စောမွန်လှ သမိုင်းရာဇဝင်

မောဘုရင် စဝ်ဖှလုံဟိုမိန်း နှင့် စယ်လန့် မင်းသမီးလေး အကြောင်း ပါလို့ ပေါင်းဖက်ရာက အမွာပူးမောင်နှစ်မ နှစ်ယောက် ကို မွေးဖွား လာခဲ့ပါသည်။ စောမွန်လှ သည် အကြီးဖြစ်ပြီး မောင်တော် ခွန်ကော်လန်း သည် ငယ်ဖြစ်သည်။စောမွန်လှ ကို မွေးဖွားချိန်၌ မိန်းမောလုံ နန်းတွင်း မှာ ရှိသည့် စစ်လက်နက် ပစ္စည်းများ အားလုံးတို့သည် အရောင်ဖြိုးဖြိုး ဖြောက်ဖြောက် များ လင်းလက်ပြီး လုပ်ရှား ခါရမ်း နေခြင်းဖြစ်သည်။ (ထိုသို့ဖြစ်ခြင်းကို သျှမ်း ဘာသာ အရ လတ်လှိုင်း တယ် လို့ခေါ်ဆိုပါသည် ။အဓိပ္ဗါယ် ကတော့ ထူးဆန်းတဲ့ဖြစ်ရပ်၊ ) ထို့ကြောင့် သမီးတော်လေး အား စဝ်မိန်းလတ် ဟုခေါ်တွင်ခဲ့ရာ အချို့က စဝ်မွန်းလတ် ဟုခေါ်ဆိုခဲ့ကြပါ သည်။ မြန်မာလို ပြန်ဆိုရေးသားရာ မှ စောမွန်လှ ခေါ်ဆိုရေးသား ခဲ့ခြင်းဖြစ်သည်။ (မယ့်ခူး ခေးရှဲန်)AD- 1044-1077 မြန်မာ သက္ကရာဇ် (၄၀၆-၄၃၉) ပုဂံမင်း ၅၅-ဆက် တွင်၊ ပထမ မြန်မာနိုင်ငံ ကို တည်ထောင် သည် ဟု အဆိုရှိသော အနုရုဒ ခေါ် အနော်ရထာမင်း နန်းတက် လေသည်။ ထို အနော်ရထာ မင်းလက်ထက် တွင် လူစွမ်းကောင်း များ ပေါ်ပေါက် ခဲ့သည်။ ပထမ ၄-ဦးမှာ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့ဖြစ်ကြသည်။ငထွေရူး- မြင်းမူ အရပ်သား ထန်းတက် သမားဖြစ်သည်။ ထန်းပင် အပင် တစ်ထောင်ကို တက်ခါဆင်း ခါလှီး သည်မှာ တစ်နံနက် အချိန်မှီ ပြီးသောသူ ဖြစ်သည်ဆိုပါသည်။ငလုံးလက်ဖယ်- ပုပ္ပါး အရပ်သား၊ နွားအရှဉ်း သုံးဆယ် ကို ထွန်၌ တပ်၍ ထွန်ရေး မှန်အောင်၊ တက်ချည် ဆင်းချည်၊ အနှံ့ထွန် နိုင်သောသူ ဟုဆိုပါသည်။ညောင်ဦးဖီး- ညောင်ဦး အရပ်သား ညောင်ဦးကမ်းပါး က ပြေးဆင်း ၍ ဧရာဝတီ တဖက်ကမ်း သို့ လက်ပစ် ကူး သည်၊ နောက်ဖက်ကမ်း သို့ ရောက်သော် ခြေမထောက် ခဲ့ဘဲ ပြန်၍ ကူးလာနိုင်သည့် အပြင် ကမ်းထိပ် သို့ပြေးတက် နိုင်သေးဟု ဆိုပါသည်။ထို ၄-ဦး အပြင် နောက်ထပ် ဗျတ္တ၊ ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ် တို့ လည်းရှိကြသေး၏။ ထိုစဉ် အနော်ရထာ လက်ထက် မတိုင်မှီ ပုံဂံပြည် ၌ မိရိုးဖလာ နတ်၊ နဂါး၊ အရည်းကြီး တို့ကို ကိုးကွယ်ကုန်လေသည်၊ ထို အရည်းကြီး များ သည် ထိမ်းမြား မင်္ဂလာ ပြုလုပ်ကြလျှင် သူတို့သမီးကို ရှေးဦးစွာ အရည်းကြီးတို့ ကျောင်းသို့ ပို့ရသော ထုံးစံ ဖြစ်တည်နေသည်။ ထို ထုံးစံကို ပန်းဦးလွှတ် သည်ဟုခေါ်သည်။ ထို ထုံးစံကို မလိုက်နာသော် မင်းဒဏ်ခံကြရသည်။ထိုသို့ ရှိစဉ် သထုံပြည်မှ ဓမ္မဒဿီ မည်သော ရဟန်းတော် ရှင်အရဟံ ရဟန်းကောင်း ရဟန်းမြတ် တစ်ပါး သည်။ ပုဂံသို့ရောက်ရှိ လာ၍ မင်း အနော်ရထာ လည်း ကြည်ညို- ဆည်းကပ်သည် နှင့် စင်ကြယ်သော ဗုဒ္ဓဘာသာ အယူမှန် ကို သိရလေသည်။သက္ကရာဇ် ၄၁၉- (AD-1057) ခုနှစ်တွင် အရှင်အရဟံ မိန့်ကြားချက် အရ သထုံပြည် ၌ ပိဋကတ်တော် များ ရှိကြောင်း ကြား သိရသော လက်ဆောင် ပဏ္ဍာနှင့်တောင်းစေရာ သထုံ- မနူဟာမင်း က အရိုင်းတို့နှင့်အပ်စပ်သည့် အရာလော ဟုဆို၍ မပေးဘဲနေလေ၏ ထိုအခါမှ စစ်သည် ဗိုလ်ပါနှင့် ချီ၍ သထုံကို တိုက်ခိုက်လေသည်။ထိုသို့ တိုက်စဉ် က ကျန်စစ်သား စသော လူစွမ်းကောင်း များတွင် ဗျတ္တလည်း ပါလာလေသည်။ ထိုစဉ် သထုံပြည် ၌ ဗျတ္တ ၏ အကို—ဗျတ်ဝိ ၏ ပေါင် ..လက် တို့ကို ဆေးစီရင် ၍ မြုပ်နှံထားသည် နှင့် မြို့ရိုး ကို မဝင်နိုင် ရှိရာ၊ ဗျတ္တ က မရီး ကို မြေးမြန်း ၍- မြုပ်ထားရာ ကို သိရှိ-ဖေါ်ယူ ပစ်လေမှ ဝင်နိုင်ကြလေ၏။ ဟုဆိုသည်။ပဒေသရာဇ်ခေတ် တွင် “တိုက်ခိုက် သိမ်းပိုက်၍ စုစည်းခြင်း သည် တိုက်ခိုက် သိမ်းပိုက် ခံရသော အမျိုးသား တို့၏၊ အမျိုးသား ကိုယ်ပိုင် အုပ်ချုပ်ရေး ကိုယ်ပိုင် လွတ်လပ် ခွင့်ကို ဖျက်ဆီး လိုက်ပြီး ၎င်း အမျိုးသားတို့၏ ဆန္ဒနှင့် ဆန့်ကျင် ၍ တိုက်ခိုက် သိမ်းပိုက် ခံရသော အမျိုးသား နိုင်ငံတော် ကို ဖျက်ဆီးသိမ်းသွင်းပြီး၊ ၎င်းနိုင် ငံတော်ပိုင် နယ်နိမိတ် ကို စစ်နိုင်ငံသော နိုင်ငံတော် ဧရိယာနှင့် ပူးပေါင်းခြင်းပင် ဖြစ်သည်။”အဆိုပါ သဘောတရား သည် မှန်ကန်ကြောင်း မြန်မာ့ သမိုင်း ကို လေ့လာလျှင် ပဒေသရာဇ် ခေတ် တွင် မြန် မာ ပဒေသ ရာဇ် ခေတ် သည် မြန်မာနိုင်ငံ ကို စုစည်း ရာတွင် တိုက်ခိုက် သိမ်းပိုက်ပြီး နယ်နိမိတ် အဖြစ် သတ် မှတ်ခြင်း၊ ပူးပေါင်းခြင်း ဖြစ်သည် ။စုစည်း ညီညွတ်မှု အစစ် အမှန်မှာ ဆန္ဒ အရသာ ပူးပေါင်းပြီး လူမျိုး တမျိုး၏ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်သော မိမိတို့လူမျိုး အတွက် နိုင်ငံရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများ ကို မိမိတို့လူမျိုး ၏ ဆန္ဒ အရ တခြား အမျိုးသားတို့ လွတ်လပ်ခွင့် မထိခိုက်စေဘဲ လုပ်ဆောင် ခွင့် ရှိရမည် ဟူသော အချက်များကို မတွေ့ရှိရပေ ။မြန်မာနိုင်ငံ ပဒေသရာဇ်ခေတ် တွင် ထိုသို့ စုစည်းခြင်း မဟုတ်သဖြင့် မြန်မာနိုင်ငံ ရှိ အမျိုးသားများသည် အချင်း ချင်း စိတ်ဝမ်း ကွဲပြားကာ တော်လှန် ပုန်ကန်မှုများ ခေတ်သမိုင်း အဆက်ဆက် တွင် ဖြစ်ပေါ် လာ ခြင်း ပင်ဖြစ်သည်။မြန်မာတို့အောင်နိုင် ကြသော အခါ မနူဟာမင်းနှင့် တကွ ပိဋကတ်တော် တို့ကို ၎င်း၊ နှုတ်မှု-လက်မှု -ပညာ သည် တို့ကို ၎င်း၊ ထိုသို့ တိုက်ခိုက် ဆောင်ယူ ခဲ့လေသည်။ ဤသို့ သထုံ မှ ဗုဒ္ဓဘာသာ ပိဋကတ်တော် များ ရောက်လာ သည် က စ၍ အရည်ကြီး တို့ သာသနာ မှေးမိန် သွား၍ ဗုဒ္ဓသာသနာတော်- တည်မြဲ- ကြီး ပွားလေတော့သည်။မြန်မာတို့ ယခု လက်ရှိ စာလုံး အက္ခရာ များကို စ၍ အသုံးပြု- ရေးသား ကြလေသည်။ ထို စာလုံး တို့ကား အိန္ဒိယ ပြည်တောင်ပိုင်း မှ အောက်မြန်မာနိုင်ငံ မွန်တို့ ထံသို့ သက္ကရာဇ် ၅၀၀ -ခုလောက်တွင် ရောက်လာ သုံးစွဲသော (ပတ္ထိဝ) အက္ခရာ စာလုံးမျိုးဖြစ်၍၊ ပန်းရံ- ပန်းပဲ စသော အတတ် ပညာ များလည်း တိုးပွါး လာတော့ သည်။ဖမ်းယူ သွားသော သထုံ မနူဟာမင်း ကို မြင်းကပါ အရပ် ၌ ထားရှိ သည်ဟု သိလေသည် ။ မနူဟာ မင်းကြီး တည်ထား ခဲ့ သော ကြောင့် မနူဟာ ဘုရားဟု နာမည် ကျော်စောလေ သည် ။ထို မနူဟာမင်းကြီး ၏ ဘုန်းအာနုဘောကြီး ၍ စကားပြောသော အခါ ခံတွင်း က စက်ပြောင်သော အရောင် များ ထွက်သည် ကို အနော်ရထာမင်း သည် စိုးရိမ်ကြောက်လန့် သော အခါ မနူဟာမင်း ဘုန်းနှိမ့် စေရန်ဟု ဆွမ်းတော်တင် ပို့ကို စားစေ၏။မနူဟာမင်း စားမိ၍ ဘုန်းတန်ခိုး ပြယ်လေသော် ၊ စိတ်လက် ညိုး နွမ်းသည်နှင့် မိမိ ၏ လက်စွပ် ကိုရောင်းပြီး ဘုရား တည်လေသည်။ ယခုတိုင် မနူဟာ ဘုရား ဟု ရှိ၏ ။ မနူဟာမင်း သည် ဖြစ်လေရာ ဘ၀ ၌ သူတပါး ၏ နိုင်ခြင်း တို့ မခံရပါလို၏ ဟု ဆုတောင်း ခဲ့လေသည်။နောက်မကြာမီ မနူဟာမင်း နှင့် မိဖုရား သားသမ္မီး တို့ကိုပါ အနော်ရထာ က ရွှေစည်းခုံ ဘုရားသို့ ဘုရား ကျွန် အဖြစ်ဖြင့် လူလေတော့သည်။အနော်ရထာသည်၊ ထိုကဲ့သို့ သာသနာရေး ၌ အလွန် စိတ်အား တက်ကြွ လာပြီးလျှင် ရခိုင်ပြည် ရှိ မဟာ မုနိ ရုပ်ပွါးတော် ကိုလည်း ပင့် ယူရန် သွားရောက်သေး၏ ။ သို့သော်လည်း အထမမြောက် မယူနိုင် ဖြစ်လေ သည်။တစ်ဖန် ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ဂန္ဓလရာဇ်) ခေါ် တရုတ်ပြည် (ယခု ယူနန်-နနချိုပြည်၌) ဗုဒ္ဓဘုရားရှင် မြတ်စွယ်တော် ရှိသည် ကြား ၍ စွယ်တော် ပင့်ယူရန် စစ်သည် ဗိုလ်ပါ များစွာနှင့် ချီတော် မှု သည်။ ကျန်စစ်သား စသော လူစွမ်းကောင်း လေးဦးနှင့် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် တို့လည်း ပါ သည်။ယခု ယူနန် တွင် ရှိသော ဗုဒ္ဓ ဘုရားရှင် မြတ်စွယ်တော် ဥတည်ဘွား မင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ဂန္ဓလရာဇ်) ခေါ် တရုတ်ပြည် သို့ ရောက်သော်၊ တရုတ် ဥတည်ဘွား သည် လည်း မြို့တံခါးကို ပိတ်၍ အခိုင်နေလင့်၏ ။

သို့သော် နောက်ပိုင်း ၌ ပြေငြိမ်းကြကာ အနော်ရထာမင်း နှင့် ဦးတည်ဘွား တို့ ကြည်ကြည် သာသာ ပင် ပြော ဆို ဆက်ဆံ ကြလေသည်။ စွယ်တော်မြတ် ကို ကား အနော်ရထာမင်း အဓိဋ္ဌာန် ၍ ပင့်သော်လည်း မကြွ- မလိုက်- မရခဲ့ချေ။သို့ရာတွင် သိကြားမင်း ပေးဆက် သည် ဆိုသော မြဆင်းတု တစ်ဆူကို ကား ယူဆောင် လာခဲ့သည် ဟု မြန်မာ့ သမိုင်း က ဆိုသည်။ မြန်မာ့ သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်း က ဘုရင်နော်ရထာ သည် ယခု လက်ရှိ မြန်မာနိုင်ငံ ဟုခေါ်ဆိုသော နယ်နမိတ် အကုန်ထိ အုပ်စီးနိုင်ခြင်း မရှိသေးပါ တရုတ်ကို ရန်စရန် မှာ မဖြစ်နိုင်ပါ မိန်းမောနယ်စပပ် တို့ရောက်ရှိသည်မှာ ဖြစ်နိုင်ခြေ ရှိသည်။၎င်း တရုတ်ပြည် က အပြန်ခရီး တွင် သျှမ်းပြည်သို့ ရောက်ရာ မောကိုးပြည်ထောင်စု ကို အစိုးရသော မော ဘုရင် စဝ်လုံဟိုမိန်းနှင့် မဟာမိတ် ဖွဲ့သည် မောပြည် ရှိ လယ်ယာ ကန်သင်း များအား လည်း အနော်ရထာ သည် နှစ်သက် အားကျ တော်မှုသည်။ထို့ကြောင့် မောဘုရင် စေဝ်လုံဟိုမိန်းထံ ဆည်မြောင်း ကန်သင်း လယ်ယာ များ လုပ်ကိုင် ကျွမ်းကျင် သူများ တောင်း ခံလေသည်။မောဘုရင် ခွန်ဟိုမိန်းသည် နှစ်တိုင်းပြည် ချစ်ကြည်ရင်းနှီးစေရန် လယ်ယာ ကန်သင်း ဦးကြီးများပင် မက အနော်ရထာမင်း အား မိမိ သမက် နိုင်ငံတော် အဖြစ် ဖြစ်လို ၍ သမီးတော် စောမွန်လှနှင့် လက်ဆက် ပေး ခဲ့လေသည်။ (မောဘုရင် ခွန်ဟိုမိန်း ကို မြန်မာ သမိုင်းဆရာ အချို့က မိုးကောင်း ဘုရင် ဟုရေးမှတ်ကြ သည်။)ထို သမီးတော်လေး စောမွန်လှ သည် ဘာသာတရား ကိုင်းရှိုင်းသူ တစ်ဦးဖြစ်သည်။ သူမ အသက် ၂၈ နှစ် အရောက် မှာတော့ ပုဂံဘုရင် အနော်ရထာမင်း နှင့် ဖခမည်းတော် တို့ နှစ်တိုင်းပြည် ချစ်ကြည်ရေး မဟာ မိတ်ပြုရာတွင် သူမ ၏ အသက်နှင့် ခန္ဓာကိုယ် ကို နိုင်ငံရေး ၏ အသုံးတော်ခံ ဘ၀ အနေဖြင့် ပုဂံပြည်ကြီး သို့ လိုက်ပါ သွားခဲ့ရလေသည်။ဖခမည်းတော်ကြီးသည် သမီတော် စောမွန်လှနှင့် အတူ ခြွေအရံများ အပါဝင် လယ်လုပ်သူ တောင်သူ ဦးကြီး များ ပါ ထဲ့ပေးလိုက်လေသည်။ ထို အထဲတွင် နောင်အခါ ပုဂံ ရာဇာဝင် တွင် ထင်ရှားမည့် သျှမ်းညီနှောင် သုံးဦး ၏ ဖခင်ခွန်ဆိုင်ခမ်းဖန်း ပင်ဖြစ်သည်။သျှမ်း မင်းသမီးလေး စောမွန်လှသည် အနော်ရထာမင်း နောက်သို့ လိုက်ပါလာရာတွင် ယခု တောင်ပြုံး အရပ်တို့ ရောက်သော် ဆုတောင်းပြည့် စေတီ ကို တည်ကြလေသည်။ ရွှေဖျဉ်းညီနောင် တို့လည်း အမှုထမ်း လစ်၍ အသတ်ခံရသည်။မင်းသမီးလေး စောမွန်လှနှင့် ပါလာသော သျှမ်း တောင်သူ ဦးကြီး များသည် ယခုကျောက်ဆည် အရပ် သို့ ရောက်သော အခါ ကျောက်တုံးကျောက်ခဲ များဖြင့် ဆည် ကန်သင်းများ တည်ဆောက် ၍ လယ်များ ထွန် ယက် စိုက်ပျိုးကြလေသည်။ထိုသို့ကျောက်တုံး ကျောက်ခဲ များဖြင့် ဆည် တည်ဆောက် လုပ်ကိုင်သောကြာင့် ယခု အချိန်ထိ ကျောက် ဆည် ဟု နာမည် တွင်ခဲ့ လေသည်။ ထို အရပ်၌ ယခုတိုင် သျှမ်း နာမည်နှင့် မြို့ရွာလေးများ ရှိသလို မိန်းမော ဆိုတဲ့ ရွာလေး လည်း ရှိနေပါသည်။ပုဂံပြည့်ရှင် အနော်ရထာမင်း သည် ပုံဂံသို့ ရောက်ရှိ သောအခါ၊ သျှမ်းမင်းသမီလေး စောမွန်လှ ကို အလွန်မြတ်နိုး စွာ အပါးတော်မြဲ မိဖုရား အဖြစ် ထားတော်မှုသည်။ မင်းတရားကြီး ရဲ့ ချစ်ခင်မြတ်နိုးခြင်း၊ အစစ ဦးစားပေးခြင်း၊ အလေးအနက် ထားခြင်းတို့ အပေါ် မလိုမုန်းထား ရှိခဲ့သူက မိဖုရားခေါင်ကြီး သီရိမာလာဒေဝီ ကိုယ်တိုင်နှင့် မိဖုရားကြီး ရဲ့ အမှုထမ်းများ အပါဝင် နန်းတွင်းသူ အချို့ တို့ကပါ မလိုမုန်း တီးကြလေသည်။သျှမ်းမင်းသမီးလေး စောမွန်လှ သည် ဘာသာတရား ကိုင်းရှိုင်းသူ တစ်ဦး ဖြစ်သလို မိန်းမောင်းလုံ နေပြည်တော် မှ ပါရှိ လာသော သူမ နားတောင်းတွင် ဓါတ်တော် များ ကိန်ဝပ်၍ ဌာပနာ ထား သည်ဟု ဆိုသည်။ထိုကြောင့် စောမွန်လှ ဘုရားရှစ်ခိုး ဝတ်ပြုစဉ် တွင် ထို နားတောင်း မှ ရောင်ခြည် များ ထွန်းတောက် ကွန့်မြူးလေ့ ရှိသည်။ ဤသို့ ဖြစ်နေသည် ကို မိဖုရားခေါင်ကြီး သီရိမာလာဒေဝီ နှင့် မောင်းမ မိဿ ံ တို့က တွေ့မြင်ကြသော အခါ မနာလို ရန်ငြိုးထား၍ မင်းကြီးအား စုန်းမ-ဖြစ်ကြောင်း လျှောက်ကြလေသည်။အနော်ရထာ မင်းကြီးလည်း မယုံကြည် ၍ စောမွန်လှ ဘုရားဝတ်ပြု ရာ သို့ တိတ်တဆိတ် ချောင်းမြောင်း ကြည့်ရှုလေသည်။ ထိုအခါ နားတောင်းမှ ရောင်ခြည်များ ကွန့်မြူးသည် ကို မြင်တွေ့ရ၍ ယုံကြည် ရနိူး ဖြစ်နေ စဉ် စောမွန်လှ ၏ ဆွေမျိုးများ မှ သမီးတော်လေး ၏ သျှမ်း အမှုတော်ထမ်းများ အား မစားရသည်မှာ ကြာ ပြီဖြစ်သော သျှမ်း အစားအစာ များ ဖြစ်တဲ့ အီကုတ်၊ ဝါးပိုး၊ ငါးချဉ်၊ အသားချဉ် စသော အခြား အစား အစာ များ ပေးပို့လိုက်သည် ကို မိဖုရား ခေါင်ကြီးနှင့် အဖွဲ့သားများ က မင်းကြီး အား စုန်းမျိုးဖြစ်၍ ဒီလို ပိုးကောင် မျိုးကို စားကြသည် ဟု ဆိုကာ မင်းကြီး ကြည့်ရှု့ရန်ပြကြလေသည်။မင်းကြီး လည်း တွေ့မြင်ကာ ဧကန် မုချ စုန်းမ- ဖြစ်ကြောင်း ယုံကြည်သည်နှင့် နေရင်း သျှမ်းပြည် သို့ ပြန်စေ ဟု နှင်ထုတ် လိုက်လေသည်။ထိုအခါ သျှမ်း-မင်းသမီးလေး စောမွန်လှ သည် ရိုးသားသူ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်၍ မိမိ ရိုးရာ အစား အစာများ အား အပြစ်တင် ကဲ့ရဲ့ရှုတ်ချ မိမိ အမျိုး ဂုဏ်သိက္ခာ ကိုစော်ကား ခံရသည်ဖြစ်၍။ မိမိ ဖခင် ပင်လျှင် လည်း မိန်းမော အရှင် သခင် ဖြစ်သည့် အလျှောက် ကြောက်ရွံ့ခြင်း အလျှင်း မရှိ အခြွေအရံ အနည်းငယ် မျှနှင့် မိမိမွေးဌာနီ မိန်းမောပြည် သို့ ထွက်လာခဲ့လေသည်။မင်းသမီးလေး စောမွန်လှ သည် ပုဂံပြည်မှ ထွက်ခွာ လာပြီး ၁၀ ရက်မြောက်သောနေ့ ၌ ယခု မန္တလေး အရှေ့တောင်ဘက် ဆီသို့ ရောက်သော အခါ အရိပ်အာဝါသ ကောင်းသော စမ်းချောင်းငယ် တစ်ခုနား အရောက်တွင် ခေတ္တ အနားယူ အိပ်မော ကျရာမှ နိုးထ လာရာ စမ်းချောင်း ၌ မျက်နာ သစ်နေစဉ် စမ်းချောင်းငယ် ထဲမှာ လိုးလိုး လက်လက် အရောင်များ ထွက်ရှိနေသည် တွေ့ရှိ၍ သေခြာစွာငုံကြည့် လိုက်စဉ် စမ်းချောင်း ထဲ၌ မဟုတ်ပဲ မိမိ ဦးခေါင်းပေါ် ကောင်းကင်ထက် တွင် စာပတီး ငှက်များ ခြံရံလျှက် လင်းလက်နေသော နားတောင်း ကို တွေ့မြင်ရလေသည်။မင်းသမီးလေး သည် ဗုဒ္ဓဘာသာ ကို သက်ဝင် ယုံကြည်သူ တယောက် ဖြစ်သည့် အလျှောက် ထို နားတောင်း တဖက်နှင့် ဓါတ်တော် တို့ကို ဋ္ဌာပနာ ၍ ငါးတောင်မြင့် ရှိသော စေတီငယ် တစ်ဆူ ကို တည်လေသည်။ဘုရား မုတ်၀ ကို လည်း အရှေ့မောသျှမ်းပြည် ဖက်သို့ လှည့်ထားလေသည်။ ထို အချင်းအရာ ကို အနော်ရထာမင်း ကြား သိသော် ဘုရားမုတ် ကို အရှေ့ သျှမ်းပြည်ဖက် သို့ လှည့်ထားလျှင် စောမွန်လှ ကို သတ်ခဲ့။ ငါ စိုးစံရာ အနောက်ဖက် ပုဂံပြည်ဖက် သို့ လှည်ထားလျှင်၊ အသက်ချမ်းသာစေ ဟု မင်းချင်း များ ကို စေလွတ်လိုက် လေသည်။မင်းချင်းတို့ ည အခါ ရောက်လာရာ မင်းသမီး စောမွန်လှ က တန်စိုး လက်ဆောင်ပေး၍ အကြောင်း ကို မေးမြန်း၍ သိရသော အခါမှ။ ၎င်း ညတွင်းချင်း ပင် မိမိ ၏ ကုသိုလ် တို့ကို အောင်မေ့ခါ နတ်ကောင်း နတ်မြတ် တို့ကို တိုင်တည် အဓိဋ္ဌာန်ပြု ၍ မြစီသော ရွှေဖျင် တဘက်ဖြင့် ဘုရားစေတီ ကို ပတ်ချည် ၍ လှည့်လေရာ ဘုရားလည် ၍ မုတ်၀ အနောက် ဖက် မကျ အရှ့ဖက် မကျ (သျှမ်းပြည် မကျ မြန်မာပြည်မကျ) သို့ရောက် လေသည်။နံနက် လင်း၍ မင်းချင်း တို့ မြင်ရသော် စောမွန်လှ ကို ချမ်းသားပေး၍ ပုဂံ သို့ ပြန်ကြ လေသည်။ ( စောမွန်လှ နားတောင်း ကျခဲ့ချောင်း ကို အခုတိုင် နားတောင်ကျချောင်း ဟု ခေါ်ကာ စောမွန်လှ နားတောင်းအား စာပတီး ငှက် များ ခြံရံနေခြင်းကြောင့် ထို နားတောင်းဖြင့် တည်သော စေတီတော်အား ရွှေစာရံ ဘုရား ဟု ယခုထက် တိုင် ကျော်စောလှပေသည်။)ထို အချင်းရာ ကို အနော်ရထာမင်း ကြားသိရသော ကျေနပ် ဝမ်းမြောက် သည်နှင့် အညီ ၎င်းဘုရား ပတ် လည်တွင် မြေတာ- တစ်ထောင် လှူတော် မှုသည် နောင် အခါ၊ ပုဂံ- အလောင်းစည်သူမင်း က မြေထပ် ၍ လှူတော်မှုသည်။ နောက် အင်းဝ- မိုးညှင်း မင်းတရားကြီး “သီရိတြိဘဝနာဒီတျာ ပဝရပဏ္ဍိတ ဓမ္မရာဇာ” ဘွဲ့ခံ မိုးညှင်းသတိုး (၇၈၈-၈၀၁) သံတောင် ၃၀- အထိမြှင့် ၍ တည်တော်မှုသည်။ဤ အချင်းရာများ ကို ထောက်ရှုခြင်း အားဖြင့် သျှမ်း များနှင့် မွန် တို့သည် အနော်ရထာမင်း ထက် ဗုဒ္ဓဘာသာ ကို စောလျင် စွာ ကိုးကွယ်နေပြီးဖြစ်ကြောင်း သိသာ ထင်ရှားလေသည်။မင်းသမီးလေး စောမွန်လှ အပြန် ခရီး လမ်း တလျှောက်တွင် စေတီပေါင်း ရှစ်ဆု တည် ခဲ့ပြီး ဆက်လက်၍ ခရီး ဆက်ခဲ့ရာ ယခု သီပေါမြို့နား အရောက် ဆားထွက်ရှိရာ အရပ် ၌ ကိုးဆူမြောက် စေတီအား ကျန် ရှိသော နားတောင်း တစ်ဖက် အား ဌာပနာ ၍ (၇-တောင်) အမြင့် ရှိသော စေတီ တစ်ဆူ ကို တည်လေသည် ။ထိုစေတီကို သျှမ်း တို့က ကောင်းမူးမော်ကေ ဟု ခေါ်သည်။ ကောင်းမှုး သည် သျှမ်း လို စေတီတော် ။ မော်ကေ-သည် (ဆားတွင်း ) -ဟု အဓိပ္ပါယ် ရပါသည်။ မြန်မာ တို့က ဘောကြို ဘုရား ဟုခေါ်ဆိုကြသည်။ထို့နောက် ဖခင် မိန်းမော်ဘုရင် စဝ်ဖှလုံဟိုမိန်း အား ယခု ကျောက်ဆည်နယ် ရှိ သျှမ်းလူမျိုးများ မှ ပုဂံ နန်း တွင်း မှ သမီးတော်လေး ထွက်ရှိ လာခဲ့ကြောင်း ကို သံတော်ဦး တင်လျှောက်သော အခါ ဖခင် မင်း တရားကြီး မှ သားတော်ကြီး ဥပရာဇာ စဝ်ကော်လျန်း အား စစ်ကြောင်း ကြီးများ လွှတ်၍ သမီးတော် စောမွန်လှ အား သွားရောက် ကြိုဆို စေလေတော့သည်။သျှမ်း မင်းသမီးလေး စောမွန်လှ သည် တိုင်းပြည်နှစ်ပြည် ၏ ချစ်ကြည်ရင်းနှီးစေဖို့ စတေး ခံခဲ့ရကာ တိုင်း တပါး သို့ လိုက်ပါ သွားရပြီး မိဖုရား အဖြစ် တင်မြောက်ခြင်း ခံရသော်လည်း ရှေးဘ၀ ကုသိုလ်ကံ အကြောင်း မလှ ခဲ့၍ ပုဂံပြည် မှ နှင်ထုတ်ခြင်း ခံရကာ အပြန်လမ်း တွင် မိမိ ကိုးကွယ် ယုံကြည် ရာ ဘာသာ တရား ကောင်းမှု ကုသိုလ် များ ပြုလုပ်နေ ပါသော်လည်း ဖမ်းဆီး သတ်ဖြတ်မည် ဟု ကြိမ်းမောင်းခြင်း ခံရ ရှာလေသည်။ထို့နောက် မောင်တာ် စဝ်ကော်လျန်း ၏ အကြို တပ်နှင့်လည်း မတွေ့ဆုံ မိန်းမောင်း နေပြည်တော်ဆီ လည်း မရောက်မှီ ယခု သီပေါ နား အရောက် လမ်းခုလတ် မှာပင် ကံတော် ကုန်ရှာ ခဲ့လေသည်။အမတော် ကံကုန်သည် ဟု ကြားသိရသော မောင်တော် စဝ်ကော်လျန်း သည်လည်း အချို့ အမွာပူး တို့ ထုံးစံ အရ အမတော်နှင့် မနှီး မဝေး မှာပင် ကံကုန် ခဲ့ရှာလေသည်။ ဒီနေ့ အထိ မင်းသမီးလေး စောမွန် လှနှင့် မောင်တော် စဝ်ကော်လျန်း တို့ ဂူဗိမာန် ကို သီပေါမြို့နား တွင် အရိုးအိုး စေတီ အဖြစ် တွေ့မြင်နိုင် ပါသည်။သျှမ်း မင်းသမီးလေး သည် ကံ အကြောင်းမလှ ရှာသော မင်းသမီးလေး စောမွန်လှ ဘ၀ မှ ယခုအခါ ပုဂံ ရာဇာဝင် ထဲက သတို့ သမီးဖြစ် ထင်ရှား လေတော့သည်။ပုဂံ ရာဇာဝင် အကြောင်း ပြောရင် စောမွန်လှ အကြောင်း မပါလို့ မရပါ စောမွန်လှနှင့် အတူ ပါသွားကြသော သျှမ်းတောင်သူ ဦးကြီးများ ထဲတွင် နောင် အခါ မြန်မာ့ သမိုင်း တွင် ထင်းရှား လာမည့် သျှမ်းညီနောင် သုံးဦး ၏ ဖခင် ခွန်ဆိုင်ခမ်းဖန်း ကြောင့်ပင်ဖြစ်၏ ။ပေါက်ကန်နန်းတော် ကို ဆန်ရေ စပါး အများဆုံး ပံ့ပိုးသော ဤ သျှမ်း မိသားစု ကို ပေါက်ကန် ရှင်ဘုရင် (တလုတ်ပြေးမင်း) က ဘွဲ့သစ် များဖြင့် ချီးမြှင့်မြှောက် စားလေသည် ။အဖေ ခွန်ဆိုင်ခမ်းဖန်း = သင်္ခဗိုလ်။သား ခွန်အိုက်ဆိုင်ခိုင်=အသင်္ခယာ မြင်စိုင်းစား။သား ခွန်ယီဆိုင်ကမ် =ရာဇသင်္ကြန် မက္ခရာစား။သား ခွန်ဆမ်ဆိုင်ဆိုင် =သီဟသူ မြစ်သာစား မြင်စိုင်း ပင်းယ စစ်ကိုင်း အင်း၀ တို့ကို တည်ထောင်ခဲ့သော သျှမ်း မင်းဆက်များ ပင်ဖြစ်သည်။ထိုဒေသသည် သျှမ်း နာမည်နှင့် သျှမ်း မင်းဆက်များ တည်ထောင် ခဲ့ သော မြို့တော်များ ပင်ဖြစ်သည့် အလျှောက် သျှမ်း လူမျိုး များ နေထိုင်ရာဒေသ လည်းဖြစ်သည်။ နောက်ပိုင်း ဗမာ များ ဝင်ရောက် နေထိုင် လာကြ သလို သျှမ်းကြာ ဗမာဖြစ် ဆိုသလို ဗမာဖြစ်သွားကြသည်က များသည်။မည်သို့ပင် ရှိစေကာမှု အ နော်ရထာမင်း သည် ကံတူ အကျိုးပေး ဟု ဆိုရလေ မလား မိမိပြုသမျှ ဒီဘ၀ နဲ့ ပဲ ပေးဆပ် ခဲ့ရသည် ဟုပြောမလား အထင် ကရ မင်းဖြစ်သော်ညား လည်း ကျွဲခတ် ၍ နတ်ရွာစံ (သေဆုံး) ရလေကာ ပုဂံပြည့်ရှင် မင်း အနော်ရထာ ရုပ်ကလာပ် အား မိမိ မင်းညီမင်းသား နှင့် မိမိပုဂံ ပြည် တိုင်း သူပြည်သား အပေါင်း တို့ မတွေ့လိုက်ရ ရှာတော့ ပေ။

Credit – Myo Min Win

[zawgyi]

ေမာဘုရင္ စဝ္ဖွလုံဟိုမိန္း ႏွင့္ စယ္လန႔္ မင္းသမီးေလး အေၾကာင္း ပါလို႔ ေပါင္းဖက္ရာက အမြာပူးေမာင္ႏွစ္မ ႏွစ္ေယာက္ ကို ေမြးဖြား လာခဲ့ပါသည္။ ေစာမြန္လွ သည္ အႀကီးျဖစ္ၿပီး ေမာင္ေတာ္ ခြန္ေကာ္လန္း သည္ ငယ္ျဖစ္သည္။ေစာမြန္လွ ကို ေမြးဖြားခ်ိန္၌ မိန္းေမာလုံ နန္းတြင္း မွာ ရွိသည့္ စစ္လက္နက္ ပစၥည္းမ်ား အားလုံးတို႔သည္ အေရာင္ၿဖိဳးၿဖိဳး ေျဖာက္ေျဖာက္ မ်ား လင္းလက္ၿပီး လုပ္ရွား ခါရမ္း ေနျခင္းျဖစ္သည္။ (ထိုသို႔ျဖစ္ျခင္းကို သွ်မ္း ဘာသာ အရ လတ္လႈိင္း တယ္ လို႔ေခၚဆိုပါသည္ ။အဓိပၺါယ္ ကေတာ့ ထူးဆန္းတဲ့ျဖစ္ရပ္၊ ) ထို႔ေၾကာင့္ သမီးေတာ္ေလး အား စဝ္မိန္းလတ္ ဟုေခၚတြင္ခဲ့ရာ အခ်ိဳ႕က စဝ္မြန္းလတ္ ဟုေခၚဆိုခဲ့ၾကပါ သည္။ ျမန္မာလို ျပန္ဆိုေရးသားရာ မွ ေစာမြန္လွ ေခၚဆိုေရးသား ခဲ့ျခင္းျဖစ္သည္။ (မယ့္ခူး ေခးရွဲန္)AD- 1044-1077 ျမန္မာ သကၠရာဇ္ (၄၀၆-၄၃၉) ပုဂံမင္း ၅၅-ဆက္ တြင္၊ ပထမ ျမန္မာႏိုင္ငံ ကို တည္ေထာင္ သည္ ဟု အဆိုရွိေသာ အႏု႐ုဒ ေခၚ အေနာ္ရထာမင္း နန္းတက္ ေလသည္။ ထို အေနာ္ရထာ မင္းလက္ထက္ တြင္ လူစြမ္းေကာင္း မ်ား ေပၚေပါက္ ခဲ့သည္။ ပထမ ၄-ဦးမွာ က်န္စစ္သား၊ ငေထြ႐ူး၊ ငလုံးလက္ဖယ္၊ ေညာင္ဦးဖီး တို႔ျဖစ္ၾကသည္။ငေထြ႐ူး- ျမင္းမူ အရပ္သား ထန္းတက္ သမားျဖစ္သည္။ ထန္းပင္ အပင္ တစ္ေထာင္ကို တက္ခါဆင္း ခါလွီး သည္မွာ တစ္နံနက္ အခ်ိန္မွီ ၿပီးေသာသူ ျဖစ္သည္ဆိုပါသည္။ငလုံးလက္ဖယ္- ပုပၸါး အရပ္သား၊ ႏြားအရွဥ္း သုံးဆယ္ ကို ထြန္၌ တပ္၍ ထြန္ေရး မွန္ေအာင္၊ တက္ခ်ည္ ဆင္းခ်ည္၊ အႏွံ႔ထြန္ ႏိုင္ေသာသူ ဟုဆိုပါသည္။ေညာင္ဦးဖီး- ေညာင္ဦး အရပ္သား ေညာင္ဦးကမ္းပါး က ေျပးဆင္း ၍ ဧရာဝတီ တဖက္ကမ္း သို႔ လက္ပစ္ ကူး သည္၊ ေနာက္ဖက္ကမ္း သို႔ ေရာက္ေသာ္ ေျခမေထာက္ ခဲ့ဘဲ ျပန္၍ ကူးလာႏိုင္သည့္ အျပင္ ကမ္းထိပ္ သို႔ေျပးတက္ ႏိုင္ေသးဟု ဆိုပါသည္။ထို ၄-ဦး အျပင္ ေနာက္ထပ္ ဗ်တၱ၊ ေ႐ႊဖ်ဥ္းႀကီး ေ႐ႊဖ်ဥ္းငယ္ တို႔ လည္းရွိၾကေသး၏။ ထိုစဥ္ အေနာ္ရထာ လက္ထက္ မတိုင္မွီ ပုံဂံျပည္ ၌ မိ႐ိုးဖလာ နတ္၊ နဂါး၊ အရည္းႀကီး တို႔ကို ကိုးကြယ္ကုန္ေလသည္၊ ထို အရည္းႀကီး မ်ား သည္ ထိမ္းျမား မဂၤလာ ျပဳလုပ္ၾကလွ်င္ သူတို႔သမီးကို ေရွးဦးစြာ အရည္းႀကီးတို႔ ေက်ာင္းသို႔ ပို႔ရေသာ ထုံးစံ ျဖစ္တည္ေနသည္။ ထို ထုံးစံကို ပန္းဦးလႊတ္ သည္ဟုေခၚသည္။ ထို ထုံးစံကို မလိုက္နာေသာ္ မင္းဒဏ္ခံၾကရသည္။ထိုသို႔ ရွိစဥ္ သထုံျပည္မွ ဓမၼဒႆီ မည္ေသာ ရဟန္းေတာ္ ရွင္အရဟံ ရဟန္းေကာင္း ရဟန္းျမတ္ တစ္ပါး သည္။ ပုဂံသို႔ေရာက္ရွိ လာ၍ မင္း အေနာ္ရထာ လည္း ၾကည္ညိဳ- ဆည္းကပ္သည္ ႏွင့္ စင္ၾကယ္ေသာ ဗုဒၶဘာသာ အယူမွန္ ကို သိရေလသည္။သကၠရာဇ္ ၄၁၉- (AD-1057) ခုႏွစ္တြင္ အရွင္အရဟံ မိန႔္ၾကားခ်က္ အရ သထုံျပည္ ၌ ပိဋကတ္ေတာ္ မ်ား ရွိေၾကာင္း ၾကား သိရေသာ လက္ေဆာင္ ပ႑ာႏွင့္ေတာင္းေစရာ သထုံ- မႏူဟာမင္း က အ႐ိုင္းတို႔ႏွင့္အပ္စပ္သည့္ အရာေလာ ဟုဆို၍ မေပးဘဲေနေလ၏ ထိုအခါမွ စစ္သည္ ဗိုလ္ပါႏွင့္ ခ်ီ၍ သထုံကို တိုက္ခိုက္ေလသည္။ထိုသို႔ တိုက္စဥ္ က က်န္စစ္သား စေသာ လူစြမ္းေကာင္း မ်ားတြင္ ဗ်တၱလည္း ပါလာေလသည္။ ထိုစဥ္ သထုံျပည္ ၌ ဗ်တၱ ၏ အကို—ဗ်တ္ဝိ ၏ ေပါင္ ..လက္ တို႔ကို ေဆးစီရင္ ၍ ျမဳပ္ႏွံထားသည္ ႏွင့္ ၿမိဳ႕႐ိုး ကို မဝင္ႏိုင္ ရွိရာ၊ ဗ်တၱ က မရီး ကို ေျမးျမန္း ၍- ျမဳပ္ထားရာ ကို သိရွိ-ေဖၚယူ ပစ္ေလမွ ဝင္ႏိုင္ၾကေလ၏။ ဟုဆိုသည္။ပေဒသရာဇ္ေခတ္ တြင္ “တိုက္ခိုက္ သိမ္းပိုက္၍ စုစည္းျခင္း သည္ တိုက္ခိုက္ သိမ္းပိုက္ ခံရေသာ အမ်ိဳးသား တို႔၏၊ အမ်ိဳးသား ကိုယ္ပိုင္ အုပ္ခ်ဳပ္ေရး ကိုယ္ပိုင္ လြတ္လပ္ ခြင့္ကို ဖ်က္ဆီး လိုက္ၿပီး ၎ အမ်ိဳးသားတို႔၏ ဆႏၵႏွင့္ ဆန႔္က်င္ ၍ တိုက္ခိုက္ သိမ္းပိုက္ ခံရေသာ အမ်ိဳးသား ႏိုင္ငံေတာ္ ကို ဖ်က္ဆီးသိမ္းသြင္းၿပီး၊ ၎ႏိုင္ ငံေတာ္ပိုင္ နယ္နိမိတ္ ကို စစ္ႏိုင္ငံေသာ ႏိုင္ငံေတာ္ ဧရိယာႏွင့္ ပူးေပါင္းျခင္းပင္ ျဖစ္သည္။”အဆိုပါ သေဘာတရား သည္ မွန္ကန္ေၾကာင္း ျမန္မာ့ သမိုင္း ကို ေလ့လာလွ်င္ ပေဒသရာဇ္ ေခတ္ တြင္ ျမန္ မာ ပေဒသရာဇ္ ေခတ္ သည္ ျမန္မာႏိုင္ငံ ကို စုစည္း ရာတြင္ တိုက္ခိုက္ သိမ္းပိုက္ၿပီး နယ္နိမိတ္ အျဖစ္ သတ္ မွတ္ျခင္း၊ ပူးေပါင္းျခင္း ျဖစ္သည္ ။စုစည္း ညီၫြတ္မႈ အစစ္ အမွန္မွာ ဆႏၵ အရသာ ပူးေပါင္းၿပီး လူမ်ိဳး တမ်ိဳး၏ ကိုယ္ပိုင္ျပဌာန္းခြင့္ ျဖစ္ေသာ မိမိတို႔လူမ်ိဳး အတြက္ ႏိုင္ငံေရး၊ စည္း႐ုံးေရး၊ အုပ္ခ်ဳပ္ေရး၊ လူမႈေရး၊ ယဥ္ေက်းမႈမ်ား ကို မိမိတို႔လူမ်ိဳး ၏ ဆႏၵ အရ တျခား အမ်ိဳးသားတို႔ လြတ္လပ္ခြင့္ မထိခိုက္ေစဘဲ လုပ္ေဆာင္ ခြင့္ ရွိရမည္ ဟူေသာ အခ်က္မ်ားကို မေတြ႕ရွိရေပ ။ျမန္မာႏိုင္ငံ ပေဒသရာဇ္ေခတ္ တြင္ ထိုသို႔ စုစည္းျခင္း မဟုတ္သျဖင့္ ျမန္မာႏိုင္ငံ ရွိ အမ်ိဳးသားမ်ားသည္ အခ်င္း ခ်င္း စိတ္ဝမ္း ကြဲျပားကာ ေတာ္လွန္ ပုန္ကန္မႈမ်ား ေခတ္သမိုင္း အဆက္ဆက္ တြင္ ျဖစ္ေပၚလာျခင္း ပင္ျဖစ္သည္။ျမန္မာတို႔ေအာင္ႏိုင္ ၾကေသာ အခါ မႏူဟာမင္းႏွင့္ တကြ ပိဋကတ္ေတာ္ တို႔ကို ၎၊ ႏႈတ္မႈ-လက္မႈ -ပညာ သည္ တို႔ကို ၎၊ ထိုသို႔ တိုက္ခိုက္ ေဆာင္ယူ ခဲ့ေလသည္။ ဤသို႔ သထုံ မွ ဗုဒၶဘာသာ ပိဋကတ္ေတာ္ မ်ား ေရာက္လာ သည္ က စ၍ အရည္ႀကီး တို႔ သာသနာ ေမွးမိန္ သြား၍ ဗုဒၶသာသနာေတာ္- တည္ၿမဲ- ႀကီး ပြားေလေတာ့သည္။ျမန္မာတို႔ ယခု လက္ရွိ စာလုံး အကၡရာ မ်ားကို စ၍ အသုံးျပဳ- ေရးသား ၾကေလသည္။ ထို စာလုံး တို႔ကား အိႏၵိယ ျပည္ေတာင္ပိုင္း မွ ေအာက္ျမန္မာႏိုင္ငံ မြန္တို႔ ထံသို႔ သကၠရာဇ္ ၅၀၀ -ခုေလာက္တြင္ ေရာက္လာ သုံးစြဲေသာ (ပတၳိဝ) အကၡရာ စာလုံးမ်ိဳးျဖစ္၍၊ ပန္းရံ- ပန္းပဲ စေသာ အတတ္ ပညာ မ်ားလည္း တိုးပြါး လာေတာ့ သည္။ဖမ္းယူ သြားေသာ သထုံ မႏူဟာမင္း ကို ျမင္းကပါ အရပ္ ၌ ထားရွိ သည္ဟု သိေလသည္ ။ မႏူဟာ မင္းႀကီး တည္ထား ခဲ့ ေသာေၾကာင့္ မႏူဟာ ဘုရားဟု နာမည္ ေက်ာ္ေစာေလ သည္ ။ထို မႏူဟာမင္းႀကီး ၏ ဘုန္းအာႏုေဘာႀကီး ၍ စကားေျပာေသာ အခါ ခံတြင္း က စက္ေျပာင္ေသာ အေရာင္ မ်ား ထြက္သည္ ကို အေနာ္ရထာမင္း သည္ စိုးရိမ္ေၾကာက္လန႔္ ေသာ အခါ မႏူဟာမင္း ဘုန္းႏွိမ့္ ေစရန္ဟု ဆြမ္းေတာ္တင္ ပို႔ကို စားေစ၏။မႏူဟာမင္း စားမိ၍ ဘုန္းတန္ခိုး ျပယ္ေလေသာ္ ၊ စိတ္လက္ ညိဳး ႏြမ္းသည္ႏွင့္ မိမိ ၏ လက္စြပ္ ကိုေရာင္းၿပီး ဘုရား တည္ေလသည္။ ယခုတိုင္ မႏူဟာ ဘုရား ဟု ရွိ၏ ။ မႏူဟာမင္း သည္ ျဖစ္ေလရာ ဘ၀ ၌ သူတပါး ၏ ႏိုင္ျခင္း တို႔ မခံရပါလို၏ ဟု ဆုေတာင္း ခဲ့ေလသည္။ေနာက္မၾကာမီ မႏူဟာမင္း ႏွင့္ မိဖုရား သားသမၼီး တို႔ကိုပါ အေနာ္ရထာ က ေ႐ႊစည္းခုံ ဘုရားသို႔ ဘုရား ကြၽန္ အျဖစ္ျဖင့္ လူေလေတာ့သည္။အေနာ္ရထာသည္၊ ထိုကဲ့သို႔ သာသနာေရး ၌ အလြန္ စိတ္အား တက္ႂကြ လာၿပီးလွ်င္ ရခိုင္ျပည္ ရွိ မဟာ မုနိ ႐ုပ္ပြါးေတာ္ ကိုလည္း ပင့္ ယူရန္ သြားေရာက္ေသး၏ ။ သို႔ေသာ္လည္း အထမေျမာက္ မယူႏိုင္ ျဖစ္ေလ သည္။တစ္ဖန္ ဥတည္ဘြားမင္း စိုးစံေနတဲ့ ဂႏၶလရာဇ (ဂႏၶလရာဇ္) ေခၚ တ႐ုတ္ျပည္ (ယခု ယူနန္-နနခ်ိဳျပည္၌) ဗုဒၶဘုရားရွင္ ျမတ္စြယ္ေတာ္ ရွိသည္ ၾကား ၍ စြယ္ေတာ္ ပင့္ယူရန္ စစ္သည္ ဗိုလ္ပါ မ်ားစြာႏွင့္ ခ်ီေတာ္ မႈ သည္။ က်န္စစ္သား စေသာ လူစြမ္းေကာင္း ေလးဦးႏွင့္ ေ႐ႊဖ်ဥ္းႀကီး၊ ေ႐ႊဖ်ဥ္းငယ္ တို႔လည္း ပါသည္။ယခု ယူနန္ တြင္ ရွိေသာ ဗုဒၶ ဘုရားရွင္ ျမတ္စြယ္ေတာ္ ဥတည္ဘြား မင္း စိုးစံေနတဲ့ ဂႏၶလရာဇ (ဂႏၶလရာဇ္) ေခၚ တ႐ုတ္ျပည္ သို႔ ေရာက္ေသာ္၊ တ႐ုတ္ ဥတည္ဘြား သည္ လည္း ၿမိဳ႕တံခါးကို ပိတ္၍ အခိုင္ေနလင့္၏ ။သို႔ေသာ္ ေနာက္ပိုင္း ၌ ေျပၿငိမ္းၾကကာ အေနာ္ရထာမင္း ႏွင့္ ဦးတည္ဘြား တို႔ ၾကည္ၾကည္ သာသာ ပင္ ေျပာ ဆို ဆက္ဆံ ၾကေလသည္။ စြယ္ေတာ္ျမတ္ ကို ကား အေနာ္ရထာမင္း အဓိ႒ာန္ ၍ ပင့္ေသာ္လည္း မႂကြ- မလိုက္- မရခဲ့ေခ်။သို႔ရာတြင္ သိၾကားမင္း ေပးဆက္ သည္ ဆိုေသာ ျမဆင္းတု တစ္ဆူကို ကား ယူေဆာင္ လာခဲ့သည္ ဟု ျမန္မာ့ သမိုင္း က ဆိုသည္။ ျမန္မာ့ သမိုင္း ပါေမာကၡ ေဒါက္တာသန္းထြန္း က ဘုရင္ေနာ္ရထာ သည္ ယခု လက္ရွိ ျမန္မာႏိုင္ငံ ဟုေခၚဆိုေသာ နယ္နမိတ္ အကုန္ထိ အုပ္စီးႏိုင္ျခင္း မရွိေသးပါ တ႐ုတ္ကို ရန္စရန္ မွာ မျဖစ္ႏိုင္ပါ မိန္းေမာနယ္စပပ္ တို႔ေရာက္ရွိသည္မွာ ျဖစ္ႏိုင္ေျခ ရွိသည္။၎ တ႐ုတ္ျပည္ က အျပန္ခရီး တြင္ သွ်မ္းျပည္သို႔ ေရာက္ရာ ေမာကိုးျပည္ေထာင္စု ကို အစိုးရေသာ ေမာ ဘုရင္ စဝ္လုံဟိုမိန္းႏွင့္ မဟာမိတ္ ဖြဲ႕သည္ ေမာျပည္ ရွိ လယ္ယာ ကန္သင္း မ်ားအား လည္း အေနာ္ရထာ သည္ ႏွစ္သက္ အားက် ေတာ္မႈသည္။ထို႔ေၾကာင့္ ေမာဘုရင္ ေစဝ္လုံဟိုမိန္းထံ ဆည္ေျမာင္း ကန္သင္း လယ္ယာ မ်ား လုပ္ကိုင္ ကြၽမ္းက်င္ သူမ်ား ေတာင္း ခံေလသည္။ေမာဘုရင္ ခြန္ဟိုမိန္းသည္ ႏွစ္တိုင္းျပည္ ခ်စ္ၾကည္ရင္းႏွီးေစရန္ လယ္ယာ ကန္သင္း ဦးႀကီးမ်ားပင္ မက အေနာ္ရထာမင္း အား မိမိ သမက္ ႏိုင္ငံေတာ္ အျဖစ္ ျဖစ္လို ၍ သမီးေတာ္ ေစာမြန္လွႏွင့္ လက္ဆက္ ေပး ခဲ့ေလသည္။ (ေမာဘုရင္ ခြန္ဟိုမိန္း ကို ျမန္မာ သမိုင္းဆရာ အခ်ိဳ႕က မိုးေကာင္း ဘုရင္ ဟုေရးမွတ္ၾက သည္။)ထို သမီးေတာ္ေလး ေစာမြန္လွ သည္ ဘာသာတရား ကိုင္းရႈိင္းသူ တစ္ဦးျဖစ္သည္။ သူမ အသက္ ၂၈ ႏွစ္ အေရာက္ မွာေတာ့ ပုဂံဘုရင္ အေနာ္ရထာမင္း ႏွင့္ ဖခမည္းေတာ္ တို႔ ႏွစ္တိုင္းျပည္ ခ်စ္ၾကည္ေရး မဟာ မိတ္ျပဳရာတြင္ သူမ ၏ အသက္ႏွင့္ ခႏၶာကိုယ္ ကို ႏိုင္ငံေရး ၏ အသုံးေတာ္ခံ ဘ၀ အေနျဖင့္ ပုဂံျပည္ႀကီး သို႔ လိုက္ပါ သြားခဲ့ရေလသည္။ဖခမည္းေတာ္ႀကီးသည္ သမီေတာ္ ေစာမြန္လွႏွင့္ အတူ ေႁခြအရံမ်ား အပါဝင္ လယ္လုပ္သူ ေတာင္သူ ဦးႀကီး မ်ား ပါ ထဲ့ေပးလိုက္ေလသည္။ ထို အထဲတြင္ ေနာင္အခါ ပုဂံ ရာဇာဝင္ တြင္ ထင္ရွားမည့္ သွ်မ္းညီေႏွာင္ သုံးဦး ၏ ဖခင္ခြန္ဆိုင္ခမ္းဖန္း ပင္ျဖစ္သည္။သွ်မ္း မင္းသမီးေလး ေစာမြန္လွသည္ အေနာ္ရထာမင္း ေနာက္သို႔ လိုက္ပါလာရာတြင္ ယခု ေတာင္ၿပဳံး အရပ္တို႔ ေရာက္ေသာ္ ဆုေတာင္းျပည့္ ေစတီ ကို တည္ၾကေလသည္။ ေ႐ႊဖ်ဥ္းညီေနာင္ တို႔လည္း အမႈထမ္း လစ္၍ အသတ္ခံရသည္။မင္းသမီးေလး ေစာမြန္လွႏွင့္ ပါလာေသာ သွ်မ္း ေတာင္သူ ဦးႀကီး မ်ားသည္ ယခုေက်ာက္ဆည္ အရပ္ သို႔ ေရာက္ေသာ အခါ ေက်ာက္တုံးေက်ာက္ခဲ မ်ားျဖင့္ ဆည္ ကန္သင္းမ်ား တည္ေဆာက္ ၍ လယ္မ်ား ထြန္ ယက္ စိုက္ပ်ိဳးၾကေလသည္။ထိုသို႔ေက်ာက္တုံး ေက်ာက္ခဲ မ်ားျဖင့္ ဆည္ တည္ေဆာက္ လုပ္ကိုင္ေသာၾကာင့္ ယခု အခ်ိန္ထိ ေက်ာက္ ဆည္ ဟု နာမည္ တြင္ခဲ့ ေလသည္။ ထို အရပ္၌ ယခုတိုင္ သွ်မ္း နာမည္ႏွင့္ ၿမိဳ႕႐ြာေလးမ်ား ရွိသလို မိန္းေမာ ဆိုတဲ့ ႐ြာေလး လည္း ရွိေနပါသည္။ပုဂံျပည့္ရွင္ အေနာ္ရထာမင္း သည္ ပုံဂံသို႔ ေရာက္ရွိ ေသာအခါ၊ သွ်မ္းမင္းသမီေလး ေစာမြန္လွ ကို အလြန္ျမတ္ႏိုး စြာ အပါးေတာ္ၿမဲ မိဖုရား အျဖစ္ ထားေတာ္မႈသည္။ မင္းတရားႀကီး ရဲ႕ ခ်စ္ခင္ျမတ္ႏိုးျခင္း၊ အစစ ဦးစားေပးျခင္း၊ အေလးအနက္ ထားျခင္းတို႔ အေပၚ မလိုမုန္းထား ရွိခဲ့သူက မိဖုရားေခါင္ႀကီး သီရိမာလာေဒဝီ ကိုယ္တိုင္ႏွင့္ မိဖုရားႀကီး ရဲ႕ အမႈထမ္းမ်ား အပါဝင္ နန္းတြင္းသူ အခ်ိဳ႕ တို႔ကပါ မလိုမုန္း တီးၾကေလသည္။သွ်မ္းမင္းသမီးေလး ေစာမြန္လွ သည္ ဘာသာတရား ကိုင္းရႈိင္းသူ တစ္ဦး ျဖစ္သလို မိန္းေမာင္းလုံ ေနျပည္ေတာ္ မွ ပါရွိ လာေသာ သူမ နားေတာင္းတြင္ ဓါတ္ေတာ္ မ်ား ကိန္ဝပ္၍ ဌာပနာ ထား သည္ဟု ဆိုသည္။ထိုေၾကာင့္ ေစာမြန္လွ ဘုရားရွစ္ခိုး ဝတ္ျပဳစဥ္ တြင္ ထို နားေတာင္း မွ ေရာင္ျခည္ မ်ား ထြန္းေတာက္ ကြန္႔ျမဴးေလ့ ရွိသည္။ ဤသို႔ ျဖစ္ေနသည္ ကို မိဖုရားေခါင္ႀကီး သီရိမာလာေဒဝီ ႏွင့္ ေမာင္းမ မိႆ ံ တို႔က ေတြ႕ျမင္ၾကေသာ အခါ မနာလို ရန္ၿငိဳးထား၍ မင္းႀကီးအား စုန္းမ-ျဖစ္ေၾကာင္း ေလွ်ာက္ၾကေလသည္။အေနာ္ရထာ မင္းႀကီးလည္း မယုံၾကည္ ၍ ေစာမြန္လွ ဘုရားဝတ္ျပဳ ရာ သို႔ တိတ္တဆိတ္ ေခ်ာင္းေျမာင္း ၾကည့္ရႈေလသည္။ ထိုအခါ နားေတာင္းမွ ေရာင္ျခည္မ်ား ကြန႔္ျမဴးသည္ ကို ျမင္ေတြ႕ရ၍ ယုံၾကည္ ရႏိူး ျဖစ္ေန စဥ္ ေစာမြန္လွ ၏ ေဆြမ်ိဳးမ်ား မွ သမီးေတာ္ေလး ၏ သွ်မ္း အမႈေတာ္ထမ္းမ်ား အား မစားရသည္မွာ ၾကာ ၿပီျဖစ္ေသာ သွ်မ္း အစားအစာ မ်ား ျဖစ္တဲ့ အီကုတ္၊ ဝါးပိုး၊ ငါးခ်ဥ္၊ အသားခ်ဥ္ စေသာ အျခား အစား အစာ မ်ား ေပးပို႔လိုက္သည္ ကို မိဖုရား ေခါင္ႀကီးႏွင့္ အဖြဲ႕သားမ်ား က မင္းႀကီး အား စုန္းမ်ိဳးျဖစ္၍ ဒီလို ပိုးေကာင္ မ်ိဳးကို စားၾကသည္ ဟု ဆိုကာ မင္းႀကီး ၾကည့္ရႈ႕ရန္ျပၾကေလသည္။မင္းႀကီး လည္း ေတြ႕ျမင္ကာ ဧကန္ မုခ် စုန္းမ- ျဖစ္ေၾကာင္း ယုံၾကည္သည္ႏွင့္ ေနရင္း သွ်မ္းျပည္ သို႔ ျပန္ေစ ဟု ႏွင္ထုတ္ လိုက္ေလသည္။ထိုအခါ သွ်မ္း-မင္းသမီးေလး ေစာမြန္လွ သည္ ႐ိုးသားသူ ဘာသာတရား ကိုင္းရႈိင္းသူျဖစ္၍ မိမိ ႐ိုးရာ အစား အစာမ်ား အား အျပစ္တင္ ကဲ့ရဲ႕ရႈတ္ခ် မိမိ အမ်ိဳး ဂုဏ္သိကၡာ ကိုေစာ္ကား ခံရသည္ျဖစ္၍။ မိမိ ဖခင္ ပင္လွ်င္ လည္း မိန္းေမာ အရွင္ သခင္ ျဖစ္သည့္ အေလွ်ာက္ ေၾကာက္႐ြံ႕ျခင္း အလွ်င္း မရွိ အေႁခြအရံ အနည္းငယ္ မွ်ႏွင့္ မိမိေမြးဌာနီ မိန္းေမာျပည္ သို႔ ထြက္လာခဲ့ေလသည္။မင္းသမီးေလး ေစာမြန္လွ သည္ ပုဂံျပည္မွ ထြက္ခြာ လာၿပီး ၁၀ ရက္ေျမာက္ေသာေန႔ ၌ ယခု မႏၲေလး အေရွ႕ေတာင္ဘက္ ဆီသို႔ ေရာက္ေသာ အခါ အရိပ္အာဝါသ ေကာင္းေသာ စမ္းေခ်ာင္းငယ္ တစ္ခုနား အေရာက္တြင္ ေခတၱ အနားယူ အိပ္ေမာ က်ရာမွ ႏိုးထ လာရာ စမ္းေခ်ာင္း ၌ မ်က္နာ သစ္ေနစဥ္ စမ္းေခ်ာင္းငယ္ ထဲမွာ လိုးလိုး လက္လက္ အေရာင္မ်ား ထြက္ရွိေနသည္ ေတြ႕ရွိ၍ ေသျခာစြာငုံၾကည့္ လိုက္စဥ္ စမ္းေခ်ာင္း ထဲ၌ မဟုတ္ပဲ မိမိ ဦးေခါင္းေပၚ ေကာင္းကင္ထက္ တြင္ စာပတီး ငွက္မ်ား ၿခံရံလွ်က္ လင္းလက္ေနေသာ နားေတာင္း ကို ေတြ႕ျမင္ရေလသည္။မင္းသမီးေလး သည္ ဗုဒၶဘာသာ ကို သက္ဝင္ ယုံၾကည္သူ တေယာက္ ျဖစ္သည့္ အေလွ်ာက္ ထို နားေတာင္း တဖက္ႏွင့္ ဓါတ္ေတာ္ တို႔ကို ႒ာပနာ ၍ ငါးေတာင္ျမင့္ ရွိေသာ ေစတီငယ္ တစ္ဆူ ကို တည္ေလသည္။ဘုရား မုတ္၀ ကို လည္း အေရွ႕ေမာသွ်မ္းျပည္ ဖက္သို႔ လွည့္ထားေလသည္။ ထို အခ်င္းအရာ ကို အေနာ္ရထာမင္း ၾကား သိေသာ္ ဘုရားမုတ္ ကို အေရွ႕ သွ်မ္းျပည္ဖက္ သို႔ လွည့္ထားလွ်င္ ေစာမြန္လွ ကို သတ္ခဲ့။ ငါ စိုးစံရာ အေနာက္ဖက္ ပုဂံျပည္ဖက္ သို႔ လွည္ထားလွ်င္၊ အသက္ခ်မ္းသာေစ ဟု မင္းခ်င္း မ်ား ကို ေစလြတ္လိုက္ ေလသည္။မင္းခ်င္းတို႔ ည အခါ ေရာက္လာရာ မင္းသမီး ေစာမြန္လွ က တန္စိုး လက္ေဆာင္ေပး၍ အေၾကာင္း ကို ေမးျမန္း၍ သိရေသာ အခါမွ။ ၎ ညတြင္းခ်င္း ပင္ မိမိ ၏ ကုသိုလ္ တို႔ကို ေအာင္ေမ့ခါ နတ္ေကာင္း နတ္ျမတ္ တို႔ကို တိုင္တည္ အဓိ႒ာန္ျပဳ ၍ ျမစီေသာ ေ႐ႊဖ်င္ တဘက္ျဖင့္ ဘုရားေစတီ ကို ပတ္ခ်ည္ ၍ လွည့္ေလရာ ဘုရားလည္ ၍ မုတ္၀ အေနာက္ ဖက္ မက် အရွ႕ဖက္ မက် (သွ်မ္းျပည္ မက် ျမန္မာျပည္မက်) သို႔ေရာက္ ေလသည္။နံနက္ လင္း၍ မင္းခ်င္း တို႔ ျမင္ရေသာ္ ေစာမြန္လွ ကို ခ်မ္းသားေပး၍ ပုဂံ သို႔ ျပန္ၾက ေလသည္။ ( ေစာမြန္လွ နားေတာင္း က်ခဲ့ေခ်ာင္း ကို အခုတိုင္ နားေတာင္က်ေခ်ာင္း ဟု ေခၚကာ ေစာမြန္လွ နားေတာင္းအား စာပတီး ငွက္ မ်ား ၿခံရံေနျခင္းေၾကာင့္ ထို နားေတာင္းျဖင့္ တည္ေသာ ေစတီေတာ္အား ေ႐ႊစာရံ ဘုရား ဟု ယခုထက္ တိုင္ ေက်ာ္ေစာလွေပသည္။)ထို အခ်င္းရာ ကို အေနာ္ရထာမင္း ၾကားသိရေသာ ေက်နပ္ ဝမ္းေျမာက္ သည္ႏွင့္ အညီ ၎ဘုရား ပတ္ လည္တြင္ ေျမတာ- တစ္ေထာင္ လႉေတာ္ မႈသည္ ေနာင္ အခါ၊ ပုဂံ- အေလာင္းစည္သူမင္း က ေျမထပ္ ၍ လႉေတာ္မႈသည္။ ေနာက္ အင္းဝ- မိုးညႇင္း မင္းတရားႀကီး “သီရိႀတိဘဝနာဒီတ်ာ ပဝရပ႑ိတ ဓမၼရာဇာ” ဘြဲ႕ခံ မိုးညႇင္းသတိုး (၇၈၈-၈၀၁) သံေတာင္ ၃၀- အထိျမႇင့္ ၍ တည္ေတာ္မႈသည္။ဤ အခ်င္းရာမ်ား ကို ေထာက္ရႈျခင္း အားျဖင့္ သွ်မ္း မ်ားႏွင့္ မြန္ တို႔သည္ အေနာ္ရထာမင္း ထက္ ဗုဒၶဘာသာ ကို ေစာလ်င္ စြာ ကိုးကြယ္ေနၿပီးျဖစ္ေၾကာင္း သိသာ ထင္ရွားေလသည္။မင္းသမီးေလး ေစာမြန္လွ အျပန္ ခရီး လမ္း တေလွ်ာက္တြင္ ေစတီေပါင္း ရွစ္ဆု တည္ ခဲ့ၿပီး ဆက္လက္၍ ခရီး ဆက္ခဲ့ရာ ယခု သီေပါၿမိဳ႕နား အေရာက္ ဆားထြက္ရွိရာ အရပ္ ၌ ကိုးဆူေျမာက္ ေစတီအား က်န္ ရွိေသာ နားေတာင္း တစ္ဖက္ အား ဌာပနာ ၍ (၇-ေတာင္) အျမင့္ ရွိေသာ ေစတီ တစ္ဆူ ကို တည္ေလသည္ ။ထိုေစတီကို သွ်မ္း တို႔က ေကာင္းမူးေမာ္ေက ဟု ေခၚသည္။ ေကာင္းမႈး သည္ သွ်မ္း လို ေစတီေတာ္ ။ ေမာ္ေက-သည္ (ဆားတြင္း ) -ဟု အဓိပၸါယ္ ရပါသည္။ ျမန္မာ တို႔က ေဘာႀကိဳ ဘုရား ဟုေခၚဆိုၾကသည္။ထို႔ေနာက္ ဖခင္ မိန္းေမာ္ဘုရင္ စဝ္ဖွလုံဟိုမိန္း အား ယခု ေက်ာက္ဆည္နယ္ ရွိ သွ်မ္းလူမ်ိဳးမ်ား မွ ပုဂံ နန္း တြင္း မွ သမီးေတာ္ေလး ထြက္ရွိ လာခဲ့ေၾကာင္း ကို သံေတာ္ဦး တင္ေလွ်ာက္ေသာ အခါ ဖခင္ မင္း တရားႀကီး မွ သားေတာ္ႀကီး ဥပရာဇာ စဝ္ေကာ္လ်န္း အား စစ္ေၾကာင္း ႀကီးမ်ား လႊတ္၍ သမီးေတာ္ ေစာမြန္လွ အား သြားေရာက္ ႀကိဳဆို ေစေလေတာ့သည္။သွ်မ္း မင္းသမီးေလး ေစာမြန္လွ သည္ တိုင္းျပည္ႏွစ္ျပည္ ၏ ခ်စ္ၾကည္ရင္းႏွီးေစဖို႔ စေတး ခံခဲ့ရကာ တိုင္း တပါး သို႔ လိုက္ပါ သြားရၿပီး မိဖုရား အျဖစ္ တင္ေျမာက္ျခင္း ခံရေသာ္လည္း ေရွးဘ၀ ကုသိုလ္ကံ အေၾကာင္း မလွ ခဲ့၍ ပုဂံျပည္ မွ ႏွင္ထုတ္ျခင္း ခံရကာ အျပန္လမ္း တြင္ မိမိ ကိုးကြယ္ ယုံၾကည္ ရာ ဘာသာ တရား ေကာင္းမႈ ကုသိုလ္ မ်ား ျပဳလုပ္ေန ပါေသာ္လည္း ဖမ္းဆီး သတ္ျဖတ္မည္ ဟု ႀကိမ္းေမာင္းျခင္း ခံရ ရွာေလသည္။ထို႔ေနာက္ ေမာင္တာ္ စဝ္ေကာ္လ်န္း ၏ အႀကိဳ တပ္ႏွင့္လည္း မေတြ႕ဆုံ မိန္းေမာင္း ေနျပည္ေတာ္ဆီ လည္း မေရာက္မွီ ယခု သီေပါ နား အေရာက္ လမ္းခုလတ္ မွာပင္ ကံေတာ္ ကုန္ရွာ ခဲ့ေလသည္။အမေတာ္ ကံကုန္သည္ ဟု ၾကားသိရေသာ ေမာင္ေတာ္ စဝ္ေကာ္လ်န္း သည္လည္း အခ်ိဳ႕ အမြာပူး တို႔ ထုံးစံ အရ အမေတာ္ႏွင့္ မႏွီး မေဝး မွာပင္ ကံကုန္ ခဲ့ရွာေလသည္။ ဒီေန႔ အထိ မင္းသမီးေလး ေစာမြန္ လွႏွင့္ ေမာင္ေတာ္ စဝ္ေကာ္လ်န္း တို႔ ဂူဗိမာန္ ကို သီေပါၿမိဳ႕နား တြင္ အ႐ိုးအိုး ေစတီ အျဖစ္ ေတြ႕ျမင္ႏိုင္ ပါသည္။သွ်မ္း မင္းသမီးေလး သည္ ကံ အေၾကာင္းမလွ ရွာေသာ မင္းသမီးေလး ေစာမြန္လွ ဘ၀ မွ ယခုအခါ ပုဂံ ရာဇာဝင္ ထဲက သတို႔ သမီးျဖစ္ ထင္ရွား ေလေတာ့သည္။ပုဂံ ရာဇာဝင္ အေၾကာင္း ေျပာရင္ ေစာမြန္လွ အေၾကာင္း မပါလို႔ မရပါ ေစာမြန္လွႏွင့္ အတူ ပါသြားၾကေသာ သွ်မ္းေတာင္သူ ဦးႀကီးမ်ား ထဲတြင္ ေနာင္ အခါ ျမန္မာ့ သမိုင္း တြင္ ထင္းရွား လာမည့္ သွ်မ္းညီေနာင္ သုံးဦး ၏ ဖခင္ ခြန္ဆိုင္ခမ္းဖန္း ေၾကာင့္ပင္ျဖစ္၏ ။ေပါက္ကန္နန္းေတာ္ ကို ဆန္ေရ စပါး အမ်ားဆုံး ပံ့ပိုးေသာ ဤ သွ်မ္း မိသားစု ကို ေပါက္ကန္ ရွင္ဘုရင္ (တလုတ္ေျပးမင္း) က ဘြဲ႕သစ္ မ်ားျဖင့္ ခ်ီးျမႇင့္ေျမႇာက္ စားေလသည္ ။အေဖ ခြန္ဆိုင္ခမ္းဖန္း = သခၤဗိုလ္။သား ခြန္အိုက္ဆိုင္ခိုင္=အသခၤယာ ျမင္စိုင္းစား။သား ခြန္ယီဆိုင္ကမ္ =ရာဇသၾကၤန္ မကၡရာစား။သား ခြန္ဆမ္ဆိုင္ဆိုင္ =သီဟသူ ျမစ္သာစား ျမင္စိုင္း ပင္းယ စစ္ကိုင္း အင္း၀ တို႔ကို တည္ေထာင္ခဲ့ေသာ သွ်မ္း မင္းဆက္မ်ား ပင္ျဖစ္သည္။ထိုေဒသသည္ သွ်မ္း နာမည္ႏွင့္ သွ်မ္း မင္းဆက္မ်ား တည္ေထာင္ ခဲ့ ေသာ ၿမိဳ႕ေတာ္မ်ား ပင္ျဖစ္သည့္ အေလွ်ာက္ သွ်မ္း လူမ်ိဳး မ်ား ေနထိုင္ရာေဒသ လည္းျဖစ္သည္။ ေနာက္ပိုင္း ဗမာ မ်ား ဝင္ေရာက္ ေနထိုင္ လာၾက သလို သွ်မ္းၾကာ ဗမာျဖစ္ ဆိုသလို ဗမာျဖစ္သြားၾကသည္က မ်ားသည္။မည္သို႔ပင္ ရွိေစကာမႈ အ ေနာ္ရထာမင္း သည္ ကံတူ အက်ိဳးေပး ဟု ဆိုရေလ မလား မိမိျပဳသမွ် ဒီဘ၀ နဲ႔ ပဲ ေပးဆပ္ ခဲ့ရသည္ ဟုေျပာမလား အထင္ ကရ မင္းျဖစ္ေသာ္ညား လည္း ကြၽဲခတ္ ၍ နတ္႐ြာစံ (ေသဆုံး) ရေလကာ ပုဂံျပည့္ရွင္ မင္း အေနာ္ရထာ ႐ုပ္ကလာပ္ အား မိမိ မင္းညီမင္းသား ႏွင့္ မိမိပုဂံ ျပည္ တိုင္း သူျပည္သား အေပါင္း တို႔ မေတြ႕လိုက္ရ ရွာေတာ့ ေပ။