ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ မြန်မာပြည်က ဘာမြူဒါ (သို့မဟုတ်) ပြန်လမ်းမဲ့ရေကန်

ဘာမြူဒါ ဆိုရင် အဖြေရှာဖို့ခက်ခဲတဲ့ ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ နေရာလို့ အားလုံးသိပြီးဖြစ်မှာပါ။အဓိကကတော့ အဲဒီနေရာကို ဖြတ် သန်းသွားတဲ့ သင်္ဘောတွေလေယာဉ်တွေ အစအနမကျန်ပဲ ပျောက်ပျောက်သွားတတ်လို့ပါပဲ။ဘာမြူဒါတြိဂံလိုပဲ နေရာတစ်ခုမြန်မာနိုင်ငံမှာ ရှိတယ်လို့ ဆိုရင် မသိသေးသူများ အံသြသွားနိုင်ပါတယ်။ဟုတ်ပါတယ်။ ဘာမြူဒါနဲ့ခပ်ဆင်ဆင်တူတဲ့ ပြန်လမ်းမဲ့ရေကန်လို့ အမည်ပေးထားတဲ့ ရေကန်တစ်ခုဟာ အိန္ဒိယမြန်မာနယ်စပ် နာဂဒေသ မြန်မာ့မြေပေါ်မှာ တည်ရှိနေပါတယ်။ဒေသခံတွေကတော့ ဒီကန်ကို သူတို့ဘာသာစကားနဲ့ နောင်ယန်းအင်း လို့ ခေါ်ပြီး အများဆုံးသိကြတဲ့နာမည်ကတော့ The Lake Of No Return (ပြန်လမ်းမဲ့ရေကန်) ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းက လက်နက်ခဲယမ်း နဲ့ အသုံးအဆောင်ပစ္စည်းတွေသယ်ဆောင်ဖို့ ဖောက်လုပ်ထားတဲ့ လီဒိုလမ်းမကြီး(သို့) အိန္ဒိယ-တရုတ်-မြန်မာ လမ်း ရဲ့ဘေး ပန်ဆောင်ကျေးရွာ အနီးမှာ တည်ရှိနေတဲ့ကန်ဖြစ်ပါတယ်။မှတ်တမ်းများအရ ဒီကန်ကို ဖြတ်သန်းသွားခဲ့တဲ့ မဟာမိတ် အမေရိကန်လေယာဉ်ပေါင်းများစွာ ဟာ ပျောက်ဆုံးခဲ့ဖူးပါတယ်။တကယ်တော့ လေယာဉ်တွေဟာ ရေကန်ထဲကို ပျက်ကျခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခါကတော့ ဒါဇင်ပေါင်းများစွာပါတဲ့ ဂျပန်စစ်တပ်တစ်တပ်ဖြစ်ပါတယ်။စစ်ရှုံးနိမ့်ပြီးထွက်ပြေးလာတဲ့ ဂျပန်စစ်တပ်ဟာ မျက်စိလည်ပြီး ဒီနေရာကိုရောက်တဲ့အခါ စခန်းချခဲ့ပါတယ်။အဲဒီစခန်းချစဉ်ရက်ပိုင်းအတွင်းမှာပဲ ငှက်ဖျားရောဂါအပြင်းအထန်ကူးစက်ခံရပြီး အားလုံးသေဆုံးကုန်ကြပါတယ်။

ဒီကန်ရဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့် မဟာမိတ်အမေရိကန်စစ်ခေါင်းဆောင်တွေဟာ ဒီကန်ကို စစ်ဆေးဖို့ စစ်သားတချို့ကိုစေလွှတ်ခဲ့ပါတယ်။ဒါပေမယ့် အဲဒီစစ်သားတွေအားလုံးလည်း ထူးဆန်းစွာသေဆုံးကုန်ကြပြန်ပါတယ်။၁၉၄၂တုန်းကလည်း ဗြိတိန်စစ်သားတွေဟာ ထွက် ပြေးရင်း ဒီကန်နေရာမှာ နုံးတွေကျွံပြီး ပျောက်ဆုံးကုန်ကြပြန်ပါတယ်။စာရေးသူတစ်ယောက်ကလည်း ဒီနေရာမှာ ပျောက်ဆုံးသွားတဲ့ အစ္စ ရေးလူမျိုးတစ်မျိုးစု တစ်စု ပုန်းအောင်းနေတယ်လို့ ဆိုပါတယ်။ရှေးဒေသခံတွေအနေနဲ့တော့ ဒီကန်ဟာ နတ်ဘီလူးတွေရှိနေတဲ့ကန်လို့ ယုံ ကြည်နေကြပြီး ဒီကန်ထဲကငါးတွေကိုဘေးမဲ့ပေးထားကြပါတယ်။ဒီကန်ဟာ နဂါးတွေနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ ပုံပြင် ဒဏ္ဍာရီတွေလည်း ရှိပါတယ်။သုတေသနပညာရှင်တွေကတော့ လေယာဉ်တွေပျက်ကျခဲ့တဲ့အကြောင်းဟာ လေယာဉ်မှူးတွေဟာ ဒီနေရာက နုန်းမြေပေါ်ကိုအရေးပေါ် ဆင်းသက်ခဲ့တာကြောင့် အန္တရယ်ထဲကျရောက်ပြီး ပျက်ကြခဲ့ခြင်းဖြစ်တယ် လို့ ဆိုပါတယ်။ဒီလိုထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတာကြောင့် ဒီကန်ကို ပြန်လမ်းမဲ့ရေကန် ( The Lake Of No Return) လို့ အမည်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ဒီကန်ရဲ့အကျယ်ကတော့ အလျှား ၁.၄ကီလိုမီတာ အနံ ဝ.၈ကီလိုမီတာဖြစ်ပါတယ်။လီဒိုလမ်းမကြီးနဲ့ ၂.၅ကီလိုမီတာ အကွာမှာ တည်ရှိတာပဲဖြစ်ပါတယ်။ဒီနေရာကို မြန်မာနိုင်ငံဘက်ကနေ သွားလာရအနည်းငယ်ခက်ပြီး အိန္ဒိယဘက်ကတော့ လွယ်ကူပြီး မြန်မာ့ပိုင်နက်ထဲမှာပါဝင်နေပေမယ့်ကမ္ဘာလှည့်ခရီးသွားတွေမကြာခဏလာလေ့ရှိကာ အိန္ဒိယရဲ့ ဘာမြူဒါလို့ နာမည်ကြီးပါတယ်။

Credit – မူရင်း

[zawgyi]

ဘာျမဴဒါ ဆိုရင္ အေျဖရွာဖို႔ခက္ခဲတဲ့ ထူးဆန္းမႈေတြျပည့္ႏွက္ေနတဲ့ ေနရာလို႔ အားလုံးသိၿပီးျဖစ္မွာပါ။အဓိကကေတာ့ အဲဒီေနရာကို ျဖတ္သန္းသြားတဲ့ သေဘၤာေတြေလယာဥ္ေတြ အစအနမက်န္ပဲ ေပ်ာက္ေပ်ာက္သြားတတ္လို႔ပါပဲ။ဘာျမဴဒါႀတိဂံလိုပဲ ေနရာတစ္ခုျမန္မာႏိုင္ငံမွာ ရွိတယ္လို႔ ဆိုရင္ မသိေသးသူမ်ား အံၾသသြားႏိုင္ပါတယ္။ဟုတ္ပါတယ္။ ဘာျမဴဒါနဲ႔ခပ္ဆင္ဆင္တူတဲ့ ျပန္လမ္းမဲ့ေရကန္လို႔ အမည္ေပးထားတဲ့ ေရကန္တစ္ခုဟာ အိႏၵိယျမန္မာနယ္စပ္ နာဂေဒသ ျမန္မာ့ေျမေပၚမွာ တည္ရွိေနပါတယ္။ေဒသခံေတြကေတာ့ ဒီကန္ကို သူတို႔ဘာသာစကားနဲ႔ ေနာင္ယန္းအင္း လို႔ ေခၚၿပီး အမ်ားဆုံးသိၾကတဲ့နာမည္ကေတာ့ The Lake Of No Return (ျပန္လမ္းမဲ့ေရကန္) ျဖစ္ပါတယ္။ဒုတိယကမာၻစစ္အတြင္းက လက္နက္ခဲယမ္း နဲ႔ အသုံးအေဆာင္ပစၥည္းေတြသယ္ေဆာင္ဖို႔ ေဖာက္လုပ္ထားတဲ့ လီဒိုလမ္းမႀကီး(သို႔) အိႏၵိယ-တ႐ုတ္-ျမန္မာ လမ္း ရဲ႕ေဘး ပန္ေဆာင္ေက်း႐ြာ အနီးမွာ တည္ရွိေနတဲ့ကန္ျဖစ္ပါတယ္။မွတ္တမ္းမ်ားအရ ဒီကန္ကို ျဖတ္သန္းသြားခဲ့တဲ့ မဟာမိတ္ အေမရိကန္ေလယာဥ္ေပါင္းမ်ားစြာ ဟာ ေပ်ာက္ဆုံးခဲ့ဖူးပါတယ္။တကယ္ေတာ့ ေလယာဥ္ေတြဟာ ေရကန္ထဲကို ပ်က္က်ခဲ့တာျဖစ္ပါတယ္။ ေနာက္တစ္ခါကေတာ့ ဒါဇင္ေပါင္းမ်ားစြာပါတဲ့ ဂ်ပန္စစ္တပ္တစ္တပ္ျဖစ္ပါတယ္။စစ္ရႈံးနိမ့္ၿပီးထြက္ေျပးလာတဲ့ ဂ်ပန္စစ္တပ္ဟာ မ်က္စိလည္ၿပီး ဒီေနရာကိုေရာက္တဲ့အခါ စခန္းခ်ခဲ့ပါတယ္။အဲဒီစခန္းခ်စဥ္ရက္ပိုင္းအတြင္းမွာပဲ ငွက္ဖ်ားေရာဂါအျပင္းအထန္ကူးစက္ခံရၿပီး အားလုံးေသဆုံးကုန္ၾကပါတယ္။ဒီကန္ရဲ႕ထူးဆန္းတဲ့ျဖစ္ရပ္ေတြေၾကာင့္ မဟာမိတ္အေမရိကန္စစ္ေခါင္းေဆာင္ေတြဟာ ဒီကန္ကို စစ္ေဆးဖို႔ စစ္သားတခ်ိဳ႕ကိုေစလႊတ္ခဲ့ပါတယ္။ဒါေပမယ့္ အဲဒီစစ္သားေတြအားလုံးလည္း ထူးဆန္းစြာေသဆုံးကုန္ၾကျပန္ပါတယ္။၁၉၄၂တုန္းကလည္း ၿဗိတိန္စစ္သားေတြဟာ ထြက္ေျပးရင္း ဒီကန္ေနရာမွာ ႏုံးေတြကြၽံၿပီး ေပ်ာက္ဆုံးကုန္ၾကျပန္ပါတယ္။စာေရးသူတစ္ေယာက္ကလည္း ဒီေနရာမွာ ေပ်ာက္ဆုံးသြားတဲ့ အစၥေရးလူမ်ိဳးတစ္မ်ိဳးစု တစ္စု ပုန္းေအာင္းေနတယ္လို႔ ဆိုပါတယ္။ေရွးေဒသခံေတြအေနနဲ႔ေတာ့ ဒီကန္ဟာ နတ္ဘီလူးေတြရွိေနတဲ့ကန္လို႔ ယုံၾကည္ေနၾကၿပီး ဒီကန္ထဲကငါးေတြကိုေဘးမဲ့ေပးထားၾကပါတယ္။ဒီကန္ဟာ နဂါးေတြနဲ႔ ဆက္ႏြယ္ေနတယ္ဆိုတဲ့ ပုံျပင္ ဒ႑ာရီေတြလည္း ရွိပါတယ္။သုေတသနပညာရွင္ေတြကေတာ့ ေလယာဥ္ေတြပ်က္က်ခဲ့တဲ့အေၾကာင္းဟာ ေလယာဥ္မႉးေတြဟာ ဒီေနရာက ႏုန္းေျမေပၚကိုအေရးေပၚ ဆင္းသက္ခဲ့တာေၾကာင့္ အႏၲရယ္ထဲက်ေရာက္ၿပီး ပ်က္ၾကခဲ့ျခင္းျဖစ္တယ္ လို႔ ဆိုပါတယ္။ဒီလိုထူးဆန္းမႈေတြနဲ႔ ျပည့္ႏွက္ေနတာေၾကာင့္ ဒီကန္ကို ျပန္လမ္းမဲ့ေရကန္ ( The Lake Of No Return) လို႔ အမည္ေပးခဲ့ၾကတာပဲျဖစ္ပါတယ္။ဒီကန္ရဲ႕အက်ယ္ကေတာ့ အလွ်ား ၁.၄ကီလိုမီတာ အနံ ဝ.၈ကီလိုမီတာျဖစ္ပါတယ္။လီဒိုလမ္းမႀကီးနဲ႔ ၂.၅ကီလိုမီတာ အကြာမွာ တည္ရွိတာပဲျဖစ္ပါတယ္။ဒီေနရာကို ျမန္မာႏိုင္ငံဘက္ကေန သြားလာရအနည္းငယ္ခက္ၿပီး အိႏၵိယဘက္ကေတာ့ လြယ္ကူၿပီး ျမန္မာ့ပိုင္နက္ထဲမွာပါဝင္ေနေပမယ့္ကမာၻလွည့္ခရီးသြားေတြမၾကာခဏလာေလ့ရွိကာ အိႏၵိယရဲ႕ ဘာျမဴဒါလို႔ နာမည္ႀကီးပါတယ္။