တောင်ပေါ်က မီးပုံလေး

အလီဆိုတဲ့ လူတစ်ယောက်ရဲ့ တစ်ဦးတည်းသော သမီးလေးဟာ တစ်ရက်မှာ အသည်းအသန် နေမကောင်းဖြစ်တယ်။ အလီမှာ သမီးလေးကို ဆေးကုပေးစရာ ပိုက်ဆံမရှိဘူး။ ဆွေမျိုးတွေဆီက ပိုက်ဆံချေးပေမယ့် လုံးဝချေးလို့ မရဘူး။ နောက်ဆုံးတော့ သူ့အလုပ်ရှင်ဆီမှာ ငွေသွားချေးတယ်။ အလုပ် ရှင်က သူ့ကို ပြောလိုက်တယ်။”အလီ၊ မင်း ငါပြောတာကို ဖြစ်အောင် လုပ်နိုင်မယ်ဆိုရင် မင်းချေးတဲ့ ငွေကို ပေး လိုက်မယ်။ ပြန်ဆပ်စရာမလိုဘူး။ ဒါပေမဲ့ မင်း ဖြစ်အောင် မလုပ်နိုင်ရင်တော့ မင်းငါ့ဆီမှာ လုပ်ခတစ်ပြားမှ မယူဘဲ ၁၀ နှစ်တိတိ အလုပ်လုပ်ပေးရမယ်””အရှင်၊ ဘာလုပ်ရမှာလဲ ခင်ဗျ””ခက်ခက်ခဲခဲ အလုပ်တော့ မဟုတ်ပါဘူး။ ဒီညကျရင် ဟိုးနားက တောင်ထိပ်ပေါ်မှာ မင်းတစ်ယောက်တည်း မနက်မိုးလင်းတဲ့အချိန်ထိ နေရမယ်။ နေနိုင်မလား”အလီဟာ အလုပ်ရှင်ရဲ့ ထူးဆန်းတဲ့ စိန်ခေါ်မှုကို လက်ခံသင့် မသင့်ကို စဉ်းစားနေတယ်။ ဒါပေမဲ့ သူ အချိန်ကြာကြာ မစဉ်းစားပဲ လက်ခံလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သမီးလေးကို ဆေးကုဖို့ ငွေရဖို့ အရေးကြီးနေသလို သူ့မှာ တခြားရွေးချယ်စရာလည်း မရှိလို့ပါ။အလုပ်ရှင်ဆီက ပြန်လာပြီး လမ်းမှာ ခုလို စဉ်းစားမိတယ်။ အခုနေ့လယ်ခင်းမှာတောင် အတော်အေးနေရင် ညပိုင်း တောင်ပေါ်မှာ နှင်းတွေ ထူထူထဲထဲ ကျနေမယ်။ လမိုက်ညဆိုတော့ ပတ်ဝန်းကျင်တစ်ခုလုံး မှောင် ပိန်းနေမယ်။ တစ္ဆေသရဲတွေလည်း လာခြောက်နိုင်တယ်။ သူဟာ တွေးရင်း တွေးရင်း ကြောက်လာလို့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း အိုင်ဒီရဲ့ အိမ်ကို ဝင်ပြီး အကျိုးအကြောင်းပြောပြတယ်။အိုင်ဒီက ပထမတော့ အလုပ်ရှင်ရဲ့ ထူးဆန်းတဲ့ စိန်ခေါ်မှုကို လက်ခံလို့ဆိုပြီး သူ့ကို ဆူပူအပြစ်တင်တယ်။ နောက်တော့ အလီဟာ သူ့သမီးလေးကို ဆေးကုပေးဖို့ ပိုက်ဆံမဖြစ်မနေလိုနေတယ်ဆိုတာကို နားလည်သွားလို့ ဆက်မဆူတော့ဘဲ ခုလို ပြောလိုက်တယ်။

“ကဲပါ အလီရာ၊ သိပ်ပြီးလည်း စိုးရိမ်မနေပါနဲ့။ ငါ မင်းကို ကူညီပါ့မယ်။ မနက်ဖြန်ည မင်းတောင်ပေါ်ရောက်တာနဲ့ အမှောင်ထဲကနေ ရှေ့ကို လှမ်းကြည့်လိုက်ပါ။ မင်းရဲ့ တောင်နဲ့ မဝေးတဲ့ တောင်တစ်လုံးရဲ့ ထိပ်မှာ မီးအလင်းရောင်တစ်ခုကို မြင်ရလိမ့်မယ်။ အဲဒါ ငါ ရှို့ထားတဲ့ မီးပုံပါ။ ငါ မီးပုံနားမှာ နေပြီး မင်းကို တစ်ညလုံး စောင့်ကြည့်ပေးနေမယ်။မင်း မီးပုံကို ကြည့်ရင်း မင်းရဲ့ အချစ်ဆုံး သူငယ်ချင်း ငါ့ကို သတိရနေပါ။ ဒါဆိုရင် မင်းမှာ ကြောက်စိတ်လျော့နည်းသွားပြီး သတ္တိရှိလာလို့ မနက်မိုးလင်းတဲ့အထိ နေနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ငါ ကူညီပေးတဲ့အ တွက် မင်း ငါ့ကို တစ်ခုတော့ ပြန်ပေးရမယ်နော်”တိုတိုပြောရင် အလီဟာ အဲဒီညမှာပဲ တောင်ထိပ်ပေါ်မှာ တစ်ညလုံး နေနိုင်ခဲ့လို့ အလုပ်ရှင်ဆီက သူလိုနေတဲ့ သမီးလေးကို ဆေးကုဖို့ ငွေတွေကို ရလိုက်တယ်။ သူဟာ သူငယ်ချင်း အိုင်ဒီကို ကျေးဇူးတင်လွန်းလို့ သူ့အိမ်ကိုသွားပြီး ခုလို ပြောလိုက်တယ်။”သူငယ်ချင်းရေ၊ မင်းရဲ့ ကူညီမှုကြောင့် ငါ ကြောက်နေတာကို အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီ။ ဒါနဲ့ ငါ မင်းကို တစ်ခု ပြန်ပေးရမယ်ဆိုတာ ဘာလဲ။ ငါ ရလာတဲ့ ငွေတွေထဲက မင်းကို ခွဲပေးမယ်လေ””မဟုတ်ဘူး အလီ။ မင်း ပြန်ပေးရမှာ ငွေမဟုတ်ဘူး။ ငါ့ဘဝမှာ လေပြင်းတွေတိုက် အမှောင်ဖုံးတဲ့ နေ့တွေနဲ့ ကြုံရင် မင်း မိတ်ဆွေစစ်ဆိုတဲ့ မီးပုံလေးတစ်ခုနဲ့ ငါ့ကို အားပေးကူညီပေးမယ်လို့ ကတိပေးပါကွာ”မိမိချမ်းသာနေချိန် အနားမှာ ရှိနေသူဟာ မိတ်ဆွေစစ်လို့ ပြောရခက်ပါတယ်။ မိမိဒုက္ခရောက်နေချိန်မှာ အားပေးကူညီသူသာ မိတ် ဆွေစစ်ဖြစ်ပါတယ်။

Credit – ဗန်းမော်သိန်းဖေ

[zawgyi]

အလီဆိုတဲ့ လူတစ္ေယာက္ရဲ႕ တစ္ဦးတည္းေသာ သမီးေလးဟာ တစ္ရက္မွာ အသည္းအသန္ ေနမေကာင္းျဖစ္တယ္။ အလီမွာ သမီးေလးကို ေဆးကုေပးစရာ ပိုက္ဆံမရွိဘူး။ ေဆြမ်ိဳးေတြဆီက ပိုက္ဆံေခ်းေပမယ့္ လုံးဝေခ်းလို႔ မရဘူး။ ေနာက္ဆုံးေတာ့ သူ႔အလုပ္ရွင္ဆီမွာ ေငြသြားေခ်းတယ္။ အလုပ္ ရွင္က သူ႔ကို ေျပာလိုက္တယ္။”အလီ၊ မင္း ငါေျပာတာကို ျဖစ္ေအာင္ လုပ္ႏိုင္မယ္ဆိုရင္ မင္းေခ်းတဲ့ ေငြကို ေပး လိုက္မယ္။ ျပန္ဆပ္စရာမလိုဘူး။ ဒါေပမဲ့ မင္း ျဖစ္ေအာင္ မလုပ္ႏိုင္ရင္ေတာ့ မင္းငါ့ဆီမွာ လုပ္ခတစ္ျပားမွ မယူဘဲ ၁၀ ႏွစ္တိတိ အလုပ္လုပ္ေပးရမယ္””အရွင္၊ ဘာလုပ္ရမွာလဲ ခင္ဗ်””ခက္ခက္ခဲခဲ အလုပ္ေတာ့ မဟုတ္ပါဘူး။ ဒီညက်ရင္ ဟိုးနားက ေတာင္ထိပ္ေပၚမွာ မင္းတစ္ေယာက္တည္း မနက္မိုးလင္းတဲ့အခ်ိန္ထိ ေနရမယ္။ ေနႏိုင္မလား”အလီဟာ အလုပ္ရွင္ရဲ႕ ထူးဆန္းတဲ့ စိန္ေခၚမႈကို လက္ခံသင့္ မသင့္ကို စဥ္းစားေနတယ္။ ဒါေပမဲ့ သူ အခ်ိန္ၾကာၾကာ မစဥ္းစားပဲ လက္ခံလိုက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သမီးေလးကို ေဆးကုဖို႔ ေငြရဖို႔ အေရးႀကီးေနသလို သူ႔မွာ တျခားေ႐ြးခ်ယ္စရာလည္း မရွိလို႔ပါ။အလုပ္ရွင္ဆီက ျပန္လာၿပီး လမ္းမွာ ခုလို စဥ္းစားမိတယ္။ အခုေန႔လယ္ခင္းမွာေတာင္ အေတာ္ေအးေနရင္ ညပိုင္း ေတာင္ေပၚမွာ ႏွင္းေတြ ထူထူထဲထဲ က်ေနမယ္။ လမိုက္ညဆိုေတာ့ ပတ္ဝန္းက်င္တစ္ခုလုံး ေမွာင္ ပိန္းေနမယ္။ တေစၦသရဲေတြလည္း လာေျခာက္ႏိုင္တယ္။ သူဟာ ေတြးရင္း ေတြးရင္း ေၾကာက္လာလို႔ သူ႔ရဲ႕ အခ်စ္ဆုံး သူငယ္ခ်င္း အိုင္ဒီရဲ႕ အိမ္ကို ဝင္ၿပီး အက်ိဳးအေၾကာင္းေျပာျပတယ္။အိုင္ဒီက ပထမေတာ့ အလုပ္ရွင္ရဲ႕ ထူးဆန္းတဲ့ စိန္ေခၚမႈကို လက္ခံလို႔ဆိုၿပီး သူ႔ကို ဆူပူအျပစ္တင္တယ္။ ေနာက္ေတာ့ အလီဟာ သူ႔သမီးေလးကို ေဆးကုေပးဖို႔ ပိုက္ဆံမျဖစ္မေနလိုေနတယ္ဆိုတာကို နားလည္သြားလို႔ ဆက္မဆူေတာ့ဘဲ ခုလို ေျပာလိုက္တယ္။“ကဲပါ အလီရာ၊ သိပ္ၿပီးလည္း စိုးရိမ္မေနပါနဲ႔။ ငါ မင္းကို ကူညီပါ့မယ္။ မနက္ျဖန္ည မင္းေတာင္ေပၚေရာက္တာနဲ႔ အေမွာင္ထဲကေန ေရွ႕ကို လွမ္းၾကည့္လိုက္ပါ။ မင္းရဲ႕ ေတာင္နဲ႔ မေဝးတဲ့ ေတာင္တစ္လုံးရဲ႕ ထိပ္မွာ မီးအလင္းေရာင္တစ္ခုကို ျမင္ရလိမ့္မယ္။ အဲဒါ ငါ ရႈိ႕ထားတဲ့ မီးပုံပါ။ ငါ မီးပုံနားမွာ ေနၿပီး မင္းကို တစ္ညလုံး ေစာင့္ၾကည့္ေပးေနမယ္။မင္း မီးပုံကို ၾကည့္ရင္း မင္းရဲ႕ အခ်စ္ဆုံး သူငယ္ခ်င္း ငါ့ကို သတိရေနပါ။ ဒါဆိုရင္ မင္းမွာ ေၾကာက္စိတ္ေလ်ာ့နည္းသြားၿပီး သတၱိရွိလာလို႔ မနက္မိုးလင္းတဲ့အထိ ေနႏိုင္ပါလိမ့္မယ္။ ဒါေပမဲ့ ငါ ကူညီေပးတဲ့အ တြက္ မင္း ငါ့ကို တစ္ခုေတာ့ ျပန္ေပးရမယ္ေနာ္”တိုတိုေျပာရင္ အလီဟာ အဲဒီညမွာပဲ ေတာင္ထိပ္ေပၚမွာ တစ္ညလုံး ေနႏိုင္ခဲ့လို႔ အလုပ္ရွင္ဆီက သူလိုေနတဲ့ သမီးေလးကို ေဆးကုဖို႔ ေငြေတြကို ရလိုက္တယ္။ သူဟာ သူငယ္ခ်င္း အိုင္ဒီကို ေက်းဇူးတင္လြန္းလို႔ သူ႔အိမ္ကိုသြားၿပီး ခုလို ေျပာလိုက္တယ္။”သူငယ္ခ်င္းေရ၊ မင္းရဲ႕ ကူညီမႈေၾကာင့္ ငါ ေၾကာက္ေနတာကို ေအာင္ျမင္ေအာင္ လုပ္ႏိုင္ခဲ့ၿပီ။ ဒါနဲ႔ ငါ မင္းကို တစ္ခု ျပန္ေပးရမယ္ဆိုတာ ဘာလဲ။ ငါ ရလာတဲ့ ေငြေတြထဲက မင္းကို ခြဲေပးမယ္ေလ””မဟုတ္ဘူး အလီ။ မင္း ျပန္ေပးရမွာ ေငြမဟုတ္ဘူး။ ငါ့ဘဝမွာ ေလျပင္းေတြတိုက္ အေမွာင္ဖုံးတဲ့ ေန႔ေတြနဲ႔ ႀကဳံရင္ မင္း မိတ္ေဆြစစ္ဆိုတဲ့ မီးပုံေလးတစ္ခုနဲ႔ ငါ့ကို အားေပးကူညီေပးမယ္လို႔ ကတိေပးပါကြာ”မိမိခ်မ္းသာေနခ်ိန္ အနားမွာ ရွိေနသူဟာ မိတ္ေဆြစစ္လို႔ ေျပာရခက္ပါတယ္။ မိမိဒုကၡေရာက္ေနခ်ိန္မွာ အားေပးကူညီသူသာ မိတ္ ေဆြစစ္ျဖစ္ပါတယ္။