ဆုံးမတက်သူကို တန်ဖိုးထားပါ

စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ။လိုချင်တာတွေကို မဝယ်ပဲ ပိုက်ဆံကို ခြစ်ကုပ်စုပီး ကပ်စေးမနဲပါနဲ့သား . ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို ခွဲခြားတတ်ပါစေ။ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ အတင်းအဖျင်းတွေကို ဂရုမစိုက်ပါနဲ့သား . သားအကြောင်းကို သားကိုယ်တိုင်ထက်ပိုပီး ဘယ်သူမှ မသိနိုင်ပါ။စာများများဖတ်ပါ သား .reader ကောင်းတစ်ယောက်ပာာ leader ကောင်းတစ်ယောက် ဖြစ်လာမှာပါ။စိတ်ဝင်စားတဲ့အလုပ်ကိုပဲ ရွေးလုပ်ပါ သား . သားစိတ်မဝင်စားတဲ့ အလုပ်ကို ဘယ်သူက ဘယ်လောက်ပဲ တွန်းအားပေးနေပါစေ အ ကျိုး သင့် အကြောင်းသင့်ပြောပီး ပြတ်ပြတ်သားသားနဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုပါ။လူတွေကို အားမနာပါနဲ့ သား . အားနာတယ်ဆိုတဲ့စိတ်က သားကို ဘယ်တော့မှ ကောင်းကျိုးမပေးဘူး။လူတွေကို တတ်နိုင်သလောက် မျှော်လင့်ချက် ကင်းကင်းနဲ့ ကူညီပါ . ဒါပေမဲ့ သူတို့ဆီက ဘာမှပြန်ပီး မမျှော်လင့်ပါနဲ့။ဘဝမှာ “မှား”သွားမှာကို မကြောက်ပါနဲ့သား . လူတိုင်းမှားတတ်ကြပါတယ် . ဒါပေမဲ့မှားမှန်းသိရင် အမှန်ပြင်နိုင်အောင် တတ်နိုင်သလောက်ကြိုးစားကြည့်ပါ။လူတစ်ယောက်နဲ့ စကားပြောတဲ့ခါ သဘောထားချင်းမတိုက်ဆိုင်တာတွေ့ရင် ခံမငြင်းပါနဲ့ သား .သူတို့ပြောတာပဲ နားထောင်ပေးလိုက်ပါ။Manual Gearနဲ့ ကားမောင်းတတ်အောင် သင်ပါ . ဘယ်ကားကိုမဆို မောင်းတတ်တဲ့ ယောကျာ်းတစ်ယောက်ပာာ သိပ်ကို Style ကျတယ် အမေ့သား

ကျန်းမာရေးအတွက်ရော body လှဖို့အတွက်ပါ အားကစားလုပ်ပါ သား . ခန္ဓာကိုယ်တောင့်တင်းတဲ့ ယောကျာ်းတစ်ယောက်ပာာ ဘယ်နေ ရာသွားသွား လူတောသိပ်တိုးတယ် ငါ့သား။ ရန်ဖြစ်ရင် သူများကို ဘယ်တော့မှစမထိုးပါနဲ့သား။ သူကလာစထိုးရင်တော့ ပြန်ထိုးခဲ့ပါ .. ယောကျာ်းသိက္ခာကျတယ် အမေ့သား။ခရီးများများထွက်ပါ သား .သွားတိုင်းလဲ Camera တစ်လုံးယူဖို့မမေ့ပါနဲ့။ရောက်ခဲ့တဲ့ ဒေသတိုင်းရဲ့ အထင်ကရနေရာတွေကို ဓါတ်ပုံရိုက်ခဲ့ပီး ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို memory card ထဲ မသိမ်းထားပဲ photo album လေးတစ်အုပ်အမြဲထုတ်ပါ.အဲ့သည့်ဓါတ်ပုံတွေကို သားပြန်ထုတ်ကြည့်မိတိုင်း “ငါဒီနေရာတွေကို ရောက်ခဲ့ပါလား” ဆိုတဲ့ အတွေးက သိပ်ကြည်နူးစရာကောင်းတယ်။ရည်းစားအများကြီး ထားကြည့်ပါ သား . ဒါပေမဲ့ တစ်ယောက်ပီးမှ တစ်ယောက်ထားပါ။သားချစ်သူကို ခဏခဏ ပန်းစည်းတွေ လက် ဆောင်တွေပေးပါ. ထို့အတွက်ကုန်ကျတဲ့ ပိုက်ဆံကို မနှမြောပါနဲ့. Romantic ဆန်တဲ့ ယောကျာ်းတစ်ယောက် ဖြစ်နေပါစေ။အိမ် ထောင်ပြုတဲ့အခါ မိန်းမကောင်းရှာယူမယ်ဆိုတဲ့စိတ်ကြီးမမွေးပါနဲ့သား . ယောကျာ်းကောင်းတစ်ယောက်ဖြစ်အောင်သာကြိုးစားပါ .မိန်းမကောင်းတစ်ယောက် သားအတွက် အလိုလိုပေါ်လာပါလိမ့်မယ်။အိမ်ထောင်ဖက်ကို သားစိတ်တိုုင်းကျ သေသေချာချာရွေးချယ်ပါ . သားဘဝရဲ့ ၉၀% သော ပျော်ရွှင်မှုကို ဒီမိန်းကလေးဆီကပဲ ရမှာပါ.စိတ်ထားဖြူစင်ပီး သဘောထားပြည့်ဝတဲ့ ယောကျာ်းကောင်းတစ်ယောက်ဖြစ်ပါစေ။

Credit : မူရင်းရေးသားသူ

[zawgyi]

စာကိုမက်က္ပါနဲ႔သား . စာကိုနားလည္ေအာင္ ဖတ္ပါ။လိုခ်င္တာေတြကို မဝယ္ပဲ ပိုက္ဆံကို ျခစ္ကုပ္စုပီး ကပ္ေစးမနဲပါနဲ႔သား . ဒါေပမဲ့ အသုံးနဲ႔ အျဖဳန္းကို ခြဲျခားတတ္ပါေစ။ပတ္ဝန္းက်င္ရဲ႕ ထင္ျမင္ခ်က္ေတြ အတင္းအဖ်င္းေတြကို ဂ႐ုမစိုက္ပါနဲ႔သား . သားအေၾကာင္းကို သားကိုယ္တိုင္ထက္ပိုပီး ဘယ္သူမွ မသိႏိုင္ပါ။စာမ်ားမ်ားဖတ္ပါ သား .reader ေကာင္းတစ္ေယာက္ပာာ leader ေကာင္းတစ္ေယာက္ ျဖစ္လာမွာပါ။စိတ္ဝင္စားတဲ့အလုပ္ကိုပဲ ေ႐ြးလုပ္ပါ သား . သားစိတ္မဝင္စားတဲ့ အလုပ္ကို ဘယ္သူက ဘယ္ေလာက္ပဲ တြန္းအားေပးေနပါေစ အက်ိဳးသင့္ အေၾကာင္းသင့္ေျပာပီး ျပတ္ျပတ္သားသားနဲ႔ ယဥ္ယဥ္ေက်းေက်း ျငင္းဆိုပါ။လူေတြကို အားမနာပါနဲ႔ သား . အားနာတယ္ဆိုတဲ့စိတ္က သားကို ဘယ္ေတာ့မွ ေကာင္းက်ိဳးမေပးဘူး။လူေတြကို တတ္ႏိုင္သေလာက္ ေမွ်ာ္လင့္ခ်က္ ကင္းကင္းနဲ႔ ကူညီပါ . ဒါေပမဲ့ သူတို႔ဆီက ဘာမွျပန္ပီး မေမွ်ာ္လင့္ပါနဲ႔။ဘဝမွာ “မွား”သြားမွာကို မေၾကာက္ပါနဲ႔သား . လူတိုင္းမွားတတ္ၾကပါတယ္ . ဒါေပမဲ့မွားမွန္းသိရင္ အမွန္ျပင္ႏိုင္ေအာင္ တတ္ႏိုင္သေလာက္ႀကိဳးစားၾကည့္ပါ။လူတစ္ေယာက္နဲ႔ စကားေျပာတဲ့ခါ သေဘာထားခ်င္းမတိုက္ဆိုင္တာေတြ႕ရင္ ခံမျငင္းပါနဲ႔ သား .သူတို႔ေျပာတာပဲ နားေထာင္ေပးလိုက္ပါ။Manual Gearနဲ႔ ကားေမာင္းတတ္ေအာင္ သင္ပါ . ဘယ္ကားကိုမဆို ေမာင္းတတ္တဲ့ ေယာက်ာ္းတစ္ေယာက္ပာာ သိပ္ကို Style က်တယ္ အေမ့သားက်န္းမာေရးအတြက္ေရာ body လွဖို႔အတြက္ပါ အားကစားလုပ္ပါ သား . ခႏၶာကိုယ္ေတာင့္တင္းတဲ့ ေယာက်ာ္းတစ္ေယာက္ပာာ ဘယ္ေနရာသြားသြား လူေတာသိပ္တိုးတယ္ ငါ့သား။ ရန္ျဖစ္ရင္ သူမ်ားကို ဘယ္ေတာ့မွစမထိုးပါနဲ႔သား။ သူကလာစထိုးရင္ေတာ့ ျပန္ထိုးခဲ့ပါ .. ေယာက်ာ္းသိကၡာက်တယ္ အေမ့သား။ခရီးမ်ားမ်ားထြက္ပါ သား .သြားတိုင္းလဲ Camera တစ္လုံးယူဖို႔မေမ့ပါနဲ႔။ေရာက္ခဲ့တဲ့ ေဒသတိုင္းရဲ႕ အထင္ကရေနရာေတြကို ဓါတ္ပုံ႐ိုက္ခဲ့ပီး ႐ိုက္ခဲ့တဲ့ ဓါတ္ပုံေတြကို memory card ထဲ မသိမ္းထားပဲ photo album ေလးတစ္အုပ္အၿမဲထုတ္ပါ.အဲ့သည့္ဓါတ္ပုံေတြကို သားျပန္ထုတ္ၾကည့္မိတိုင္း “ငါဒီေနရာေတြကို ေရာက္ခဲ့ပါလား” ဆိုတဲ့ အေတြးက သိပ္ၾကည္ႏူးစရာေကာင္းတယ္။ရည္းစားအမ်ားႀကီး ထားၾကည့္ပါ သား . ဒါေပမဲ့ တစ္ေယာက္ပီးမွ တစ္ေယာက္ထားပါ။သားခ်စ္သူကို ခဏခဏ ပန္းစည္းေတြ လက္ေဆာင္ေတြေပးပါ. ထို႔အတြက္ကုန္က်တဲ့ ပိုက္ဆံကို မႏွေျမာပါနဲ႔. Romantic ဆန္တဲ့ ေယာက်ာ္းတစ္ေယာက္ ျဖစ္ေနပါေစ။အိမ္ေထာင္ျပဳတဲ့အခါ မိန္းမေကာင္းရွာယူမယ္ဆိုတဲ့စိတ္ႀကီးမေမြးပါနဲ႔သား . ေယာက်ာ္းေကာင္းတစ္ေယာက္ျဖစ္ေအာင္သာႀကိဳးစားပါ .မိန္းမေကာင္းတစ္ေယာက္ သားအတြက္ အလိုလိုေပၚလာပါလိမ့္မယ္။အိမ္ေထာင္ဖက္ကို သားစိတ္တိုုင္းက် ေသေသခ်ာခ်ာေ႐ြးခ်ယ္ပါ . သားဘဝရဲ႕ ၉၀% ေသာ ေပ်ာ္႐ႊင္မႈကို ဒီမိန္းကေလးဆီကပဲ ရမွာပါ.စိတ္ထားျဖဴစင္ပီး သေဘာထားျပည့္ဝတဲ့ ေယာက်ာ္းေကာင္းတစ္ေယာက္ျဖစ္ပါေစ။