မပြည့်စုံသူအတွက်…

တစ်ခါက.. အမြို့မြို့..အနယ်နယ်ကို လှည့်လည်ပြီး တရားကျင့်ကြံနေထိုင်တဲ့ သူတော်စင်ရသေ့တစ်ပါး ရှိပါသတဲ့..။ ရသေ့ကြီးဟာ.. အနယ်နယ်အရပ်ရပ်ကို ခြေကျင်လှည့်လည်ပြီး ရောက်လေရာအရပ်မှာရှိကြတဲ့ သတ္တဝါမှန်သမျှကို မေတ္တာပို့သ. တရားဓမ္မဟောပြလေ့ရှိတယ်..။တစ်နေ့တော့ ရသေ့ကြီးဟာ.. အင်မတန်ခမ်းနားလွန်းတဲ့ မင်းနေပြည်တော်တစ်ခုကို ရောက်ရှိသွားတယ်။ ရသေ့ကြီးဟာ မင်းနေပြည်တော်ရဲ့ ကျယ်ဝန်းလှပပြီး သစ်ပင်၊ ပန်းပင်တွေနဲ့အလှဆင်ထားပြီး ကျောက်သလင်းတွေအပြည့်ခင်းထားတဲ့လမ်းပေါ်မှာ လျှောက်လှမ်းတယ်။ အဲဒီလို လျှောက်လှမ်းတဲ့အခါ ရသေ့ကြီးရဲ့တောင်ဝှေးနဲ့ ကျောက်သလင်းလမ်းတို့ ထိတွေ့တဲ့အခါ “တောက်.. တောက်” ဆိုတဲ့ အသံထွက်ပေါ် လာတယ်။ အဲဒီလို တတောက်တောက်မြည်သံနဲ့အတူ ရသေ့ကြီးဟာ စည်းချက်ညီစွာနဲ့ပဲ တစ်လမ်းပြီးတစ်လမ်း လှည့်လည်သွားလာတယ်။အဲဒီလို လျှောက်လမ်းနေရင်း လမ်းတစ်ကွေ့အရောက်မှာတော့ ရသေ့ကြီးဟာ တုံ့ခနဲရပ်လိုက်တယ်..။ အဲဒီနောက်မှာတော့ လမ်းပေါ်မှာကျ နေတဲ့ ဒင်္ဂါးပြား တစ်ပြားကို ကုန်းပြီးကောက်လိုက်တယ်။ ရသေ့ကြီးဟာ ဒင်္ဂါးကို လက်ဖဝါးနဲ့ ပွတ်သတ်လိုက်ပြီး သူ့ရဲ့ ခါးမှာ လိမ်ကျစ်ပြီး သိမ်းထားလိုက်တယ်။ အဲဒီနောက်မှာတော့ ရသေ့ကြီးဟာ ဆက်လက်ပြီး ထွက်ခွာလာတယ်။ အဲဒီလို ဆက်လက်ထွက်ခွာလာရင်းက ရသေ့ကြီးက ဒီလိုတွေးတယ်..“အင်း ..ဒီဒင်္ဂါးပြားကို မပြည့်စုံသူကို ငါပြန်ပြီး ပေးကမ်းစွန့်ကြဲရမယ်..။ ငါလို ရသေ့အတွက်တော့ ငွေကြေးဥစ္စာဟာ .. အလကားပါပဲ..။ လမ်းတစ်လျှောက်မပြည့်စုံသူကို ငါရှာဖွေမယ်”အဲဒီလိုနဲ့ ရသေ့ကြီးဟာ မင်းနေပြည်တော်ရဲ့ စည်ကားများပြားလှတဲ့ လူတွေကြားထဲကို တိုးဝှေ့ပြီး “မပြည့်စုံသူ” ကို လိုက်လံရှာဖွေတယ်။ ဒါပေမယ့်လည်း ချမ်းသာကြွယ်ဝတဲ့ မြို့သူမြို့သားတွေအဖို့တော့ ရ သေ့ကြီးရဲ့ ဒင်္ဂါးဟာ လမ်းဘေးမှာစွန့်ပစ်ထားရင်တောင် ကောက်မှာမဟုတ်ဘူးလို့ ရသေ့ကြီးသဘောပေါက်လာတယ်။ လူမှန်သမျှဟာ ခမ်းနားသိုက်မြိုက်စွာဝတ်စားပြီး ပြုံးပျော်နေကြတာချည်းဖြစ်တယ်။ အစားအသောက်အလျှံပယ် နဲ့ ပျော်ရွှင်နေကြတဲ့ မိသားစုတွေချည်းဖြစ်နေကြပြန်တယ်။ အင်မတန်ကို ချမ်းသာကြွယ်ဝတဲ့ မင်းနေပြည်တော်ပဲ ဖြစ်တယ်။“ဒီလူတွေဟာ သူတို့ရဲ့ဘဝကို သူတို့ ကျေနပ်ပျော်ရွှင်နေကြတာပဲ။ သူတို့ဟာ လိုအပ်နေသူတွေမဟုတ်ကြဘူး။ ပြည့်စုံပြီးသူတွေဟာဖြစ်တယ်။ မပြည့်စုံသူတော့ရှိဦးမှာပါလေ”

အဲဒီလိုနဲ့ ရသေ့ကြီးဟာ မပြည့်စုံသူကို ရှာဖွေပြန်တယ်။ အဲဒီအချိန်မှာဘဲ ဘုရင့်တပ်မတော်ကြီးဟာ ဆင်း၊ မြင်း၊ ရထား၊ သူရဲ၊ သူခက် စုံ လင်စွာနဲ့ပဲ ရသေ့ကြီးရဲ့ မျက်နှာချင်းဆိုင်အရပ်ကနေ ချီတက်လာတယ်။ ဘုရင်မင်းမြတ် ကိုယ်တော်တိုင်ဟာလည်း တိုက်ဆင်တစ်စီးပေါ်မှာ စီးနင်းလိုက်ပါပြီး ချီတက်လာတယ်။ ဘုရင့်တပ်တော် ချီတက်လာတာကို မြင်တာနဲ့တပြိုင်နက် လမ်းပေါ်မှာရှိတဲ့ လူသူလေးပါးဟာ လမ်းဘေးကို အသီးသီးကပ်ပြီး ဒူးထောက်လိုက်ကြတယ်။ ရသေ့ကြီးကတော့ မိမိရှာဖွေလက်စ “မပြည့်စုံသူ”ကို ဆက်လက်ပြီး ရှာဖွေဆဲပဲဖြစ်တယ်။အဲဒီလိုနဲ့ ဘုရင်ကြီးရဲ့ တပ်တော်ကြီးနဲ့ ရသေ့ကြီးတို့ဟာ မြို့လမ်းတစ်နေရာမှာ မျက်နှာချင်းဆိုင်ဆုံမိကြတယ်။ အဲဒီလို ဘုရင့်တပ်တော်ကို ဂရုမထားဘဲ တရွေ့ရွေ့ လျှောက်လှမ်းလာတဲ့ ရသေ့ကြိးကို မြင်တဲ့အခါ ဘုရင်ကြီးက ဒီလိုပြောတယ်..“မောင်မင်းတို့.. ငါကိုယ် တော် စစ်ထွက်မဲ့ဆဲဆဲမှာ ဒီလို သူတော်စင်တစ်ပါးနဲ့ လမ်းမှာတွေ့ဆုံရတာ နိမိတ်ကောင်းပေပဲ၊ ဒီသူတော်စင်ရသေ့ကြီးကို ငါကိုယ်တော်နဲ့ တပ်တော်အတွက် ဆုမွန်ကောင်း တောင်းရမယ်”အဲဒီလိုနဲ့ ဘုရင်ကြီးဟာ ဆင်ပေါ်ကနေဆင်းပြီး ရသေ့ကြီးဆီကို လျှောက်လှမ်းလာတယ်။ အဲဒီ နောက်မှာတော့ ဘရင်ကြီးဟာ ရသေ့ကြီးကို ဒီလိုလျှောက်တင်တယ်“ရှင်ရသေ့.. ငါကိုယ်တော်နဲ့ တပ်တော်ကြီးဟာ အတိုင်းတိုင်းအ ပြည်ပြည်ကို သိမ်းပိုက်ဖို့ စစ်ချီလာခြင်းဖြစ်တယ်။ ငါကိုယ်တော်ရဲ့ ဘုန်းတံခိုးကို ဇမ္ဗူဒိတ်မြေပြင်ပေါ် ဖြန့်ကျက်ဖို့ စစ်ချီလာခြင်းဖြစ်တယ်။ အဲဒီအတွက် ရသေ့ကြီး ငါကိုယ်တော်နဲ့ တပ်တော်ကို ဆုမွန်ကောင်းများ တောင်းပေးပါလော့”အဲဒီလို ဘုရင်ကြီးရဲ့ စကားကို ကြားတဲ့အခါ ရသေ့ကြီးဟာ အင်မတန်ဝမ်းမြောက်သွားတယ်။ အဲဒီနောက် သူဟာ ခါးထဲမှာ လိမ်ပြီးသိမ်းဆည်းထားတဲ့ ဒင်္ဂါးပြားကို ထုတ်ယူလိုက်တယ်။ အဲဒီနောက်မှာတော့ ဘုရင်ကြီးရဲ့ လက်ထဲကို ဒင်္ဂါးပြားထည့်ပေးလိုက်တယ်အဲဒီလို ရသေ့ကြီးရဲ့ ဆန်းကြယ်လှတဲ့အပြုအမူကို တွေ့တဲ့အခါ ဘုရင်က ဒီလိုပြောပြန်တယ်“ရှင်ရသေ့..ဒီဒင်္ဂါးဟာ စစ်ထွက်တဲ့အခါ ဆောင်ထားဖို့ အဆောင်ပဲဖြစ်ရမယ်။ ဘယ်လိုနံသာမျိုးနဲ့ လိမ်းကျံပြီး ဆောင်ကျဉ်းထားရမလဲဆိုတာ မိန့်တော်မူပါဘုရား”အဲဒီလို ဘုရင်ကြီးရဲ့ အမေးစကားကို ကြားတဲ့အခါ ရသေ့ကြီးက ဒီလိုပြောတယ်“မင်းမြတ်.. ဒီဒင်္ဂါးဟာ အဆောင်လက်ဖွဲ့ မဟုတ်ပေဘူး။ လမ်းဘေးက ကောက်ရတဲ့ ဒင်္ဂါးပြားသာလျင်ဖြစ်တယ်။ အဲဒီဒင်္ဂါးပြားကို မပြည့်စုံသူ တစ်စုံတစ်ယောက်ကို စွန့်ကြဲဖို့အတွက် မင်းကြီးရဲ့ မြို့တော်ကြီးလမ်းတစ်လျှောက်မှာ ကိုယ်တော် ရှာဖွေခဲ့တယ်။ ဒါပေမယ့်လည်း မင်းကြီးရဲ့ တိုင်းသူပြည်သားတွေဟာ ပြည့်စုံပြီးသူတွေချည်းဖြစ်နေကြတယ်။ သူတို့ ထပ်ပြီးမလိုချင်ကြတော့ဘူး။ သူတို့ပိုင်ဆိုင်ထားသမျှနဲ့ ပျော်ရွှင်နေကြသူချည်းဖြစ်တယ်။ ခုမင်းကြီးကျတော့ ပိုင်ဆိုင်ထားတဲ့တိုင်းနိုင်ငံ၊ စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်စုံမှုမရှိသေးဘူး။ နောက်ထပ်သော တိုင်း နိုင်ငံတွေ၊ ဥစ္စာဓနတွေအတွက် စစ်ခင်းဦးမယ်။ အဲဒီတော့ မင်းကြီးဟာ မပြည့်စုံသူဖြစ်တယ်။ လိုအပ်နေသူဖြစ်တယ်။ ဒါကြောင့် ကိုယ် တော် ဟာ ဒီဒင်္ဂါးကို မင်းကြီးကို ပေးလိုက်တာပဲ”အဲဒီလို ရသေ့ကြီးရဲ့ စကားကို ကြားတဲ့အခါ ဘုရင်မင်းကြီးဟာ တွေဝေငေးမှိုင်သွားတယ်။ သူ့လက်ထဲမှာ ဆုတ်ကိုင်ထားတဲ့ ဒင်္ဂါးကို သေချာစွာကြည့်ရှုတယ်။ သူဟာ အတန်ကြာအောင်ဆွံ့အ နှုတ်ဆိတ်နေပြန်တယ်။ “မပြည့်စုံခြင်းလား၊ အလိုလောဘလား” ဆိုတဲ့အတွေးတွေဟာ ဘုရင်ကြီးရဲ့ ဦးနှောက်ထဲမှာ ပြည့်လျှံလာတယ်။ အဲဒီနောက်မှာတော့ ဘုရင်ကြီးရဲ့ မျက်နှာဟာ တစ်စုံတစ်ရာသော အေးချမ်းခြင်းနဲ့အတူ ဝင်းလက်လာတယ်။ အဲဒီနောက်မှာတော့ သူဟာ ရသေ့ကြီးရဲ့ ခြေအစုံကို ဦးခိုက်ရင်း ဒီလိုပြောလိုက်တယ်“ရှင်ရသေ့ အရှင်ရသေ့ဟာ များစွာသော ပြည်ထောင်တွေထက် ပိုပြီး အဖိုးထိုက်တန်တဲ့ ဒင်္ဂါးတစ်ပြားကို တပည့်တော်ကို စွန့်ကြဲလိုက်တာပါပဲဘုရား။ အရှင်ဘုရားရဲ့ ဒင်္ဂါးပြားဟာ တပည့်တော်ကို ပြည့်စုံတဲ့ဘဝတစ်ခုကို ပေးလိုက်ပါပြီဘုရား။ တပည့်တော်ရဲ့ မပြည့်စုံခြင်းရဲ့ အကြောင်းတရားကို ကောင်းကောင်းကြီးနားလည်ခဲ့ပါပြီဘုရား”အဲဒီနောက်မှာတော့ ဘုရားကြီးနဲ့သူ့ရဲ့ စစ်တပ်ကြီးဟာ လာရာလမ်းအတိုင်း တရွေ့ရွေ့နဲ့ ပြန်လည် ထွက်ခွာသွားကြတယ်။ ဘုရင်ကြီးထွက်ခွာသွားပြီး မကြာခင်မှာပဲ ရသေ့ကြီးရဲ့ တောင်ဝှေးသံ တတောက် တောက်ဟာလည်း ပြန်လည်ထွက်ပေါ်လာခဲ့တော့တယ်…။ ရသေ့ရဲ့ ဒင်္ဂါးစေ့နဲ့တူတဲ့ မိမိကိုယ်ကို ဆင်ခြင်ခြင်းကို ဆုတ်ကိုင်လို့ အေးချမ်းပျော်ရွှင်ခြင်းကို ရှာဖွေနိုင်ကြပါစေ..။

credit original

[zawgyi]

တစ္ခါက.. အၿမိဳ႕ၿမိဳ႕..အနယ္နယ္ကို လွည့္လည္ၿပီး တရားက်င့္ႀကံေနထိုင္တဲ့ သူေတာ္စင္ရေသ့တစ္ပါး ရွိပါသတဲ့..။ ရေသ့ႀကီးဟာ.. အနယ္နယ္အရပ္ရပ္ကို ေျခက်င္လွည့္လည္ၿပီး ေရာက္ေလရာအရပ္မွာရွိၾကတဲ့ သတၱဝါမွန္သမွ်ကို ေမတၱာပို႔သ. တရားဓမၼေဟာျပေလ့ရွိတယ္..။တစ္ေန႔ေတာ့ ရေသ့ႀကီးဟာ.. အင္မတန္ခမ္းနားလြန္းတဲ့ မင္းေနျပည္ေတာ္တစ္ခုကို ေရာက္ရွိသြားတယ္။ ရေသ့ႀကီးဟာ မင္းေနျပည္ေတာ္ရဲ႕ က်ယ္ဝန္းလွပၿပီး သစ္ပင္၊ ပန္းပင္ေတြနဲ႔အလွဆင္ထားၿပီး ေက်ာက္သလင္းေတြအျပည့္ခင္းထားတဲ့လမ္းေပၚမွာ ေလွ်ာက္လွမ္းတယ္။ အဲဒီလို ေလွ်ာက္လွမ္းတဲ့အခါ ရေသ့ႀကီးရဲ႕ေတာင္ေဝွးနဲ႔ ေက်ာက္သလင္းလမ္းတို႔ ထိေတြ႕တဲ့အခါ “ေတာက္.. ေတာက္” ဆိုတဲ့ အသံထြက္ေပၚ လာတယ္။ အဲဒီလို တေတာက္ေတာက္ျမည္သံနဲ႔အတူ ရေသ့ႀကီးဟာ စည္းခ်က္ညီစြာနဲ႔ပဲ တစ္လမ္းၿပီးတစ္လမ္း လွည့္လည္သြားလာတယ္။အဲဒီလို ေလွ်ာက္လမ္းေနရင္း လမ္းတစ္ေကြ႕အေရာက္မွာေတာ့ ရေသ့ႀကီးဟာ တုံ႔ခနဲရပ္လိုက္တယ္..။ အဲဒီေနာက္မွာေတာ့ လမ္းေပၚမွာက် ေနတဲ့ ဒဂၤါးျပား တစ္ျပားကို ကုန္းၿပီးေကာက္လိုက္တယ္။ ရေသ့ႀကီးဟာ ဒဂၤါးကို လက္ဖဝါးနဲ႔ ပြတ္သတ္လိုက္ၿပီး သူ႔ရဲ႕ ခါးမွာ လိမ္က်စ္ၿပီး သိမ္းထားလိုက္တယ္။ အဲဒီေနာက္မွာေတာ့ ရေသ့ႀကီးဟာ ဆက္လက္ၿပီး ထြက္ခြာလာတယ္။ အဲဒီလို ဆက္လက္ထြက္ခြာလာရင္းက ရေသ့ႀကီးက ဒီလိုေတြးတယ္..“အင္း ..ဒီဒဂၤါးျပားကို မျပည့္စုံသူကို ငါျပန္ၿပီး ေပးကမ္းစြန႔္ႀကဲရမယ္..။ ငါလို ရေသ့အတြက္ေတာ့ ေငြေၾကးဥစၥာဟာ .. အလကားပါပဲ..။ လမ္းတစ္ေလွ်ာက္မျပည့္စုံသူကို ငါရွာေဖြမယ္”အဲဒီလိုနဲ႔ ရေသ့ႀကီးဟာ မင္းေနျပည္ေတာ္ရဲ႕ စည္ကားမ်ားျပားလွတဲ့ လူေတြၾကားထဲကို တိုးေဝွ႔ၿပီး “မျပည့္စုံသူ” ကို လိုက္လံရွာေဖြတယ္။ ဒါေပမယ့္လည္း ခ်မ္းသာႂကြယ္ဝတဲ့ ၿမိဳ႕သူၿမိဳ႕သားေတြအဖို႔ေတာ့ ရ ေသ့ႀကီးရဲ႕ ဒဂၤါးဟာ လမ္းေဘးမွာစြန႔္ပစ္ထားရင္ေတာင္ ေကာက္မွာမဟုတ္ဘူးလို႔ ရေသ့ႀကီးသေဘာေပါက္လာတယ္။ လူမွန္သမွ်ဟာ ခမ္းနားသိုက္ၿမိဳက္စြာဝတ္စားၿပီး ၿပဳံးေပ်ာ္ေနၾကတာခ်ည္းျဖစ္တယ္။ အစားအေသာက္အလွ်ံပယ္ နဲ႔ ေပ်ာ္႐ႊင္ေနၾကတဲ့ မိသားစုေတြခ်ည္းျဖစ္ေနၾကျပန္တယ္။ အင္မတန္ကို ခ်မ္းသာႂကြယ္ဝတဲ့ မင္းေနျပည္ေတာ္ပဲ ျဖစ္တယ္။“ဒီလူေတြဟာ သူတို႔ရဲ႕ဘဝကို သူတို႔ ေက်နပ္ေပ်ာ္႐ႊင္ေနၾကတာပဲ။ သူတို႔ဟာ လိုအပ္ေနသူေတြမဟုတ္ၾကဘူး။ ျပည့္စုံၿပီးသူေတြဟာျဖစ္တယ္။ မျပည့္စုံသူေတာ့ရွိဦးမွာပါေလ”အဲဒီလိုနဲ႔ ရေသ့ႀကီးဟာ မျပည့္စုံသူကို ရွာေဖြျပန္တယ္။ အဲဒီအခ်ိန္မွာဘဲ ဘုရင့္တပ္မေတာ္ႀကီးဟာ ဆင္း၊ ျမင္း၊ ရထား၊ သူရဲ၊ သူခက္ စုံ လင္စြာနဲ႔ပဲ ရေသ့ႀကီးရဲ႕ မ်က္ႏွာခ်င္းဆိုင္အရပ္ကေန ခ်ီတက္လာတယ္။ ဘုရင္မင္းျမတ္ ကိုယ္ေတာ္တိုင္ဟာလည္း တိုက္ဆင္တစ္စီးေပၚမွာ စီးနင္းလိုက္ပါၿပီး ခ်ီတက္လာတယ္။ ဘုရင့္တပ္ေတာ္ ခ်ီတက္လာတာကို ျမင္တာနဲ႔တၿပိဳင္နက္ လမ္းေပၚမွာရွိတဲ့ လူသူေလးပါးဟာ လမ္းေဘးကို အသီးသီးကပ္ၿပီး ဒူးေထာက္လိုက္ၾကတယ္။ ရေသ့ႀကီးကေတာ့ မိမိရွာေဖြလက္စ “မျပည့္စုံသူ”ကို ဆက္လက္ၿပီး ရွာေဖြဆဲပဲျဖစ္တယ္။အဲဒီလိုနဲ႔ ဘုရင္ႀကီးရဲ႕ တပ္ေတာ္ႀကီးနဲ႔ ရေသ့ႀကီးတို႔ဟာ ၿမိဳ႕လမ္းတစ္ေနရာမွာ မ်က္ႏွာခ်င္းဆိုင္ဆုံမိၾကတယ္။ အဲဒီလို ဘုရင့္တပ္ေတာ္ကို ဂ႐ုမထားဘဲ တေ႐ြ႕ေ႐ြ႕ ေလွ်ာက္လွမ္းလာတဲ့ ရေသ့ႀကိးကို ျမင္တဲ့အခါ ဘုရင္ႀကီးက ဒီလိုေျပာတယ္..“ေမာင္မင္းတို႔.. ငါကိုယ္ ေတာ္ စစ္ထြက္မဲ့ဆဲဆဲမွာ ဒီလို သူေတာ္စင္တစ္ပါးနဲ႔ လမ္းမွာေတြ႕ဆုံရတာ နိမိတ္ေကာင္းေပပဲ၊ ဒီသူေတာ္စင္ရေသ့ႀကီးကို ငါကိုယ္ေတာ္နဲ႔ တပ္ေတာ္အတြက္ ဆုမြန္ေကာင္း ေတာင္းရမယ္”အဲဒီလိုနဲ႔ ဘုရင္ႀကီးဟာ ဆင္ေပၚကေနဆင္းၿပီး ရေသ့ႀကီးဆီကို ေလွ်ာက္လွမ္းလာတယ္။ အဲဒီ ေနာက္မွာေတာ့ ဘရင္ႀကီးဟာ ရေသ့ႀကီးကို ဒီလိုေလွ်ာက္တင္တယ္“ရွင္ရေသ့.. ငါကိုယ္ေတာ္နဲ႔ တပ္ေတာ္ႀကီးဟာ အတိုင္းတိုင္းအ ျပည္ျပည္ကို သိမ္းပိုက္ဖို႔ စစ္ခ်ီလာျခင္းျဖစ္တယ္။ ငါကိုယ္ေတာ္ရဲ႕ ဘုန္းတံခိုးကို ဇမၺဴဒိတ္ေျမျပင္ေပၚ ျဖန႔္က်က္ဖို႔ စစ္ခ်ီလာျခင္းျဖစ္တယ္။ အဲဒီအတြက္ ရေသ့ႀကီး ငါကိုယ္ေတာ္နဲ႔ တပ္ေတာ္ကို ဆုမြန္ေကာင္းမ်ား ေတာင္းေပးပါေလာ့”အဲဒီလို ဘုရင္ႀကီးရဲ႕ စကားကို ၾကားတဲ့အခါ ရေသ့ႀကီးဟာ အင္မတန္ဝမ္းေျမာက္သြားတယ္။ အဲဒီေနာက္ သူဟာ ခါးထဲမွာ လိမ္ၿပီးသိမ္းဆည္းထားတဲ့ ဒဂၤါးျပားကို ထုတ္ယူလိုက္တယ္။ အဲဒီေနာက္မွာေတာ့ ဘုရင္ႀကီးရဲ႕ လက္ထဲကို ဒဂၤါးျပားထည့္ေပးလိုက္တယ္အဲဒီလို ရေသ့ႀကီးရဲ႕ ဆန္းၾကယ္လွတဲ့အျပဳအမူကို ေတြ႕တဲ့အခါ ဘုရင္က ဒီလိုေျပာျပန္တယ္“ရွင္ရေသ့..ဒီဒဂၤါးဟာ စစ္ထြက္တဲ့အခါ ေဆာင္ထားဖို႔ အေဆာင္ပဲျဖစ္ရမယ္။ ဘယ္လိုနံသာမ်ိဳးနဲ႔ လိမ္းက်ံၿပီး ေဆာင္က်ဥ္းထားရမလဲဆိုတာ မိန႔္ေတာ္မူပါဘုရား”အဲဒီလို ဘုရင္ႀကီးရဲ႕ အေမးစကားကို ၾကားတဲ့အခါ ရေသ့ႀကီးက ဒီလိုေျပာတယ္“မင္းျမတ္.. ဒီဒဂၤါးဟာ အေဆာင္လက္ဖြဲ႕ မဟုတ္ေပဘူး။ လမ္းေဘးက ေကာက္ရတဲ့ ဒဂၤါးျပားသာလ်င္ျဖစ္တယ္။ အဲဒီဒဂၤါးျပားကို မျပည့္စုံသူ တစ္စုံတစ္ေယာက္ကို စြန႔္ႀကဲဖို႔အတြက္ မင္းႀကီးရဲ႕ ၿမိဳ႕ေတာ္ႀကီးလမ္းတစ္ေလွ်ာက္မွာ ကိုယ္ေတာ္ ရွာေဖြခဲ့တယ္။ ဒါေပမယ့္လည္း မင္းႀကီးရဲ႕ တိုင္းသူျပည္သားေတြဟာ ျပည့္စုံၿပီးသူေတြခ်ည္းျဖစ္ေနၾကတယ္။ သူတို႔ ထပ္ၿပီးမလိုခ်င္ၾကေတာ့ဘူး။ သူတို႔ပိုင္ဆိုင္ထားသမွ်နဲ႔ ေပ်ာ္႐ႊင္ေနၾကသူခ်ည္းျဖစ္တယ္။ ခုမင္းႀကီးက်ေတာ့ ပိုင္ဆိုင္ထားတဲ့တိုင္းႏိုင္ငံ၊ စည္းစိမ္ဥစၥာေတြနဲ႔ ျပည့္စုံမႈမရွိေသးဘူး။ ေနာက္ထပ္ေသာ တိုင္း ႏိုင္ငံေတြ၊ ဥစၥာဓနေတြအတြက္ စစ္ခင္းဦးမယ္။ အဲဒီေတာ့ မင္းႀကီးဟာ မျပည့္စုံသူျဖစ္တယ္။ လိုအပ္ေနသူျဖစ္တယ္။ ဒါေၾကာင့္ ကိုယ္ ေတာ္ ဟာ ဒီဒဂၤါးကို မင္းႀကီးကို ေပးလိုက္တာပဲ”အဲဒီလို ရေသ့ႀကီးရဲ႕ စကားကို ၾကားတဲ့အခါ ဘုရင္မင္းႀကီးဟာ ေတြေဝေငးမႈိင္သြားတယ္။ သူ႔လက္ထဲမွာ ဆုတ္ကိုင္ထားတဲ့ ဒဂၤါးကို ေသခ်ာစြာၾကည့္ရႈတယ္။ သူဟာ အတန္ၾကာေအာင္ဆြံ႕အ ႏႈတ္ဆိတ္ေနျပန္တယ္။ “မျပည့္စုံျခင္းလား၊ အလိုေလာဘလား” ဆိုတဲ့အေတြးေတြဟာ ဘုရင္ႀကီးရဲ႕ ဦးေႏွာက္ထဲမွာ ျပည့္လွ်ံလာတယ္။ အဲဒီေနာက္မွာေတာ့ ဘုရင္ႀကီးရဲ႕ မ်က္ႏွာဟာ တစ္စုံတစ္ရာေသာ ေအးခ်မ္းျခင္းနဲ႔အတူ ဝင္းလက္လာတယ္။ အဲဒီေနာက္မွာေတာ့ သူဟာ ရေသ့ႀကီးရဲ႕ ေျခအစုံကို ဦးခိုက္ရင္း ဒီလိုေျပာလိုက္တယ္“ရွင္ရေသ့ အရွင္ရေသ့ဟာ မ်ားစြာေသာ ျပည္ေထာင္ေတြထက္ ပိုၿပီး အဖိုးထိုက္တန္တဲ့ ဒဂၤါးတစ္ျပားကို တပည့္ေတာ္ကို စြန႔္ႀကဲလိုက္တာပါပဲဘုရား။ အရွင္ဘုရားရဲ႕ ဒဂၤါးျပားဟာ တပည့္ေတာ္ကို ျပည့္စုံတဲ့ဘဝတစ္ခုကို ေပးလိုက္ပါၿပီဘုရား။ တပည့္ေတာ္ရဲ႕ မျပည့္စုံျခင္းရဲ႕ အေၾကာင္းတရားကို ေကာင္းေကာင္းႀကီးနားလည္ခဲ့ပါၿပီဘုရား”အဲဒီေနာက္မွာေတာ့ ဘုရားႀကီးနဲ႔သူ႔ရဲ႕ စစ္တပ္ႀကီးဟာ လာရာလမ္းအတိုင္း တေ႐ြ႕ေ႐ြ႕နဲ႔ ျပန္လည္ ထြက္ခြာသြားၾကတယ္။ ဘုရင္ႀကီးထြက္ခြာသြားၿပီး မၾကာခင္မွာပဲ ရေသ့ႀကီးရဲ႕ ေတာင္ေဝွးသံ တေတာက္ ေတာက္ဟာလည္း ျပန္လည္ထြက္ေပၚလာခဲ့ေတာ့တယ္…။ ရေသ့ရဲ႕ ဒဂၤါးေစ့နဲ႔တူတဲ့ မိမိကိုယ္ကို ဆင္ျခင္ျခင္းကို ဆုတ္ကိုင္လို႔ ေအးခ်မ္းေပ်ာ္႐ႊင္ျခင္းကို ရွာေဖြႏိုင္ၾကပါေစ..။