ဘုရင်ကြီးရဲ့ ဓါးတစ်လက်

တခါတုန်းက.. တိုင်းပြည်တစ်ပြည်က ဘုရင်ကြီးဆီမှာ အလွန်တန်ဖိုး ရှိတဲ့ ဓါးကောင်းတစ်လက် ရှိသတဲ့။ ဘုရင်ကြီးဟာ ဘယ်လို ပွဲတွေကိုပဲ တက် တက်.. ဒီ ဓါးလေးကို သူ့ရဲ့ အစောင့်အရှောက် အနေနဲ့ ခေါ်သွားလေ့ ရှိတဲ့အတွက်ကြောင့် ဓါးလေးဟာ ဂုဏ်တွေကြားမှာ တဖြည်း ဖြည်းနဲ့ သာယာ လာခဲ့တာပေါ့။တစ်နေ့တော့ အိမ်နီးချင်း နိုင်ငံနဲ့ စစ်ဖြစ်ရဖို့ နေ့ရက်တစ်ခုကို ရောက်လာခဲ့တယ်။ ဖြစ်ဖို့အတွက်လည်း အ ပြန်အလှန် စစ် ကြေငြာပြီး သွားပါပြီ။ ဒီတော့ ဓါးလေးဟာ တွေးတယ်။ ဒါဟာ အခွင့်ကောင်းပဲပေါ့။ သူ့အနေနဲ့ တကယ့် စစ်ပွဲတွေကြားမှာ အခွင့်အရေးပြရတော့မှာ ဖြစ်လို့ အရမ်း ပျော်မိသတဲ့။ ဒီလို အခွင့်အရေး ရတုန်း သူ့အစွမ်းကို ပြမှသာ အရပ်လေးမျက်နှာမှာ သူ့နာမည်ဟာ ကျော်ကြားလာမှာ မဟုတ်လား။ဒီလိုနဲ့ ရှေ့တန်းထွက်တဲ့နေ့ကို ရောက်လာတော့ ဓါးလေးဟာ လမ်းတလျှောက်မှာ သူ့ကိုယ်သူ ပွဲတိုင်းနွှဲလို့ တိုက်တိုင်းနိုင်ခဲ့တဲ့ ဓါးတစ်လက် အဖြစ် စိတ်ကူးယဉ်လာတဲ့ အထိပါပဲ။သို့သော်.. ရှေ့တန်း စစ်မြေပြင်ကို ဓါးလေး တကယ် ရောက်သွားတဲ့အချိန်မှာတော့ စစ်ပွဲဟာ စတင် နေခဲ့ပြီးပြီ။ အရာရာဟာ ဓါးလေး စိတ်ကူးယဉ်ထားခဲ့သလို မလှပနေပါဘူး။ သူ့အနေနဲ့ တောက်ပတဲ့ နေ ရောင် အောက်မှာ ပြောင်လက်နေတဲ့ ရွှေတံဆိပ်တွေ ရှိနေမယ် ထင်ခဲ့မိတယ်။ အနိုင်ရထားတဲ့ ဓါးတွေရဲ့ ရယ်မောသံတွေကို ကြားနေမယ် ထင်ခဲ့သလို တပျော်တပါး အောင်ပွဲခံနေကြတဲ့ ကခုန်ပွဲတွေလည်း ရှိနေမယ် ထင်ခဲ့မိပါသတဲ့။သို့သော်.. တကယ့် လက်တွေ့မှာတော့.. ဓါးတွေဟာ အကုန် ကျိုးပဲ့လို့ မြေမှာ ပြန့်ကျဲနေတယ်။ ဟိုဒီတွေ့နေရတဲ့ ဓါးအိမ်တိုင်းက အိမ်ပိုင်ရှင် ဓါး ပြန်အလာကို စိတ်ပူရင်း မျှော်နေကြတဲ့ မိသားစုသဖွယ် ဟို တစ်ကွက် ဒီတစ်ကွက် တွေ့နေရပါတယ်။တစ်နေရာမှာတော့ မကျိုးမပဲ့သေးတဲ့ ဓါးတွေ ဟိုတစ်စု ဒီတစ်စု ထပ်တွေ့တယ်။ သို့သော် သူတို့ သည်လည်း လူသားရဲ့ အရသာကို မြည်းစမ်းဖူးတဲ့ တိရိစ္ဆာန်ပမာ ရိုင်းစိုင်းဆဲဆိုလို့ သွေးဆာ နေကြ တာကို ဓါးလေး မြင်ခဲ့ရတယ်။မြက်ခင်းစိမ်းတွေမရှိသလို နေလည်းမထွက်ဘူး။ သွေးပုပ်ယောင်ထနေတဲ့ မြေပေါ်မှာ အရာရာဟာ ပုံပျက်ဆင်းပျက်နဲ့… ဘယ်နေရာမဆို မီးညွန့်တလူလူ လွင့်လို့ သေမင်း အောင်လံ ထူထားသယောင် မြင်ရတဲ့အခါ ဓါးလေးဟာ စစ်ကို မုန်းသွားပါတော့တယ်။ စစ်ဆိုတဲ့ အသံကို မကြားချင်တဲ့အထိပဲ။ ခုချက်ချင်း နန်းတော် ပြန်ပြေးချင်လှပြီပေါ့။ဒါပေမယ့်လည်း ဒီတစ်ည လွန်လို့ မနက် အာရုဏ်တက်တာနဲ့ ဘုရင်ကြီးဟာ စစ်ပွဲမှာ ကိုယ်တိုင် ကြီးကြပ်မယ်ဆိုတဲ့အခါ ဓါးလေးဟာ ဘယ်လိုလုပ်ရမလဲ ကြံစည်တယ်။မရပ်မနား စဉ်းစားနေမိတဲ့အ တွက်ကြောင့် သိပ်မကြာခင်မှာ ဓါးလေးဟာ ပူလာတယ်။ ညဉ့်အတော် နက်တော့ ဓါးလေးဟာ အရောင်တွေတောက်လာတဲ့အထိကို ပူနေပြီ။ သန်းခေါင်ချိန်မှာ အပူအရမ်း များလာတဲ့ ဓါးဟာ တုန်ခါလို့ အသံကျယ်ကြီးတစ်ခု ဓါးအိမ်ထဲကနေ ထွက်လာပါတယ်။ဒီလို စူးရှတဲ့ အသံကြောင့် ကျန်ဓါးတွေဟာ သတိပြုမိပြီး သူ့အနားကို ရောက်လာခဲ့တယ်။ ဒီတော့ ဓါးလေးဟာ ပြောပြတာပေါ့။ စစ်မဖြစ်စေချင်ဘူး။ စစ်ပွဲကို မကြိုက်ဘူးလို့။

“မကြိုက်ပေမယ့်လဲ တို့ ဘာများတတ်နိုင်မှာလဲကွာ။” လို့ ဝါရင့် ဓါးအိုတစ်လက်က ဝင်ပြောပြပါတယ်။ဒီအချိန်ကလေးမှာ ဓါးကလေးဟာ အကြံတစ်ခုရသွားတယ်။ “ကျုပ်တို့လုပ်နိုင်တာ ရှိပါတယ်။ ခုနက ကျုပ်လုပ်သလို အသံထွက်လာအောင် ခင်ဗျားတို့ အားလုံးလည်း နည်းမျိုးစုံနဲ့ ဝိုင်းလုပ်ကြပါ။”ဒီတော့ ကျန်ဓါးတွေလည်း ဘုမသိ ဘမသိနဲ့ အသံထွက်အောင် ရမ်းခါ ရတော့တာပေါ့။ ဒီမှာ တစ်ချောင်းထဲဆို မသိသာတဲ့ အသံဟာ ဓါးအစုအဝေးလိုက် လှုပ်ရမ်းနေမှုကြောင့် ကျယ်လောင်တဲ့ အသံတစ်ခု ဖြစ်လာတယ်။ဘယ်လောက်တောင် ကျယ်လာသလဲဆိုရင် တစ်ဖက်က ရန်သူ့တပ်မှာ ရှိတဲ့ဓါးတွေ ကြားကုန်တဲ့ အထိပဲ။ ဆိုတော့ စစ်မဖြစ်ရေးကို လိုလားတဲ့ တဖက်က ရန်သူ့ဓါးတွေဟာလည်း သဘောတူလို့ တညီတညွတ်ထဲ လာရောက်ပူးပေါင်းကြတယ်။အဲ့သလိုနဲ့ မနက်အာရုဏ်တက်ချိန်အထိ နှစ်ဖက်စလုံးက ဓါးတိုင်းဟာ အသံတွေ ဆူညံစေတဲ့အခါ စစ်သားတွေဟာ အိပ်ရေးမဝကြဘူး။ ဘုရင် ၂ ပါးလည်း အိပ်ရေးပျက်ခဲ့ကြတဲ့ အလျောက် အဲ့ဒီ တစ်နေ့လုံးကို အိပ်ကြဖို့ ဆုံးဖြတ်ရင်း နောက်တစ်ရက်မှ စစ်ဖြစ်ဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ဒါပေမယ့်လည်း ဓါးတွေဟာ အလျှော့မပေးဘူး။ တက်ညီလက် ညီနဲ့ နေ့မွန်းမတည့်ခင် အချိန်မှာ ထပ် လှုပ်ခါလို့ တစုတဝေးထဲ ဆူညံကြပြန်တယ်။ အဲ့သလိုမျိုး ခနလောက်ပေးအိပ်လိုက် အိပ်မရအောင် လုပ်လိုက် ပြန် ငြိမ်သွားလိုက်နဲ့ ၇ ရက်လောက် ဆက်တိုက် လုပ်လာတဲ့အခါ ဘုရင် ၂ ပါးဟာ အချင်းချင်း တွေ့ဆုံပြီးတော့ ဓါးပြဿနာကို အဖြေထုတ်ရတဲ့အထိ ဖြစ်လာခဲ့တယ်။ညတိုင်း အိပ်မရ.. နေ့လည်း အိပ်မရ ဖြစ်ပုံတွေ သူတို့ အပြန်အလှန် ပြောကြတယ်။ တစ်ဖက်က အတွေ့အကြုံနဲ့ တစ်ဖက်က အတွေ့အကြုံတွေ ဖလှယ်ကြတယ်။ ဒီလို တူညီတဲ့ ခံယူချက် တစ်ခုမှာ ဘုရင် ၂ ပါးလုံး အပူတွေ ဖွင့်ချလိုက်ရလို့ ဝမ်းမြောက်ဝမ်းသာ ရယ်မောခဲ့မိတယ်။ တစ်ဖက်က စစ်သားနဲ့ ကိုယ့် စစ်သား ကြားမှာ စာနာ နားလည်မှုတွေ ပေါ်လာခဲ့တယ်။နောက် ဆုံးမှာ ဓါးတွေ တိတ်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အစပျိုး ဆွေးနွေးမှုကနေ စစ်ကျေအေး လိုက်ကြပါစို့ ဆိုတဲ့ အဖြေကို လိုလိုလားလား ထုတ်မိတဲ့ အထိ သူတို့ချင်း ပြေလည်သွားကြပါတယ်။အဲ့ဒီနေ့က စလို့ ဘုရင် နှစ်ပါးစလုံးဟာ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်လာကြပါသ တဲ့။သင်ခန်းစာ – တူညီသော ခံယူချက် အလွှာမှာ ပဋိပက္ခတိုင်းဟာ အဆုံးမသတ်လို့ မဖြစ်.. သတ်ကို သတ်ရပါတယ်။ ဒါ့အပြင် အံ့သြဖို့ ကောင်းတာက အဲ့ဒီ အလွှာမှာပဲ ရန်သူတိုင်း သေဆုံးကုန်ပြီး အဲ့ဒီ အလွှာကနေသာ ချစ်ခင် ရင်းနှီးမှုနဲ့ ငြိမ်းချမ်းရေးဟာ ပေါက်ဖွား ထွက်ပေါ် လာရပါတယ်။

Credit မူရင်း

[zawgyi]

တခါတုန္းက.. တိုင္းျပည္တစ္ျပည္က ဘုရင္ႀကီးဆီမွာ အလြန္တန္ဖိုး ရွိတဲ့ ဓါးေကာင္းတစ္လက္ ရွိသတဲ့။ ဘုရင္ႀကီးဟာ ဘယ္လို ပြဲေတြကိုပဲ တက္ တက္.. ဒီ ဓါးေလးကို သူ႔ရဲ႕ အေစာင့္အေရွာက္ အေနနဲ႔ ေခၚသြားေလ့ ရွိတဲ့အတြက္ေၾကာင့္ ဓါးေလးဟာ ဂုဏ္ေတြၾကားမွာ တျဖည္း ျဖည္းနဲ႔ သာယာ လာခဲ့တာေပါ့။တစ္ေန႔ေတာ့ အိမ္နီးခ်င္း ႏိုင္ငံနဲ႔ စစ္ျဖစ္ရဖို႔ ေန႔ရက္တစ္ခုကို ေရာက္လာခဲ့တယ္။ ျဖစ္ဖို႔အတြက္လည္း အ ျပန္အလွန္ စစ္ ေၾကျငာၿပီး သြားပါၿပီ။ ဒီေတာ့ ဓါးေလးဟာ ေတြးတယ္။ ဒါဟာ အခြင့္ေကာင္းပဲေပါ့။ သူ႔အေနနဲ႔ တကယ့္ စစ္ပြဲေတြၾကားမွာ အခြင့္အေရးျပရေတာ့မွာ ျဖစ္လို႔ အရမ္း ေပ်ာ္မိသတဲ့။ ဒီလို အခြင့္အေရး ရတုန္း သူ႔အစြမ္းကို ျပမွသာ အရပ္ေလးမ်က္ႏွာမွာ သူ႔နာမည္ဟာ ေက်ာ္ၾကားလာမွာ မဟုတ္လား။ဒီလိုနဲ႔ ေရွ႕တန္းထြက္တဲ့ေန႔ကို ေရာက္လာေတာ့ ဓါးေလးဟာ လမ္းတေလွ်ာက္မွာ သူ႔ကိုယ္သူ ပြဲတိုင္းႏႊဲလို႔ တိုက္တိုင္းႏိုင္ခဲ့တဲ့ ဓါးတစ္လက္ အျဖစ္ စိတ္ကူးယဥ္လာတဲ့ အထိပါပဲ။သို႔ေသာ္.. ေရွ႕တန္း စစ္ေျမျပင္ကို ဓါးေလး တကယ္ ေရာက္သြားတဲ့အခ်ိန္မွာေတာ့ စစ္ပြဲဟာ စတင္ ေနခဲ့ၿပီးၿပီ။ အရာရာဟာ ဓါးေလး စိတ္ကူးယဥ္ထားခဲ့သလို မလွပေနပါဘူး။ သူ႔အေနနဲ႔ ေတာက္ပတဲ့ ေန ေရာင္ ေအာက္မွာ ေျပာင္လက္ေနတဲ့ ေ႐ႊတံဆိပ္ေတြ ရွိေနမယ္ ထင္ခဲ့မိတယ္။ အႏိုင္ရထားတဲ့ ဓါးေတြရဲ႕ ရယ္ေမာသံေတြကို ၾကားေနမယ္ ထင္ခဲ့သလို တေပ်ာ္တပါး ေအာင္ပြဲခံေနၾကတဲ့ ကခုန္ပြဲေတြလည္း ရွိေနမယ္ ထင္ခဲ့မိပါသတဲ့။သို႔ေသာ္.. တကယ့္ လက္ေတြ႕မွာေတာ့.. ဓါးေတြဟာ အကုန္ က်ိဳးပဲ့လို႔ ေျမမွာ ျပန႔္က်ဲေနတယ္။ ဟိုဒီေတြ႕ေနရတဲ့ ဓါးအိမ္တိုင္းက အိမ္ပိုင္ရွင္ ဓါး ျပန္အလာကို စိတ္ပူရင္း ေမွ်ာ္ေနၾကတဲ့ မိသားစုသဖြယ္ ဟို တစ္ကြက္ ဒီတစ္ကြက္ ေတြ႕ေနရပါတယ္။တစ္ေနရာမွာေတာ့ မက်ိဳးမပဲ့ေသးတဲ့ ဓါးေတြ ဟိုတစ္စု ဒီတစ္စု ထပ္ေတြ႕တယ္။ သို႔ေသာ္ သူတို႔ သည္လည္း လူသားရဲ႕ အရသာကို ျမည္းစမ္းဖူးတဲ့ တိရိစာၦန္ပမာ ႐ိုင္းစိုင္းဆဲဆိုလို႔ ေသြးဆာ ေနၾက တာကို ဓါးေလး ျမင္ခဲ့ရတယ္။ျမက္ခင္းစိမ္းေတြမရွိသလို ေနလည္းမထြက္ဘူး။ ေသြးပုပ္ေယာင္ထေနတဲ့ ေျမေပၚမွာ အရာရာဟာ ပုံပ်က္ဆင္းပ်က္နဲ႔… ဘယ္ေနရာမဆို မီးၫြန႔္တလူလူ လြင့္လို႔ ေသမင္း ေအာင္လံ ထူထားသေယာင္ ျမင္ရတဲ့အခါ ဓါးေလးဟာ စစ္ကို မုန္းသြားပါေတာ့တယ္။ စစ္ဆိုတဲ့ အသံကို မၾကားခ်င္တဲ့အထိပဲ။ ခုခ်က္ခ်င္း နန္းေတာ္ ျပန္ေျပးခ်င္လွၿပီေပါ့။ဒါေပမယ့္လည္း ဒီတစ္ည လြန္လို႔ မနက္ အာ႐ုဏ္တက္တာနဲ႔ ဘုရင္ႀကီးဟာ စစ္ပြဲမွာ ကိုယ္တိုင္ ႀကီးၾကပ္မယ္ဆိုတဲ့အခါ ဓါးေလးဟာ ဘယ္လိုလုပ္ရမလဲ ႀကံစည္တယ္။မရပ္မနား စဥ္းစားေနမိတဲ့အ တြက္ေၾကာင့္ သိပ္မၾကာခင္မွာ ဓါးေလးဟာ ပူလာတယ္။ ညဥ့္အေတာ္ နက္ေတာ့ ဓါးေလးဟာ အေရာင္ေတြေတာက္လာတဲ့အထိကို ပူေနၿပီ။ သန္းေခါင္ခ်ိန္မွာ အပူအရမ္း မ်ားလာတဲ့ ဓါးဟာ တုန္ခါလို႔ အသံက်ယ္ႀကီးတစ္ခု ဓါးအိမ္ထဲကေန ထြက္လာပါတယ္။ဒီလို စူးရွတဲ့ အသံေၾကာင့္ က်န္ဓါးေတြဟာ သတိျပဳမိၿပီး သူ႔အနားကို ေရာက္လာခဲ့တယ္။ ဒီေတာ့ ဓါးေလးဟာ ေျပာျပတာေပါ့။ စစ္မျဖစ္ေစခ်င္ဘူး။ စစ္ပြဲကို မႀကိဳက္ဘူးလို႔။“မႀကိဳက္ေပမယ့္လဲ တို႔ ဘာမ်ားတတ္ႏိုင္မွာလဲကြာ။” လို႔ ဝါရင့္ ဓါးအိုတစ္လက္က ဝင္ေျပာျပပါတယ္။ဒီအခ်ိန္ကေလးမွာ ဓါးကေလးဟာ အႀကံတစ္ခုရသြားတယ္။ “က်ဳပ္တို႔လုပ္ႏိုင္တာ ရွိပါတယ္။ ခုနက က်ဳပ္လုပ္သလို အသံထြက္လာေအာင္ ခင္ဗ်ားတို႔ အားလုံးလည္း နည္းမ်ိဳးစုံနဲ႔ ဝိုင္းလုပ္ၾကပါ။”ဒီေတာ့ က်န္ဓါးေတြလည္း ဘုမသိ ဘမသိနဲ႔ အသံထြက္ေအာင္ ရမ္းခါ ရေတာ့တာေပါ့။ ဒီမွာ တစ္ေခ်ာင္းထဲဆို မသိသာတဲ့ အသံဟာ ဓါးအစုအေဝးလိုက္ လႈပ္ရမ္းေနမႈေၾကာင့္ က်ယ္ေလာင္တဲ့ အသံတစ္ခု ျဖစ္လာတယ္။ဘယ္ေလာက္ေတာင္ က်ယ္လာသလဲဆိုရင္ တစ္ဖက္က ရန္သူ႔တပ္မွာ ရွိတဲ့ဓါးေတြ ၾကားကုန္တဲ့ အထိပဲ။ ဆိုေတာ့ စစ္မျဖစ္ေရးကို လိုလားတဲ့ တဖက္က ရန္သူ႔ဓါးေတြဟာလည္း သေဘာတူလို႔ တညီတၫြတ္ထဲ လာေရာက္ပူးေပါင္းၾကတယ္။အဲ့သလိုနဲ႔ မနက္အာ႐ုဏ္တက္ခ်ိန္အထိ ႏွစ္ဖက္စလုံးက ဓါးတိုင္းဟာ အသံေတြ ဆူညံေစတဲ့အခါ စစ္သားေတြဟာ အိပ္ေရးမဝၾကဘူး။ ဘုရင္ ၂ ပါးလည္း အိပ္ေရးပ်က္ခဲ့ၾကတဲ့ အေလ်ာက္ အဲ့ဒီ တစ္ေန႔လုံးကို အိပ္ၾကဖို႔ ဆုံးျဖတ္ရင္း ေနာက္တစ္ရက္မွ စစ္ျဖစ္ဖို႔ ေ႐ႊ႕ဆိုင္းလိုက္ပါတယ္။ဒါေပမယ့္လည္း ဓါးေတြဟာ အေလွ်ာ့မေပးဘူး။ တက္ညီလက္ ညီနဲ႔ ေန႔မြန္းမတည့္ခင္ အခ်ိန္မွာ ထပ္ လႈပ္ခါလို႔ တစုတေဝးထဲ ဆူညံၾကျပန္တယ္။ အဲ့သလိုမ်ိဳး ခနေလာက္ေပးအိပ္လိုက္ အိပ္မရေအာင္ လုပ္လိုက္ ျပန္ ၿငိမ္သြားလိုက္နဲ႔ ၇ ရက္ေလာက္ ဆက္တိုက္ လုပ္လာတဲ့အခါ ဘုရင္ ၂ ပါးဟာ အခ်င္းခ်င္း ေတြ႕ဆုံၿပီးေတာ့ ဓါးျပႆနာကို အေျဖထုတ္ရတဲ့အထိ ျဖစ္လာခဲ့တယ္။ညတိုင္း အိပ္မရ.. ေန႔လည္း အိပ္မရ ျဖစ္ပုံေတြ သူတို႔ အျပန္အလွန္ ေျပာၾကတယ္။ တစ္ဖက္က အေတြ႕အႀကဳံနဲ႔ တစ္ဖက္က အေတြ႕အႀကဳံေတြ ဖလွယ္ၾကတယ္။ ဒီလို တူညီတဲ့ ခံယူခ်က္ တစ္ခုမွာ ဘုရင္ ၂ ပါးလုံး အပူေတြ ဖြင့္ခ်လိုက္ရလို႔ ဝမ္းေျမာက္ဝမ္းသာ ရယ္ေမာခဲ့မိတယ္။ တစ္ဖက္က စစ္သားနဲ႔ ကိုယ့္ စစ္သား ၾကားမွာ စာနာ နားလည္မႈေတြ ေပၚလာခဲ့တယ္။ေနာက္ ဆုံးမွာ ဓါးေတြ တိတ္ေအာင္ ဘယ္လိုလုပ္မလဲ ဆိုတဲ့ အစပ်ိဳး ေဆြးေႏြးမႈကေန စစ္ေက်ေအး လိုက္ၾကပါစို႔ ဆိုတဲ့ အေျဖကို လိုလိုလားလား ထုတ္မိတဲ့ အထိ သူတို႔ခ်င္း ေျပလည္သြားၾကပါတယ္။အဲ့ဒီေန႔က စလို႔ ဘုရင္ ႏွစ္ပါးစလုံးဟာ အခင္ဆုံး သူငယ္ခ်င္းေတြ ျဖစ္လာၾကပါသ တဲ့။သင္ခန္းစာ – တူညီေသာ ခံယူခ်က္ အလႊာမွာ ပဋိပကၡတိုင္းဟာ အဆုံးမသတ္လို႔ မျဖစ္.. သတ္ကို သတ္ရပါတယ္။ ဒါ့အျပင္ အံ့ၾသဖို႔ ေကာင္းတာက အဲ့ဒီ အလႊာမွာပဲ ရန္သူတိုင္း ေသဆုံးကုန္ၿပီး အဲ့ဒီ အလႊာကေနသာ ခ်စ္ခင္ ရင္းႏွီးမႈနဲ႔ ၿငိမ္းခ်မ္းေရးဟာ ေပါက္ဖြား ထြက္ေပၚ လာရပါတယ္။