ဆုတောင်းပြည့်လွန်းလို့ မင်းညီ မင်းသားတွေ မဖူးရ အမိန့်ထုတ်ခဲ့ဘူးတဲ့ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားသမိုင်း

ဆုတောင်းပြည့်လွန်းလို့ ‘မင်းညီ မင်းသားတွေ မဖူးရ’ အမိန့်တော် ထုတ်ပြန်ပြီး သော့ခတ်လို့ အစောင့် တွေ ချထားခဲ့ရတဲ့ ဆုတောင်းပြည့်ရုပ်ပွားတော်မြတ်’ စစ်ကိုင်းတောင် တစ်ဖက်ကမ်းကရွှေကြက်ယက် ရွှေကြက်ကျဘုရားတွေဖြစ်ပြီး ဒီဆုတောင်းပြည့်ကိုယ်တော်မြတ်ကြီးက တော့ ရွှေကြက်ယက်စေတီအတွင်းမှာ ရှိပါတယ် ။အနော်ရထာမင်းကြီးလက်ထက်မှာ တစ်ကြိမ်…၊ နရပတိစည်သူမင်းကြီးလက်ထက်မှာ တစ်ကြိမ်… မည်သည့်မင်းညီမင်းသားမှ မဖူးရလို့အမိန့်တော်ထုတ်ပြန်ပြီး အစာင့်တွေချထားကာ သော့ခတ်ထားခဲ့ရတယ်။ဆိုတဲ့ ရုပ်ပွားတော်မြတ်ရှေ့ကို တနေ့ကရောက်ခဲ့တယ်။ဘုရားကိုဖူးတွေ့လိုက်တာနဲ့ .. ‘ အို … သပ္ပါယ်လိုက်တာ ‘ လို့ ပါးစပ်က ရောင်ရမ်းပီး ထွက်သွားမိတဲ့ အထိပါပဲ …။တကယ့်ကို ရင်ထဲမှာ အေးချမ်းသွားအောင် သပ္ပါယ်လိုက်တာ … ။စပါယ်နဲ့ ဇွန်းပန်းတွေကို ရင်ဘတ်တော်မှာ ပူဇော်ထားတာကလည်းမွေးကြိုင်နေတာပါပဲ ။ရွှေသင်္ကန်းကပ်ပြီး ဆုတောင်းခဲ့မိတာလေးဟာတစ်ကယ်ပြည့်ဝခဲ့တာမို့ သူငယ်ချင်းတွေကို မျှဝေပေးချင်မိခဲ့ပါတယ်..။ဆုတောင်း ပြည့်ဝလွန်းတယ်ဆိုတဲ့ဇတ်ကြောင်းလေးကိုဖတ်မိရင် ပိုပြီးလေးနက်စေမှာမို့ ဇတ်လမ်းလေးကိုအတိုချုပ်လို့ ရေးပါရစေ …။ပုဂံနေပြည်တော်မှာ မင်းယဉ်နရသိင်္ခ ဘုရင် အုပ်စိုးချိန်မှာ အိမ်ရှေ့စံညီတော်ကတော့ နရပတိစည်သူ ဖြစ်ပါတယ်။နောင်တော်ဘုရင်ဟာညီတော်အိမ်ရှေ့မင်းရဲ့ မိဘုရားဖြစ်တဲ့ ဝေဠုဝတီကိုတပ်မက်စွဲလန်းမိတာကြောင့် ညီတော်ကို လိမ်လည်ပြီး ရှေ့တန်းစစ်မျက်နှာကို စစ်တိုက်ဖို့ လွှတ်လိုက်ပါတယ် …။ထုံးစံအတိုင်း ‘ ငဆောင်ချမ်း ‘အရပ်ပေါ့ ။အဲဒီကာလတုန်းက နေပြည် တော်ရဲ့စစ်မျက်နှာဟာ တရုတ်တွေနဲ့ပဲ ရှိခဲ့တာမို့ တရုတ်တွေရဲ့ ရှေ့တန်းစစ်မျက်နှာဟာ ဗန်းမော်မြို့အနီးမှာ ရှိတဲ့ ရှေ့တန်းစခန်း ငဆောင်ချမ်းဖြစ်ခဲ့ရပါတယ် ။ညီတော် နရပတိစည်သူ စစ်ထွက်သွားတဲ့ အချိန်မှာ ဘုရင် မင်းယဉ်နရသိင်္ခဟာ ညီတော်ရဲ့ မိဘုရားဝေဠုဝတီကို သိမ်းပိုက်ခဲ့ပါတယ် ..။ဝေဠုဝတီဆိုတာ .. ဝါးထဲကရတဲ့သံသေဒဇ မိန်းကလေးဖြစ်တာမို့ လှပချောမောလွန်းတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။နေပြည်တော်မှာ အကြောင်းထူးရင် လိုက်ခဲ့ဖို့ မှာထားခဲ့တဲ့ အိမ်ရှေ့စံရဲ့တပည့် မြင်းတော်ခံငပြည့်ဟာ ချက်ချင်းလိုက်လာခဲ့ပေမယ့် ဗန်းမော်မြို့အနီးက ငါးပတ်ချောင်းကို ရောက်တဲ့အချိန် ပင်ပန်းလွန်းလို့စခန်းချပြီးအိပ်စက်ခဲ့မိပါတယ် ။ငပတ်ချောင်းရဲ့ တဖက်ကမ်းမှာ သူ့ရဲ့ သခင်စစ်တပ်ကြီး စခန်းချနေခဲ့တာကို မသိခဲ့ရှာဘူးပေါ့ … ။ ဒါဟာ ကြမ္မာငင်တယ်လို့ ပြောရမယ် ထင်ပါရဲ့ … ။ငပြည့်စီးတဲ့ မြင်းဟာ အိမ်ရှေ့စံနရပတိစည်သူရဲ့ မြင်းဖြစ်တာမို့ ချောင်းတစ်ဖက်ကမ်းက သူ့သခင်ရဲ့ အနံ့ရတဲ့ မြင်းတော်ကတော့တစ်ညလုံး ဟီနေတော့တာပေါ့ ..။အိမ်ရှေ့မင်း နရပတိစည်သူဟာ သူ့မြင်းဟီသံကြောင့် အကြောင်းထူးပြီဆိုတာ သိပြီး တစ်ညလုံး အိပ်လို့ မပျော်နိုင်ခဲ့ပါဘူး …။ ဘယ်အချိန်ရောက်လာနိုး မျှော်ကိုးခဲ့ပေမယ့်မြင်းတော်ခံငပြည့်ကတော့ မနက်မိုးလင်းမှ ရောက်လာခဲ့ပြီး မိဖုရားကို ဘုရင်သိမ်းပိုက်သွားပြီ ဖြစ်ကြောင်း လျှောက်တင်ပါတော့တယ် ။နရပတိစည်သူရဲ့ ဒေါသဟာငယ်ထိပ်အထိ တတ်သွားခဲ့ပါတယ် ..။‘ ငါတို့ မင်းဟူသည် .. တစ်ညတာအချိန်ဆိုတာ အကြံအားလုံး ပြီးမြောက်နိုင်ကြောင်း .. ဒီလောက်အရေးကြီးတဲ့ ကိစ္စကို ချက်ချင်းလာရောက်ပြီး မလျှောက်တင်ရကောင်းလား ‘လို့ အမျက်တော်ရှပြီး မြင်းတော်ခံငပြည့်ကို ကွပ်မျက်လိုက်ပါတယ် ။ နောက်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စုံဆင်းခဲ့ပါတယ် ။

ဧရာဝတီမြစ်ကမ်းနဘေးမှာတည်ရှိတဲ့ ဒီဘုရားစေတီကို ရောက်လာတဲ့အခါ ခဏနားလို့ ဘုရားစောင်းတန်းအတိုင်းတတ်လာပြီးဆုတောင်းပြည့်ဘုရားဆင်းတုတော်မြတ်ကိုဖူးမျှော်ကြည်ညိုပါတယ်။ပါလာတဲ့ ပုဝါဖြူကို ကပ်လှူပူဇော်ပြီး သစ္စာအဓိဌာန် ပြုပါတော့တယ် ။‘ တပည့်တော်သည် သစ္စာမတည် သည့် နောင်တော်ဘုရင်မင်းမြတ်ကို အပြီးတိုင် လုပ်ကြံ၍ အောင်မြင်ခဲ့ မည် ဆိုပါလျှင် ဤပုဝါစကို ဘုရားရှင်မှ ကိုယ်တော်လျ၍ ခံယူတော်မူ ပါစေသတည်း.. ‘အိမ်ရှေ့စံရဲ့ ပုဝါဖြူစဟာ လေမှာဝဲပျံပြီး ဘုရားရှင်ထံ လွင့် မျောသွားခဲ့ပြီး ထူူးခြားစွာ ဘုရား ရှင်ရဲ့ လက်တော်ပေါ်ကို ရောက်ရှိ ခံယူတော်မူခဲ့ပါတယ် ။နရပတိစည်သူဟာ သစ္စာဓိဌာန်ပြုခဲ့ရာမှာ အောင် မြင်ခဲ့တာကြောင့် ဝမ်းသာအားရစွာနဲ့ ချီတတ်လာခဲ့ပါတယ်။သူ့ရဲ့ ငယ်ကျွန်တစ်ဦးဖြစ်တဲ့အောင်စွာငယ်ကို တိတ်တဆိတ်လွှတ်လို့ လုပ်ကြံစေရာမှာ အောင်မြင်ခဲ့ပြီး ဘုရင်မင်းယဉ်နရသိင်္ခ ကျဆုံးလို့ နရပတိစည်သူ မင်းဖြစ်လာခဲ့ပါတယ် ။သစ္စာအဓိဌာန်အောင်မြင်ပြီး ဆုတောင်းပြည့်လွန်းတဲ့ ဆုတောင်းပြည့်မြတ်စွာဘုရားဆင်းတုတော်ကြောင့် ဘုရင်နရပတိစည်သူဟာတက် မအေးနိုင်ခဲ့ပါဘူးတဲ့ … ။ဘာကြောင့်လည်းဆိုရင် နန်းတွင်းက မင်းညီမင်းသားတွေဟာလည်းသူလိုဆုတောင်းပြီး နန်းလုမှာကိုပူပန်သောက ဖြစ်ခဲ့ရတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်။ ဒါကြောင့် အမတ်ကြီးတွေနဲ့ တိုင်ပင်တဲ့အခါမှာအရင်ဘိုးဘေးတွေဖြစ်တဲ့ အနော်ရထာမင်းကြီးလက်ထက်မှာလည်း အခုလိုဆုတောင်းပြည့်လွန်းတာကြောင့်မင်းညီမင်းသားတွေ ဖူးမျှော်ခွင့်ပိတ်ပြီး အစောင့်ချထားဖူးပါကြောင်း…ပုဂံမင်းလက်ထက်မှာလည်း ပြုပြင်မွမ်းမံခဲ့ပြီး မြန်မာမင်းအဆက်ဆက်တို့လက်ထက်မှာလည်း မင်းညီမင်းသားအားလုံး ဆုမတောင်းရ၊မဖူးမျှော်ရလို့ တင်းကြပ်စွာ တား မြစ်ထားခဲ့ရတဲ့အထိ ဆုတောင်းပြည့်လွန်းလှတဲ့ ဆုတောင်းပြည့်ဘုရားအစစ်တစ်ဆူ ဖြစ် ကြောင်း လျှောက်တင်ကြပါတယ်။ဒါကြောင့် နရပတိစည်သူလက်ထက်မှာလည်း ဒီဆုတောင်း ပြည့်ရုပ်ပွားတော်မြတ်ကြီးကို မင်းညီမင်းသားများ မဖူးမျှော်ရဆိုတဲ့ အမိန့်တစ်ရပ် ချမှတ်လို့ စောင့်ရှောက်ခဲ့ရတယ်လို့ မှတ်သားခဲ့ရပါတယ် ။ရွှေတိဂုံဘုရား အထက်ပစ္စယံမှာရှိတဲ့ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်လို တန်ခိုးကြီးဆင်းတုတော်တွေဖြစ်မယ်ထင်ပါတယ် …။ကျွန်တော်ငယ်ငယ်က အမေနဲ့မန္တလေးကို ဈေးဝယ်လိုက်တိုင်း …ရန်ကုန်မှာ ကျောင်းတတ်ရင်း ..ကျောင်းပိတ်လို့ အိမ်ပြန်ချိန် …ဧရာမြစ်ပြင်ကို ကားနဲ့ ဖြတ်တိုင်း..စစ်ကိုင်းတံတားကြီးပေါ်ကလှမ်းမြင်ရတဲ့ဒီဘုရားစေတီကို အဝေးကနေပြီးဖူးမျှော်ကြည်ညိုခဲ့ မိပါတယ် .. ။ဒါပေမယ့် … ဒီဘုရားစေတီအတွင်းမှာ ဒီလိုတန်ခိုးကြီးတဲ့ ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပါယ်တော်မူနေမှန်း မသိခဲ့ရိုးအမှန်ပါ ..။တနေ့ကမှ အကြောင်းတိုက်ဆိုင်လို့ဖူးခဲ့ရတာ ဖြစ်ပါတယ် ။ယ်ငယ်တုန်းက ဒီဘုရားကိုစိတ်ဝင်စားခဲ့တာက … အကြောင်းအရာတစ်ခုနဲ့ပါ ။ အဲတာကတော့ဘုရင်နရပတိစည်သူရယ်၊မွန်သူရဲကောင်း ရမန်ငထွေးရယ် ၊နရပတိစည်သူနဲ့ အတိတ်က ရန်ကြွေးရှိခဲ့တဲ့မိချောင်းကြီးရယ် … သုံးပွင့်ဆိုင်ဇတ်လမ်းလေးကို သတိယမိလို့ ဖြစ်ပါတယ် …။ဒါဆိုရင် … သမိုင်းစိတ်ဝင်စားသူတွေအနေနဲ့ မင်းဝံတောင်တစ်ဖက်ကမ်းမှာရှိတဲ့ ဧရာမြစ်ဘေးက ဘယ်ဘုရားစေတီလည်းဆိုတာ သိကြမယ် ထင်ပါတယ် …. ။စစ်ကိုင်းတောင် တစ်ဖက်ကမ်းကရွှေကြက်ယက် ရွှေကြက်ကျဘုရားတွေဖြစ်ပြီး ဒီဆုတောင်းပြည့်ကိုယ်တော်မြတ်ကြီးကတော့ ရွှေကြက်ယက်စေတီအတွင်းမှာ ရှိပါတယ် ။

Credit – (Anaw yahtar King)

[zawgyi]

ဆုေတာင္းျပည့္လြန္းလို႔ ‘မင္းညီ မင္းသားေတြ မဖူးရ’ အမိန႔္ေတာ္ ထုတ္ျပန္ၿပီး ေသာ့ခတ္လို႔ အေစာင့္ ေတြ ခ်ထားခဲ့ရတဲ့ ဆုေတာင္းျပည့္႐ုပ္ပြားေတာ္ျမတ္’ စစ္ကိုင္းေတာင္ တစ္ဖက္ကမ္းကေ႐ႊၾကက္ယက္ ေ႐ႊၾကက္က်ဘုရားေတြျဖစ္ၿပီး ဒီဆုေတာင္းျပည့္ကိုယ္ေတာ္ျမတ္ႀကီးက ေတာ့ ေ႐ႊၾကက္ယက္ေစတီအတြင္းမွာ ရွိပါတယ္ ။အေနာ္ရထာမင္းႀကီးလက္ထက္မွာ တစ္ႀကိမ္…၊ နရပတိစည္သူမင္းႀကီးလက္ထက္မွာ တစ္ႀကိမ္… မည္သည့္မင္းညီမင္းသားမွ မဖူးရလို႔အမိန႔္ေတာ္ထုတ္ျပန္ၿပီး အစာင့္ေတြခ်ထားကာ ေသာ့ခတ္ထားခဲ့ရတယ္။ဆိုတဲ့ ႐ုပ္ပြားေတာ္ျမတ္ေရွ႕ကို တေန႔ကေရာက္ခဲ့တယ္။ဘုရားကိုဖူးေတြ႕လိုက္တာနဲ႔ .. ‘ အို … သပၸါယ္လိုက္တာ ‘ လို႔ ပါးစပ္က ေရာင္ရမ္းပီး ထြက္သြားမိတဲ့ အထိပါပဲ …။တကယ့္ကို ရင္ထဲမွာ ေအးခ်မ္းသြားေအာင္ သပၸါယ္လိုက္တာ … ။စပါယ္နဲ႔ ဇြန္းပန္းေတြကို ရင္ဘတ္ေတာ္မွာ ပူေဇာ္ထားတာကလည္းေမြးႀကိဳင္ေနတာပါပဲ ။ေ႐ႊသကၤန္းကပ္ၿပီး ဆုေတာင္းခဲ့မိတာေလးဟာတစ္ကယ္ျပည့္ဝခဲ့တာမို႔ သူငယ္ခ်င္းေတြကို မွ်ေဝေပးခ်င္မိခဲ့ပါတယ္..။ဆုေတာင္း ျပည့္ဝလြန္းတယ္ဆိုတဲ့ဇတ္ေၾကာင္းေလးကိုဖတ္မိရင္ ပိုၿပီးေလးနက္ေစမွာမို႔ ဇတ္လမ္းေလးကိုအတိုခ်ဳပ္လို႔ ေရးပါရေစ …။ပုဂံေနျပည္ေတာ္မွာ မင္းယဥ္နရသိခၤ ဘုရင္ အုပ္စိုးခ်ိန္မွာ အိမ္ေရွ႕စံညီေတာ္ကေတာ့ နရပတိစည္သူ ျဖစ္ပါတယ္။ေနာင္ေတာ္ဘုရင္ဟာညီေတာ္အိမ္ေရွ႕မင္းရဲ႕ မိဘုရားျဖစ္တဲ့ ေဝဠဳဝတီကိုတပ္မက္စြဲလန္းမိတာေၾကာင့္ ညီေတာ္ကို လိမ္လည္ၿပီး ေရွ႕တန္းစစ္မ်က္ႏွာကို စစ္တိုက္ဖို႔ လႊတ္လိုက္ပါတယ္ …။ထုံးစံအတိုင္း ‘ ငေဆာင္ခ်မ္း ‘အရပ္ေပါ့ ။အဲဒီကာလတုန္းက ေနျပည္ ေတာ္ရဲ႕စစ္မ်က္ႏွာဟာ တ႐ုတ္ေတြနဲ႔ပဲ ရွိခဲ့တာမို႔ တ႐ုတ္ေတြရဲ႕ ေရွ႕တန္းစစ္မ်က္ႏွာဟာ ဗန္းေမာ္ၿမိဳ႕အနီးမွာ ရွိတဲ့ ေရွ႕တန္းစခန္း ငေဆာင္ခ်မ္းျဖစ္ခဲ့ရပါတယ္ ။ညီေတာ္ နရပတိစည္သူ စစ္ထြက္သြားတဲ့ အခ်ိန္မွာ ဘုရင္ မင္းယဥ္နရသိခၤဟာ ညီေတာ္ရဲ႕ မိဘုရားေဝဠဳဝတီကို သိမ္းပိုက္ခဲ့ပါတယ္ ..။ေဝဠဳဝတီဆိုတာ .. ဝါးထဲကရတဲ့သံေသဒဇ မိန္းကေလးျဖစ္တာမို႔ လွပေခ်ာေမာလြန္းတယ္လို႔ ဖတ္ခဲ့ရဖူးပါတယ္။ေနျပည္ေတာ္မွာ အေၾကာင္းထူးရင္ လိုက္ခဲ့ဖို႔ မွာထားခဲ့တဲ့ အိမ္ေရွ႕စံရဲ႕တပည့္ ျမင္းေတာ္ခံငျပည့္ဟာ ခ်က္ခ်င္းလိုက္လာခဲ့ေပမယ့္ ဗန္းေမာ္ၿမိဳ႕အနီးက ငါးပတ္ေခ်ာင္းကို ေရာက္တဲ့အခ်ိန္ ပင္ပန္းလြန္းလို႔စခန္းခ်ၿပီးအိပ္စက္ခဲ့မိပါတယ္ ။ငပတ္ေခ်ာင္းရဲ႕ တဖက္ကမ္းမွာ သူ႔ရဲ႕ သခင္စစ္တပ္ႀကီး စခန္းခ်ေနခဲ့တာကို မသိခဲ့ရွာဘူးေပါ့ … ။ ဒါဟာ ၾကမၼာငင္တယ္လို႔ ေျပာရမယ္ ထင္ပါရဲ႕ … ။ငျပည့္စီးတဲ့ ျမင္းဟာ အိမ္ေရွ႕စံနရပတိစည္သူရဲ႕ ျမင္းျဖစ္တာမို႔ ေခ်ာင္းတစ္ဖက္ကမ္းက သူ႔သခင္ရဲ႕ အနံ႔ရတဲ့ ျမင္းေတာ္ကေတာ့တစ္ညလုံး ဟီေနေတာ့တာေပါ့ ..။အိမ္ေရွ႕မင္း နရပတိစည္သူဟာ သူ႔ျမင္းဟီသံေၾကာင့္ အေၾကာင္းထူးၿပီဆိုတာ သိၿပီး တစ္ညလုံး အိပ္လို႔ မေပ်ာ္ႏိုင္ခဲ့ပါဘူး …။ ဘယ္အခ်ိန္ေရာက္လာႏိုး ေမွ်ာ္ကိုးခဲ့ေပမယ့္ျမင္းေတာ္ခံငျပည့္ကေတာ့ မနက္မိုးလင္းမွ ေရာက္လာခဲ့ၿပီး မိဖုရားကို ဘုရင္သိမ္းပိုက္သြားၿပီ ျဖစ္ေၾကာင္း ေလွ်ာက္တင္ပါေတာ့တယ္ ။နရပတိစည္သူရဲ႕ ေဒါသဟာငယ္ထိပ္အထိ တတ္သြားခဲ့ပါတယ္ ..။‘ ငါတို႔ မင္းဟူသည္ .. တစ္ညတာအခ်ိန္ဆိုတာ အႀကံအားလုံး ၿပီးေျမာက္ႏိုင္ေၾကာင္း .. ဒီေလာက္အေရးႀကီးတဲ့ ကိစၥကို ခ်က္ခ်င္းလာေရာက္ၿပီး မေလွ်ာက္တင္ရေကာင္းလား ‘လို႔ အမ်က္ေတာ္ရွၿပီး ျမင္းေတာ္ခံငျပည့္ကို ကြပ္မ်က္လိုက္ပါတယ္ ။ ေနာက္ၿပီး ဧရာဝတီျမစ္ေၾကာင္းအတိုင္း စုံဆင္းခဲ့ပါတယ္ ။ဧရာဝတီျမစ္ကမ္းနေဘးမွာတည္ရွိတဲ့ ဒီဘုရားေစတီကို ေရာက္လာတဲ့အခါ ခဏနားလို႔ ဘုရားေစာင္းတန္းအတိုင္းတတ္လာၿပီးဆုေတာင္းျပည့္ဘုရားဆင္းတုေတာ္ျမတ္ကိုဖူးေမွ်ာ္ၾကည္ညိဳပါတယ္။ပါလာတဲ့ ပုဝါျဖဴကို ကပ္လႉပူေဇာ္ၿပီး သစၥာအဓိဌာန္ ျပဳပါေတာ့တယ္ ။‘ တပည့္ေတာ္သည္ သစၥာမတည္ သည့္ ေနာင္ေတာ္ဘုရင္မင္းျမတ္ကို အၿပီးတိုင္ လုပ္ႀကံ၍ ေအာင္ျမင္ခဲ့ မည္ ဆိုပါလွ်င္ ဤပုဝါစကို ဘုရားရွင္မွ ကိုယ္ေတာ္လ်၍ ခံယူေတာ္မူ ပါေစသတည္း.. ‘အိမ္ေရွ႕စံရဲ႕ ပုဝါျဖဴစဟာ ေလမွာဝဲပ်ံၿပီး ဘုရားရွင္ထံ လြင့္ ေမ်ာသြားခဲ့ၿပီး ထူူးျခားစြာ ဘုရား ရွင္ရဲ႕ လက္ေတာ္ေပၚကို ေရာက္ရွိ ခံယူေတာ္မူခဲ့ပါတယ္ ။နရပတိစည္သူဟာ သစၥာဓိဌာန္ျပဳခဲ့ရာမွာ ေအာင္ ျမင္ခဲ့တာေၾကာင့္ ဝမ္းသာအားရစြာနဲ႔ ခ်ီတတ္လာခဲ့ပါတယ္။သူ႔ရဲ႕ ငယ္ကြၽန္တစ္ဦးျဖစ္တဲ့ေအာင္စြာငယ္ကို တိတ္တဆိတ္လႊတ္လို႔ လုပ္ႀကံေစရာမွာ ေအာင္ျမင္ခဲ့ၿပီး ဘုရင္မင္းယဥ္နရသိခၤ က်ဆုံးလို႔ နရပတိစည္သူ မင္းျဖစ္လာခဲ့ပါတယ္ ။သစၥာအဓိဌာန္ေအာင္ျမင္ၿပီး ဆုေတာင္းျပည့္လြန္းတဲ့ ဆုေတာင္းျပည့္ျမတ္စြာဘုရားဆင္းတုေတာ္ေၾကာင့္ ဘုရင္နရပတိစည္သူဟာတက္ မေအးႏိုင္ခဲ့ပါဘူးတဲ့ … ။ဘာေၾကာင့္လည္းဆိုရင္ နန္းတြင္းက မင္းညီမင္းသားေတြဟာလည္းသူလိုဆုေတာင္းၿပီး နန္းလုမွာကိုပူပန္ေသာက ျဖစ္ခဲ့ရတယ္လို႔ ဖတ္ခဲ့ရဖူးပါတယ္။ ဒါေၾကာင့္ အမတ္ႀကီးေတြနဲ႔ တိုင္ပင္တဲ့အခါမွာအရင္ဘိုးေဘးေတြျဖစ္တဲ့ အေနာ္ရထာမင္းႀကီးလက္ထက္မွာလည္း အခုလိုဆုေတာင္းျပည့္လြန္းတာေၾကာင့္မင္းညီမင္းသားေတြ ဖူးေမွ်ာ္ခြင့္ပိတ္ၿပီး အေစာင့္ခ်ထားဖူးပါေၾကာင္း…ပုဂံမင္းလက္ထက္မွာလည္း ျပဳျပင္မြမ္းမံခဲ့ၿပီး ျမန္မာမင္းအဆက္ဆက္တို႔လက္ထက္မွာလည္း မင္းညီမင္းသားအားလုံး ဆုမေတာင္းရ၊မဖူးေမွ်ာ္ရလို႔ တင္းၾကပ္စြာ တား ျမစ္ထားခဲ့ရတဲ့အထိ ဆုေတာင္းျပည့္လြန္းလွတဲ့ ဆုေတာင္းျပည့္ဘုရားအစစ္တစ္ဆူ ျဖစ္ ေၾကာင္း ေလွ်ာက္တင္ၾကပါတယ္။ဒါေၾကာင့္ နရပတိစည္သူလက္ထက္မွာလည္း ဒီဆုေတာင္း ျပည့္႐ုပ္ပြားေတာ္ျမတ္ႀကီးကို မင္းညီမင္းသားမ်ား မဖူးေမွ်ာ္ရဆိုတဲ့ အမိန႔္တစ္ရပ္ ခ်မွတ္လို႔ ေစာင့္ေရွာက္ခဲ့ရတယ္လို႔ မွတ္သားခဲ့ရပါတယ္ ။ေ႐ႊတိဂုံဘုရား အထက္ပစၥယံမွာရွိတဲ့ ပတၱျမားမ်က္ရွင္ ႐ုပ္ပြားေတာ္လို တန္ခိုးႀကီးဆင္းတုေတာ္ေတြျဖစ္မယ္ထင္ပါတယ္ …။ကြၽန္ေတာ္ငယ္ငယ္က အေမနဲ႔မႏၲေလးကို ေဈးဝယ္လိုက္တိုင္း …ရန္ကုန္မွာ ေက်ာင္းတတ္ရင္း ..ေက်ာင္းပိတ္လို႔ အိမ္ျပန္ခ်ိန္ …ဧရာျမစ္ျပင္ကို ကားနဲ႔ ျဖတ္တိုင္း..စစ္ကိုင္းတံတားႀကီးေပၚကလွမ္းျမင္ရတဲ့ဒီဘုရားေစတီကို အေဝးကေနၿပီးဖူးေမွ်ာ္ၾကည္ညိဳခဲ့ မိပါတယ္ .. ။ဒါေပမယ့္ … ဒီဘုရားေစတီအတြင္းမွာ ဒီလိုတန္ခိုးႀကီးတဲ့ ႐ုပ္ပြားေတာ္ျမတ္ႀကီး ကိန္းဝပ္စံပါယ္ေတာ္မူေနမွန္း မသိခဲ့႐ိုးအမွန္ပါ ..။တေန႔ကမွ အေၾကာင္းတိုက္ဆိုင္လို႔ဖူးခဲ့ရတာ ျဖစ္ပါတယ္ ။ယ္ငယ္တုန္းက ဒီဘုရားကိုစိတ္ဝင္စားခဲ့တာက … အေၾကာင္းအရာတစ္ခုနဲ႔ပါ ။ အဲတာကေတာ့ဘုရင္နရပတိစည္သူရယ္၊မြန္သူရဲေကာင္း ရမန္ငေထြးရယ္ ၊နရပတိစည္သူနဲ႔ အတိတ္က ရန္ေႂကြးရွိခဲ့တဲ့မိေခ်ာင္းႀကီးရယ္ … သုံးပြင့္ဆိုင္ဇတ္လမ္းေလးကို သတိယမိလို႔ ျဖစ္ပါတယ္ …။ဒါဆိုရင္ … သမိုင္းစိတ္ဝင္စားသူေတြအေနနဲ႔ မင္းဝံေတာင္တစ္ဖက္ကမ္းမွာရွိတဲ့ ဧရာျမစ္ေဘးက ဘယ္ဘုရားေစတီလည္းဆိုတာ သိၾကမယ္ ထင္ပါတယ္ …. ။စစ္ကိုင္းေတာင္ တစ္ဖက္ကမ္းကေ႐ႊၾကက္ယက္ ေ႐ႊၾကက္က်ဘုရားေတြျဖစ္ၿပီး ဒီဆုေတာင္းျပည့္ကိုယ္ေတာ္ျမတ္ႀကီးကေတာ့ ေ႐ႊၾကက္ယက္ေစတီအတြင္းမွာ ရွိပါတယ္ ။