တံငါသည်လင်မယားနဲ့ ရွှေငါးကြီး

တခါတုန်းကတံငါသည်တစ်ယောက်ဟာ သူ့မိန်းမနဲ့အတူ နေကြသတဲ့။ဒါပေမယ့်”သူတို့မှာ နေစရာအိမ် မရှိဘူး။ သစ်ပင်အောက်မှာ ကြုံသ လို ဖြစ်သလို နေရတယ်။ သူတို့လင်မယားဟာ သိပ်ကို ဆင်းရဲ ကြတာပေါ့ကွယ်။သူ ငါးဖမ်းလိုက်လို့ ရတာလေးနဲ့ပဲ စားသောက်နေကြရတယ်။အိမ်ဆိုတာ ဘာလုပ်ဖို့လဲ၊ သစ်ပင်အောက်မှာ အိပ်ရတာ ဘယ်လောက်လွတ်လပ်သလဲ၊ အိမ်မှာ အိပ်ရာနဲ့အိပ်ရတာ စိတ်ကျဉ်း – ကျပ်တယ်။ မြေပြင်ပေါ်မှာ အိပ်ရတာ ဘယ်လောက်ကျယ်ပြန့်သလဲ”တံငါသည်ဟာ သူ့ဘဝ သူပျော်နေတယ်။ ဒါပေမယ့် သူ့မိန်းမကတော့ မပျော်ဘူးပေါ့ ။”ငါ ဘာဖြစ်လို့ ဒီလောက်ဆင်းရဲတဲ့ တံငါသည်ကို အိမ် ထောင်ပြုမိပါလိမ့်၊ ငါ့ မှာ အိမ်လဲမရှိ၊ အိပ်တော့လဲ မြေကြီးပေါ်မှာတစ် နေ့တစ်နေ့ ငါးကင်နဲ့ပဲ စားနေရတယ်”မိန်းမဟာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ညည်း လေ့ရှိသတဲ့။ တစ်နေ့တော့ တံငါသည်ဟာ ပင်လယ်ကမ်းခြေကိုသွားပြီး ငါးဖမ်းတာပေါ့ကွယ်။ သူ့ ပိုက်ကွန်ကို ရေထဲပစ်ချပြီး ကျောက်ဆောင် ပေါ်မှာ ထိုင်နေသတဲ့။နေကလည်း ခြစ်ခြစ်တောက် ပူနေတာပေါ့ကွယ်။ ဒါကြောင့် သူဟာ ပင်ပန်းနွမ်းနယ်လာပြီး နေပူထဲက ကျောက်ဆောင်ပေါ်မှာ အိပ်ပျော်သွားပါရောတဲ့။အိပ် ရာက နိုးတော့ သူ့ပိုက်ကို ဆွဲတင်တယ်။ပိုက်ထဲမှာ ငါးတစ်ကောင်ပဲတွေ့ရတယ်။ ဒါပေမယ့် အဲဒီ ငါးက အကြီးကြီးပဲ။ ပြီးတော့ ရွှေရောင်တောက်ပနေတယ်။ လှလည်း အင်မတန်လှတယ်။ဒါကြောင့် တံငါသည်ဟာ အရမ်းပျော်သွားတာပေါ့ကွယ်။”ဒီရွှေရောင်တောက်နေတဲ့ ငါးကြီးကိုတွေ့ရင် ငါ့မိန်းမ သိပ်ပျော်မှာပဲ။ ဟန်ကျပြီ။ ဒီလောက်ကြီးတဲ့ ငါးကို တို့လင်မယား နှစ်ယောက် ညစာ မနက်စာ နှစ်နှပ်စားနိုင်ပြီ” တံ ငါသည်ဟာ ဝမ်းသာအားရတစ်ယောက်တည်း ပြောနေ တုန်းမှာ ငါးကြီးက စကားပြောသတဲ့။“ကျွန်ုပ်ကို မသတ်ပါနဲ့ဗျာ။ ကျွန်ုပ်ကို ပင်လယ်ထဲ ပြန် လွှတ်လိုက်ပါ”ငါးကြီးရဲ့ စကားပြောသံကိုကြားတော့ တံငါသည်ဟာ သိပ်အံ့သြသွားတာပေါ့ ။“အသင်ငါးလူ စကားပြောတတ်တယ်ဟုတ်လား၊ လစ ပြောတတ်တဲ့ငါးကို ကျွန်ုပ်တစ်ခါမှ မတွေ့ဖူးဘူး။ ကျွန်ုပ် လူမှန် သိကတည်းက ငါးဖမ်းလာတာ၊ ဒီတစ်ခါပဲ ငါးက လူစကားပြောတာ ကြားဖူးတယ်”တံငါသည်က ထူးထူးဆန်းဆန်းတွေ့ရလို့ ပျော်နေတယ်။“ဟုတ်ပါတယ်၊ ကျွန်ုပ် လူစကားပြောတတ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်ကို ပင်လယ်ထဲပြန်လွှတ်ပေးဖို့” တောင်းပန်နေတာပေါ့ဗျာ”လို့ ရွှေရောင်တောက်နေတဲ့ ငါးကြီးက ထပ်ပြောပြန်သတဲ့။ “အေးဟုတ်တယ်၊ လူစကားပြောတတ်တဲ့ ငါးကို ကျွန်ုပ် သတ်မစားသင့်ဘူး၊ ဒါကြောင့် သင့်ကို ပြန်လွှတ်လိုက်တော့မယ်”တံငါသည်က ပိုက်ကွန်ထဲမှ ငါးကြီးကို ပင်လယ်ထဲပြန်လွှတ် လိုက်တယ်။ညကျတော့ တံငါသည်ဟာ သူ့မိန်းမကို လူစကား ပြော တတ်တဲ့ ငါးကြီးအကြောင်း ပြောပြဖို့ စဉ်းစားနေတယ်။ အဲဒီညက သူတို့လင်မယားအတွက် ဘာမှစားစရာ မရှိဘူး။ . “ရှင်…ဒီနေ့ ဘာငါးမှ မရခဲ့ဘူးလား”လို့ သူ့မိန်းမကမေးတော့..“ရတာပေါ့ကွာ၊ ဒါပေမယ့် တစ်ကောင်တည်းပါ၊ အဲ့ဒီ ငါးက လူစကားပြောတတ်တယ်၊ ဒါကြောင့် ငါမသတ်ရက်လို့ ပင်လယ်ထဲကို ပြန်လွှတ်လိုက်တယ်”“ရှင် မဖြစ်နိုင်တာတွေ လာမပြောပါနဲ့၊ ရှင် အသုံးမကျလို့ ငါးမရတာကို တွေ့ကရာ လျှောက်ပြောနေတယ် “လို့ မိန်းမက အပြစ်တင်တယ်။ ”“မင်း မယုံရင်လ် မတတ်နိုင်ဘူးကွာ၊ လူစကားပြောတတ် တဲ့ ငါးကို ငါ တကယ်ဖမ်းမိခဲ့တာပဲ၊ မင်းကိုငါ လိမ်ပြောစရာ အကြောင်းမရှိပါဘူး”လို့ တံငါသည်က ထပ်ပြောသတဲ့။“ရှင် အမှန်အတိုင်းပြောနေတာဆိုရင်တော့ ဒါဟာ အင်မတန် ထူးဆန်းနေတာပဲ၊ အဲဒီ ငါးဟာ အစွမ်းသတ္တိရှိမှာအမှန်ပဲ၊ ရှင် သူ့အသက်ကို မသတ်ရက်ဘဲ ပြန်လွှတ်လိုက်တဲ့အတွက် သူက ရှင့်ကို ဘာပေးခဲ့သလဲ””ဘာမှ မပေးဘူးကွ၊ ပင်လယ်ထဲ ပြန်ဆင်းသွားတာပဲ” “ရှင်ကကော ဘာမှမတောင်းဘူးလား” “တောင်းရအောင် သူက ဘာပေးနိုင်မှာမို့လဲ”“ပေးနိုင်မှာပေါ့ ရှင်၊ သူက သာမန်ငါးမှမဟုတ်ဘဲ၊ ရှင် ) သိပ်အတောပဲ၊ ကျွန်မတို့ လင်မယားဒီလိုပဲ တစ်သက်လုံး မြေကြီးပေါ် “မှာပဲ အိပ်နေရတော့မှာလား” -“ဒါဖြင့် ငါက ဘာလုပ်ရမှာလဲ”“လွယ်ပါတယ်ရှင်၊ အဲ့ဒီငါးကြီးကို တဲတစ်တဲလောက်တော့ ရအောင် လုပ်ပေးပါလို့ပြောပေါ့”တံငါ သည် က သူ့မယားရဲ့ တိုက်တွန်းမှုကြောင့် နောက်တစ် နေ့မနက်ကျတော့ ပင်လယ်ပြင်ကို တစ်ခါထပ်ပြီး ထွက်လာခဲ့တယ်။မနေ့က သူအိပ် ပျော်ခဲ့တဲ့ ကျောက်ဆောင်ပေါ်မှာ ကျကျနနထိုင်ပြီး လှမ်းပြောလိုက်လ။“ပင်လယ်ထဲက လူစကားပြောတဲ့ ရွှေငါးကြီး ကျွန်ုပ်ဆီကို လာခဲ့” တံငါသည်က သုံးခွန်းတိတိလှမ်းခေါ်တယ်။ သုံးခွန်းခေါ် လို့မှ မရရင် သူစိတ်လျှော့လိုက်တော့မှာပေါ့ လေ။ သူ့မိန်းမဟာ အဓိပ္ပာယ်မရှိတာတွေ ခိုင်းနေတယ်လို့ သူက ထင်နေတယ်။ဒါပေမယ့် တတိယအခွန်း ခေါ် အပြီးမှာ ရွှေရောင်ငါးကြီး ဟာ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ဦး ခေါင်းဖော်ပြီး တံငါသည်ရှေ့ကို ကူးလာခဲ့တယ်။“သင် ဘာအလိုရှိသလဲ”လို့ မေးတယ်။ ဒီတော့ တံငါသည်က..“ကျွန်ုပ်ဘာမှ မလိုပါဘူး၊ ဒါပေမယ့် ကျွန်ုပ် မိန်းမက တဲကလေးနဲ့ နေချင်တယ်ဗျာ။ အဲဒါ ရွှေငါးကြီး လုပ်ပေးနိုင်မလား”လို့ မေးလိုက်တော့..”သင့်မိန်းမဆီကို ပြန်သွားပါ၊ တဲကလေးတစ်လုံးထဲမှာ သင့်မိန်းမကို တွေ့ရလိမ့်မယ်”လို့ ရွှေငါးကြီးက ပြန်ပြောပြီး ပင်လယ်ထဲကို ပြန်ငုပ်သွား တယ်။တံငါသည်ဟာ သူတို့အိပ်နေကျ သစ်ပင်အောက်ကို ပြန် ရောက်တော့ သစ်ပင်နဲ့ မနီးမဝေးမှာ ထူးထူးခြားခြား တဲကလေးတစ်ဘဲ တွေ့ရတယ်။အဲဒီတဲက အ သစ်စက်စက် လောက်ကို မတိုင်းပဲ။ သပ်သပ်ရပ်ရပ်နဲ့ ပြတင်းပေါက်နှစ်ပေါက်လဲပါသေးတယ်။ အိမ်ရှေ့ တံခါးကို ပင်လယ်ပြာရောင် ဆေးသုတ်ထားပြီးသား တွေ့ရတယ်။

ကဲနောက်ဘက်မှာလည်း ပန်းကလေးတစ်ခု ပါတယ်။ ပန်းခြံကလေး ထဲမှာ ရောင်စုံပန်းတွေ လှလှပပပွင့် နေတယ်။တံငါသည်ဟာ တဲထဲကို ဝင်သွားလိုက်တယ်။ အခန်းဖွဲ့ ထားတာတော့ မရှိဘူး။ ပြတင်းပေါက်ကနေ နေရောင်ခြည်ဟာ ထိ ကိုကျရောက်နေတယ်။သူ့ မိန်းမဟာ စားပွဲဘေးမှာ ထိုင်နေတာကို တွေ့ရတယ်။“မင်း အခုပျော်သွားပြီ မဟုတ်လား၊ မင်းလိုချင်တာ ဖြစ်သွား ပြီနော်”လို့ တံငါသည်က မေးတော့ .“ပျော်တာပေါ့ ရှင်၊ တဲကလေးက သိပ်လှတာပဲ” – သူ့မိန်းမက ဝမ်းသာအားရ ပြောလိုက်သတဲ့။ဒီလိုနဲ့ တံငါသည် မိန်းမဟာ သူ့ယောက်ျားနဲ့အတူ ပျော်ပျော် ရွှင်ရွှင် နေခဲ့ကြတယ်။ တစ်ပတ်လောက်ကြာတော့ တံငါသည်ဟာ ညမိုးချုပ်မှ ငါးဖမ်းရာက ပြန်လာတာပေါ့ကွယ်။ အဲဒီတော့ မိန်းမက ပြောသတဲ့။“ကျွန်မ ဒီတဲလေးမှာ နေရတာ မပျော်တော့ဘူး” ““ဘာဖြစ်လို့လဲ”လို့ တံငါသည်က ပြန်မေးတာပေါ့ ။““ကြက်မတွေဟာ ဥ,ဥပြီးတိုင်း နားညည်းအောင် ဝိုင်းအော် ကြတယ်။ နေ့လယ်နေ့ခင်း ကျွန်မ အိပ်နေတုန်းမှာလဲ တဲထဲမှာလျှောက်ပြီး ပျံပြေးနေကြတယ်” “ဒါ ဖြင့် မင်းက ဘာလုပ်ချင်လဲ”“ကိုက်အိမ်ကောင်းကောင်းတစ်လုံးနဲ့ နေချင် ဒါကြောင့် ရှင့်ရဲ့ လူစကားပြောတတ်တဲ့ ရွှေငါးကြီးကို ပြန်”မင်း သိပ် ရှုပ်တာပဲကွာ” လို့ တံငါသည်က ညည်းညည်းညူညူ ပြောလိုက်တယ်။ပြီးတော့ နောက်တစ်နေ့မှာ ပင်လယ်ပြင်က ကျောက်ဆောင် ပေါ် ထိုင်ပြီး ရွှေငါးကြီးကိုခေါ်သတဲ့။“ပင်လယ်ထဲက လူစကားပြောတတ်တဲ့ ရွှေငါးကြီး၊ ကျပ် သင့်ကို တွေ့ချင်ပါတယ်”လို့ တံငါသည်က သုံးကြိမ်သုံးခါ ခေါ်လိုက်တယ်။မလာရင်လည်း သူ့တဲကိုသူ ပြန်သွားတော့မယ်လို့ ဆုံးဖြတ် ထားတယ်။ဒါပေမယ့် ရွှေငါးကြီးဟာ ပင်လယ်ရေထဲမှ ခေါင်းကလေး ဖော်ပြီး ပေါ်လာပြန်တယ်။“သင် ဘာများအလိုရှိပါသလဲ” လို့ ရွှေငါးကြီးကမေးတော့ တံငါသည်က.. “ကျွန်ုပ် ဘာမှ အလိုမရှိပါဘူး၊ ကျွန်ုပ်မိန်းမက တိုက်အိမ်ကောင်းကောင်းနဲ့ နေချင်တယ်ဆိုလို့ ခင်ဗျားဆီမှာ လာတောင်းတာပါ။လို့ ပြောပြလိုက်တယ်။ ““သင့် မိန်းမဆီကိုပြန်သွားပါ၊ တိုက်အိမ်ထဲမှာ သင့်မိန်းမကိုတွေရပါလိမ့်မယ် “တံငါသည်ဟာ သူ့တဲ့ ရှိရာကို ပြန်သွားခဲ့တယ်။ အစကမရှိနေခဲ့ရာမှာ တိုက်အိမ်ကလေးတစ်လုံး ဖြစ်နေ တယ်။တိုက်ရဲ့ ဘေးဘက် ပြတင်းပေါက်နားမှာ နှင်းဆီဥယျာဉ်ရှိ တယ်။ နှင်းဆီနံ့တွေဟာ အိမ်ထဲမှာ သင်းနေတာပေါ့။ တိုက်ရှေ့မှာ လည်း အရိပ်ရတဲ့ သစ်ပင်ကြီးတွေဟာ စီတန်းပြီး ပေါက်နေသတဲ့။တိုက်အိမ်ကို အရိပ်မိုးထားလို့ အေးမြနေတယ်။ တံခါးနှစ် ပေါက်ဟာ ရှေ့တစ်ပေါက် နောက်တစ်ပေါက်ရှိတယ်။ ပြတင်းပေါက် ခြောက်ပေါက်က တိုက်ရဲ့ ဘေးတစ်ဖက် တစ်ချက် မှာ ရှိနေကြတယ်။တံငါသည်ဟာ သူ့မိန်းမကို တိုက်ထဲမှာ တွေ့လိုက်သတဲ့။“ကဲတိုက်အိမ်ကလေးနဲ့ နေရလို့ အခု မင်းပျော်သွားပြီ မ ဟုတ်လား”လို့ တံငါသည်က မေးလိုက်သတဲ့။“ပျော်တာပေါ့ရှင်၊ တိုက်ကလေးက လှလဲလှပြီး အိမ်ဘေးက ဥယျာဉ်က နှင်းဆီပန်းနံ့တွေကလည်း မွှေးတယ်။ ဒါပေမယ့် အိမ်ထဲမှာ အခန်းဖွဲ့ ထားတာတွေက သိပ်မကျယ်ဘူးရှင့်”အဲဒီလို တံငါသည်ရဲ့ မိန်းမက ပြန်ပြောတယ်။ “ ဒါပေမယ့် သူ့မိန်းမဟာ ပျော်ရွှင်နေသတဲ့။ တစ်ပတ်လောက် ကြာတော့ သူ့မိန်းမက ပြောပြန်တယ်။“တိုက်လှလှလေးနဲ့ နေရတာတော့ ကောင်းပါရဲ့၊ ဒါပေမယ့် ရှင်က တံငါသည်ဖြစ်နေတဲ့အတွက် ကျွန်မကလဲ တံငါသည်မယားဖြစ်နေတာပေါ့””ဘာဖြစ်လဲကွ၊ ဒါ ဟာ အ ဆန်းလား” “တံ ငါသည်မယားဆိုတော့ လူအထင်မကြီးဘူးရှင့်၊ ရွာက လူတွေက ကျွန်မကို သိပ်ပြီးခေါ်ပြောပြော မဆက်ဆံချင်ကြဘူး၊ ဟိုက်နဲ့ဟာပဲရှိဟ်၊ တံငါသည်မယားကို ဘယ်သူကမှ အပေါင်း မသင်းမလုပ်ကြဘူး””ဒါဖြင့် မင်းဘာဖြစ်ချင်လဲ” တံငါသည်က စိတ်ပျက်လက်ပျက်ဖြစ်ပြီး မေးလိုက်တာပေါ့။“ရှင့်ကို ဘုရင်ကြီးဖြစ်စေချင်တယ်။ ဒါဆို ကျွန်မက မိဖုရား ကြီးဖြစ်သွားမယ်။ နန်းတော်ကြီးနဲ့နေပြီး ဘာမဆိုလိုချင်တာ အ ကုန်ရ မယ်၊ အစေခံတွေ အခြွေအရံတွေလဲ ပြည့်စုံမယ်၊ ကျွန်မ ဘယ်ကိုပဲ သွားသွား တခြားမိန်းမတွေက အရိုအသေပြုကြမယ်၊ လေးလေး စားစား ဆက်ဆံကြမယ်၊ သိပ်ပျော်စရာ ကောင်းမှာပဲရှင့်”“ငါကတော့ ရှင်ဘုရင် မဖြစ်ချင်ဘူးကွာ၊ ငါ ရှင်ဘုရင်လို မနေတတ်ဘူး၊ တံငါသည်ဘဝမှာပဲ ပျော်တယ်၊ သစ်ပင်ရိပ်က မြေကြီး ပေါ်မှာပဲ နေချင်တယ်”“ဒါပေမယ့် ကျွန်မကတော့ ဘုရင်မကြီးဖြစ်ချင်တယ်ရှင့်” ဒါနဲ့ပဲ တံငါ သည်ဟာ ရွှေငါးကြီးနဲ့ ထပ်တွေ့ဖို့ သွားရ သင့်ကို တွေ့ပါရစေ”“ပင်လယ်ထဲက လူစကားပြောတတ်တဲ့ ရွှေငါးကြီး ကျွန်ုပ် လို့ သုံးခွန်းတိတိ ခေါ် အပြီးမှာ ရွှေငါးကြီးရဲ့ ဦးခေါင်းဟာရေမျက်နှာပြင်ပေါ်မှာ ပေါ်ထွက်လာတယ်။ “သင် ဘာကို အလိုရှိသလဲ” “ကျွန်ုပ်ဘာကိုမှ မလိုချင်ပါဘူးဗျာ၊ဒါပေမယ့် ကျုပ်မိန်းမက | ဘုရင်မကြီးဖြစ်ချင်သတဲ့” -“ကောင်းပြီး သင့်မိန်းမဆီ ပြန်သွားပါ၊ ‘ ဘုရင်မကြီးဖြစ်နေ တာကို တွေ့ရပါလိမ့်မယ် ။တံငါသည်က ပြန်လာခဲ့တယ်၊ တိုက်နေရာမှာ နန်းတော်ကြီး ဖြစ်နေတယ်။ တံခါးဝမှာ တံခါးမှူးနှစ်ယောက်က သူကို အခန်းကြီး တစ်ခန်းထဲကို ခေါ်သွားကြတယ်။ “ရွှေသလွန်ပေါ်မှာ သူ့မိန်းမဟာ ရွှေအင်္ကျီတွေနဲ့ ထိုင်နေတယ်။ သူ့မိန်းမရဲ့ ဦးခေါင်းပေါ်မှာ စိန်စီထားတဲ့ သရဖူဆောင်းထားတယ်။“မင်း အခုပျော်သွားပြီး မဟုတ်လား ဘုရင်မကြီး” လို့ တံငါသည်က မေးလိုက်တော့ သူမိန်းမက“နေရထိုင်ရတာ လွတ်လွတ်လပ်လပ် မရှိဘူးရှင့်၊ ဝတ်ထား တဲ့ရွှေ အင်္ကျီ ရွှေထဘီတွေကလည်း အိုက်စပ်စပ်နဲ့၊ စားရတာကလဲ ဟန်အမူအရာလေးနဲ့၊ ပြီးတော့ ခေါင်းပေါ်မှာကလဲ သရဖူပြုတ်မကျအောင် မနည်းထိန်းထားရတယ်၊ စကားပြောတော့လဲ ထီးသုံးနန်းသုံး စကားတွေမတတ်လို့ အ ပြောရခက်တယ်၊ ကျွန်မ မပျော်ပါဘူးရှင်” လို့ ပြောသတဲ့။နောက်တစ်နေ့ ကျတော့ တံငါသည်က ပင်လယ် ကျောက်ဆောင်ပေါ်ကို သွားထိုင်တယ်။“ပင်လယ်ထဲက လူစကားပြောတဲ့ ရွှေငါးကြီးမင်း၊ ကျွန်ုပ် သင့်ကို တွေ့ချင်ပါတယ်”လို့ သုံးကြိမ်ခေါ်အပြီးမှာ ရွှေငါးကြီး ပေါ်လာပြီး “သင် ဘာအလိုရှိပါသလဲလို့ မေးတယ်။“ကျွန်ုပ် မိန်းမက ဘုရင်မကြီးဘဝမှာ မပျော်ပိုက်ဘူးလို့ ပြောပါတယ် ။“ကောင်းပြီ၊ သင့်မိန်းမနဲ့သင် ပျော်ပျော်ရွှင်ရွှင် နေရပါလိမ့် မယ်၊ ပြန်သွားပါ”တံငါသည်ဟာ ရွှေနန်းတော်ကြီးရှိခဲ့တဲ့ နေရာကိုပြန်သွား တယ်။ ဒါပေမယ့် ရွှေနန်းတော်ကြီးကို မတွေ့ရတော့ဘူး။ သူ့ မိန်းမ ဟာ သစ်ပင်ရိပ်က မြေပြင်မှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။“ကဲ..ဘယ်နှယ်လဲ၊ မင်း ကျေနပ်သွားပြီလား” လို့ တံငါသည်က မေးသတဲ့။ “အခုလို လွတ်လွတ်လပ်လပ်နေရတာ အပျော်ဆုံးပါပဲ လို့ သူ့မိန်းမကို ပြန်ဖြေလိုက်တယ်။အဲဒီဘဝမှာပဲ သူတို့လင်မယား ပျော်ပျော်ရွှင်ရွှင် နေထိုင် သွားကြပါတယ်။

credit – original

[zawgyi]

တခါတုန္းကတံငါသည္တစ္ေယာက္ဟာ သူ႔မိန္းမနဲ႔အတူ ေနၾကသတဲ့။ဒါေပမယ့္”သူတို႔မွာ ေနစရာအိမ္ မရွိဘူး။ သစ္ပင္ေအာက္မွာ ႀကဳံသ လို ျဖစ္သလို ေနရတယ္။ သူတို႔လင္မယားဟာ သိပ္ကို ဆင္းရဲ ၾကတာေပါ့ကြယ္။သူ ငါးဖမ္းလိုက္လို႔ ရတာေလးနဲ႔ပဲ စားေသာက္ေနၾကရတယ္။အိမ္ဆိုတာ ဘာလုပ္ဖို႔လဲ၊ သစ္ပင္ေအာက္မွာ အိပ္ရတာ ဘယ္ေလာက္လြတ္လပ္သလဲ၊ အိမ္မွာ အိပ္ရာနဲ႔အိပ္ရတာ စိတ္က်ဥ္း – က်ပ္တယ္။ ေျမျပင္ေပၚမွာ အိပ္ရတာ ဘယ္ေလာက္က်ယ္ျပန႔္သလဲ”တံငါသည္ဟာ သူ႔ဘဝ သူေပ်ာ္ေနတယ္။ ဒါေပမယ့္ သူ႔မိန္းမကေတာ့ မေပ်ာ္ဘူးေပါ့ ။”ငါ ဘာျဖစ္လို႔ ဒီေလာက္ဆင္းရဲတဲ့ တံငါသည္ကို အိမ္ ေထာင္ျပဳမိပါလိမ့္၊ ငါ့ မွာ အိမ္လဲမရွိ၊ အိပ္ေတာ့လဲ ေျမႀကီးေပၚမွာတစ္ ေန႔တစ္ေန႔ ငါးကင္နဲ႔ပဲ စားေနရတယ္”မိန္းမဟာ တိုးတိုးတစ္မ်ိဳး က်ယ္က်ယ္တစ္မ်ိဳး ညည္း ေလ့ရွိသတဲ့။ တစ္ေန႔ေတာ့ တံငါသည္ဟာ ပင္လယ္ကမ္းေျခကိုသြားၿပီး ငါးဖမ္းတာေပါ့ကြယ္။ သူ႔ ပိုက္ကြန္ကို ေရထဲပစ္ခ်ၿပီး ေက်ာက္ေဆာင္ ေပၚမွာ ထိုင္ေနသတဲ့။ေနကလည္း ျခစ္ျခစ္ေတာက္ ပူေနတာေပါ့ကြယ္။ ဒါေၾကာင့္ သူဟာ ပင္ပန္းႏြမ္းနယ္လာၿပီး ေနပူထဲက ေက်ာက္ေဆာင္ေပၚမွာ အိပ္ေပ်ာ္သြားပါေရာတဲ့။အိပ္ ရာက ႏိုးေတာ့ သူ႔ပိုက္ကို ဆြဲတင္တယ္။ပိုက္ထဲမွာ ငါးတစ္ေကာင္ပဲေတြ႕ရတယ္။ ဒါေပမယ့္ အဲဒီ ငါးက အႀကီးႀကီးပဲ။ ၿပီးေတာ့ ေ႐ႊေရာင္ေတာက္ပေနတယ္။ လွလည္း အင္မတန္လွတယ္။ဒါေၾကာင့္ တံငါသည္ဟာ အရမ္းေပ်ာ္သြားတာေပါ့ကြယ္။”ဒီေ႐ႊေရာင္ေတာက္ေနတဲ့ ငါးႀကီးကိုေတြ႕ရင္ ငါ့မိန္းမ သိပ္ေပ်ာ္မွာပဲ။ ဟန္က်ၿပီ။ ဒီေလာက္ႀကီးတဲ့ ငါးကို တို႔လင္မယား ႏွစ္ေယာက္ ညစာ မနက္စာ ႏွစ္ႏွပ္စားႏိုင္ၿပီ” တံ ငါသည္ဟာ ဝမ္းသာအားရတစ္ေယာက္တည္း ေျပာေန တုန္းမွာ ငါးႀကီးက စကားေျပာသတဲ့။“ကြၽႏ္ုပ္ကို မသတ္ပါနဲ႔ဗ်ာ။ ကြၽႏ္ုပ္ကို ပင္လယ္ထဲ ျပန္ လႊတ္လိုက္ပါ”ငါးႀကီးရဲ႕ စကားေျပာသံကိုၾကားေတာ့ တံငါသည္ဟာ သိပ္အံ့ၾသသြားတာေပါ့ ။“အသင္ငါးလူ စကားေျပာတတ္တယ္ဟုတ္လား၊ လစ ေျပာတတ္တဲ့ငါးကို ကြၽႏ္ုပ္တစ္ခါမွ မေတြ႕ဖူးဘူး။ ကြၽႏ္ုပ္ လူမွန္ သိကတည္းက ငါးဖမ္းလာတာ၊ ဒီတစ္ခါပဲ ငါးက လူစကားေျပာတာ ၾကားဖူးတယ္”တံငါသည္က ထူးထူးဆန္းဆန္းေတြ႕ရလို႔ ေပ်ာ္ေနတယ္။“ဟုတ္ပါတယ္၊ ကြၽႏ္ုပ္ လူစကားေျပာတတ္ပါတယ္။ ဒါေၾကာင့္ ကြၽႏ္ုပ္ကို ပင္လယ္ထဲျပန္လႊတ္ေပးဖို႔” ေတာင္းပန္ေနတာေပါ့ဗ်ာ”လို႔ ေ႐ႊေရာင္ေတာက္ေနတဲ့ ငါးႀကီးက ထပ္ေျပာျပန္သတဲ့။ “ေအးဟုတ္တယ္၊ လူစကားေျပာတတ္တဲ့ ငါးကို ကြၽႏ္ုပ္ သတ္မစားသင့္ဘူး၊ ဒါေၾကာင့္ သင့္ကို ျပန္လႊတ္လိုက္ေတာ့မယ္”တံငါသည္က ပိုက္ကြန္ထဲမွ ငါးႀကီးကို ပင္လယ္ထဲျပန္လႊတ္ လိုက္တယ္။ညက်ေတာ့ တံငါသည္ဟာ သူ႔မိန္းမကို လူစကား ေျပာ တတ္တဲ့ ငါးႀကီးအေၾကာင္း ေျပာျပဖို႔ စဥ္းစားေနတယ္။ အဲဒီညက သူတို႔လင္မယားအတြက္ ဘာမွစားစရာ မရွိဘူး။ . “ရွင္…ဒီေန႔ ဘာငါးမွ မရခဲ့ဘူးလား”လို႔ သူ႔မိန္းမကေမးေတာ့..“ရတာေပါ့ကြာ၊ ဒါေပမယ့္ တစ္ေကာင္တည္းပါ၊ အဲ့ဒီ ငါးက လူစကားေျပာတတ္တယ္၊ ဒါေၾကာင့္ ငါမသတ္ရက္လို႔ ပင္လယ္ထဲကို ျပန္လႊတ္လိုက္တယ္”“ရွင္ မျဖစ္ႏိုင္တာေတြ လာမေျပာပါနဲ႔၊ ရွင္ အသုံးမက်လို႔ ငါးမရတာကို ေတြ႕ကရာ ေလွ်ာက္ေျပာေနတယ္ “လို႔ မိန္းမက အျပစ္တင္တယ္။ ”“မင္း မယုံရင္လ္ မတတ္ႏိုင္ဘူးကြာ၊ လူစကားေျပာတတ္ တဲ့ ငါးကို ငါ တကယ္ဖမ္းမိခဲ့တာပဲ၊ မင္းကိုငါ လိမ္ေျပာစရာ အေၾကာင္းမရွိပါဘူး”လို႔ တံငါသည္က ထပ္ေျပာသတဲ့။“ရွင္ အမွန္အတိုင္းေျပာေနတာဆိုရင္ေတာ့ ဒါဟာ အင္မတန္ ထူးဆန္းေနတာပဲ၊ အဲဒီ ငါးဟာ အစြမ္းသတၱိရွိမွာအမွန္ပဲ၊ ရွင္ သူ႔အသက္ကို မသတ္ရက္ဘဲ ျပန္လႊတ္လိုက္တဲ့အတြက္ သူက ရွင့္ကို ဘာေပးခဲ့သလဲ””ဘာမွ မေပးဘူးကြ၊ ပင္လယ္ထဲ ျပန္ဆင္းသြားတာပဲ” “ရွင္ကေကာ ဘာမွမေတာင္းဘူးလား” “ေတာင္းရေအာင္ သူက ဘာေပးႏိုင္မွာမို႔လဲ”“ေပးႏိုင္မွာေပါ့ ရွင္၊ သူက သာမန္ငါးမွမဟုတ္ဘဲ၊ ရွင္ ) သိပ္အေတာပဲ၊ ကြၽန္မတို႔ လင္မယားဒီလိုပဲ တစ္သက္လုံး ေျမႀကီးေပၚ “မွာပဲ အိပ္ေနရေတာ့မွာလား” -“ဒါျဖင့္ ငါက ဘာလုပ္ရမွာလဲ”“လြယ္ပါတယ္ရွင္၊ အဲ့ဒီငါးႀကီးကို တဲတစ္တဲေလာက္ေတာ့ ရေအာင္ လုပ္ေပးပါလို႔ေျပာေပါ့”တံငါ သည္ က သူ႔မယားရဲ႕ တိုက္တြန္းမႈေၾကာင့္ ေနာက္တစ္ ေန႔မနက္က်ေတာ့ ပင္လယ္ျပင္ကို တစ္ခါထပ္ၿပီး ထြက္လာခဲ့တယ္။မေန႔က သူအိပ္ ေပ်ာ္ခဲ့တဲ့ ေက်ာက္ေဆာင္ေပၚမွာ က်က်နနထိုင္ၿပီး လွမ္းေျပာလိုက္လ။“ပင္လယ္ထဲက လူစကားေျပာတဲ့ ေ႐ႊငါးႀကီး ကြၽႏ္ုပ္ဆီကို လာခဲ့” တံငါသည္က သုံးခြန္းတိတိလွမ္းေခၚတယ္။ သုံးခြန္းေခၚ လို႔မွ မရရင္ သူစိတ္ေလွ်ာ့လိုက္ေတာ့မွာေပါ့ ေလ။ သူ႔မိန္းမဟာ အဓိပၸာယ္မရွိတာေတြ ခိုင္းေနတယ္လို႔ သူက ထင္ေနတယ္။ဒါေပမယ့္ တတိယအခြန္း ေခၚ အၿပီးမွာ ေ႐ႊေရာင္ငါးႀကီး ဟာ ပင္လယ္ေရမ်က္ႏွာျပင္ေပၚမွာ ဦး ေခါင္းေဖာ္ၿပီး တံငါသည္ေရွ႕ကို ကူးလာခဲ့တယ္။“သင္ ဘာအလိုရွိသလဲ”လို႔ ေမးတယ္။ ဒီေတာ့ တံငါသည္က..“ကြၽႏ္ုပ္ဘာမွ မလိုပါဘူး၊ ဒါေပမယ့္ ကြၽႏ္ုပ္ မိန္းမက တဲကေလးနဲ႔ ေနခ်င္တယ္ဗ်ာ။ အဲဒါ ေ႐ႊငါးႀကီး လုပ္ေပးႏိုင္မလား”လို႔ ေမးလိုက္ေတာ့..”သင့္မိန္းမဆီကို ျပန္သြားပါ၊ တဲကေလးတစ္လုံးထဲမွာ သင့္မိန္းမကို ေတြ႕ရလိမ့္မယ္”လို႔ ေ႐ႊငါးႀကီးက ျပန္ေျပာၿပီး ပင္လယ္ထဲကို ျပန္ငုပ္သြား တယ္။တံငါသည္ဟာ သူတို႔အိပ္ေနက် သစ္ပင္ေအာက္ကို ျပန္ ေရာက္ေတာ့ သစ္ပင္နဲ႔ မနီးမေဝးမွာ ထူးထူးျခားျခား တဲကေလးတစ္ဘဲ ေတြ႕ရတယ္။အဲဒီတဲက အ သစ္စက္စက္ ေလာက္ကို မတိုင္းပဲ။ သပ္သပ္ရပ္ရပ္နဲ႔ ျပတင္းေပါက္ႏွစ္ေပါက္လဲပါေသးတယ္။ အိမ္ေရွ႕ တံခါးကို ပင္လယ္ျပာေရာင္ ေဆးသုတ္ထားၿပီးသား ေတြ႕ရတယ္။ကဲေနာက္ဘက္မွာလည္း ပန္းကေလးတစ္ခု ပါတယ္။ ပန္းၿခံကေလး ထဲမွာ ေရာင္စုံပန္းေတြ လွလွပပပြင့္ ေနတယ္။တံငါသည္ဟာ တဲထဲကို ဝင္သြားလိုက္တယ္။ အခန္းဖြဲ႕ ထားတာေတာ့ မရွိဘူး။ ျပတင္းေပါက္ကေန ေနေရာင္ျခည္ဟာ ထိ ကိုက်ေရာက္ေနတယ္။သူ႔ မိန္းမဟာ စားပြဲေဘးမွာ ထိုင္ေနတာကို ေတြ႕ရတယ္။“မင္း အခုေပ်ာ္သြားၿပီ မဟုတ္လား၊ မင္းလိုခ်င္တာ ျဖစ္သြား ၿပီေနာ္”လို႔ တံငါသည္က ေမးေတာ့ .“ေပ်ာ္တာေပါ့ ရွင္၊ တဲကေလးက သိပ္လွတာပဲ” – သူ႔မိန္းမက ဝမ္းသာအားရ ေျပာလိုက္သတဲ့။ဒီလိုနဲ႔ တံငါသည္ မိန္းမဟာ သူ႔ေယာက္်ားနဲ႔အတူ ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ ေနခဲ့ၾကတယ္။ တစ္ပတ္ေလာက္ၾကာေတာ့ တံငါသည္ဟာ ညမိုးခ်ဳပ္မွ ငါးဖမ္းရာက ျပန္လာတာေပါ့ကြယ္။ အဲဒီေတာ့ မိန္းမက ေျပာသတဲ့။“ကြၽန္မ ဒီတဲေလးမွာ ေနရတာ မေပ်ာ္ေတာ့ဘူး” ““ဘာျဖစ္လို႔လဲ”လို႔ တံငါသည္က ျပန္ေမးတာေပါ့ ။““ၾကက္မေတြဟာ ဥ,ဥၿပီးတိုင္း နားညည္းေအာင္ ဝိုင္းေအာ္ ၾကတယ္။ ေန႔လယ္ေန႔ခင္း ကြၽန္မ အိပ္ေနတုန္းမွာလဲ တဲထဲမွာေလွ်ာက္ၿပီး ပ်ံေျပးေနၾကတယ္” “ဒါ ျဖင့္ မင္းက ဘာလုပ္ခ်င္လဲ”“ကိုက္အိမ္ေကာင္းေကာင္းတစ္လုံးနဲ႔ ေနခ်င္ ဒါေၾကာင့္ ရွင့္ရဲ႕ လူစကားေျပာတတ္တဲ့ ေ႐ႊငါးႀကီးကို ျပန္”မင္း သိပ္ ရႈပ္တာပဲကြာ” လို႔ တံငါသည္က ညည္းညည္းညဴညဴ ေျပာလိုက္တယ္။ၿပီးေတာ့ ေနာက္တစ္ေန႔မွာ ပင္လယ္ျပင္က ေက်ာက္ေဆာင္ ေပၚ ထိုင္ၿပီး ေ႐ႊငါးႀကီးကိုေခၚသတဲ့။“ပင္လယ္ထဲက လူစကားေျပာတတ္တဲ့ ေ႐ႊငါးႀကီး၊ က်ပ္ သင့္ကို ေတြ႕ခ်င္ပါတယ္”လို႔ တံငါသည္က သုံးႀကိမ္သုံးခါ ေခၚလိုက္တယ္။မလာရင္လည္း သူ႔တဲကိုသူ ျပန္သြားေတာ့မယ္လို႔ ဆုံးျဖတ္ ထားတယ္။ဒါေပမယ့္ ေ႐ႊငါးႀကီးဟာ ပင္လယ္ေရထဲမွ ေခါင္းကေလး ေဖာ္ၿပီး ေပၚလာျပန္တယ္။“သင္ ဘာမ်ားအလိုရွိပါသလဲ” လို႔ ေ႐ႊငါးႀကီးကေမးေတာ့ တံငါသည္က.. “ကြၽႏ္ုပ္ ဘာမွ အလိုမရွိပါဘူး၊ ကြၽႏ္ုပ္မိန္းမက တိုက္အိမ္ေကာင္းေကာင္းနဲ႔ ေနခ်င္တယ္ဆိုလို႔ ခင္ဗ်ားဆီမွာ လာေတာင္းတာပါ။လို႔ ေျပာျပလိုက္တယ္။ ““သင့္ မိန္းမဆီကိုျပန္သြားပါ၊ တိုက္အိမ္ထဲမွာ သင့္မိန္းမကိုေတြရပါလိမ့္မယ္ “တံငါသည္ဟာ သူ႔တဲ့ ရွိရာကို ျပန္သြားခဲ့တယ္။ အစကမရွိေနခဲ့ရာမွာ တိုက္အိမ္ကေလးတစ္လုံး ျဖစ္ေန တယ္။တိုက္ရဲ႕ ေဘးဘက္ ျပတင္းေပါက္နားမွာ ႏွင္းဆီဥယ်ာဥ္ရွိ တယ္။ ႏွင္းဆီနံ႔ေတြဟာ အိမ္ထဲမွာ သင္းေနတာေပါ့။ တိုက္ေရွ႕မွာ လည္း အရိပ္ရတဲ့ သစ္ပင္ႀကီးေတြဟာ စီတန္းၿပီး ေပါက္ေနသတဲ့။တိုက္အိမ္ကို အရိပ္မိုးထားလို႔ ေအးျမေနတယ္။ တံခါးႏွစ္ ေပါက္ဟာ ေရွ႕တစ္ေပါက္ ေနာက္တစ္ေပါက္ရွိတယ္။ ျပတင္းေပါက္ ေျခာက္ေပါက္က တိုက္ရဲ႕ ေဘးတစ္ဖက္ တစ္ခ်က္ မွာ ရွိေနၾကတယ္။တံငါသည္ဟာ သူ႔မိန္းမကို တိုက္ထဲမွာ ေတြ႕လိုက္သတဲ့။“ကဲတိုက္အိမ္ကေလးနဲ႔ ေနရလို႔ အခု မင္းေပ်ာ္သြားၿပီ မ ဟုတ္လား”လို႔ တံငါသည္က ေမးလိုက္သတဲ့။“ေပ်ာ္တာေပါ့ရွင္၊ တိုက္ကေလးက လွလဲလွၿပီး အိမ္ေဘးက ဥယ်ာဥ္က ႏွင္းဆီပန္းနံ႔ေတြကလည္း ေမႊးတယ္။ ဒါေပမယ့္ အိမ္ထဲမွာ အခန္းဖြဲ႕ ထားတာေတြက သိပ္မက်ယ္ဘူးရွင့္”အဲဒီလို တံငါသည္ရဲ႕ မိန္းမက ျပန္ေျပာတယ္။ “ ဒါေပမယ့္ သူ႔မိန္းမဟာ ေပ်ာ္႐ႊင္ေနသတဲ့။ တစ္ပတ္ေလာက္ ၾကာေတာ့ သူ႔မိန္းမက ေျပာျပန္တယ္။“တိုက္လွလွေလးနဲ႔ ေနရတာေတာ့ ေကာင္းပါရဲ႕၊ ဒါေပမယ့္ ရွင္က တံငါသည္ျဖစ္ေနတဲ့အတြက္ ကြၽန္မကလဲ တံငါသည္မယားျဖစ္ေနတာေပါ့””ဘာျဖစ္လဲကြ၊ ဒါ ဟာ အ ဆန္းလား” “တံ ငါသည္မယားဆိုေတာ့ လူအထင္မႀကီးဘူးရွင့္၊ ႐ြာက လူေတြက ကြၽန္မကို သိပ္ၿပီးေခၚေျပာေျပာ မဆက္ဆံခ်င္ၾကဘူး၊ ဟိုက္နဲ႔ဟာပဲရွိဟ္၊ တံငါသည္မယားကို ဘယ္သူကမွ အေပါင္း မသင္းမလုပ္ၾကဘူး””ဒါျဖင့္ မင္းဘာျဖစ္ခ်င္လဲ” တံငါသည္က စိတ္ပ်က္လက္ပ်က္ျဖစ္ၿပီး ေမးလိုက္တာေပါ့။“ရွင့္ကို ဘုရင္ႀကီးျဖစ္ေစခ်င္တယ္။ ဒါဆို ကြၽန္မက မိဖုရား ႀကီးျဖစ္သြားမယ္။ နန္းေတာ္ႀကီးနဲ႔ေနၿပီး ဘာမဆိုလိုခ်င္တာ အ ကုန္ရ မယ္၊ အေစခံေတြ အေႁခြအရံေတြလဲ ျပည့္စုံမယ္၊ ကြၽန္မ ဘယ္ကိုပဲ သြားသြား တျခားမိန္းမေတြက အ႐ိုအေသျပဳၾကမယ္၊ ေလးေလး စားစား ဆက္ဆံၾကမယ္၊ သိပ္ေပ်ာ္စရာ ေကာင္းမွာပဲရွင့္”“ငါကေတာ့ ရွင္ဘုရင္ မျဖစ္ခ်င္ဘူးကြာ၊ ငါ ရွင္ဘုရင္လို မေနတတ္ဘူး၊ တံငါသည္ဘဝမွာပဲ ေပ်ာ္တယ္၊ သစ္ပင္ရိပ္က ေျမႀကီး ေပၚမွာပဲ ေနခ်င္တယ္”“ဒါေပမယ့္ ကြၽန္မကေတာ့ ဘုရင္မႀကီးျဖစ္ခ်င္တယ္ရွင့္” ဒါနဲ႔ပဲ တံငါ သည္ဟာ ေ႐ႊငါးႀကီးနဲ႔ ထပ္ေတြ႕ဖို႔ သြားရ သင့္ကို ေတြ႕ပါရေစ”“ပင္လယ္ထဲက လူစကားေျပာတတ္တဲ့ ေ႐ႊငါးႀကီး ကြၽႏ္ုပ္ လို႔ သုံးခြန္းတိတိ ေခၚ အၿပီးမွာ ေ႐ႊငါးႀကီးရဲ႕ ဦးေခါင္းဟာေရမ်က္ႏွာျပင္ေပၚမွာ ေပၚထြက္လာတယ္။ “သင္ ဘာကို အလိုရွိသလဲ” “ကြၽႏ္ုပ္ဘာကိုမွ မလိုခ်င္ပါဘူးဗ်ာ၊ဒါေပမယ့္ က်ဳပ္မိန္းမက | ဘုရင္မႀကီးျဖစ္ခ်င္သတဲ့” -“ေကာင္းၿပီး သင့္မိန္းမဆီ ျပန္သြားပါ၊ ‘ ဘုရင္မႀကီးျဖစ္ေန တာကို ေတြ႕ရပါလိမ့္မယ္ ။တံငါသည္က ျပန္လာခဲ့တယ္၊ တိုက္ေနရာမွာ နန္းေတာ္ႀကီး ျဖစ္ေနတယ္။ တံခါးဝမွာ တံခါးမႉးႏွစ္ေယာက္က သူကို အခန္းႀကီး တစ္ခန္းထဲကို ေခၚသြားၾကတယ္။ “ေ႐ႊသလြန္ေပၚမွာ သူ႔မိန္းမဟာ ေ႐ႊအက်ႌေတြနဲ႔ ထိုင္ေနတယ္။ သူ႔မိန္းမရဲ႕ ဦးေခါင္းေပၚမွာ စိန္စီထားတဲ့ သရဖူေဆာင္းထားတယ္။“မင္း အခုေပ်ာ္သြားၿပီး မဟုတ္လား ဘုရင္မႀကီး” လို႔ တံငါသည္က ေမးလိုက္ေတာ့ သူမိန္းမက“ေနရထိုင္ရတာ လြတ္လြတ္လပ္လပ္ မရွိဘူးရွင့္၊ ဝတ္ထား တဲ့ေ႐ႊ အက်ႌ ေ႐ႊထဘီေတြကလည္း အိုက္စပ္စပ္နဲ႔၊ စားရတာကလဲ ဟန္အမူအရာေလးနဲ႔၊ ၿပီးေတာ့ ေခါင္းေပၚမွာကလဲ သရဖူျပဳတ္မက်ေအာင္ မနည္းထိန္းထားရတယ္၊ စကားေျပာေတာ့လဲ ထီးသုံးနန္းသုံး စကားေတြမတတ္လို႔ အ ေျပာရခက္တယ္၊ ကြၽန္မ မေပ်ာ္ပါဘူးရွင္” လို႔ ေျပာသတဲ့။ေနာက္တစ္ေန႔ က်ေတာ့ တံငါသည္က ပင္လယ္ ေက်ာက္ေဆာင္ေပၚကို သြားထိုင္တယ္။“ပင္လယ္ထဲက လူစကားေျပာတဲ့ ေ႐ႊငါးႀကီးမင္း၊ ကြၽႏ္ုပ္ သင့္ကို ေတြ႕ခ်င္ပါတယ္”လို႔ သုံးႀကိမ္ေခၚအၿပီးမွာ ေ႐ႊငါးႀကီး ေပၚလာၿပီး “သင္ ဘာအလိုရွိပါသလဲလို႔ ေမးတယ္။“ကြၽႏ္ုပ္ မိန္းမက ဘုရင္မႀကီးဘဝမွာ မေပ်ာ္ပိုက္ဘူးလို႔ ေျပာပါတယ္ ။“ေကာင္းၿပီ၊ သင့္မိန္းမနဲ႔သင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနရပါလိမ့္ မယ္၊ ျပန္သြားပါ”တံငါသည္ဟာ ေ႐ႊနန္းေတာ္ႀကီးရွိခဲ့တဲ့ ေနရာကိုျပန္သြား တယ္။ ဒါေပမယ့္ ေ႐ႊနန္းေတာ္ႀကီးကို မေတြ႕ရေတာ့ဘူး။ သူ႔ မိန္းမ ဟာ သစ္ပင္ရိပ္က ေျမျပင္မွာ ထိုင္ေနတာကို ေတြ႕လိုက္ရတယ္။“ကဲ..ဘယ္ႏွယ္လဲ၊ မင္း ေက်နပ္သြားၿပီလား” လို႔ တံငါသည္က ေမးသတဲ့။ “အခုလို လြတ္လြတ္လပ္လပ္ေနရတာ အေပ်ာ္ဆုံးပါပဲ လို႔ သူ႔မိန္းမကို ျပန္ေျဖလိုက္တယ္။အဲဒီဘဝမွာပဲ သူတို႔လင္မယား ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနထိုင္ သြားၾကပါတယ္။