တံငါသည် နှင့် တံခါးမှူး

တစ်ခါတုန်းက ရှင်ဘုရင်တစ်ပါးမှာ ပထမဆုံးရင်သွေးရတနာ မွေးဖွားလာတော့ ဝမ်းမြောက်ဂုဏ်ယူသည့်အထိမ်းအမှတ်ဖြင့် အနီးဝန်းကျင် တိုင်းပြည်များမှရှင်ဘုရင်များ၊ မြို့စား ရွာစားနှင့် အခြားဂုဏ်သရေရှိပုဂ္ဂိုလ်များကို ဖိတ်ကြားကာ ဧည့်ခံပွဲကြီးတစ်ရပ်ကျင်းပရန် စီစဉ်သည် ။ ဧည့်သည်တော်များအားလုံး အလျှံပယ် တည်ခင်းကျွေးမွေးနိုင်ရန်အတွက် ဘုရင်မင်းမြတ် ကိုယ်တိုင်အနီးကပ် ကြီးကြပ်ကာ စောစော စီးစီး ကြိုကြိုတင်တင်ချက်ပြုတ်စေသည်။ငါးဟင်းလျာ တစ်ခုကိုသာ လတ်ဆတ်ချိုမြိန်မှု ရှိစေရန်အတွက် ပွဲတော်ကျင်းပမည့်ရက် မတိုင်မီနေ့တွင် ဖမ်း၍ရသည့်ငါးကိုမှ ချက်မည်ဟု ဆုံးဖြတ်စောင့်ဆိုင်းနေသည်။သို့သော် ကံဆိုးချင်တော့ အဲသည်နေ့တွင် လေကြီးမိုးကြီးကျကာ ပင်လယ်သို့ မည်သူမျှ ငါးဖမ်းမထွက်နိုင်ဘဲရှိလေသည်။နန်းတော်က တည်ခင်းသည့် ဧည့်ခံပွဲမဟာမှာငါးဟင်းလျာလေးတစ်ပွဲပင် မပါဘူး ဆိုလျှင်တော့အကြီးအကျယ် သိက္ခာကျတော့မည့်ဟု ရှင်ဘုရင်စိတ်ဓာတ်ကျကာ မှိုင်တွေ၍နေသည့်အခိုက် တံခါးမှူးကဧည့်သည်တစ်ယောက် ရောက်လာကြောင်း လာရောက်အကြောင်းကြားသည်။ဧည့်သည်က တံငါသည်၊ ပိုက်ကွန်ကိုထမ်းလျှက်ပိုက်ကွန်ထဲမှာ ဧရာမငါးကြီးတစ်ကောင်၊ ရှင်ဘုရင်ပွဲတော်အတွက် ငါးအရေးတကြီး လိုနေသည် ကြားသဖြင့် သူများ မထွက်းရဲသည့် ပင်လယ်ထဲ စွန့်စွန့်စားစား ထွက်ကာ ငါးသွားရှာ ခဲ့ခြင်းဖြစ်သည်..။ရှင်ဘုရင် ဝမ်းသားအံ့သြကာ စားဖိုမှူးအား ငါးဟင်းလျာ ချက်ပြုတ်ပြင်ဆင်စေဟု အမိန့်ပေးပြီးနောက်သည်လောက်တော်သည့် တံငါသည်ကို ဆုတော်လာဒ်တော် ချီးမြှင့်ဦးမှဟု ဆိုကာ နှစ်သက်ရာဆုကို တောင်းစေသည်။တံငါသည်က သူ့အား ကြိမ်ဒဏ်အချက်တစ်ရာ ချီးမြှင့်တော်မူပါဟု ဆိုသည့်အခါ ဘုရင် ဇဝေဇဝါ ဖြစ်သွားသည်။

နောက်တော့မှ အင်း..ခမျာ ခေါင်းသိပ်မကောင်းရှာဘူးထင်တယ်၊ ပြီးမှ ကြည့်စီစဉ်တာပေါ့ လောလောဆယ်တော့သူတောင်းတာ ပေးရမှာပဲဟု တွေးကာ လက်မရွံ့ကြိမ်ဆရာအား နာအောင်မရိုက်နဲ့ကွဟု ညွန်ကြားပြီး ကြိမ်ဒဏ်ဆုကို ချီးမြှင့်၏။ကြိမ်ဆရာက ကြိမ်ဒဏ်အချက်တစ် ရာဆုကို ခပ်သာသာချီးမြှင့်၍ အချက်ငါးဆယ် အရောက်တွင် တံငါသည်က ခဏရပ်ပါဦး ဆိုသဖြင့် ရပ်ပေးရသည်။တံငါသည်က “ကျွန် တော်က ငါးဆယ်ဆို တော်ပါပြီ၊ကျန်တဲ့ ငါးဆယ်ကို ကျွန်တော်၊ နန်းတော်စောင့်တံခါးမှူးကို ပေးပါ့မယ်လို့ ကတိပေးထားတာ ရှိလို့သူ့ကိုပဲ ဆက်ရိုက်ပါ” ဟု ဆိုသည့်အခါ ကြိမ်ဆရာနားမလည်နိုင်ဖြစ်ကာ ရှင့်ဘုရင့်ထံ ပြေး၍ တင်ပြသည်။ရှင်ဘုရင် လိုက်လာပြီး တံငါသည်အား မေးတော့သူ ပင်လယ်ထဲ ထွက်ဖမ်းပြီး ငါးရ၍ နန်းတော်သို့ ပို့ရန် အလာ နန်းတော်မှာ ငါးအသည်းအသန် လိုနေတာသိသော တံခါးမှူးက ဂိတ်ဝမှဆီး၍ တားထားကြောင်းရှင့်ဘုရင့်ထံမှရမည့် ဆုလာဒ်ကို သူ့အား တစ်ဝက်ခွဲပေးမှ နန်းတော်ပေါ် တက်ခွင့်ပြုမည် ဆိုသဖြင့် ပေးပါမည်ဟု ကတိပေးခဲ့ကြောင်း။ယခု ထိုကတိအတိုင်း ကြိမ်ဒဏ်အချက်ငါးဆယ်ကိုတံခါးမှူးအား ချီးမြှင့်ပေးပါရန် မေတ္တာရပ်ခံခြင်းဖြစ် ကြောင်း ရှင်းလင်း လျှောက်ထားသည်။ရှင်ဘုရင်က ကောင်းကောင်း သဘောပေါက်သွားကာတံခါးမှူးအား ကြိမ်ဒဏ် အချက်ငါးဆယ်ကို ပြည့်ပြည့်ဝဝကြီး ချီးမြှင့်ရန် ကြိမ်ဆရာကို ညွန်ကြားပြီး ကြိမ်ဒဏ်ခံယူ အပြီးတွင် ရာထူးမှ ဖယ်ရှားလိုက်သည်။တံငါသည်ကိုမူ ဆုတော်ငွေ ထိုက်တန်စွာ ချီးမြှင့်ပြီးပွဲတော်ကြီးတွင်လည်း အထူးဧည့်သည်တော်တစ်ဦးအနေဖြင့် ဆင်နွှဲသုံးဆောင် စေခဲ့လေသည်။သည်ပုံပြင်လေးကိုဖတ်ကာ ခွဲခြမ်းစိတ်ဖြာ စဉ်းစားသူကဘယ်လိုကောက်ချက်မျိုးတွေ ချမည်လဲ၊ကျွန်တော် တွေးမိသည်။ ကိုးကား – ဆရာဖေမြင့်၏ (တန်ဖိုးထားအပ်သော အရာများ)စာအုပ်မှ )

Credit – Argyi

[zawgyi]

တစ္ခါတုန္းက ရွင္ဘုရင္တစ္ပါးမွာ ပထမဆုံးရင္ေသြးရတနာ ေမြးဖြားလာေတာ့ ဝမ္းေျမာက္ဂုဏ္ယူသည့္အထိမ္းအမွတ္ျဖင့္ အနီးဝန္းက်င္ တိုင္းျပည္မ်ားမွရွင္ဘုရင္မ်ား၊ ၿမိဳ႕စား ႐ြာစားႏွင့္ အျခားဂုဏ္သေရရွိပုဂၢိဳလ္မ်ားကို ဖိတ္ၾကားကာ ဧည့္ခံပြဲႀကီးတစ္ရပ္က်င္းပရန္ စီစဥ္သည္ ။ ဧည့္သည္ေတာ္မ်ားအားလုံး အလွ်ံပယ္ တည္ခင္းေကြၽးေမြးႏိုင္ရန္အတြက္ ဘုရင္မင္းျမတ္ ကိုယ္တိုင္အနီးကပ္ ႀကီးၾကပ္ကာ ေစာေစာ စီးစီး ႀကိဳႀကိဳတင္တင္ခ်က္ျပဳတ္ေစသည္။ငါးဟင္းလ်ာ တစ္ခုကိုသာ လတ္ဆတ္ခ်ိဳၿမိန္မႈ ရွိေစရန္အတြက္ ပြဲေတာ္က်င္းပမည့္ရက္ မတိုင္မီေန႔တြင္ ဖမ္း၍ရသည့္ငါးကိုမွ ခ်က္မည္ဟု ဆုံးျဖတ္ေစာင့္ဆိုင္းေနသည္။သို႔ေသာ္ ကံဆိုးခ်င္ေတာ့ အဲသည္ေန႔တြင္ ေလႀကီးမိုးႀကီးက်ကာ ပင္လယ္သို႔ မည္သူမွ် ငါးဖမ္းမထြက္ႏိုင္ဘဲရွိေလသည္။နန္းေတာ္က တည္ခင္းသည့္ ဧည့္ခံပြဲမဟာမွာငါးဟင္းလ်ာေလးတစ္ပြဲပင္ မပါဘူး ဆိုလွ်င္ေတာ့အႀကီးအက်ယ္ သိကၡာက်ေတာ့မည့္ဟု ရွင္ဘုရင္စိတ္ဓာတ္က်ကာ မႈိင္ေတြ၍ေနသည့္အခိုက္ တံခါးမႉးကဧည့္သည္တစ္ေယာက္ ေရာက္လာေၾကာင္း လာေရာက္အေၾကာင္းၾကားသည္။ဧည့္သည္က တံငါသည္၊ ပိုက္ကြန္ကိုထမ္းလွ်က္ပိုက္ကြန္ထဲမွာ ဧရာမငါးႀကီးတစ္ေကာင္၊ ရွင္ဘုရင္ပြဲေတာ္အတြက္ ငါးအေရးတႀကီး လိုေနသည္ ၾကားသျဖင့္ သူမ်ား မထြက္းရဲသည့္ ပင္လယ္ထဲ စြန္႔စြန္႔စားစား ထြက္ကာ ငါးသြားရွာ ခဲ့ျခင္းျဖစ္သည္..။ရွင္ဘုရင္ ဝမ္းသားအံ့ၾသကာ စားဖိုမႉးအား ငါးဟင္းလ်ာ ခ်က္ျပဳတ္ျပင္ဆင္ေစဟု အမိန္႔ေပးၿပီးေနာက္သည္ေလာက္ေတာ္သည့္ တံငါသည္ကို ဆုေတာ္လာဒ္ေတာ္ ခ်ီးျမႇင့္ဦးမွဟု ဆိုကာ ႏွစ္သက္ရာဆုကို ေတာင္းေစသည္။တံငါသည္က သူ႔အား ႀကိမ္ဒဏ္အခ်က္တစ္ရာ ခ်ီးျမႇင့္ေတာ္မူပါဟု ဆိုသည့္အခါ ဘုရင္ ဇေဝဇဝါ ျဖစ္သြားသည္။ေနာက္ေတာ့မွ အင္း..ခမ်ာ ေခါင္းသိပ္မေကာင္းရွာဘူးထင္တယ္၊ ၿပီးမွ ၾကည့္စီစဥ္တာေပါ့ ေလာေလာဆယ္ေတာ့သူေတာင္းတာ ေပးရမွာပဲဟု ေတြးကာ လက္မ႐ြံ႕ႀကိမ္ဆရာအား နာေအာင္မ႐ိုက္နဲ႔ကြဟု ၫြန္ၾကားၿပီး ႀကိမ္ဒဏ္ဆုကို ခ်ီးျမႇင့္၏။ႀကိမ္ဆရာက ႀကိမ္ဒဏ္အခ်က္တစ္ ရာဆုကို ခပ္သာသာခ်ီးျမႇင့္၍ အခ်က္ငါးဆယ္ အေရာက္တြင္ တံငါသည္က ခဏရပ္ပါဦး ဆိုသျဖင့္ ရပ္ေပးရသည္။တံငါသည္က “ကြၽန္ ေတာ္က ငါးဆယ္ဆို ေတာ္ပါၿပီ၊က်န္တဲ့ ငါးဆယ္ကို ကြၽန္ေတာ္၊ နန္းေတာ္ေစာင့္တံခါးမႉးကို ေပးပါ့မယ္လို႔ ကတိေပးထားတာ ရွိလို႔သူ႔ကိုပဲ ဆက္႐ိုက္ပါ” ဟု ဆိုသည့္အခါ ႀကိမ္ဆရာနားမလည္ႏိုင္ျဖစ္ကာ ရွင့္ဘုရင့္ထံ ေျပး၍ တင္ျပသည္။ရွင္ဘုရင္ လိုက္လာၿပီး တံငါသည္အား ေမးေတာ့သူ ပင္လယ္ထဲ ထြက္ဖမ္းၿပီး ငါးရ၍ နန္းေတာ္သို႔ ပို႔ရန္ အလာ နန္းေတာ္မွာ ငါးအသည္းအသန္ လိုေနတာသိေသာ တံခါးမႉးက ဂိတ္ဝမွဆီး၍ တားထားေၾကာင္းရွင့္ဘုရင့္ထံမွရမည့္ ဆုလာဒ္ကို သူ႔အား တစ္ဝက္ခြဲေပးမွ နန္းေတာ္ေပၚ တက္ခြင့္ျပဳမည္ ဆိုသျဖင့္ ေပးပါမည္ဟု ကတိေပးခဲ့ေၾကာင္း။ယခု ထိုကတိအတိုင္း ႀကိမ္ဒဏ္အခ်က္ငါးဆယ္ကိုတံခါးမႉးအား ခ်ီးျမႇင့္ေပးပါရန္ ေမတၱာရပ္ခံျခင္းျဖစ္ ေၾကာင္း ရွင္းလင္း ေလွ်ာက္ထားသည္။ရွင္ဘုရင္က ေကာင္းေကာင္း သေဘာေပါက္သြားကာတံခါးမႉးအား ႀကိမ္ဒဏ္ အခ်က္ငါးဆယ္ကို ျပည့္ျပည့္ဝဝႀကီး ခ်ီးျမႇင့္ရန္ ႀကိမ္ဆရာကို ၫြန္ၾကားၿပီး ႀကိမ္ဒဏ္ခံယူ အၿပီးတြင္ ရာထူးမွ ဖယ္ရွားလိုက္သည္။တံငါသည္ကိုမူ ဆုေတာ္ေငြ ထိုက္တန္စြာ ခ်ီးျမႇင့္ၿပီးပြဲေတာ္ႀကီးတြင္လည္း အထူးဧည့္သည္ေတာ္တစ္ဦးအေနျဖင့္ ဆင္ႏႊဲသုံးေဆာင္ ေစခဲ့ေလသည္။သည္ပုံျပင္ေလးကိုဖတ္ကာ ခြဲျခမ္းစိတ္ျဖာ စဥ္းစားသူကဘယ္လိုေကာက္ခ်က္မ်ိဳးေတြ ခ်မည္လဲ၊ကြၽန္ေတာ္ ေတြးမိသည္။ ကိုးကား – ဆရာေဖျမင့္၏ (တန္ဖိုးထားအပ္ေသာ အရာမ်ား)စာအုပ္မွ )