ဖြစ်လေ့ဖြစ်ထရှိတဲ့ ကားသော့ပြဿနာကြုံခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ

ကားသော့အုံ (ခေါ်) Ignition Switch သည် ကားတစ်စီးလုံး၏ အချုပ်ဖြစ်သည်။ ကားတစ်စီးလုံး၏ လုံခြုံမှုအတွက်လည်းအဓိကကျသည်။ မီးပေးစနစ် (Ignition System)၊ ဆီပို့စနစ် (Fuel System)၊ ချာဂျင်အားသွင်းစနစ်နှင့် ကားတစ်စီးလုံး၏ အထွေထွေ လျှပ်စစ်သုံးပစ္စည်းကိရိယာများကို လျှပ်စစ်ပါဝါ ထောက် ပံ့ပေးသော Master Switch လည်းဖြစ်သည်။ အင်ဂျင်စက်စတင်နှိုးရန် Starter Motor အတွက် လျှပ်စစ်စီးကြောင်း Current စီးဆင်းရာအစခလုတ်လည်းဖြစ် သည်။ ကားသော့အုံယူနစ်တွင် Key Cylinder နှင့် Multi-contact Point များပါသော Electrical Switch တို့ကိုပေါင်းစပ်ထားခြင်းဖြစ်သည်။ Key Cylinder သော့ အိမ်ထဲသို့ ကားသော့ Key ကိုထိုးသွင်းလိုက်ပါက Key တွင်ရှိသောအသွားဘုထစ်Lock Pin ကလေးများကိုတွန်းပို့လိုက်သည်။ Lock Pin လိုင်းများမှန်မှန်ကန်ကန်တည့်သွားပါက Key ဆလင်ဒါအုံကိုကားသော့တံ Key ဖြင့် ဘယ်/ညာလှည့်၍ ရသွားသည်။ စတီယာရင် Lock ပါပွင့်သွားသည်။ ကားသော့အုံတွင် Key Position (၄) နေရာပါ ရှိသည်- “OFF” – ကားသော့ပိတ်ထားသော“Off’ Position အနေအထားတွင် အင်ဂျင်နှင့် အခြားလျှပ်စစ် Accessoriesများကို ပါဝါပိတ်ထားသည်။ ဘက်ထရီမှ လျှပ်စစ်ပါဝါမရသဖြင့် လျှပ်စစ်ပစ္စည်းများအလုပ် မလုပ်နိုင်သေးပါ။ “ACC” – ကားသော့တံ (Key)ထည့်ပြီးပထမတစ်ဆင့်လှည့်လိုက်လျှင် Acc Position ဖြစ်ပါ သည်။ ကားAccessories လျှပ်စစ်ကိရိယာများသို့ ပါဝါရောက်ပါသည်။ ရေဒီယိုနှင့် CD Player များအလုပ်လုပ် ပါသည်။“RUN” – On position အနေအထားဖြစ် သည်။ အင်ဂျင်နှင့် Electrical Accessories များသို့ ပါဝါ ရောက်သောအခြေအနေဖြစ်သည်။ အင်ဂျင်လည်ပတ် ရန်နှင့် ကားမောင်းယူသွားနိုင်သောခလုပ်ပွင့် ‘on’အနေအထားဖြစ်သည်။ ကားဒတ်ခ်ျဘုတ်မှ မီးများလင်းလာမည်။ မီတာဒိုင်ခွက်များ၊ Gauge များစတင်အလုပ် လုပ်သည်။“START”အင်ဂျင်စက်နှိုးရန်အတွက် ကားသော့ တံကိုဆက်လှည့်လျှင် ‘Start’ အနေအထား၌စက်နှိုးမော်တာအလုပ်လုပ်သည်။ အင်ဂျင်စက်နိုးသွားပါကလက်လွှတ်လိုက်လျှင် ကားသော့သည် ‘Run’ Position အနေအထားသို့ အလိုအလျောက်ပြန်ရောက် သွားမည်။ကားသော့တံ နှင့် သောအုံ(lgnition Switch)သည် နေ့စဉ်နေ့တိုင်းသော့တံလှုပ်ရှားကစားပေးရသဖြင့် မကြာခဏ ချွတ်ယွင်းမှုပြဿနာများ ကြုံရတတ်သည်။ ကားဟောင်းများမဆိုထားနှင့် ကားသစ်များ ၌ပင် Ignition Switch ပြဿနာများပေါ်၍ ကားစီးရေသန်းချီပြီး ပြန်လည်သိမ်းယူရသောRecallသတင်းများကို (၂၀၁၄)ခုနှစ် ၌ အ ကြိမ်ကြိမ်ကြားခဲ့ရသည်။ အမေရိကန်ကားများတွင် အများဆုံးပြဿနာတတ်ခဲ့သည်။ General Motor မှ ကားများ (၂၀၁၄) ခုနှစ်တွင် (၃)ကြိမ်ထက်မနည်း Ignition Switch ချွတ်ယွင်းမှုများကားစီးရေသန်းချီ၍ ဖြစ်ပေါ်ခဲ့သည်။ အဆိုးဆုံးမှာကားမောင်းနေစဉ် ရုတ်တရက်ကားအင်ဂျင်စက်ထိုးရပ်သွားပြီးလျှပ်စစ်ပါဝါစတီယာရင်ပါ အလုပ်မလုပ်တော့ခြင်းဖြစ်သည်။မည်သို့ပင်ဖြစ်စေ Ignition Switchသည် ကားတစ်စီးလုံး၏ အရေးအကြီးဆုံးသောပင်မအချုပ်အချာဖြစ်သည်။ ကားမောင်းနေစဉ် ဘေးကင်းလုံခြုံမှုရှိရေး (safety) အတွက်လည်းအဓိကကျသည်။ Ignition Switch များ ဖြစ်လေ့ဖြစ်ထရှိသော ချွတ်ယွင်းမှုပြဿနာပုံစံများကိုသိရှိလေ့လာထားသင့်ပါသည်။(က) ကားသော့ (key) သွင်း၍ သော့အုံလှည့် မရခြင်း – ကားသော့အုံတွင် စတီယာကော်လံ Lock ပါရှိသည်။ ကားသော့တံ Key ထိုးမထားဘဲစတီယာရင် Wheel ကွေကိုလှည့်လိုက်ပါက Lock ကျသွားမည်။ ကားရပ်နားစဉ်ကရှေဘီးအစွန်းသည် ပလက်ဖောင်းဘောင်နှုတ်ခမ်းသားအစွန်းနှင့် ဖိမိနေလျှင် စတီယာရင် Lock ကျပြီးကျပ်နေမည်။ ကားသော့တံသွင်းသော် လည်းစတီယာရင် Wheel လှုပ်မရ၍ Key ဆလင်ဒါ မလည်နိုင်ခြင်းဖြစ်သည်။ ဤသို့ ခက်ခဲနေလျှင် စတီယာရင် Wheel ကိုအားစိုက်ကစားပေးပြီးကားသော့တံ Key ကိုကစားပေးပါကစတီယာရင် Lock ပြန်ပွင့်သွားတတ်သည်။ကားသော့ (Key) တံကို ကြေးဝါသတ္တုဖြင့် ပြုလုပ် ထားသည်။ သော့တံရှိအထစ်ဘုသွားများသည် အကြိမ်ရေများစွာအသုံးပြုပါကကြေးသတ္တုများပွန်းစားပြီးကားသော့ (Key) လှည့်ရာတွင် ခက်ခဲနေတတ်သည်။ ထိုပြဿနာမှာသော့အုံကြောင့်မဟုတ်ဘဲ သော့တံ Key စားသွား၍ ဖြစ်သည်။ သင့်ထံတွင် ကားသော့အပိုတစ် ချောင်းမရှိပါကကားသော့မိတ္တူတစ်ချောင်းပြုလုပ်ရမည်။ ကားသော့ပြုပြင်ပေးသာ Key Master ကျွမ်းကျင်သူကိုသင့်ကားသော့စား၍ တိုဝင်နေကြောင်း ပြောပြပါ။ သော့ မိတ္တူပြန်ကူးရာတွင် Key မြှင့်၍ ကူးယူနိုင်ပါသည်။တစ်ခါတစ်ရံကားသော့အုံအတွင်း ၌ ဖုန်မှုန့်နှင့် အညစ်အကြေးများဝင်၍ Key Clinder ကျပ်နေတတ် သည်။ ကားသော့အုံကိုဖြုတ်၍ ဆေး ကြောသန့်ရှင်းနိုင် သည်။ သော့အုံတွင် ကားသော့တံ Key အလွယ်တကူချောမွေ့စွာ ၀င်ထွက်ကစားနိုင်ရန် ချောဆီထည့်ပေးရသည်။ လျှပ် စစ်မစီးနိုင်သောချောဆီထည့်ရမည်။ Dielectric ဆီလီကွန် (သို့မဟုတ်) Aerosol Electronic Cleaner ကဲ့သို့ ချောဆီတစ်မျိုးမျိုးထည့်ပေးလျှင် ဂျမ်းဖြစ်နေသောသော့အုံချောင်သွားမည်။ နောက်ဆုံးမည်သို့မျှပြင်၍ မရလျှင် Key Cylinder နှင့် ကားသော့ (Key) အစုံလိုက် (one set) အစားထိုးလဲလှယ်လိုက် လျှင် ထိုအခက်အခဲများပြေလည်သွားမည်။

(ခ) ကားသော့လှည့်၍ ရသော်လည်းအင်ဂျင်စက်မလည်ခြင်း – သော့အုံထဲသို့ ကားသော့တံ (Key) ထည့်ပြီးလှည့်၍ရသည်။ သို့သော်လည်း
စက်နှိုးမော်တာမလည်သောအခြေအနေမျိုးဖြစ်ပါသည်။ Ignition Switch (သော့အုံခလုတ်) မကောင်း၍လား၊ စက်နှိုးမော် တာဆားကတ် (Starting Circuit) မှာအပြစ်အမှားတစ် ခုခုရှိနေ၍လားစဉ်းစားစရာနည်းလမ်းနှစ်မျိုးဖြင့် ချွတ်ယွင်းချက်ကိုရှာပါ။ကားသော့ဖွင့်လိုက်လျှင် ဒတ်ခ်ျဘုတ်မီးများလင်းလာရမည်။ ကားသော့ ‘On’ Position အနေအထားတွင် မည်သည့်အချက်ပြသတိပေးမီးများမလင်းပါကဘက်ထရီခေါင်းအဆက်ချောင်းနေသလား၊ လွတ်နေသလား၊ ဘက်ထရီလုံးဝ အားမရှိဘဲDownသွားပြီလားသေချာအောင် မီးကြီးဖွင့်ကြည့်ပါ။ မီးလုံးဝမလင်း၊ ကားဟွန်းသံလည်းမမြည်ခဲ့လျှင် ကားဘက်ထရီ၍ ပြဿနာရှိနေသည်မှာသေချာသည်။ကားမီးကြီးလည်းလင်းသည်။ ဟွန်းလည်းမြင် သည်။ ဝိုင်ဘာလည်း အလုပ်လုပ်သည်ဆိုလျှင် ဘက်ထရီကြောင့်မဟုတ်ပါ။ Ignition Switch ဆားကတ်မှာ Fuse ပြတ်နေသလား။ Relay ဘူးမကောင်းတာလား။ Starting System မှာ ဝါယာရိန်းအပြစ်ရှိသလား အဖြေရှာကြည့်ပါ။ ကားသော့ကို “START” Position သို့ လှည့်လိုက်တိုင်း Relay ဘူးကစားနေသောအသံတစ် တောက်တောက်နှင့် ကြားရသည်ဆိုလျှင် Igniton Switch ကောင်းသည်။ မော်တာပိုင်းသာအမှားတစ်ခုခုရှိနေသည်။(ဂ) ကားသော့လှည့်သည်၊ စက်နှိုးမော်တာလည်သည်။ သို့သော် စက်မနိုးပါ – ဤအခြေအနေသည် စက်နှိုးမော်တာနှင့် ကားသော့အုံတွင် အပြစ်လုံးဝမရှိတော့ပါ။ Anti-theft စနစ်၊ ဆီပို့စနစ်၊ မီးပေးစနစ်၊ အင်ဂျင်ကွန်ပျူတာတို့တွင် အမှားတစ်ခုခုရှိနေ၍ စက်မနိုးနိုင်ခြင်းဖြစ်သည်။ ကားအင်ဂျင် စက်နှိုးရန် ဆီစနစ်၊ မီးစနစ်များမှန်နေရမည်။ ခေတ် ဟောင်းကားများတွင် ဆီပျောက်၊ မီးပျောက်ရှာရလွယ် သည်။ ခေတ်ပေါ်ကားများတွင် နည်းပညာမြင့်၍ ရှုပ်ထွေးသည်။ ကားနည်းပညာအခြေခံမရှိလျှင် ခေတ်ပေါ်ကားများ၏ အလုပ်လုပ်ပုံကိုနားလည်သဘောပေါက်ရန် အခက်အခဲဖြစ်နိုင်ပါသည်။ခေတ်ပေါ်ကားများတွင် ကားသော့သည် Smart Key ဖြစ်သည်။ Smart Key တွင် ကားလုံခြုံရေးအတွက်ပရိုဂရမ် Code ထည့်သွင်းထားသည်။ ၄င်း Code ကို Anti-theft Code ဟုခေါ်သည်။ Ignition Switch တွင်ရှိသော Receiver က Smart Key ကိုဖတ်သည်။ Smark Key နှင့် Receiver ကြားတွင် မမြင်ရသော Signal လှိုင်းများရှိသည်။ Smart Key မကောင်းလျှင်လည်းကွန်ပျူတာအလုပ်မလုပ်ပါ။ ကားတစ်စီးလုံး၏ ဆီစနစ်၊ မီးစနစ်အားလုံးကို PCM (Powertrain Control Module) ခေါ် ကွန်ပျူတာကထိန်းချုပ် သည်။ ကွန်ပျူတာသည် အင်ဂျင်ဆင်ဆာ (Sensor) မျိုးစုံမှ လက်ခံရရှိသောသတင်းအချက်အလက်များကို အ ခြေခံ၍ အင်ဂျင်ကိုထိန်းချုပ်အမိန့်ပေးခြင်းဆောင်ရွက် သည်။ဆီတိုင်ကီထဲတွင် ဆီရှိကြောင်းဆီဂိတ်တွင် ပြ သည်။ ကားသော့ဖွင့်လိုက်လျှင် Fuel Pump လည်သော ‘buzz’ မြည်သံကြားရသည်။ Fuel Pump လည်သောအသံမကြားရပါက Injector ဆီလိုင်းများသို့ လောင်စာဆီမရောက်ပါ။ Fuel Pump မလည်ခြင်းမှာ ဝါယာရိန်း ကြောင့်လား၊ Fuse ပြတ်နေသလား၊ Pump မော်တာမကောင်း၍ လားစစ်ဆေးရမည်။ Fuel Pump လည်လျှင် Injector ဆီလိုင်းများသို့ ဆီရောက်လာမည်။ အင်ဂျင် စတင်လည်ရန် Crankshaft Position Sensor နှင့် Ignition Control Module တို့ ကောင်းရမည်။ သို့မှသာအင်ဂျင်တိုင်မင်ကိုက် မီးပေးနိုင်မည်။ (ဃ) အင်ဂျင်စက်နှိုး၍ ရသည်။ ပုံမှန်လည် သည်။ သို့သော် ကားမောင်းနေစဉ်ရုတ်တရက်စက်သေသွားသည် – ဤကဲ့သို့ ချွတ်ယွင်းချက်လက္ခဏာသည် Igniton Switchမကောင်းသည့် လက္ခဏာဖြစ်သည်။ လမ်းအဆောင့်ဒဏ်တုန်ခါမှုကြောင့် Ignition Switch အတွင်းပိုင်းထိတွေ့နေရာများသည် တိုတောင်းသောအချိန်အတွင်းလွတ်သွားတတ်သည်။ ထိုအခါ Ignition Switch မှ ပါဝါဖြတ်တောက်သွားပြီးစက်သေသွားခြင်း ဖြစ်သည်။ အသုံးပြုချိန်ကြာသောကားအိုကားဟောင်းများတွင် အများဆုံးဖြစ်တတ်သည်။ ကားသစ်များတွင် လည်း ဖြစ်တတ်သည်။ သာဓကအနေဖြင့် (၂၀၁၄) ခုနှစ် အတွင်းအမေရိကန် GM ကားများ Ignition Switch ပြဿနာပေါ်၍ ကားစီးရေသန်းချီပြီး ပြန်လည်သိမ်းယူ၍ ပြုပြင်ပေးခဲ့ရသည်။(င) ကားသော့တံ (Key) ကျိုး၍ ကျန်နေခြင်း၊ သောတံနှုတ်၍ မရခြင်းကားသော့အုံတွင် စတီယာရင် Column Lock Cylinder အတွင်း၌ Pin ချောင်းကလေးများညှပ်နေပါကကော်လံ Locking Mechanism ပျက်စီးသွားတတ် သည်။ ထိုအခါမျိုးတွင် ကားသော့ (Key) ကိုသော့အုံမှ ဆွဲထုတ်၍ မရဖြစ်တတ်သည်။ကားသော့ကျိုးကျန်ခဲ့ပါကကားသော့ပြင်ဆိုင် Key Master တစ်ဦး၏ အကူအညီဖြင့် ကျိုးကျန်ခဲ့သော ကားသော့ကို ပြန်ဆွဲထုတ်နိုင်ရန် ကြိုးစားပါ။ ကားသော့ အုံမကောင်းပါကကားသော့နှင့် သော့အုံအစုံလိုက်လဲလှယ်ပါ။ ကားသော့တစ်ချောင်း သည် ကားတစ်စီးအတွက် အဓိကကျပြီးအရေးကြီးသောအရာလည်း ဖြစ် သည်။ ကားသော့တစ်ချောင်းအရန်ရှိထားသင့်သည်။ ဆောင့် ထားသင့်သည်။ ခေတ်ပေါ် Smart Key ဖြစ်လျှင် လည်းကွန်ပျူတာဖြင့် ပရိုဂရမ်ပြန်လည်ရေးသားပြီးSmart Key အရန်တစ်ချောင်းဆောင်ထားသင့်သည်။

credit – ကားအကြောင်းစုံ

[zawgyi]

ကားေသာ့အုံ (ေခၚ) Ignition Switch သည္ ကားတစ္စီးလုံး၏ အခ်ဳပ္ျဖစ္သည္။ ကားတစ္စီးလုံး၏ လုံၿခဳံမႈအတြက္လည္းအဓိကက်သည္။ မီးေပးစနစ္ (Ignition System)၊ ဆီပို႔စနစ္ (Fuel System)၊ ခ်ာဂ်င္အားသြင္းစနစ္ႏွင့္ ကားတစ္စီးလုံး၏ အေထြေထြ လွ်ပ္စစ္သုံးပစၥည္းကိရိယာမ်ားကို လွ်ပ္စစ္ပါဝါ ေထာက္ ပံ့ေပးေသာ Master Switch လည္းျဖစ္သည္။ အင္ဂ်င္စက္စတင္ႏႈိးရန္ Starter Motor အတြက္ လွ်ပ္စစ္စီးေၾကာင္း Current စီးဆင္းရာအစခလုတ္လည္းျဖစ္ သည္။ ကားေသာ့အုံယူနစ္တြင္ Key Cylinder ႏွင့္ Multi-contact Point မ်ားပါေသာ Electrical Switch တို႔ကိုေပါင္းစပ္ထားျခင္းျဖစ္သည္။ Key Cylinder ေသာ့ အိမ္ထဲသို႔ ကားေသာ့ Key ကိုထိုးသြင္းလိုက္ပါက Key တြင္ရွိေသာအသြားဘုထစ္Lock Pin ကေလးမ်ားကိုတြန္းပို႔လိုက္သည္။ Lock Pin လိုင္းမ်ားမွန္မွန္ကန္ကန္တည့္သြားပါက Key ဆလင္ဒါအုံကိုကားေသာ့တံ Key ျဖင့္ ဘယ္/ညာလွည့္၍ ရသြားသည္။ စတီယာရင္ Lock ပါပြင့္သြားသည္။ ကားေသာ့အုံတြင္ Key Position (၄) ေနရာပါ ရွိသည္- “OFF” – ကားေသာ့ပိတ္ထားေသာ“Off’ Position အေနအထားတြင္ အင္ဂ်င္ႏွင့္ အျခားလွ်ပ္စစ္ Accessoriesမ်ားကို ပါဝါပိတ္ထားသည္။ ဘက္ထရီမွ လွ်ပ္စစ္ပါဝါမရသျဖင့္ လွ်ပ္စစ္ပစၥည္းမ်ားအလုပ္ မလုပ္ႏိုင္ေသးပါ။ “ACC” – ကားေသာ့တံ (Key)ထည့္ၿပီးပထမတစ္ဆင့္လွည့္လိုက္လွ်င္ Acc Position ျဖစ္ပါ သည္။ ကားAccessories လွ်ပ္စစ္ကိရိယာမ်ားသို႔ ပါဝါေရာက္ပါသည္။ ေရဒီယိုႏွင့္ CD Player မ်ားအလုပ္လုပ္ ပါသည္။“RUN” – On position အေနအထားျဖစ္ သည္။ အင္ဂ်င္ႏွင့္ Electrical Accessories မ်ားသို႔ ပါဝါ ေရာက္ေသာအေျခအေနျဖစ္သည္။ အင္ဂ်င္လည္ပတ္ ရန္ႏွင့္ ကားေမာင္းယူသြားႏိုင္ေသာခလုပ္ပြင့္ ‘on’အေနအထားျဖစ္သည္။ ကားဒတ္ခ္်ဘုတ္မွ မီးမ်ားလင္းလာမည္။ မီတာဒိုင္ခြက္မ်ား၊ Gauge မ်ားစတင္အလုပ္ လုပ္သည္။“START”အင္ဂ်င္စက္ႏႈိးရန္အတြက္ ကားေသာ့ တံကိုဆက္လွည့္လွ်င္ ‘Start’ အေနအထား၌စက္ႏႈိးေမာ္တာအလုပ္လုပ္သည္။ အင္ဂ်င္စက္ႏိုးသြားပါကလက္လႊတ္လိုက္လွ်င္ ကားေသာ့သည္ ‘Run’ Position အေနအထားသို႔ အလိုအေလ်ာက္ျပန္ေရာက္ သြားမည္။ကားေသာ့တံ ႏွင့္ ေသာအုံ(lgnition Switch)သည္ ေန႔စဥ္ေန႔တိုင္းေသာ့တံလႈပ္ရွားကစားေပးရသျဖင့္ မၾကာခဏ ခြၽတ္ယြင္းမႈျပႆနာမ်ား ႀကဳံရတတ္သည္။ ကားေဟာင္းမ်ားမဆိုထားႏွင့္ ကားသစ္မ်ား ၌ပင္ Ignition Switch ျပႆနာမ်ားေပၚ၍ ကားစီးေရသန္းခ်ီၿပီး ျပန္လည္သိမ္းယူရေသာRecallသတင္းမ်ားကို (၂၀၁၄)ခုႏွစ္ ၌ အ ႀကိမ္ႀကိမ္ၾကားခဲ့ရသည္။ အေမရိကန္ကားမ်ားတြင္ အမ်ားဆုံးျပႆနာတတ္ခဲ့သည္။ General Motor မွ ကားမ်ား (၂၀၁၄) ခုႏွစ္တြင္ (၃)ႀကိမ္ထက္မနည္း Ignition Switch ခြၽတ္ယြင္းမႈမ်ားကားစီးေရသန္းခ်ီ၍ ျဖစ္ေပၚခဲ့သည္။ အဆိုးဆုံးမွာကားေမာင္းေနစဥ္ ႐ုတ္တရက္ကားအင္ဂ်င္စက္ထိုးရပ္သြားၿပီးလွ်ပ္စစ္ပါဝါစတီယာရင္ပါ အလုပ္မလုပ္ေတာ့ျခင္းျဖစ္သည္။မည္သို႔ပင္ျဖစ္ေစ Ignition Switchသည္ ကားတစ္စီးလုံး၏ အေရးအႀကီးဆုံးေသာပင္မအခ်ဳပ္အခ်ာျဖစ္သည္။ ကားေမာင္းေနစဥ္ ေဘးကင္းလုံၿခဳံမႈရွိေရး (safety) အတြက္လည္းအဓိကက်သည္။ Ignition Switch မ်ား ျဖစ္ေလ့ျဖစ္ထရွိေသာ ခြၽတ္ယြင္းမႈျပႆနာပုံစံမ်ားကိုသိရွိေလ့လာထားသင့္ပါသည္။(က) ကားေသာ့ (key) သြင္း၍ ေသာ့အုံလွည့္ မရျခင္း – ကားေသာ့အုံတြင္ စတီယာေကာ္လံ Lock ပါရွိသည္။ ကားေသာ့တံ Key ထိုးမထားဘဲစတီယာရင္ Wheel ေကြကိုလွည့္လိုက္ပါက Lock က်သြားမည္။ ကားရပ္နားစဥ္ကေရွဘီးအစြန္းသည္ ပလက္ေဖာင္းေဘာင္ႏႈတ္ခမ္းသားအစြန္းႏွင့္ ဖိမိေနလွ်င္ စတီယာရင္ Lock က်ၿပီးက်ပ္ေနမည္။ ကားေသာ့တံသြင္းေသာ္ လည္းစတီယာရင္ Wheel လႈပ္မရ၍ Key ဆလင္ဒါ မလည္ႏိုင္ျခင္းျဖစ္သည္။ ဤသို႔ ခက္ခဲေနလွ်င္ စတီယာရင္ Wheel ကိုအားစိုက္ကစားေပးၿပီးကားေသာ့တံ Key ကိုကစားေပးပါကစတီယာရင္ Lock ျပန္ပြင့္သြားတတ္သည္။ကားေသာ့ (Key) တံကို ေၾကးဝါသတၱဳျဖင့္ ျပဳလုပ္ ထားသည္။ ေသာ့တံရွိအထစ္ဘုသြားမ်ားသည္ အႀကိမ္ေရမ်ားစြာအသုံးျပဳပါကေၾကးသတၱဳမ်ားပြန္းစားၿပီးကားေသာ့ (Key) လွည့္ရာတြင္ ခက္ခဲေနတတ္သည္။ ထိုျပႆနာမွာေသာ့အုံေၾကာင့္မဟုတ္ဘဲ ေသာ့တံ Key စားသြား၍ ျဖစ္သည္။ သင့္ထံတြင္ ကားေသာ့အပိုတစ္ ေခ်ာင္းမရွိပါကကားေသာ့မိတၱဴတစ္ေခ်ာင္းျပဳလုပ္ရမည္။ ကားေသာ့ျပဳျပင္ေပးသာ Key Master ကြၽမ္းက်င္သူကိုသင့္ကားေသာ့စား၍ တိုဝင္ေနေၾကာင္း ေျပာျပပါ။ ေသာ့ မိတၱဴျပန္ကူးရာတြင္ Key ျမႇင့္၍ ကူးယူႏိုင္ပါသည္။တစ္ခါတစ္ရံကားေသာ့အုံအတြင္း ၌ ဖုန္မႈန႔္ႏွင့္ အညစ္အေၾကးမ်ားဝင္၍ Key Clinder က်ပ္ေနတတ္ သည္။ ကားေသာ့အုံကိုျဖဳတ္၍ ေဆး ေၾကာသန႔္ရွင္းႏိုင္ သည္။ ေသာ့အုံတြင္ ကားေသာ့တံ Key အလြယ္တကူေခ်ာေမြ႕စြာ ၀င္ထြက္ကစားႏိုင္ရန္ ေခ်ာဆီထည့္ေပးရသည္။ လွ်ပ္ စစ္မစီးႏိုင္ေသာေခ်ာဆီထည့္ရမည္။ Dielectric ဆီလီကြန္ (သို႔မဟုတ္) Aerosol Electronic Cleaner ကဲ့သို႔ ေခ်ာဆီတစ္မ်ိဳးမ်ိဳးထည့္ေပးလွ်င္ ဂ်မ္းျဖစ္ေနေသာေသာ့အုံေခ်ာင္သြားမည္။ ေနာက္ဆုံးမည္သို႔မွ်ျပင္၍ မရလွ်င္ Key Cylinder ႏွင့္ ကားေသာ့ (Key) အစုံလိုက္ (one set) အစားထိုးလဲလွယ္လိုက္ လွ်င္ ထိုအခက္အခဲမ်ားေျပလည္သြားမည္။(ခ) ကားေသာ့လွည့္၍ ရေသာ္လည္းအင္ဂ်င္စက္မလည္ျခင္း – ေသာ့အုံထဲသို႔ ကားေသာ့တံ (Key) ထည့္ၿပီးလွည့္၍ရသည္။ သို႔ေသာ္လည္းစက္ႏႈိးေမာ္တာမလည္ေသာအေျခအေနမ်ိဳးျဖစ္ပါသည္။ Ignition Switch (ေသာ့အုံခလုတ္) မေကာင္း၍လား၊ စက္ႏႈိးေမာ္ တာဆားကတ္ (Starting Circuit) မွာအျပစ္အမွားတစ္ ခုခုရွိေန၍လားစဥ္းစားစရာနည္းလမ္းႏွစ္မ်ိဳးျဖင့္ ခြၽတ္ယြင္းခ်က္ကိုရွာပါ။ကားေသာ့ဖြင့္လိုက္လွ်င္ ဒတ္ခ္်ဘုတ္မီးမ်ားလင္းလာရမည္။ ကားေသာ့ ‘On’ Position အေနအထားတြင္ မည္သည့္အခ်က္ျပသတိေပးမီးမ်ားမလင္းပါကဘက္ထရီေခါင္းအဆက္ေခ်ာင္းေနသလား၊ လြတ္ေနသလား၊ ဘက္ထရီလုံးဝ အားမရွိဘဲDownသြားၿပီလားေသခ်ာေအာင္ မီးႀကီးဖြင့္ၾကည့္ပါ။ မီးလုံးဝမလင္း၊ ကားဟြန္းသံလည္းမျမည္ခဲ့လွ်င္ ကားဘက္ထရီ၍ ျပႆနာရွိေနသည္မွာေသခ်ာသည္။ကားမီးႀကီးလည္းလင္းသည္။ ဟြန္းလည္းျမင္ သည္။ ဝိုင္ဘာလည္း အလုပ္လုပ္သည္ဆိုလွ်င္ ဘက္ထရီေၾကာင့္မဟုတ္ပါ။ Ignition Switch ဆားကတ္မွာ Fuse ျပတ္ေနသလား။ Relay ဘူးမေကာင္းတာလား။ Starting System မွာ ဝါယာရိန္းအျပစ္ရွိသလား အေျဖရွာၾကည့္ပါ။ ကားေသာ့ကို “START” Position သို႔ လွည့္လိုက္တိုင္း Relay ဘူးကစားေနေသာအသံတစ္ ေတာက္ေတာက္ႏွင့္ ၾကားရသည္ဆိုလွ်င္ Igniton Switch ေကာင္းသည္။ ေမာ္တာပိုင္းသာအမွားတစ္ခုခုရွိေနသည္။(ဂ) ကားေသာ့လွည့္သည္၊ စက္ႏႈိးေမာ္တာလည္သည္။ သို႔ေသာ္ စက္မႏိုးပါ – ဤအေျခအေနသည္ စက္ႏႈိးေမာ္တာႏွင့္ ကားေသာ့အုံတြင္ အျပစ္လုံးဝမရွိေတာ့ပါ။ Anti-theft စနစ္၊ ဆီပို႔စနစ္၊ မီးေပးစနစ္၊ အင္ဂ်င္ကြန္ပ်ဴတာတို႔တြင္ အမွားတစ္ခုခုရွိေန၍ စက္မႏိုးႏိုင္ျခင္းျဖစ္သည္။ ကားအင္ဂ်င္ စက္ႏႈိးရန္ ဆီစနစ္၊ မီးစနစ္မ်ားမွန္ေနရမည္။ ေခတ္ ေဟာင္းကားမ်ားတြင္ ဆီေပ်ာက္၊ မီးေပ်ာက္ရွာရလြယ္ သည္။ ေခတ္ေပၚကားမ်ားတြင္ နည္းပညာျမင့္၍ ရႈပ္ေထြးသည္။ ကားနည္းပညာအေျခခံမရွိလွ်င္ ေခတ္ေပၚကားမ်ား၏ အလုပ္လုပ္ပုံကိုနားလည္သေဘာေပါက္ရန္ အခက္အခဲျဖစ္ႏိုင္ပါသည္။ေခတ္ေပၚကားမ်ားတြင္ ကားေသာ့သည္ Smart Key ျဖစ္သည္။ Smart Key တြင္ ကားလုံၿခဳံေရးအတြက္ပ႐ိုဂရမ္ Code ထည့္သြင္းထားသည္။ ၄င္း Code ကို Anti-theft Code ဟုေခၚသည္။ Ignition Switch တြင္ရွိေသာ Receiver က Smart Key ကိုဖတ္သည္။ Smark Key ႏွင့္ Receiver ၾကားတြင္ မျမင္ရေသာ Signal လႈိင္းမ်ားရွိသည္။ Smart Key မေကာင္းလွ်င္လည္းကြန္ပ်ဴတာအလုပ္မလုပ္ပါ။ ကားတစ္စီးလုံး၏ ဆီစနစ္၊ မီးစနစ္အားလုံးကို PCM (Powertrain Control Module) ေခၚ ကြန္ပ်ဴတာကထိန္းခ်ဳပ္ သည္။ ကြန္ပ်ဴတာသည္ အင္ဂ်င္ဆင္ဆာ (Sensor) မ်ိဳးစုံမွ လက္ခံရရွိေသာသတင္းအခ်က္အလက္မ်ားကို အ ေျခခံ၍ အင္ဂ်င္ကိုထိန္းခ်ဳပ္အမိန႔္ေပးျခင္းေဆာင္႐ြက္ သည္။ဆီတိုင္ကီထဲတြင္ ဆီရွိေၾကာင္းဆီဂိတ္တြင္ ျပ သည္။ ကားေသာ့ဖြင့္လိုက္လွ်င္ Fuel Pump လည္ေသာ ‘buzz’ ျမည္သံၾကားရသည္။ Fuel Pump လည္ေသာအသံမၾကားရပါက Injector ဆီလိုင္းမ်ားသို႔ ေလာင္စာဆီမေရာက္ပါ။ Fuel Pump မလည္ျခင္းမွာ ဝါယာရိန္း ေၾကာင့္လား၊ Fuse ျပတ္ေနသလား၊ Pump ေမာ္တာမေကာင္း၍ လားစစ္ေဆးရမည္။ Fuel Pump လည္လွ်င္ Injector ဆီလိုင္းမ်ားသို႔ ဆီေရာက္လာမည္။ အင္ဂ်င္ စတင္လည္ရန္ Crankshaft Position Sensor ႏွင့္ Ignition Control Module တို႔ ေကာင္းရမည္။ သို႔မွသာအင္ဂ်င္တိုင္မင္ကိုက္ မီးေပးႏိုင္မည္။ (ဃ) အင္ဂ်င္စက္ႏႈိး၍ ရသည္။ ပုံမွန္လည္ သည္။ သို႔ေသာ္ ကားေမာင္းေနစဥ္႐ုတ္တရက္စက္ေသသြားသည္ – ဤကဲ့သို႔ ခြၽတ္ယြင္းခ်က္လကၡဏာသည္ Igniton Switchမေကာင္းသည့္ လကၡဏာျဖစ္သည္။ လမ္းအေဆာင့္ဒဏ္တုန္ခါမႈေၾကာင့္ Ignition Switch အတြင္းပိုင္းထိေတြ႕ေနရာမ်ားသည္ တိုေတာင္းေသာအခ်ိန္အတြင္းလြတ္သြားတတ္သည္။ ထိုအခါ Ignition Switch မွ ပါဝါျဖတ္ေတာက္သြားၿပီးစက္ေသသြားျခင္း ျဖစ္သည္။ အသုံးျပဳခ်ိန္ၾကာေသာကားအိုကားေဟာင္းမ်ားတြင္ အမ်ားဆုံးျဖစ္တတ္သည္။ ကားသစ္မ်ားတြင္ လည္း ျဖစ္တတ္သည္။ သာဓကအေနျဖင့္ (၂၀၁၄) ခုႏွစ္ အတြင္းအေမရိကန္ GM ကားမ်ား Ignition Switch ျပႆနာေပၚ၍ ကားစီးေရသန္းခ်ီၿပီး ျပန္လည္သိမ္းယူ၍ ျပဳျပင္ေပးခဲ့ရသည္။(င) ကားေသာ့တံ (Key) က်ိဳး၍ က်န္ေနျခင္း၊ ေသာတံႏႈတ္၍ မရျခင္းကားေသာ့အုံတြင္ စတီယာရင္ Column Lock Cylinder အတြင္း၌ Pin ေခ်ာင္းကေလးမ်ားညႇပ္ေနပါကေကာ္လံ Locking Mechanism ပ်က္စီးသြားတတ္ သည္။ ထိုအခါမ်ိဳးတြင္ ကားေသာ့ (Key) ကိုေသာ့အုံမွ ဆြဲထုတ္၍ မရျဖစ္တတ္သည္။ကားေသာ့က်ိဳးက်န္ခဲ့ပါကကားေသာ့ျပင္ဆိုင္ Key Master တစ္ဦး၏ အကူအညီျဖင့္ က်ိဳးက်န္ခဲ့ေသာကားေသာ့ကို ျပန္ဆြဲထုတ္ႏိုင္ရန္ ႀကိဳးစားပါ။ ကားေသာ့ အုံမေကာင္းပါကကားေသာ့ႏွင့္ ေသာ့အုံအစုံလိုက္လဲလွယ္ပါ။ ကားေသာ့တစ္ေခ်ာင္းသည္ ကားတစ္စီးအတြက္ အဓိကက်ၿပီးအေရးႀကီးေသာအရာလည္း ျဖစ္ သည္။ ကားေသာ့တစ္ေခ်ာင္းအရန္ရွိထားသင့္သည္။ ေဆာင့္ ထားသင့္သည္။ ေခတ္ေပၚ Smart Key ျဖစ္လွ်င္ လည္းကြန္ပ်ဴတာျဖင့္ ပ႐ိုဂရမ္ျပန္လည္ေရးသားၿပီးSmart Key အရန္တစ္ေခ်ာင္းေဆာင္ထားသင့္သည္။