတ်ကို အအားမပေးနဲ့ ။စိတ်ဆိုတာ ..မကောင်းတဲ့ ဘက်မှာ ပျော်တာ ။အားနေရင် စာဖတ်၊ စာရေးတရားနာ။ဟော.. အဲဒီလိုမနားတမ်း လုပ်ကြပါလို့တိုက်တွန်းပါတယ် ”

Credit to မူရင်း

[zawgyi]

တစ္ခါေတာ့ ..ျမစ္၀ကြၽန္းေပၚ ေဒသတစ္ခုသို႔ဆရာေတာ္ တရားေဟာႂကြေလ၏ ။ထိုေဒသတြင္ မိုးမ်ားသည့္အတြက္ေတာင္ယာသမား အ မ်ားစုသည္ႏြားအစား ကြၽဲမ်ားျဖင့္သာထြန္ယက္စိုက္ပ်ိဳးၾကရေလ၏ ။ကြၽဲမ်ားသည္ သန္မာထြားက်ိဳင္းၿပီး ခ်ိဳႀကီးမ်ားကားေန၏ ။ဆရာေတာ္သည္ ..ကြၽဲႀကီးမ်ားကို ျမင္ေသာအခါထိုေဒသမွ ဒကာႀကီးမ်ားကိုယခုကဲ့သို႔ ေမးၾကည့္ေလ၏ ။“ ဒကာႀကီး ..ဒီေလာက္သန္မာတဲ့ ကြၽဲႀကီးေတြကဒကာႀကီးတို႔ကို ျပန္ၿပီးရန္မမူၾကဘူးလား ”“ တစ္ခါတေလေတာ့ ရန္မူတယ္ဘုရား ၊တေလာက ဟိုဘက္႐ြာကေတာင္သူတစ္ေယာက္ကြၽဲခတ္လိုက္တာ ဗိုက္ေပါက္ၿပီးေနရာမွာတင္ ပြဲခ်င္းၿပီးေသပါေရာလားဘုရား ”“ အိုး..ေၾကာက္စရာ ေကာင္းလိုက္တာ ၊ကြၽဲထိန္းရတာလည္း ေတာ္ေတာ္အႏၲရာယ္မ်ားတာပဲ ”“ ဒါက ျဖစ္ခဲပါတယ္ဘုရား ၊သူတို႔ ကြၽဲထိန္းတဲ့ေနရာမွာညႇာလိုက္လို႔ပါ”“ ဒကာႀကီးက ဘယ္လိုထိန္းလို႔လဲ၊ေၾကာက္ေအာင္ ႐ိုက္ႏွက္ထားလို႔လား ”“ တစ္ခ်က္မွ ႐ိုက္ႏွက္စရာမလိုဘဲထိန္းတဲ့နည္းရွိတယ္ဘုရား ”“ ဒကာႀကီးတို႔နည္းက ဘုန္းႀကီးတို႔လိုေမတၱာသမားနဲ႔ ကိုက္တာေပါ့ ၊ဘယ္လိုထိန္းတာလဲ”“ အလုပ္နဲ႔ ထိန္းတာပါဘုရား၊ လယ္ခ်ိန္ လယ္ ထြန္တယ္ ၊ယာခ်ိန္ ယာထြန္တယ္ ၊လယ္ေတြ၊ ယာေတြ မရွိရင္ေရခပ္ခိုင္းတယ္။ေရစည္ကို လွည္းေပၚတင္ၿပီးျမစ္ေရကိုသယ္တယ္။ေရသယ္စရာ မရွိရင္ထင္းလိုက္တယ္ဘုရား ..”“ အဲဒီလို မနားတမ္း ခိုင္းေနမယ္ဆိုရင္ ဒီကြၽဲဟာပင္ပန္းၿပီးေညာင္းေနတဲ့အတြက္နားရတဲ့အခ်ိန္ေလးမွာၿငိမ္ေနတာေပါ့ဘုရား .. ။ေဒါသျဖစ္ခ်ိန္ကိုမေပးေတာ့ဘူးဘုရား ”“ အို.. ဒကာႀကီးတို႔ေျပာတဲ့ ကြၽဲထိန္းနည္းက ..ဘုန္းႀကီးအတြက္ေတာ့တရားတစ္ပုဒ္ပါပဲ ၊ကြၽဲႀကီးကို စိတ္ေနရာမွာထားၿပီးစိတ္ကိုအလြတ္မထားဘူး။ အၿမဲခိုင္းေနမယ္ဆိုရင္ေလာဘ၊ ေဒါသ ၊ ေမာဟဆိုတဲ့ကိ ေလသာေတြ မ၀င္ႏိုင္ဘူးေပါ့ “” ဒါေၾကာင့္ ..ကိုယ္ေတာ္တို႔ တေတြလည္းစိတ္ကို အအားမေပးနဲ႔ ။စိတ္ဆိုတာ ..မေကာင္းတဲ့ ဘက္မွာ ေပ်ာ္တာ ။အားေနရင္ စာဖတ္၊ စာေရးတရားနာ။ေဟာ.. အဲဒီလိုမနားတမ္း လုပ္ၾကပါလို႔တိုက္တြန္းပါတယ္ ”