ဘုရင်ကြီးရဲ့ မေးခွန်း သုံးခု

အိန္ဒိယနိုင်ငံရှိ ဘုရင်ကြီး အက်ကဘာ သည် အမတ်ချုပ်ကြီး ဘာဘယ်ကိုအလွန်နှစ်သက်သည်။ ထို့ကြောင့် ဝန်ကြီးတစ်ဦးသည် ဘာဘယ့်ကို အလွန်မနာလိုဖြစ်နေသည်။ ထိုဝန်ကြီးသည် အမတ်ချုပ်ကြီးဖြစ်ချင် သော်လည်း ဘာဘယ်သာ အမတ်ချုပ်ကြီး ဖြစ်သွားသဖြင့် သည်ထိုရာထူးကို သူမရနိုင်တော့ပေ။ တစ်နေ့သ၌ ဘုရင်ကြီးသည် ဘာဘယ်အား ထိုဝန်ကြီး ရှေ့တွင်ချီးကျူးခဲ့သည်။ ထို့ကြောင့် ထိုဝန်ကြီးသည် အရမ်းမနာလိုဖြစ်သွားပြီး ဘုရင်ကြီးသည် ဘာဘယ်အကြောင်း သေချာမသိဘဲ၊ ပညာအရည်အချင်းမရှိသူကို ချီးကျူးနေကြောင်းနှင့် ဘာဘယ်အား မေးခွန်းသုံးခုမေးလိုကြောင်း သူ၏မေးခွန်းသုံးခုကို ဖြေနိုင်မှသာလျှင် ဘာဘယ်သည်အသိဥာဏ်ရှိသည်ဟူသောအချက်ကို လက် ခံနိုင်လိမ့်မည်ဟု လျှောက်တင်ခဲ့သည်။ ဘုရင်ကြီးအာကဘာသည်လည်း ဘာဘယ်၏ ဥာဏ်ပညာကို စမ်းသပ်ရန်အမြဲဆန္ဒရှိသူဖြစ်သဖြင့် လက်ခံလိုက်သည်။ ဝန်ကြီးမေးသော မေးခွန်းသုံးခုမှာ – ၁။ ကောင်းကင်၌ ကြယ်မည်မျှရှိသနည်း၊ ၂။ ကမ္ဘာရဲ့ဗဟိုချက်က ဘယ်မှာလဲ၊ ၃။ ကမ္ဘာပေါ်တွင်ယောက်ျားမည်မျှနှင့်အမျိုးသမီးမည်မျှရှိသနည်း။

ဘုရင်ကြီးအာကဘာသည် ဘာဘယ်အား နန်းတွင်းသို့ချက်ချင်းခေါ်၍ မေးခွန်းသုံးခုကို ချက်ချင်းမေးစေခဲ့ပြီးသူမဖြေနိုင်ပါက အမတ်ချုပ်ကြီး အဖြစ်မှနှုတ်ထွက် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်။ ပထမမေးခွန်းကိုဖြေရန် ဘာဘယ်သည်အမွေးထူသောသိုးထီးတစ်ကောင်ကိုယူလာပြီးနောက် “ဤသိုး၏ခန္ဓာကိုယ်၌ ပေါက်သော အမွေးစုစုပေါင်းသည် ကောင်းကင်၌ရှိသော ကြယ်များနှင့် အရေအတွက်တူညီတယ်။ ငါ့သူငယ်ချင်း ဝန်ကြီးအနေနဲ့ ကြိုက်သလို ရေတွက်ဖို့ကြိုဆိုပါတယ်။ ”ဟု ဖြေခဲ့တယ်။ ဒုတိယမေးခွန်းကိုဖြေရန် ဘာဘယ်သည်ကြမ်းပြင်ပေါ်၌ သံတစ်ချောင်းကို စွဲမြဲအောင်ရိုက်လိုက်ပြီး “ဒါက ကမ္ဘာမြေရဲ့အလယ်ဗဟိုပဲ၊ မင်းသံသယရှိရင် မင်းကိုယ်တိုင် တိုင်းတာကြည့်နိုင်တယ်။ ” တတိယမေးခွန်းကိုဖြေရာတွင် ဘာဘယ်က “ကမ္ဘာပေါ်ရှိအမျိုးသားနှင့်အမျိုးသမီး ဦးရေကို အတိအကျရေတွက်ခြင်းမှာ ပြဿနာတစ်ခု ရှိတယ်။ အဲ့တာက အမြဲတမ်းအသစ်အသစ်သောသူတွေ မွေးဖွားလာနေသလို အချို့အချို့ဟာလည်း သေဆုံးသွားကြတယ် ဒါ့ကြောင့် လက်ရှိလူအားလုံးကို သတ်ပေးမှသာလျင် လူစာရင်းအတိအကျ တွက်ပေးနိုင်ပါ့မယ်။ ” လို့ဖြေကြားခဲ့တယ်။ Moral: ပညာရှိမှာ အဖြေအမြဲရှိတယ်။

Credit မူရင်း

[zawgyi]

အိႏၵိယႏိုင္ငံရွိ ဘုရင္ႀကီး အက္ကဘာ သည္ အမတ္ခ်ဳပ္ႀကီး ဘာဘယ္ကိုအလြန္ႏွစ္သက္သည္။ ထို႔ေၾကာင့္ ဝန္ႀကီးတစ္ဦးသည္ ဘာဘယ့္ကို အလြန္မနာလိုျဖစ္ေနသည္။ ထိုဝန္ႀကီးသည္ အမတ္ခ်ဳပ္ႀကီးျဖစ္ခ်င္ ေသာ္လည္း ဘာဘယ္သာ အမတ္ခ်ဳပ္ႀကီး ျဖစ္သြားသျဖင့္ သည္ထိုရာထူးကို သူမရႏိုင္ေတာ့ေပ။ တစ္ေန႔သ၌ ဘုရင္ႀကီးသည္ ဘာဘယ္အား ထိုဝန္ႀကီး ေရွ႕တြင္ခ်ီးက်ဴးခဲ့သည္။ ထို႔ေၾကာင့္ ထိုဝန္ႀကီးသည္ အရမ္းမနာလိုျဖစ္သြားၿပီး ဘုရင္ႀကီးသည္ ဘာဘယ္အေၾကာင္း ေသခ်ာမသိဘဲ၊ ပညာအရည္အခ်င္းမရွိသူကို ခ်ီးက်ဴးေနေၾကာင္းႏွင့္ ဘာဘယ္အား ေမးခြန္းသုံးခုေမးလိုေၾကာင္း သူ၏ေမးခြန္းသုံးခုကို ေျဖႏိုင္မွသာလွ်င္ ဘာဘယ္သည္အသိဥာဏ္ရွိသည္ဟူေသာအခ်က္ကို လက္ ခံႏိုင္လိမ့္မည္ဟု ေလွ်ာက္တင္ခဲ့သည္။ ဘုရင္ႀကီးအာကဘာသည္လည္း ဘာဘယ္၏ ဥာဏ္ပညာကို စမ္းသပ္ရန္အၿမဲဆႏၵရွိသူျဖစ္သျဖင့္ လက္ခံလိုက္သည္။ ဝန္ႀကီးေမးေသာ ေမးခြန္းသုံးခုမွာ – ၁။ ေကာင္းကင္၌ ၾကယ္မည္မွ်ရွိသနည္း၊ ၂။ ကမာၻရဲ႕ဗဟိုခ်က္က ဘယ္မွာလဲ၊ ၃။ ကမာၻေပၚတြင္ေယာက္်ားမည္မွ်ႏွင့္အမ်ိဳးသမီးမည္မွ်ရွိသနည္း။ဘုရင္ႀကီးအာကဘာသည္ ဘာဘယ္အား နန္းတြင္းသို႔ခ်က္ခ်င္းေခၚ၍ ေမးခြန္းသုံးခုကို ခ်က္ခ်င္းေမးေစခဲ့ၿပီးသူမေျဖႏိုင္ပါက အမတ္ခ်ဳပ္ႀကီး အျဖစ္မွႏႈတ္ထြက္ ရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့တယ္။ ပထမေမးခြန္းကိုေျဖရန္ ဘာဘယ္သည္အေမြးထူေသာသိုးထီးတစ္ေကာင္ကိုယူလာၿပီးေနာက္ “ဤသိုး၏ခႏၶာကိုယ္၌ ေပါက္ေသာ အေမြးစုစုေပါင္းသည္ ေကာင္းကင္၌ရွိေသာ ၾကယ္မ်ားႏွင့္ အေရအတြက္တူညီတယ္။ ငါ့သူငယ္ခ်င္း ဝန္ႀကီးအေနနဲ႔ ႀကိဳက္သလို ေရတြက္ဖို႔ႀကိဳဆိုပါတယ္။ ”ဟု ေျဖခဲ့တယ္။ ဒုတိယေမးခြန္းကိုေျဖရန္ ဘာဘယ္သည္ၾကမ္းျပင္ေပၚ၌ သံတစ္ေခ်ာင္းကို စြဲၿမဲေအာင္႐ိုက္လိုက္ၿပီး “ဒါက ကမာၻေျမရဲ႕အလယ္ဗဟိုပဲ၊ မင္းသံသယရွိရင္ မင္းကိုယ္တိုင္ တိုင္းတာၾကည့္ႏိုင္တယ္။ ” တတိယေမးခြန္းကိုေျဖရာတြင္ ဘာဘယ္က “ကမာၻေပၚရွိအမ်ိဳးသားႏွင့္အမ်ိဳးသမီး ဦးေရကို အတိအက်ေရတြက္ျခင္းမွာ ျပႆနာတစ္ခု ရွိတယ္။ အဲ့တာက အၿမဲတမ္းအသစ္အသစ္ေသာသူေတြ ေမြးဖြားလာေနသလို အခ်ိဳ႕အခ်ိဳ႕ဟာလည္း ေသဆုံးသြားၾကတယ္ ဒါ့ေၾကာင့္ လက္ရွိလူအားလုံးကို သတ္ေပးမွသာလ်င္ လူစာရင္းအတိအက် တြက္ေပးႏိုင္ပါ့မယ္။ ” လို႔ေျဖၾကားခဲ့တယ္။ Moral: ပညာရွိမွာ အေျဖအၿမဲရွိတယ္။