ဖား သေရတဲ့ အကြောင်းအရင်း

ဖားတကောင်ကို ရေခွက်တခုထဲထည့်လိုက်ပြီးရေခွက်ကိုမီးစပြီးအပူပေးလိုက်တယ်၊ ရေအပူချိန် ခပ်နွေးနွေးလေးဖြစ်လာတော့ ဖားကသူ့ရဲ့ခန္ဓာကိုယ်အပူချိန်ကို ရေအပူချိန်နဲ့ကိုက်ညီအောင်ညှိယူလိုက်တယ်၊ ရေကပိုပြီးပူလာလေလေ ဖားကသူရဲ့ခန္ဓာကိုယ်အပူချိန်ကိုပိုပြီး လိုက် လျောညီထွေဖြစ်အောင်ထပ်ပြီး ညှိယူလေလေနဲ့နေလိုက်တယ်၊ ရေကပိုပြီးပူလာပြီး ဆူပွက်လာတဲ့အချိန်မှာတော့ဖားကသူ့ခန္ဓာကိုယ်အပူ ချိန်ကိုလိုက်လျောညီထွေဖြစ်အောင်ထပ်ပြီးညှိယူလို့မရတော့ဘူး၊ အဲဒီ့အချိန်မှာဖားဟာရေခွက်ထဲကနေခုန်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်၊ ဒါပေမဲ့သူခုန်ထွက်လို့မရတော့ဘူး၊ဘာဖြစ်လို့လဲဆိုတော့ဖားမှာရှိတဲ့စွမ်းအင်တွေဟာရေရဲ့အပူချိန်အတိုင်းလိုက်ပြီးညှိယူရင်းနဲ့ကုန်ခမ်းသွားလို့ဘဲဖြစ်တယ်၊ သိပ်မကြာခင်မှာဘဲဖားဟာသေဆုံးသွားခဲ့တယ်၊ ဖားကိုဘယ်အရာကသေစေခဲ့တာလဲ?

အများစုကတော့ဆူပွက်နေတဲ့ရေကြောင့်ဖားသေခဲ့ရတာလို့ပြောကြတယ်၊ တကယ်တော့ဖားကိုသေစေခဲ့တာက သူဟာဘယ်အချိန်မှာခုန်ထွက်ရမယ်ဆိုတာကိုဆုံးဖြတ်နိုင်စွမ်းမရှိလို့ပါဘဲ၊ ကျွန်တော်တို့လည်းကိုယ့်ပတ်ဝန်းကျင်၊ အခြေအနေတွေ၊ကိုယ်ဆက်ဆံနေရတဲ့သူတွေနဲ့ပတ်သက်ပြီးညှိယူကြရတာတွေ၊ ညှိယူနေခဲ့တာတွေရှိခဲ့တယ်၊ ဘယ်လောက်အထိညှိယူရမလဲ၊ဘယ်အချိန်မှာခုန်ထွက်ရမလဲဆိုတာကိုတော့ဆုံးဖြတ်နိုင်စွမ်းရှိဘို့လိုတယ်၊ ကိုယ့်ကိုရုပ်ပိုင်းဆိုင်ရာအရ၊စိတ်ပိုင်းဆိုင်ရာအရ၊ ငွေကြေးဆိုင်ရာအရဖြစ်စေ၊ဆွေမျိုးအပူတွေ၊ သားသမီးအပူတွေကနေဖြစ်စေရေအပူချိန်တက်အောင်လုပ်နေကြတဲ့သူတွေရှိကြတယ်၊ အရေးအကြီးဆုံးကတော့ ဘယ်အချိန်မှာခုန်ထွက်ရမယ်ဆိုတာကိုဆုံးဖြတ်နိုင်ဘို့ပါဘဲ၊ ခုန်ထွက်နိုင်တုန်းမှာခုန်ထွက်ကြဘို့လိုပါတယ်။

credit – ဘဝရဲ့ခရီးသည်

[zawgyi]

ဖားတေကာင္ကို ေရခြက္တခုထဲထည့္လိုက္ၿပီးေရခြက္ကိုမီးစၿပီးအပူေပးလိုက္တယ္၊ ေရအပူခ်ိန္ ခပ္ေႏြးေႏြးေလးျဖစ္လာေတာ့ ဖားကသူ႔ရဲ႕ခႏၶာကိုယ္အပူခ်ိန္ကို ေရအပူခ်ိန္နဲ႔ကိုက္ညီေအာင္ညႇိယူလိုက္တယ္၊ ေရကပိုၿပီးပူလာေလေလ ဖားကသူရဲ႕ခႏၶာကိုယ္အပူခ်ိန္ကိုပိုၿပီး လိုက္ ေလ်ာညီေထြျဖစ္ေအာင္ထပ္ၿပီး ညႇိယူေလေလနဲ႔ေနလိုက္တယ္၊ ေရကပိုၿပီးပူလာၿပီး ဆူပြက္လာတဲ့အခ်ိန္မွာေတာ့ဖားကသူ႔ခႏၶာကိုယ္အပူ ခ်ိန္ကိုလိုက္ေလ်ာညီေထြျဖစ္ေအာင္ထပ္ၿပီးညႇိယူလို႔မရေတာ့ဘူး၊ အဲဒီ့အခ်ိန္မွာဖားဟာေရခြက္ထဲကေနခုန္ထြက္ဖို႔ဆုံးျဖတ္လိုက္တယ္၊ ဒါေပမဲ့သူခုန္ထြက္လို႔မရေတာ့ဘူး၊ဘာျဖစ္လို႔လဲဆိုေတာ့ဖားမွာရွိတဲ့စြမ္းအင္ေတြဟာေရရဲ႕အပူခ်ိန္အတိုင္းလိုက္ၿပီးညႇိယူရင္းနဲ႔ကုန္ခမ္းသြားလို႔ဘဲျဖစ္တယ္၊ သိပ္မၾကာခင္မွာဘဲဖားဟာေသဆုံးသြားခဲ့တယ္၊ ဖားကိုဘယ္အရာကေသေစခဲ့တာလဲ?အမ်ားစုကေတာ့ဆူပြက္ေနတဲ့ေရေၾကာင့္ဖားေသခဲ့ရတာလို႔ေျပာၾကတယ္၊ တကယ္ေတာ့ဖားကိုေသေစခဲ့တာက သူဟာဘယ္အခ်ိန္မွာခုန္ထြက္ရမယ္ဆိုတာကိုဆုံးျဖတ္ႏိုင္စြမ္းမရွိလို႔ပါဘဲ၊ ကြၽန္ေတာ္တို႔လည္းကိုယ့္ပတ္ဝန္းက်င္၊ အေျခအေနေတြ၊ကိုယ္ဆက္ဆံေနရတဲ့သူေတြနဲ႔ပတ္သက္ၿပီးညႇိယူၾကရတာေတြ၊ ညႇိယူေနခဲ့တာေတြရွိခဲ့တယ္၊ ဘယ္ေလာက္အထိညႇိယူရမလဲ၊ဘယ္အခ်ိန္မွာခုန္ထြက္ရမလဲဆိုတာကိုေတာ့ဆုံးျဖတ္ႏိုင္စြမ္းရွိဘို႔လိုတယ္၊ ကိုယ့္ကို႐ုပ္ပိုင္းဆိုင္ရာအရ၊စိတ္ပိုင္းဆိုင္ရာအရ၊ ေငြေၾကးဆိုင္ရာအရျဖစ္ေစ၊ေဆြမ်ိဳးအပူေတြ၊ သားသမီးအပူေတြကေနျဖစ္ေစေရအပူခ်ိန္တက္ေအာင္လုပ္ေနၾကတဲ့သူေတြရွိၾကတယ္၊ အေရးအႀကီးဆုံးကေတာ့ ဘယ္အခ်ိန္မွာခုန္ထြက္ရမယ္ဆိုတာကိုဆုံးျဖတ္ႏိုင္ဘို႔ပါဘဲ၊ ခုန္ထြက္ႏိုင္တုန္းမွာခုန္ထြက္ၾကဘို႔လိုပါတယ္။