တွင်းတူးသောကြွက်နှင့် တွင်းမတူးသောကြွက်

တစ်ခါတုန်းက တောင်ပို့ရ်လေးတစ်ခုမှာ ကြွက်မိတ်ဆွေ နှစ်ကောင်နဲ့အခြားကြွက်များ နေထိုင်ကြပါတယ်။ ကြွက်မိတ်ဆွေ နှစ်ကောင်က တော့ တစ်ကောင်က မိမိဘဝရပ်တည်မှုအတွက် လုံခြုံမှုရစေဖို့ တွင်းကို ကိုယ်တိုင်တူးပြီး အခြားကြွက်တွေလို နေသတဲ့။တစ်ကောင်က တော့ ကိုယ်တိုင် တွင်းမတူးပဲ သူများတူးထားတဲ့ တွင်းအဟောင်းတွေမှာပဲ လိုက်ပြီး ခိုအောင်းနေတဲ့ ကြွက်ဖျင်းတစ်ကောင်ပါတဲ့လေ။ တွင်း တူးပြီးဖို့မလို တွင်းဟောင်းတွေ ခိုနေမယ်လို့တွေးထားတာပါ။ကြွက်ဖျင်းက သူ့ကိုယ့်သူ သက်သာရာရှာချင်တာကြောင့် ခုလို နေပါသတဲ့။ သူများတွေ ပင်ပန်းကြီးစွာ နေစရာ တွင်းတူးနေချိန်မှာ သူကတော့ အစာလေးစားပြီး နှပ်နေရတယ်လို့သူက တွေးပါတယ်။ မိတ်ဆွေ ကြွက်ကလေးကိုလည်း သူတို့နေတတ်ဖို့စည်းရုံးပါသေးတယ်။လုံ့လနဲ့အမျှော်မြင် ရှိတဲ့ ကြွက်ကတော့ ကြွက်ဖျင်းဘယ်လို ပြောပြော နားမထောင်ပါဘူး။ သူ့အလုပ်ကိုပဲ သူအာရုံစိုက် လုပ်နေတာပေါ့။ ငါ့တွင်းဟာ ငါ့အတွက်သာ မဟုတ် အခြားသော ကြွက်တွေအတွက်လည်း နားခိုစရာလေး ဖြစ်လာမယ်လို့လည်း ခံယူထားပါတယ်။ဒါ့အပြင် ငါခုလိုတူးနေတာ အပန်းမကြီးပါဘူး။ ဒါဟာ ငါ့အတွက် တွင်းတူးနေကျဖြစ်လို့ အ လေ့အကျင့်တောင်ရနေပါတယ်။ အများလိုပဲ တွင်းတစ်တွင်းကို ငါလည်း အမြန်တူးနိုင်တာပေါ့လို့ ကြွက်ဖျင်းကို ပြောပြခဲ့တာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ကြွက်တို့နေထိုင်ရာ တောင်ပို့လေး ပြိုကျပါတော့တယ်။ ဒီချိန်မှာ ကြွက်အားလုံးဟာ ဘဝကို တစ်ကပြန်စကြရတာပေါ့။

ကြွက်တိုင်းလိုလိုဟာ သူတို့နေထိုင်ရာတွင်းကို တူးနိုင်ကြပေမယ့် အမြဲရေသာခိုပြီး အချောင်နေတတ်တဲ့ ကြွက်ဖျင်းခမျာ မှာတော့ တွင်းလည်း မတူးတတ်၊ နေစရာနေရာ တွင်းဟောင်းတွေလည်း ရှာမရတော့ အခက်တွေ့ပြီး နောင်တတွေ ရနေတာပေါ့။ဒီလိုနဲ့အခြားကြွက်တွေဆီမှာ သူလည်း နေပါရစေဆိုပြီး အသနားခံပေမယ့် သူ့လိုကြွက်ဖျင်း တစ်ကောင်ကိုဘယ်ကြွက်တွေကမှ လက်မခံပါဘူး။ မိမိမှာ လုပ်နိုင်စွမ်း ရှိရဲ့နဲ့မလုပ်ပဲ အချောင်နေချင်တဲ့ ကြွက်ဖျင်းကို ငါတို့တွေ မသနားလို့ပြောလွှတ်ကုန်ပါသတဲ့။နောက်ဆုံး လုံလနဲ့အမျှော်မြင်ရှိတဲ့ ကြွက်ကလေးဟာ ကြွက်ဖျင်းလေးကို ခေါ်ပြီး သူ့ကြွင်းမှာ ထားသတဲ့။ သူ့အတွက်တော့ သူ့တွင်းဟာ တခြားသူတွေ အတွက်ဆိုတဲ့ စကားကို သက်သေပြလိုက်တာပါပဲ။ကျန်တဲ့ ကြွက်တွေလည်း လုံလရှိတဲ့ ကြွက်ကလေးကို လေးစားလွန်းလို့ အစာပိုတွေ သယ်လာပြီး ပေးကြတာပေါ့။ကြွက်ဖျင်းလေးလည်း ဒီဖြစ်ရပ်တွေ ကြည့်ပြီး အများလို မကျင့်ကြံခဲ့လို အများရဲ့ အလေးထားမှုကို ငါဆုံးရှုံးလိုက်ရတာ ပါလားလို့တွေးမိသွားပါတယ်။ရေသာခို နေခြင်းဟာ မကောင်းပါလား၊ ခဏတာ သာယာမှုရပေမယ့် ရေရှည်မှာ ဆိုးရွားစေတယ်ဆိုတာ ကြွက်ဖျင်းတစ်ကောင် ကောင်းကောင်းနားလည်ပြီး နောင်တတွေ တစ်ပုံကြီးရသွားပါတယ်။ငါဟာ တွင်းမတူးတဲ့ ကြွက်ဖျင်းပဲ။ တွင်းတူးတဲ့ ကြွက်တစ်ကောင်ဖြစ်အောင် ငါယနေ့မှ စပြီး ပြင်ဆင်ရတော့မယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်။လောကမှာ ကိုယ့်တွင်း ကိုယ်တူးခြင်းသာ ကောင်းပါပေတယ် ဆိုတာကို ကြွက်ဖျင်း တစ်ကောင် သဘောပေါက်ခဲ့ပါတယ်။အတွေးတစ်ခုရပါစေ..။

Credit -YGN news

[zawgyi]

တစ္ခါတုန္းက ေတာင္ပို႔ရ္ေလးတစ္ခုမွာ ႂကြက္မိတ္ေဆြ ႏွစ္ေကာင္နဲ႔အျခားႂကြက္မ်ား ေနထိုင္ၾကပါတယ္။ ႂကြက္မိတ္ေဆြ ႏွစ္ေကာင္က ေတာ့ တစ္ေကာင္က မိမိဘဝရပ္တည္မႈအတြက္ လုံၿခဳံမႈရေစဖို႔ တြင္းကို ကိုယ္တိုင္တူးၿပီး အျခားႂကြက္ေတြလို ေနသတဲ့။တစ္ေကာင္က ေတာ့ ကိုယ္တိုင္ တြင္းမတူးပဲ သူမ်ားတူးထားတဲ့ တြင္းအေဟာင္းေတြမွာပဲ လိုက္ၿပီး ခိုေအာင္းေနတဲ့ ႂကြက္ဖ်င္းတစ္ေကာင္ပါတဲ့ေလ။ တြင္း တူးၿပီးဖို႔မလို တြင္းေဟာင္းေတြ ခိုေနမယ္လို႔ေတြးထားတာပါ။ႂကြက္ဖ်င္းက သူ႔ကိုယ့္သူ သက္သာရာရွာခ်င္တာေၾကာင့္ ခုလို ေနပါသတဲ့။ သူမ်ားေတြ ပင္ပန္းႀကီးစြာ ေနစရာ တြင္းတူးေနခ်ိန္မွာ သူကေတာ့ အစာေလးစားၿပီး ႏွပ္ေနရတယ္လို႔သူက ေတြးပါတယ္။ မိတ္ေဆြ ႂကြက္ကေလးကိုလည္း သူတို႔ေနတတ္ဖို႔စည္း႐ုံးပါေသးတယ္။လုံ႔လနဲ႔အေမွ်ာ္ျမင္ ရွိတဲ့ ႂကြက္ကေတာ့ ႂကြက္ဖ်င္းဘယ္လို ေျပာေျပာ နားမေထာင္ပါဘူး။ သူ႔အလုပ္ကိုပဲ သူအာ႐ုံစိုက္ လုပ္ေနတာေပါ့။ ငါ့တြင္းဟာ ငါ့အတြက္သာ မဟုတ္ အျခားေသာ ႂကြက္ေတြအတြက္လည္း နားခိုစရာေလး ျဖစ္လာမယ္လို႔လည္း ခံယူထားပါတယ္။ဒါ့အျပင္ ငါခုလိုတူးေနတာ အပန္းမႀကီးပါဘူး။ ဒါဟာ ငါ့အတြက္ တြင္းတူးေနက်ျဖစ္လို႔ အ ေလ့အက်င့္ေတာင္ရေနပါတယ္။ အမ်ားလိုပဲ တြင္းတစ္တြင္းကို ငါလည္း အျမန္တူးႏိုင္တာေပါ့လို႔ ႂကြက္ဖ်င္းကို ေျပာျပခဲ့တာေပါ့။ ဒီလိုနဲ႔ တစ္ေန႔မွာ ႂကြက္တို႔ေနထိုင္ရာ ေတာင္ပို႔ေလး ၿပိဳက်ပါေတာ့တယ္။ ဒီခ်ိန္မွာ ႂကြက္အားလုံးဟာ ဘဝကို တစ္ကျပန္စၾကရတာေပါ့။ႂကြက္တိုင္းလိုလိုဟာ သူတို႔ေနထိုင္ရာတြင္းကို တူးႏိုင္ၾကေပမယ့္ အၿမဲေရသာခိုၿပီး အေခ်ာင္ေနတတ္တဲ့ ႂကြက္ဖ်င္းခမ်ာ မွာေတာ့ တြင္းလည္း မတူးတတ္၊ ေနစရာေနရာ တြင္းေဟာင္းေတြလည္း ရွာမရေတာ့ အခက္ေတြ႕ၿပီး ေနာင္တေတြ ရေနတာေပါ့။ဒီလိုနဲ႔အျခားႂကြက္ေတြဆီမွာ သူလည္း ေနပါရေစဆိုၿပီး အသနားခံေပမယ့္ သူ႔လိုႂကြက္ဖ်င္း တစ္ေကာင္ကိုဘယ္ႂကြက္ေတြကမွ လက္မခံပါဘူး။ မိမိမွာ လုပ္ႏိုင္စြမ္း ရွိရဲ႕နဲ႔မလုပ္ပဲ အေခ်ာင္ေနခ်င္တဲ့ ႂကြက္ဖ်င္းကို ငါတို႔ေတြ မသနားလို႔ေျပာလႊတ္ကုန္ပါသတဲ့။ေနာက္ဆုံး လုံလနဲ႔အေမွ်ာ္ျမင္ရွိတဲ့ ႂကြက္ကေလးဟာ ႂကြက္ဖ်င္းေလးကို ေခၚၿပီး သူ႔ႂကြင္းမွာ ထားသတဲ့။ သူ႔အတြက္ေတာ့ သူ႔တြင္းဟာ တျခားသူေတြ အတြက္ဆိုတဲ့ စကားကို သက္ေသျပလိုက္တာပါပဲ။က်န္တဲ့ ႂကြက္ေတြလည္း လုံလရွိတဲ့ ႂကြက္ကေလးကို ေလးစားလြန္းလို႔ အစာပိုေတြ သယ္လာၿပီး ေပးၾကတာေပါ့။ႂကြက္ဖ်င္းေလးလည္း ဒီျဖစ္ရပ္ေတြ ၾကည့္ၿပီး အမ်ားလို မက်င့္ႀကံခဲ့လို အမ်ားရဲ႕ အေလးထားမႈကို ငါဆုံးရႈံးလိုက္ရတာ ပါလားလို႔ေတြးမိသြားပါတယ္။ေရသာခို ေနျခင္းဟာ မေကာင္းပါလား၊ ခဏတာ သာယာမႈရေပမယ့္ ေရရွည္မွာ ဆိုး႐ြားေစတယ္ဆိုတာ ႂကြက္ဖ်င္းတစ္ေကာင္ ေကာင္းေကာင္းနားလည္ၿပီး ေနာင္တေတြ တစ္ပုံႀကီးရသြားပါတယ္။ငါဟာ တြင္းမတူးတဲ့ ႂကြက္ဖ်င္းပဲ။ တြင္းတူးတဲ့ ႂကြက္တစ္ေကာင္ျဖစ္ေအာင္ ငါယေန႔မွ စၿပီး ျပင္ဆင္ရေတာ့မယ္လို႔ဆုံးျဖတ္လိုက္ပါေတာ့တယ္။ေလာကမွာ ကိုယ့္တြင္း ကိုယ္တူးျခင္းသာ ေကာင္းပါေပတယ္ ဆိုတာကို ႂကြက္ဖ်င္း တစ္ေကာင္ သေဘာေပါက္ခဲ့ပါတယ္။အေတြးတစ္ခုရပါေစ..။