ဘုန်းကြီး နှင့် မျောက်

ဟိုးရှေးရှေးအခါကတိုင်းပြည်တစ်ပြည်မှာ ဆရာတော်ကြီးတစ်ပါးရှိသတဲ့။သူ့ရဲ့ကျောင်းမှာအရမ်းလိမ္မာတဲ့မျောက်ကလေးတစ်ကောင်ရှိတယ်.. ဆရာတော်ကြီးကို ဆွမ်းကပ်တာကအစ,ဝေယျာဝစ္စတွေလုပ်ပေးနိုင်တယ်လို့..နာမည်ကြီးတယ်..။တစ်နေ့တော့ ဘုရင်မင်းကြီးဟာ.. နာမည်ကြီးတဲ့မျောက်လိမ္မာလေးသတင်းကြားတာနဲ့..တွေ့လိုဇောနဲ့…ဆရာတော်ကျောင်းမှာ..ဆွမ်းကပ်ဖို့…စီစဉ်တယ်..။ဘုရင်ကြီးဟာ.. ကျောင်းဝင်းထဲဝင်လိုက်တာနဲ့ အရမ်းလှပ,တဲ့..ကျောင်းရှေ့က ပန်းခြံကြီးကိုတွေ့လိုက်ရတယ်။ဆရာတော်ကြီးကို ကန်တော့ပြီး..ဆွမ်းကပ်ဖို့ပြင်ဆင်တယ်..။အဲဒီမှာ..မျောက်ကလေးက..ဆရာတော်ကို ဆွမ်းရိုရိုသေသေလေး..ကပ်နေတာကိုကြည့်ရင်း..အနားက လိုက်ကပ်နေတဲ့.. ဘုရင်မင်းကြီးကကြည့်ရင်း အရမ်းပီတိ ဖြစ်နေတယ်တဲ့ ။အဲဒီအချိန်မှာ..မျောက်ကလေးဟာ..ရေခွက်ကပ်ရင်း..ရေခွက်မှောက်ကျသွားတယ်..ဒီတော့ဆရာတော်ကြီးကမျောက်ရဲ့ ဦးခေါင်းကို..”ဒေါက်”ခနဲ ခေါက်လိုက်တယ်..ဒါကို လှမ်းမြင်လိုက်တဲ့ ဘုရင်ကြီးက..ထောင်းကနဲ ဒေါသထွက်သွားပြီး..ပြောလိုက်တယ်။”အရှင်ဘုရား..ဒီလောက်လိမ္မာတဲ့မျောက်ကို..ရေခွက်လေးမှောက်ရုံနဲ့..ဒီလိုကြီး မလုပ်သင့်ပါဘူး.. သင်္ကန်းကြီး ဝတ်ထားပြီး..ဒီလောက်လေးမှ ခန္တီတရားလေးတောင်..မထားနိုင်ဘူးလား” လို့စိတ်ဆိုးစွာနဲ့…ပြောလိုက်တယ်။ဆရာတော်က တော့..”တိရိစ္ဆာန်ဆိုတာ ဆုံးမရတယ်။ မဟုတ်ရင်မလိမ္မာဘူး” လို့ဘယ်လိုဘဲ ဖြောင်းဖြ ဆုံးမပေမဲ့ လက်မခံဘူး။ဒါနဲ့ ဘုန်းကြီးကရှင်းပြလို့မရတဲ့အဆုံး..”ကဲ..ဒကာတော်မင်းကြီး..ဘယ်လိုမှ ရှင်းပြလို့မရရင်လဲ..ဒီလိုလုပ်ပါ.. ဒကာတော်မင်းကြီးပြောသလို”ခန္တီ”တရားနဲ့ နေပါ့မယ်။

နောက်တစ်နှစ် တိတိပြည့်ရင်..ဒီကျောင်းကိုနောက်တစ်ခေါက်ပြန်ကြွခဲ့ပါ”ဘုရင်ကြီးလဲ စိတ်တွေဆိုးပြီးဦးတောင်မချတော့ဘဲ..ကျောင်းပေါ်က ဆင်းသွားတော့တယ်တဲ့။နောက်တစ်နှစ်လောက်ကြာတော့..ဘုရင်ကြီးဟာ..အဲဒီအကြောင်းကို..ပြန်သတိရလာတယ်၊ ဒါနဲ့ မှုးမတ်တွေကိုခေါ်ပြီး..ဘုန်းကြီးကျောင်းကိုသွားတယ်တဲ့..။ကျောင်းရှေ့ဥယျာဉ်လဲရောက်ရော..ဥယျာဉ်တစ်ခုလုံး..ရစရာမရှိအောင်..ပျက်စီးနေပြီး ပန် းပင် တွေဟာလဲ..နုတ်ပြီးကိုက်ဖြတ်ထားတဲ့အတွက်ပြန့်ကျဲနေတယ်။ကျောင်းကိုလှမ်းကြည့်လိုက်တော့ကျောင်းခေါင်မိုးတွေ ဖွာလန်လွင့်ကျဲနေတယ်။ကျောင်းပြူတင်းပေါက်တွေကလဲ ပြုတ်တာကပြုတ်, တွဲလောင်းဖြစ်တာကဖြစ်..၊ဘုရင်ကြီးက စိတ်ပူသွားတာနဲ့..အမြန်ကျောင်းပေါ်တက်ပြီး..ဘုန်းကြီးကိုလိုက်ရှာတယ်..။ တစ်ကျောင်းလုံ..ရစရာမရှိအောင်..ပျက်စီးရှုပ်ပွနေတယ်..။ ကျောင်းဒေါင့်ကအမိုက်ပုံကြားတစ်နေရာမှာတော့..ဘုန်ကြီးဟာ ငုတ်တုတ်လေးထိုင်နေတယ်…။မျောက်ကတော့ဘုန်ကြီးဂုတ်ကိုခွစီးပြီး..ဘုန်းကြီးခေါင်းကို..ခေါက်ကစားနေလေရဲ့…။ပြောလိုတာက လူ့စိတ်ဆိုတာမျောက်နဲ့တူတယ်..ဆုံးမမှု မရှိဘူးဆိုရင် ဆုံးမမှုတည်းဟူသော အသိတရား သတိတရားမရှိဘူးဆိုရင် မိမိတို့ရဲ့စိတ်ဟာ လူစင်စစ်က မျောက်လိုဖြစ်နေတတ်ပါလား ဆိုတာ သတိရပါ။သင်္ခန်းစာယူတတ်ကြပါစေ။

မူရင်း – Credit

[zawgyi]

ဟိုးေရွးေရွးအခါကတိုင္းျပည္တစ္ျပည္မွာ ဆရာေတာ္ႀကီးတစ္ပါးရွိသတဲ့။သူ႔ရဲ႕ေက်ာင္းမွာအရမ္းလိမၼာတဲ့ေမ်ာက္ကေလးတစ္ေကာင္ရွိတယ္.. ဆရာေတာ္ႀကီးကို ဆြမ္းကပ္တာကအစ,ေဝယ်ာဝစၥေတြလုပ္ေပးႏိုင္တယ္လို႔..နာမည္ႀကီးတယ္..။တစ္ေန႔ေတာ့ ဘုရင္မင္းႀကီးဟာ.. နာမည္ႀကီးတဲ့ေမ်ာက္လိမၼာေလးသတင္းၾကားတာနဲ႔..ေတြ႕လိုေဇာနဲ႔…ဆရာေတာ္ေက်ာင္းမွာ..ဆြမ္းကပ္ဖို႔…စီစဥ္တယ္..။ဘုရင္ႀကီးဟာ.. ေက်ာင္းဝင္းထဲဝင္လိုက္တာနဲ႔ အရမ္းလွပ,တဲ့..ေက်ာင္းေရွ႕က ပန္းၿခံႀကီးကိုေတြ႕လိုက္ရတယ္။ဆရာေတာ္ႀကီးကို ကန္ေတာ့ၿပီး..ဆြမ္းကပ္ဖို႔ျပင္ဆင္တယ္..။အဲဒီမွာ..ေမ်ာက္ကေလးက..ဆရာေတာ္ကို ဆြမ္း႐ို႐ိုေသေသေလး..ကပ္ေနတာကိုၾကည့္ရင္း..အနားက လိုက္ကပ္ေနတဲ့.. ဘုရင္မင္းႀကီးကၾကည့္ရင္း အရမ္းပီတိ ျဖစ္ေနတယ္တဲ့ ။အဲဒီအခ်ိန္မွာ..ေမ်ာက္ကေလးဟာ..ေရခြက္ကပ္ရင္း..ေရခြက္ေမွာက္က်သြားတယ္..ဒီေတာ့ဆရာေတာ္ႀကီးကေမ်ာက္ရဲ႕ ဦးေခါင္းကို..”ေဒါက္”ခနဲ ေခါက္လိုက္တယ္..ဒါကို လွမ္းျမင္လိုက္တဲ့ ဘုရင္ႀကီးက..ေထာင္းကနဲ ေဒါသထြက္သြားၿပီး..ေျပာလိုက္တယ္။”အရွင္ဘုရား..ဒီေလာက္လိမၼာတဲ့ေမ်ာက္ကို..ေရခြက္ေလးေမွာက္႐ုံနဲ႔..ဒီလိုႀကီး မလုပ္သင့္ပါဘူး.. သကၤန္းႀကီး ဝတ္ထားၿပီး..ဒီေလာက္ေလးမွ ခႏၲီတရားေလးေတာင္..မထားႏိုင္ဘူးလား” လို႔စိတ္ဆိုးစြာနဲ႔…ေျပာလိုက္တယ္။ဆရာေတာ္က ေတာ့..”တိရိစာၦန္ဆိုတာ ဆုံးမရတယ္။ မဟုတ္ရင္မလိမၼာဘူး” လို႔ဘယ္လိုဘဲ ေျဖာင္းျဖ ဆုံးမေပမဲ့ လက္မခံဘူး။ဒါနဲ႔ ဘုန္းႀကီးကရွင္းျပလို႔မရတဲ့အဆုံး..”ကဲ..ဒကာေတာ္မင္းႀကီး..ဘယ္လိုမွ ရွင္းျပလို႔မရရင္လဲ..ဒီလိုလုပ္ပါ.. ဒကာေတာ္မင္းႀကီးေျပာသလို”ခႏၲီ”တရားနဲ႔ ေနပါ့မယ္။ေနာက္တစ္ႏွစ္ တိတိျပည့္ရင္..ဒီေက်ာင္းကိုေနာက္တစ္ေခါက္ျပန္ႂကြခဲ့ပါ”ဘုရင္ႀကီးလဲ စိတ္ေတြဆိုးၿပီးဦးေတာင္မခ်ေတာ့ဘဲ..ေက်ာင္းေပၚက ဆင္းသြားေတာ့တယ္တဲ့။ေနာက္တစ္ႏွစ္ေလာက္ၾကာေတာ့..ဘုရင္ႀကီးဟာ..အဲဒီအေၾကာင္းကို..ျပန္သတိရလာတယ္၊ ဒါနဲ႔ မႈးမတ္ေတြကိုေခၚၿပီး..ဘုန္းႀကီးေက်ာင္းကိုသြားတယ္တဲ့..။ေက်ာင္းေရွ႕ဥယ်ာဥ္လဲေရာက္ေရာ..ဥယ်ာဥ္တစ္ခုလုံး..ရစရာမရွိေအာင္..ပ်က္စီးေနၿပီး ပန္ းပင္ ေတြဟာလဲ..ႏုတ္ၿပီးကိုက္ျဖတ္ထားတဲ့အတြက္ျပန႔္က်ဲေနတယ္။ေက်ာင္းကိုလွမ္းၾကည့္လိုက္ေတာ့ေက်ာင္းေခါင္မိုးေတြ ဖြာလန္လြင့္က်ဲေနတယ္။ေက်ာင္းျပဴတင္းေပါက္ေတြကလဲ ျပဳတ္တာကျပဳတ္, တြဲေလာင္းျဖစ္တာကျဖစ္..၊ဘုရင္ႀကီးက စိတ္ပူသြားတာနဲ႔..အျမန္ေက်ာင္းေပၚတက္ၿပီး..ဘုန္းႀကီးကိုလိုက္ရွာတယ္..။ တစ္ေက်ာင္းလုံ..ရစရာမရွိေအာင္..ပ်က္စီးရႈပ္ပြေနတယ္..။ ေက်ာင္းေဒါင့္ကအမိုက္ပုံၾကားတစ္ေနရာမွာေတာ့..ဘုန္ႀကီးဟာ ငုတ္တုတ္ေလးထိုင္ေနတယ္…။ေမ်ာက္ကေတာ့ဘုန္ႀကီးဂုတ္ကိုခြစီးၿပီး..ဘုန္းႀကီးေခါင္းကို..ေခါက္ကစားေနေလရဲ႕…။ေျပာလိုတာက လူ႔စိတ္ဆိုတာေမ်ာက္နဲ႔တူတယ္..ဆုံးမမႈ မရွိဘူးဆိုရင္ ဆုံးမမႈတည္းဟူေသာ အသိတရား သတိတရားမရွိဘူးဆိုရင္ မိမိတို႔ရဲ႕စိတ္ဟာ လူစင္စစ္က ေမ်ာက္လိုျဖစ္ေနတတ္ပါလား ဆိုတာ သတိရပါ။သခၤန္းစာယူတတ္ၾကပါေစ။