ပုဏ္ဏားကြီး နှင့် အကြွေစေ့

တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ တိုင်းပြည်တစ်ပြည်ကို ရောက်ရှိလာပါတယ်။ သူဟာ လမ်းပေါ်မှာ လျှောက်သွားနေတုန်း ပိုက်ဆံအကြွေစေ့တစ်ခု ကောက်ရပါတယ်။ သူလဲ အဲဒီအကြွေစေ့ကို ယူပြီး လိုအပ်မယ်ထင်တဲ့လူကို ပေးဖို့ လိုက်ရှာပါတယ်။ ဒါပေမယ့် တွေ့သမျှလူတိုင်းက ပျော်ရွှင်ကျေနပ်နေကြပြီး လိုအပ်သူတစ်ယောက်မှ မတွေ့ပါဘူး။ ဒါနဲ့ပဲ နေရာတစ်ခုရှာပြီး သူ ညအိပ်လိုက်ပါတယ်။နောက်နေ့နံနက်အိပ်ယာကထတော့ သူတွေ့လိုက်ရတာက အဲဒီတိုင်းပြည်ရဲ့ ဘုရင်က စစ်ထွက်ဖို့ ပြင်ဆင်နေပါတယ်။ ဘုရင်က ပုဏ္ဏားကို တွေ့တော့ ‘အို အသင်ပုဏ္ဏား အကျွန်ုပ် တိုင်းပြည်ချဲ့ထွင်ရန်အတွက် စစ်ထွက်တော့မှာဖြစ်တယ်။ စစ်ပွဲအောင်နိုင်ဖို့အတွက် ဆုတောင်းပေးပါ။’ ဆိုပြီး ပြောပါတယ်။ ပုဏ္ဏားကြီးလဲ ခနစဉ်းစားလိုက်ပြီး သူ့လက်ထဲက အကြွေစေ့လေးကို ဘုရင်ကို ပေးလိုက်ပါတယ်။ ဘုရင်က အကြွေစေ့ကို ကြည့်ပြီး ‘ဒီအကြွေစေ့ပေးတာက ဘာအဓိပ္ပါယ်လဲ ပုဏ္ဏားကြီး။’ လို့ ပြန်မေးပါတယ်။

ပုဏ္ဏားကလည်း ရှင်းပြပါတယ်။ ‘အရှင်မင်းမြတ်။ ကျွန်တော်မျိုး ဒီအကြွေစေ့လေးကို မနေ့က လမ်းပေါ်မှာ ကောက်ရပါတယ်။ ကျွန်တော့်အတွက်လဲ အသုံးမလိုတဲ့အတွက် လိုအပ်တဲ့လူကို ပေးဖို့ လိုက်ရှာပါတယ်။ ဒါပေမယ့် အရှင်မင်းမြတ်ရဲ့ မြို့တော်ထဲက မြို့သူမြို့သားတွေအကုန်လုံးက ပျော်ရွှင်ကျေနပ်နေကြပြီး လိုအပ်ချက်ရှိပုံမပေါ်ပါဘူး။ ဒါပေမယ့် ဒီနေ့တော့ အရှင်မင်းမြတ်က နိုင်ငံတော်ရဲ့ ဘုရင်ဖြစ်နေပေမယ့် ပိုပြီး လိုချင်တပ်မက်စိတ်တွေ ရှိနေသေးတာကို တွေ့ရတဲ့အတွက် ဒီအကြွေစေ့လေးကို လိုအပ်မယ်လို့ထင်လို့ ပေးတာပါ။’ လို့ပြောလိုက်ပါတယ်။ဘုရင်လည်း သူ့ရဲ့ လောဘစိတ်ကို ပြန်သတိထားမိသွားပြီး စစ်တိုက်ဖို့အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတော့တယ်။တစ်ခါတစ်လေမှာ လူတိုင်းဟာ မိမိပိုင်ဆိုင်ရရှိထားသည်များနဲ့ ကျေနပ်ပျော်ရွှင်အောင် နေတတ်ဖို့လိုပါတယ်။ လူတိုင်းကတော့ ပိုမိုကောင်းမွန်တဲ့ ဘဝကို လိုချင်တပ်မက်ကြတာပါပဲ။ ဒါပေမယ့် အဲဒီလိုချင်တပ်မက်စိတ်ကြောင့် မိမိပိုင်ဆိုင်ထားသမျှလေးနှင့် ပျော်ရွှင်ကြည်နူးရမယ့် အချိန်လေးတွေကို ဆုံးရှုံးသွားတတ်ပါတယ်။ အမြဲတမ်း နှိုင်းယှဉ်ပြီး အနိုင်လိုချင်နေမယ့်အစား ပျော်ရွင်ချမ်းမြေ့ပြီး ကျန်းမာတဲ့ ဘဝလေးကို တည်ဆောက်လိုက်ပါ။

Credit – မူရင်း

[zawgyi]

တစ္ခါက ပုဏၰားတစ္ေယာက္ဟာ တိုင္းျပည္တစ္ျပည္ကို ေရာက္ရွိလာပါတယ္။ သူဟာ လမ္းေပၚမွာ ေလွ်ာက္သြားေနတုန္း ပိုက္ဆံအေႂကြေစ့တစ္ခု ေကာက္ရပါတယ္။ သူလဲ အဲဒီအေႂကြေစ့ကို ယူၿပီး လိုအပ္မယ္ထင္တဲ့လူကို ေပးဖို႔ လိုက္ရွာပါတယ္။ ဒါေပမယ့္ ေတြ႕သမွ်လူတိုင္းက ေပ်ာ္႐ႊင္ေက်နပ္ေနၾကၿပီး လိုအပ္သူတစ္ေယာက္မွ မေတြ႕ပါဘူး။ ဒါနဲ႔ပဲ ေနရာတစ္ခုရွာၿပီး သူ ညအိပ္လိုက္ပါတယ္။ေနာက္ေန႔နံနက္အိပ္ယာကထေတာ့ သူေတြ႕လိုက္ရတာက အဲဒီတိုင္းျပည္ရဲ႕ ဘုရင္က စစ္ထြက္ဖို႔ ျပင္ဆင္ေနပါတယ္။ ဘုရင္က ပုဏၰားကို ေတြ႕ေတာ့ ‘အို အသင္ပုဏၰား အကြၽႏ္ုပ္ တိုင္းျပည္ခ်ဲ႕ထြင္ရန္အတြက္ စစ္ထြက္ေတာ့မွာျဖစ္တယ္။ စစ္ပြဲေအာင္ႏိုင္ဖို႔အတြက္ ဆုေတာင္းေပးပါ။’ ဆိုၿပီး ေျပာပါတယ္။ ပုဏၰားႀကီးလဲ ခနစဥ္းစားလိုက္ၿပီး သူ႔လက္ထဲက အေႂကြေစ့ေလးကို ဘုရင္ကို ေပးလိုက္ပါတယ္။ ဘုရင္က အေႂကြေစ့ကို ၾကည့္ၿပီး ‘ဒီအေႂကြေစ့ေပးတာက ဘာအဓိပၸါယ္လဲ ပုဏၰားႀကီး။’ လို႔ ျပန္ေမးပါတယ္။ပုဏၰားကလည္း ရွင္းျပပါတယ္။ ‘အရွင္မင္းျမတ္။ ကြၽန္ေတာ္မ်ိဳး ဒီအေႂကြေစ့ေလးကို မေန႔က လမ္းေပၚမွာ ေကာက္ရပါတယ္။ ကြၽန္ေတာ့္အတြက္လဲ အသုံးမလိုတဲ့အတြက္ လိုအပ္တဲ့လူကို ေပးဖို႔ လိုက္ရွာပါတယ္။ ဒါေပမယ့္ အရွင္မင္းျမတ္ရဲ႕ ၿမိဳ႕ေတာ္ထဲက ၿမိဳ႕သူၿမိဳ႕သားေတြအကုန္လုံးက ေပ်ာ္႐ႊင္ေက်နပ္ေနၾကၿပီး လိုအပ္ခ်က္ရွိပုံမေပၚပါဘူး။ ဒါေပမယ့္ ဒီေန႔ေတာ့ အရွင္မင္းျမတ္က ႏိုင္ငံေတာ္ရဲ႕ ဘုရင္ျဖစ္ေနေပမယ့္ ပိုၿပီး လိုခ်င္တပ္မက္စိတ္ေတြ ရွိေနေသးတာကို ေတြ႕ရတဲ့အတြက္ ဒီအေႂကြေစ့ေလးကို လိုအပ္မယ္လို႔ထင္လို႔ ေပးတာပါ။’ လို႔ေျပာလိုက္ပါတယ္။ဘုရင္လည္း သူ႔ရဲ႕ ေလာဘစိတ္ကို ျပန္သတိထားမိသြားၿပီး စစ္တိုက္ဖို႔အစီအစဥ္ကို ဖ်က္သိမ္းလိုက္ပါေတာ့တယ္။တစ္ခါတစ္ေလမွာ လူတိုင္းဟာ မိမိပိုင္ဆိုင္ရရွိထားသည္မ်ားနဲ႔ ေက်နပ္ေပ်ာ္႐ႊင္ေအာင္ ေနတတ္ဖို႔လိုပါတယ္။ လူတိုင္းကေတာ့ ပိုမိုေကာင္းမြန္တဲ့ ဘဝကို လိုခ်င္တပ္မက္ၾကတာပါပဲ။ ဒါေပမယ့္ အဲဒီလိုခ်င္တပ္မက္စိတ္ေၾကာင့္ မိမိပိုင္ဆိုင္ထားသမွ်ေလးႏွင့္ ေပ်ာ္႐ႊင္ၾကည္ႏူးရမယ့္ အခ်ိန္ေလးေတြကို ဆုံးရႈံးသြားတတ္ပါတယ္။ အၿမဲတမ္း ႏႈိင္းယွဥ္ၿပီး အႏိုင္လိုခ်င္ေနမယ့္အစား ေပ်ာ္႐ြင္ခ်မ္းေျမ့ၿပီး က်န္းမာတဲ့ ဘဝေလးကို တည္ေဆာက္လိုက္ပါ။