နာနာ ဘာဝ ဝိနာ ဘာဝ ဆိုတာ..

နာနာ ဘာဝ ဝိနာ ဘာဝ ဆိုတာ တစ္ဆေ သရဲကိုပြောတာ မဟုတ်ဘူး..။ ပိဋကတ်စာပေ ဝိမတိဋီကာ သာရတ္ထဋီကာ တို့မှာ… ၁။နာနာ ဘာဝ ၂။ဝိနာ ဘာဝ ၃။အညထာ ဘာဝ လို့ သုံးမျိုး ပြဆိုထားပါတယ်။ ရှင်ကွဲ ကွဲတာကို”နာနာ ဘာဝ”လို့ ခေါ်တယ်။ အသက်ရှင်လျက်အကြောင်းအမျိုးမျိုးကြောင့် တစ်ဦး နှင့် တစ်ဦးခွဲခွာကြရတာကို ဆိုလိုပါတယ်။ သေကွဲ ကွဲတာကို “ဝိနာ ဘာဝ”လို့ ခေါ်တယ်။ အသက်ရှင်တုန်းက အတူတူနေခဲ့ကြရပေမယ့် သေတဲ့အခါ…တစ်ဦးနှင့် တစ်ဦး ကွဲကွာသွားကြတာကို ဆိုလိုပါတယ်။ ဒါကြောင့်…တစ္ဆေ သရဲ မကောင်းဆိုးဝါး စသည်ကို”နာနာ ဘာဝ ဝိနာ ဘာဝ”လို့ ခေါ်နေကြတာဟာ မှားနေပါတယ်။

မူရင်း ပါဠိအဓိပ္ပါယ်နှင့်တခြားစီပါ။ နောက်ဆုံးတစ်ခုက…ဘဝ တစ်ခုဆီ ခြားနေကြရတာကို “အညထာ ဘာဝ”လို့ ခေါ်တယ်။ တချို့က လူ့ပြည်မှာတချို့က နတ်ပြည်မှာ တချို့က အပါယ်လေးဘုံမှာဘဝချင်း ခြားနေပြီးကွဲကွာနေကြတယ်လို့ ဆိုလိုပါတယ်။ သူတော်ကောင်းတို့ မှတ်ထားရမှာက…ရှင်ကွဲ ကွဲတာကိုနာနာ ဘာဝ။သေကွဲ ကွဲတာကိုဝိနာ ဘာဝ။ဘဝခြားပြီး ကွဲကွာတာကို အညထာ ဘာဝလို့ မှတ်ထားပါ။ ပုဂ္ဂိုလ် သတ္တဝါတိုင်းဟာ ဘဝခန္ဓာ ရလာပြီဆိုကတည်းကဒီကွဲကွာခြင်းသုံးမျိုးနဲ့ မလွဲမသွေ ကြုံကြရမှာပါနော်…(ထေရဝါဒဘိက္ခု)

Credit – မေတ္တာဖြင့်…အရှင်ပုည( ဝကုန်း )

[zawgyi]

နာနာ ဘာဝ ဝိနာ ဘာဝ ဆိုတာ တေစၦ သရဲကိုေျပာတာ မဟုတ္ဘူး..။ ပိဋကတ္စာေပ ဝိမတိဋီကာ သာရတၳဋီကာ တို႔မွာ… ၁။နာနာ ဘာဝ ၂။ဝိနာ ဘာဝ ၃။အညထာ ဘာဝ လို႔ သုံးမ်ိဳး ျပဆိုထားပါတယ္။ ရွင္ကြဲ ကြဲတာကို”နာနာ ဘာဝ”လို႔ ေခၚတယ္။ အသက္ရွင္လ်က္အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တစ္ဦး ႏွင့္ တစ္ဦးခြဲခြာၾကရတာကို ဆိုလိုပါတယ္။ ေသကြဲ ကြဲတာကို “ဝိနာ ဘာဝ”လို႔ ေခၚတယ္။ အသက္ရွင္တုန္းက အတူတူေနခဲ့ၾကရေပမယ့္ ေသတဲ့အခါ…တစ္ဦးႏွင့္ တစ္ဦး ကြဲကြာသြားၾကတာကို ဆိုလိုပါတယ္။ ဒါေၾကာင့္…တ ေစၦ သရဲ မေကာင္းဆိုးဝါး စသည္ကို”နာနာ ဘာဝ ဝိနာ ဘာဝ”လို႔ ေခၚေနၾကတာဟာ မွားေနပါတယ္။မူရင္း ပါဠိအဓိပၸါယ္ႏွင့္တျခားစီပါ။ ေနာက္ဆုံးတစ္ခုက…ဘဝ တစ္ခုဆီ ျခားေနၾကရတာကို “အညထာ ဘာဝ”လို႔ ေခၚတယ္။ တခ်ိဳ႕က လူ႔ျပည္မွာတခ်ိဳ႕က နတ္ျပည္မွာ တခ်ိဳ႕က အပါယ္ေလးဘုံမွာဘဝခ်င္း ျခားေနၿပီးကြဲကြာေနၾကတယ္လို႔ ဆိုလိုပါတယ္။ သူေတာ္ေကာင္းတို႔ မွတ္ထားရမွာက…ရွင္ကြဲ ကြဲတာကိုနာနာ ဘာဝ။ေသကြဲ ကြဲတာကိုဝိနာ ဘာဝ။ဘဝျခားၿပီး ကြဲကြာတာကို အညထာ ဘာဝလို႔ မွတ္ထားပါ။ ပုဂၢိဳလ္ သတၱဝါတိုင္းဟာ ဘဝခႏၶာ ရလာၿပီဆိုကတည္းကဒီကြဲကြာျခင္းသုံးမ်ိဳးနဲ႔ မလြဲမေသြ ႀကဳံၾကရမွာပါေနာ္…(ေထရဝါဒဘိကၡဳ)