ဘဏ်ဝန်ထမ်းတွေကို အကျပ်ရိုက်စေတဲ့ လယ်သမားကြီးရဲ့ မေးခွန်း

တခါက လယ်သမားအဖိုးကြီး တယောက် ဘဏ်ကို ငွေချေးဖို့ ရောက်လာပါတယ်။ ဘဏ်အရာရှိက သူ့ကို မေးလိုက်တယ်ဦးလေးက ပိုက် ဆံ ဘယ်လောက် ချေးချင်လို့လဲတစ်သိန်းပါ။ဘဏ်အရာရှိဟာ ငွေချေးတဲ့ ပုံစံကို သူ့ကို ထုတ်ပေးရင်း ခုလို မေးလိုက်ပြန်ပါတယ်အဲဒီငွေက ဘာအတွက် သုံးမှာလဲမြို့က ပစ္စည်းတွေ ဝယ်ပြီး ရွာမှာ အမြတ်နဲ့ ပြန်ရောင်းဖို့ပါ။ ဦးလေးမှာ ဘာအပေါင်ပစ္စည်း ရှိလဲအပေါင်ပစ္စည်းဆိုတာ ဘာကို ပြောတာလဲအခု ချေးသွားတဲ့ ငွေတစ်သိန်းနဲ့ ညီမျှတဲ့ ပစ္စည်းတစ်ခုခုပေါ့။ ဦးလေးက ချေးထားတဲ့ ငွေကို ပြန်မဆပ်နိုင်ရင် အဲဒီပစ္စည်းကို ဘဏ်က သိမ်းယူခွင့်ရှိပါတယ်။အော်၊ ဒီလိုလား။ ငါ့မှာ လက်ထွန်စက် တစ်စီးတော့ ရှိတယ်ကွ။ အဟောင်းပေမယ့် ငွေတစ်သိန်းမကတော့ တန်ပါတယ်ဟုတ်ကဲ့။ အဲဒါဆို ရပါတယ်။ ဒီစာရွက်ပေါ်မှာ လက်မှတ်ထိုးပေးလိုက်ပါ။ ကျွန်တော်ငွေတစ်သိန်း ထုတ်ပေးလိုက်ပါမယ်။ အချိန်တန်လို့ ငွေပြန် မဆပ်နိုင်ရင် အပေါင်ပစ္စည်းကို သိမ်းမှာနော်..။

၂ လကြာတော့ လယ်သမားကြီးဟာ ဘဏ်ကို ပြန်ရောက်လာတယ်။ စောစောက ဘဏ်အရာရှိနဲ့ ပြန်တွေ့တယ်။ သူဟာ အိတ်ကြီးထဲက ပိုက် ဆံတွေ တစ်ထပ်ကြီးကို ဆွဲထုတ်လိုက်ပြီး အဲဒီထဲက ပိုက်ဆံအချို့ကို ရေတွက်ပြီး ဘဏ်အရာရှိကို ပေးရင်း ခုလို ပြောလိုက်တယ်။အရင်က ချေးထားတဲ့ ငွေတစ်သိန်းနဲ့ အတိုးအတွက်ပါဦးလေးဆီမှာ ငွေတွေအများကြီးပါလား။ သူများလုမှာ ဓါးပြတိုက်မှာ စိုးရိမ်ရတယ်လေ။ ကျွန်တော်တို့ ဘဏ်မှာ အပ်ထားလိုက်ပါလား..။အဲဒီလို အပ်ထားတော့ ငါ့အတွက် ဘာအကျိုးရှိမှာမို့လဲဘဏ်က ဦးလေးရဲ့ ပိုက်ဆံတွေကို ထိန်းသိမ်းထားပေးမယ်လေ။ သူခိုးဓါးပြရန်လည်းကင်းတယ်။ ဦးလေးက ပုံမှန်အတိုးလည်း ရနေမယ် ဦးလေးလိုချင်တဲ့ငွေကို အချိန်မရွေး ပြန်ထုတ်ခွင့်လည်း ရှိပါတယ်။မင်းပြောသလိုဆိုရင် မဆိုးဘူးကွ။ ဒါနဲ့ မင်းတို့ ဘဏ်မှာ ဘာအပေါင်ပစ္စည်း ရှိသလဲ။ ကျွန်တော်တို့ ဘဏ်တွေမှာ ငွေသိန်းပေါင်း များစွာ အပ်ထားကြတယ်။ ဘယ်သူကများ လယ်သမားကြီးမေးတဲ့ မေးခွန်းမျိုးကို ဘဏ်ကို မေးဖူးကြသလဲ။ စဉ်းစားစ ရာပါ။ မေးရမှာ..

Credit – ဗန်းမော်သိန်းဖေ

[zawgyi]

တခါက လယ္သမားအဖိုးႀကီး တေယာက္ ဘဏ္ကို ေငြေခ်းဖို႔ ေရာက္လာပါတယ္။ ဘဏ္အရာရွိက သူ႔ကို ေမးလိုက္တယ္ဦးေလးက ပိုက္ ဆံ ဘယ္ေလာက္ ေခ်းခ်င္လို႔လဲတစ္သိန္းပါ။ဘဏ္အရာရွိဟာ ေငြေခ်းတဲ့ ပုံစံကို သူ႔ကို ထုတ္ေပးရင္း ခုလို ေမးလိုက္ျပန္ပါတယ္အဲဒီေငြက ဘာအတြက္ သုံးမွာလဲၿမိဳ႕က ပစၥည္းေတြ ဝယ္ၿပီး ႐ြာမွာ အျမတ္နဲ႔ ျပန္ေရာင္းဖို႔ပါ။ ဦးေလးမွာ ဘာအေပါင္ပစၥည္း ရွိလဲအေပါင္ပစၥည္းဆိုတာ ဘာကို ေျပာတာလဲအခု ေခ်းသြားတဲ့ ေငြတစ္သိန္းနဲ႔ ညီမွ်တဲ့ ပစၥည္းတစ္ခုခုေပါ့။ ဦးေလးက ေခ်းထားတဲ့ ေငြကို ျပန္မဆပ္ႏိုင္ရင္ အဲဒီပစၥည္းကို ဘဏ္က သိမ္းယူခြင့္ရွိပါတယ္။ေအာ္၊ ဒီလိုလား။ ငါ့မွာ လက္ထြန္စက္ တစ္စီးေတာ့ ရွိတယ္ကြ။ အေဟာင္းေပမယ့္ ေငြတစ္သိန္းမကေတာ့ တန္ပါတယ္ဟုတ္ကဲ့။ အဲဒါဆို ရပါတယ္။ ဒီစာ႐ြက္ေပၚမွာ လက္မွတ္ထိုးေပးလိုက္ပါ။ ကြၽန္ေတာ္ေငြတစ္သိန္း ထုတ္ေပးလိုက္ပါမယ္။ အခ်ိန္တန္လို႔ ေငြျပန္ မဆပ္ႏိုင္ရင္ အေပါင္ပစၥည္းကို သိမ္းမွာေနာ္..။၂ လၾကာေတာ့ လယ္သမားႀကီးဟာ ဘဏ္ကို ျပန္ေရာက္လာတယ္။ ေစာေစာက ဘဏ္အရာရွိနဲ႔ ျပန္ေတြ႕တယ္။ သူဟာ အိတ္ႀကီးထဲက ပိုက္ ဆံေတြ တစ္ထပ္ႀကီးကို ဆြဲထုတ္လိုက္ၿပီး အဲဒီထဲက ပိုက္ဆံအခ်ိဳ႕ကို ေရတြက္ၿပီး ဘဏ္အရာရွိကို ေပးရင္း ခုလို ေျပာလိုက္တယ္။အရင္က ေခ်းထားတဲ့ ေငြတစ္သိန္းနဲ႔ အတိုးအတြက္ပါဦးေလးဆီမွာ ေငြေတြအမ်ားႀကီးပါလား။ သူမ်ားလုမွာ ဓါးျပတိုက္မွာ စိုးရိမ္ရတယ္ေလ။ ကြၽန္ေတာ္တို႔ ဘဏ္မွာ အပ္ထားလိုက္ပါလား..။အဲဒီလို အပ္ထားေတာ့ ငါ့အတြက္ ဘာအက်ိဳးရွိမွာမို႔လဲဘဏ္က ဦးေလးရဲ႕ ပိုက္ဆံေတြကို ထိန္းသိမ္းထားေပးမယ္ေလ။ သူခိုးဓါးျပရန္လည္းကင္းတယ္။ ဦးေလးက ပုံမွန္အတိုးလည္း ရေနမယ္ ဦးေလးလိုခ်င္တဲ့ေငြကို အခ်ိန္မေ႐ြး ျပန္ထုတ္ခြင့္လည္း ရွိပါတယ္။မင္းေျပာသလိုဆိုရင္ မဆိုးဘူးကြ။ ဒါနဲ႔ မင္းတို႔ ဘဏ္မွာ ဘာအေပါင္ပစၥည္း ရွိသလဲ။ ကြၽန္ေတာ္တို႔ ဘဏ္ေတြမွာ ေငြသိန္းေပါင္း မ်ားစြာ အပ္ထားၾကတယ္။ ဘယ္သူကမ်ား လယ္သမားႀကီးေမးတဲ့ ေမးခြန္းမ်ိဳးကို ဘဏ္ကို ေမးဖူးၾကသလဲ။ စဥ္းစားစ ရာပါ။ ေမးရမွာ..