ဗိုလ်ချုပ်မှန်းမသိဘဲ အိမ်သို့ခေါ်ကာ ထမင်းကျွေးခွင့်ရခဲ့သူ

ဗိုလ်ချုပ်အောင်ဆန်းမှ ထမင်းမစားရသေးလို့ကျွေးပါအုန်းဟုပြောရာ ဗိုလ်ချုပ် မှန်းမသိဘဲ အိမ်သို့ခေါ်ကာ ထမင်း ကျွေးခွင့်ရခဲ့သူ – မြန်မာ့ လွတ်လပ် ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းနေတဲ့အချိန်မှာ သမိုင်းတွင်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိသလို သမိုင်းမှာ ပါဝင်ခွင့် မရတဲ့ အဖြစ်အပျက်လည်း ရှိနေပါတယ်။အင်္ဂလိပ်နဲ့ ပူးပေါင်းပြီး ဂျပန်ကို တော်လှန်ဖို့ လျှို့ဝှက်လှုပ်ရှားစဉ် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲကျေးရွာကို ဗိုလ်ချုပ် ရောက်ရှိခဲ့ပါတယ်။ထမင်း မစားရသေးလို့ အရုဏ်တက်ချိန် အလှူတခုမှာ ဝင်ရောက် တောင်းခံရာ အရုဏ် ဆွမ်းလောင်းဖို့ စီစဉ်နေတဲ့ အလှူရှင်မိသားစုက ဗိုလ်ချုပ်မှန်း မသိဘဲ ထမင်းချိုးနဲ့ ကျွေးမွေးခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့တယ်လို့ ဆိုပါ တယ်။ဗိုလ်ချုပ်နဲ့တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်မှန်း မသိခဲ့ဘဲ ထမင်းချိုး ကျွေးမွေးခွင့်ရခဲ့သူကတော့ ဟင်္သာတမြို့မှာ နေထိုင်နေတဲ့ အသက် ၉၀ အရွယ် အဘ ဦးငွေရ (ခ) ဦးစိန်ဝင်း ဖြစ်ပါတယ်။ကျနော် ဆွမ်းလောင်းမလို့ လုပ်နေတုန်း သူတို့ ၂ ယောက် လာတယ်။ သူတို့ ၂ ယောက်လာ တာစုတ်စုတ်ပြတ်ပြတ်လိုပဲ ခေါင်းမှာ ခမောက်တွေနဲ့။ကျနော် ဆွမ်းလောင်းမလို့ တန်းလျားပေါ်မှာ ထိုင် ဘုန်းကြီးတွေစောင့်နေတာ။ မနက် ငါးနာရီခွဲလောက် ရှိပြီ။

အဲဒါ သူတို့ ရောက်လာတယ်။လာပြီးတော့ ကျနော်တို့ ထမင်းမစားရလို့တဲ့ မနေ့ကတည်းကတဲ့၊ ထမင်းကျန် ဟင်းကျန်လေးများရှိရင်ကျွေး ပါတဲ့။ သူပြောတယ်။ သူပြောတော့ ကျွန်တော်ကလည်း ဆွမ်းလောင်းဖို့ လုပ်နေတုန်းဆိုတော့ဟာကွာငါစောစောစီးစီး ဘုန်းကြီးဆွမ်းလောင်း မလို့ စောစောစီးစီး မင်းတို့ လာတောင်းတော့ ငါမပေးနိုင်ဘူးကွာလို့ ငါမကျွေးနိုင်ဘူးကွာလို့ ပြောတယ်။ပြောတော့ သူက ကျနော်တို့က သူတောင်းစားတွေ မဟုတ်ပါဘူးတဲ့။ ခရီးသွားတွေပါတဲ့။မနေ့ကတည်းက ထမင်းမစားရသေးလို့ အဲဒါကြောင့်မို့ ထမင်းကျန် ဟင်းကျန်လေးတွေ ရှိရင် တောင်းတာပါ ဆိုတော့ ကျနော် စားမလို့ လုပ်ထားတဲ့ လင်ပန်းထဲမှာ ထည့်ထားတဲ့ ထမင်းချိုးတွေရယ်၊ နောက်ပြီးတော့ ငါးကြင်းသားဟင်း ချက်တယ်။ဝက်သားဟင်း ချက်တယ်။ အဲဒီက ဟင်းတွေ ခူးခပ်ပြီး ကျန်တဲ့ အိုးတွေထဲကဟာတွေ နယ်ပြီးတော့ လင်ပန်းထဲမှာ ပုံထားပြီး မနေ့ကထဲက ထမင်းမစားရသေးဘူးဆိုတော့ ဒီဥစ္စာ စားကြဆိုပြီး တန်းလျားပေါ်မှာ ကျွေးတာ။သူတို့မှန်းလဲ မသိဘူးလေ လို့ ဦးငွေရက ပြောပါတယ်။အသက်၂၀ အရွယ်မှာ အစ်မတွေနဲ့အတူ မိဘနှစ်ပါးကို ရည်စူးကုသိုလ်ပြုတဲ့ အလှူအတွက်ဘုန်းကြီးတွေကိုဆွမ်းလောင်းလှူဖို့ ကျုံပျော်-ဟင်္သာတ လမ်းမကြီးဘေး ပြင်ဆင်နေစဉ်ဗိုလ်ချုပ်ကို တွေ့ဆုံခဲ့ရတာ ဖြစ်ပါတယ်။

Credit – မူရင်း

[zawgyi]

ဗိုလ္ခ်ဳပ္ေအာင္ဆန္းမွ ထမင္းမစားရေသးလို႔ေကြၽးပါအုန္းဟုေျပာရာ ဗိုလ္ခ်ဳပ္ မွန္းမသိဘဲ အိမ္သို႔ေခၚကာ ထမင္း ေကြၽးခြင့္ရခဲ့သူ – ျမန္မာ့ လြတ္လပ္ ေရးအတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႀကိဳးပမ္းေနတဲ့အခ်ိန္မွာ သမိုင္းတြင္ခဲ့တဲ့ ျဖစ္ရပ္ေတြ ရွိသလို သမိုင္းမွာ ပါဝင္ခြင့္ မရတဲ့ အျဖစ္အပ်က္လည္း ရွိေနပါတယ္။အဂၤလိပ္နဲ႔ ပူးေပါင္းၿပီး ဂ်ပန္ကို ေတာ္လွန္ဖို႔ လွ်ိဳ႕ဝွက္လႈပ္ရွားစဥ္ ဧရာဝတီတိုင္းေဒသႀကီး က်ဳံေပ်ာ္ၿမိဳ႕နယ္ ရွားခဲေက်း႐ြာကို ဗိုလ္ခ်ဳပ္ ေရာက္ရွိခဲ့ပါတယ္။ထမင္း မစားရေသးလို႔ အ႐ုဏ္တက္ခ်ိန္ အလႉတခုမွာ ဝင္ေရာက္ ေတာင္းခံရာ အ႐ုဏ္ ဆြမ္းေလာင္းဖို႔ စီစဥ္ေနတဲ့ အလႉရွင္မိသားစုက ဗိုလ္ခ်ဳပ္မွန္း မသိဘဲ ထမင္းခ်ိဳးနဲ႔ ေကြၽးေမြးခဲ့တဲ့ ျဖစ္ရပ္ ရွိခဲ့တယ္လို႔ ဆိုပါ တယ္။ဗိုလ္ခ်ဳပ္နဲ႔ေတြ႕ဆုံခဲ့ၿပီး ဗိုလ္ခ်ဳပ္မွန္း မသိခဲ့ဘဲ ထမင္းခ်ိဳး ေကြၽးေမြးခြင့္ရခဲ့သူကေတာ့ ဟသၤာတၿမိဳ႕မွာ ေနထိုင္ေနတဲ့ အသက္ ၉၀ အ႐ြယ္ အဘ ဦးေငြရ (ခ) ဦးစိန္ဝင္း ျဖစ္ပါတယ္။က်ေနာ္ ဆြမ္းေလာင္းမလို႔ လုပ္ေနတုန္း သူတို႔ ၂ ေယာက္ လာတယ္။ သူတို႔ ၂ ေယာက္လာ တာစုတ္စုတ္ျပတ္ျပတ္လိုပဲ ေခါင္းမွာ ခေမာက္ေတြနဲ႔။က်ေနာ္ ဆြမ္းေလာင္းမလို႔ တန္းလ်ားေပၚမွာ ထိုင္ ဘုန္းႀကီးေတြေစာင့္ေနတာ။ မနက္ ငါးနာရီခြဲေလာက္ ရွိၿပီ။အဲဒါ သူတို႔ ေရာက္လာတယ္။လာၿပီးေတာ့ က်ေနာ္တို႔ ထမင္းမစားရလို႔တဲ့ မေန႔ကတည္းကတဲ့၊ ထမင္းက်န္ ဟင္းက်န္ေလးမ်ားရွိရင္ေကြၽး ပါတဲ့။ သူေျပာတယ္။ သူေျပာေတာ့ ကြၽန္ေတာ္ကလည္း ဆြမ္းေလာင္းဖို႔ လုပ္ေနတုန္းဆိုေတာ့ဟာကြာငါေစာေစာစီးစီး ဘုန္းႀကီးဆြမ္းေလာင္းမလို႔ ေစာေစာစီးစီး မင္းတို႔ လာေတာင္းေတာ့ ငါမေပးႏိုင္ဘူးကြာလို႔ ငါမေကြၽးႏိုင္ဘူးကြာလို႔ ေျပာတယ္။ေျပာေတာ့ သူက က်ေနာ္တို႔က သူေတာင္းစားေတြ မဟုတ္ပါဘူးတဲ့။ ခရီးသြားေတြပါတဲ့။မေန႔ကတည္းက ထမင္းမစားရေသးလို႔ အဲဒါေၾကာင့္မို႔ ထမင္းက်န္ ဟင္းက်န္ေလးေတြ ရွိရင္ ေတာင္းတာပါ ဆိုေတာ့ က်ေနာ္ စားမလို႔ လုပ္ထားတဲ့ လင္ပန္းထဲမွာ ထည့္ထားတဲ့ ထမင္းခ်ိဳးေတြရယ္၊ ေနာက္ၿပီးေတာ့ ငါးၾကင္းသားဟင္း ခ်က္တယ္။ဝက္သားဟင္း ခ်က္တယ္။ အဲဒီက ဟင္းေတြ ခူးခပ္ၿပီး က်န္တဲ့ အိုးေတြထဲကဟာေတြ နယ္ၿပီးေတာ့ လင္ပန္းထဲမွာ ပုံထားၿပီး မေန႔ကထဲက ထမင္းမစားရေသးဘူးဆိုေတာ့ ဒီဥစၥာ စားၾကဆိုၿပီး တန္းလ်ားေပၚမွာ ေကြၽးတာ။သူတို႔မွန္းလဲ မသိဘူးေလ လို႔ ဦးေငြရက ေျပာပါတယ္။အသက္၂၀ အ႐ြယ္မွာ အစ္မေတြနဲ႔အတူ မိဘႏွစ္ပါးကို ရည္စူးကုသိုလ္ျပဳတဲ့ အလႉအတြက္ဘုန္းႀကီးေတြကိုဆြမ္းေလာင္းလႉဖို႔ က်ဳံေပ်ာ္-ဟသၤာတ လမ္းမႀကီးေဘး ျပင္ဆင္ေနစဥ္ဗိုလ္ခ်ဳပ္ကို ေတြ႕ဆုံခဲ့ရတာ ျဖစ္ပါတယ္။