ပါးစပ်တွေရဲ့နောက်မှာ ဘဝ တွေပါတယ်

ဘုရားပေါ် တံမျက်စည်းလှည်းနေရင်းနဲ့အမှတ်တမဲ့ ချွဲ ထပြီး ပါးစပ်မှ သလိပ်ထွက်ကျသွားတဲ့ ဘိက္ခုနီမကြီးကို ဒီလောက်သူများ သန့်ရှင်းရေး လုပ်ထားတဲ့နေရာမှာဒီလို လုပ်တယ်ဆိုတာ ပြည့်တန်ဆာမတွေပဲလုပ်တာလို့ ပစ်မှားခဲ့ဘူးလို့ ပြည့်တန်ဆာမဖြစ်ခဲ့ရတယ်။ဂေါတမ ဘရား အလောင်းတော် ဟာ ငါဘုရားဖြစ်လျင်ခြောက်နှစ် ကျင့်မည်လို့ကြုံးဝါးခဲ့လို့တကယ်ပဲခြောက်နှစ်ကျင့်ခဲ့ရတယ်။ ဇဋိလ အလောင်း တော် ဟာ ဘဝတစ်ခုမှာဘုရားတည်ခဲ့တယ်။ ဘုရား တည်နေတုန်းရဟန်းတပါးက မပြီးသေးကြောင်းလာပြီးပြောတာကို မိန်းမနဲ့ရန်ဖြစ်ခါစ စိတ်ဆိုးနေတုန်းမို့အရှင်ဘုရား တို့ဘုရား ကို ရေထဲသာမျောလိုက်တော့လို့ပြောခဲ့မိလို့ ဘဝအဆက်ဆက် ရေမျောခံခဲ့ရတယ်။

ဘဝ တစ်ခုမှာ မအေ နဲ့တပ်ပြီးဆဲခဲ့မိတဲ့ ထေရီမကြီး တဦးဟာ နောက်ထပ်ဘဝတစ်ခုမှာ မအေက မယားကြီး သမီး က မယားငယ်သားက လင်လုပ်ပြီး တ ဘဝ ထဲမှာ ပြန်လည်ပေးဆပ်ခဲ့ရတယ်။ ဥဂ္ဂါသေန ရဲ့ ဇနီးသည် ဟာ ရဟန်း တပါးကိကချေသည် နဲ့တူတယ်လို့စွပ်စွဲခဲ့မိလို့ နောက်ဆုံံးတရားထူးရမဲ့ ဘဝမှာတောင် ကချေသည် ဘဝ နဲ့ပေးဆပ်ရတယ်။ဘုရားရှင် ကလည်း ပါးစပ် ကထွက်တဲ့ စကားလုံးတိုင်းဟာအကျိုးမခံစားရပဲနဲ့ပျောက်ပျက်မသွားဘူးလို့ဟောထားခဲ့ပါတယ်။ မိတ်ဆွေများ ပါးစပ် စည်းကမ်းရှိနိုင်ကြပါစေ..။

Credit : ဦးမြင့်ခိုင်

[zawgyi]

ဘုရားေပၚ တံမ်က္စည္းလွည္းေနရင္းနဲ႔အမွတ္တမဲ့ ခြၽဲ ထၿပီး ပါးစပ္မွ သလိပ္ထြက္က်သြားတဲ့ ဘိကၡဳနီမႀကီးကို ဒီေလာက္သူမ်ား သန႔္ရွင္းေရး လုပ္ထားတဲ့ေနရာမွာဒီလို လုပ္တယ္ဆိုတာ ျပည့္တန္ဆာမေတြပဲလုပ္တာလို႔ ပစ္မွားခဲ့ဘူးလို႔ ျပည့္တန္ဆာမျဖစ္ခဲ့ရတယ္။ေဂါတမ ဘရား အေလာင္းေတာ္ ဟာ ငါဘုရားျဖစ္လ်င္ေျခာက္ႏွစ္ က်င့္မည္လို႔ႀကဳံးဝါးခဲ့လို႔တကယ္ပဲေျခာက္ႏွစ္က်င့္ခဲ့ရတယ္။ ဇဋိလ အေလာင္းေတာ္ ဟာ ဘဝတစ္ခုမွာဘုရားတည္ခဲ့တယ္။ ဘုရား တည္ေနတုန္းရဟန္းတပါးက မၿပီးေသးေၾကာင္းလာၿပီးေျပာတာကို မိန္းမနဲ႔ရန္ျဖစ္ခါစ စိတ္ဆိုးေနတုန္းမို႔အရွင္ဘုရား တို႔ဘုရား ကို ေရထဲသာေမ်ာလိုက္ေတာ့လို႔ေျပာခဲ့မိလို႔ ဘဝအဆက္ဆက္ ေရေမ်ာခံခဲ့ရတယ္။ဘဝ တစ္ခုမွာ မေအ နဲ႔တပ္ၿပီးဆဲခဲ့မိတဲ့ ေထရီမႀကီး တဦးဟာ ေနာက္ထပ္ဘဝတစ္ခုမွာ မေအက မယားႀကီး သမီး က မယားငယ္သားက လင္လုပ္ၿပီး တ ဘဝ ထဲမွာ ျပန္လည္ေပးဆပ္ခဲ့ရတယ္။ ဥဂၢါေသန ရဲ႕ ဇနီးသည္ ဟာ ရဟန္း တပါးကိကေခ်သည္ နဲ႔တူတယ္လို႔စြပ္စြဲခဲ့မိလို႔ ေနာက္ဆုံံးတရားထူးရမဲ့ ဘဝမွာေတာင္ ကေခ်သည္ ဘဝ နဲ႔ေပးဆပ္ရတယ္။ဘုရားရွင္ ကလည္း ပါးစပ္ ကထြက္တဲ့ စကားလုံးတိုင္းဟာအက်ိဳးမခံစားရပဲနဲ႔ေပ်ာက္ပ်က္မသြားဘူးလို႔ေဟာထားခဲ့ပါတယ္။ မိတ္ေဆြမ်ား ပါးစပ္ စည္းကမ္းရွိႏိုင္ၾကပါေစ..။