မဗျိူင်းလို ဘဝမမေ့နဲ့..

တခါတုန်းက ရွာတရွာမှာ အလွန် ချောမောလှပသော မဗျိုင်း ဆိုသည့် သူဆင်းရဲ မိန်းမပျိုကလေး တယောက်ရှိခဲ့တယ်။ မဗျိုင်းကား ရုပ် ရည် ချောမော သော်ငြား ဘဝကံအကျိုးပေး မကောင်းရှာ။ ဝမ်းရေးအတွက် ဆီးသီးရောင်းစားနေရရှာသဖြင့် သူ့ကို ဆီးသီးသည် မဗျိုင်းဟုခေါ်ကြလေ၏။ တနေ့တော့ တိုင်းခန်း လှည့်လည်လာသည့် ဘုရင်ကြီးက ဆီးသီးလည်ရောင်းနေသော မဗျိုင်းကို တွေ့မြင်သွားပြီး “အကာလိကော ကာလိကေ ” လင် ရှိမရှိမေး၏။ လင်မရှိသူ အပျိုမှန်း သိသောအခါ မဗျိုင်းကို မိဖုရားမြှောက်လိုက်လေ၏။ သူဆင်းရဲမကလေး မဗျိုင်း ကံဇာတာတက်လေပြီ။ အချိန်ကြာလာတော့ ရရှိထားသည့် ရာထူးစည်းစိမ်အပါ်မှာ မဗျိုင်းသာယာလာသည်။ ယစ်မူးလာသည်။နန်း တော်ရောက်စက နန်းတွင်းသူ နန်းတွင်းသားများကို ရင်းနှီးချစ်ခင်စွာ ဆက်ဆံခဲ့သော်လည်း တဖြည်းဖြည်းနှင့် မဗျိုင်းမောက်မာလာသည်။ “ငါလိုလူ ဇမ္ဗူမှာ ရှိသေးလား” ဟု စိတ်ကြီးဝင်လာလေသည်။ ဘုရင်ကြီးမှာ မဗျိုင်းကို ချစ်ရှာလွန်း၍ ဘာမှမပြောရက်။ တနေ့နေ့တော့ ပြုပြင်တန်ကောင်းရဲ့ ဟုသာ ဖြေသိမ့်ပြီး တွေးနေရရှာလေ၏။

တနေ့တော့ နန်းတော်အနီးမှ ဆီးသီးသည် တယောက်က “ဆီးသီးဗျို့ ဆီးသီး” ဟု ဟစ်အော်ရင်း ဖြတ်သွားလေသည်။ ထိုအသံကို ကြားမိသောအခါ ဘုရင်ကြီးမှာ ဆီးသီး ပွဲတော်တည်လိုစိတ်များ ဖြစ်ပေါ်လာသဖြင့် မင်းချင်းများအား အဆိုပါ ဆီးသီးသည်ကို ခေါ်ခိုင်းလိုက်လေ ၏။ မင်းချင်းများက ဆီးသီးများကို ရေစင်အောင်ဆေးပြီး ဆက်သကြသည်။ သူတပါးတည်းပွဲတော် မတည်ရက်ရှာသော မင်းကြီးက သူ့ချစ်သည်း မဗျိုင်းကလေး ကိုပါ ဆင့်ခေါ်စေပြီး အတူတူ ပွဲတော်တည်ရန်ပြင်ဆင်လေ၏။ ရွှေရောင် ငွေရောင် စိန်ရောင်များ တပြောင်ပြောင် တလက်လက်ထနေသည့် မိဖုရားကလေးမဗျိုင်းက မင်းကြီး၏ ရှေ့တော်မှောက် သို့ ရောက်ရှိလာသောအခါ “အရှင်မင်းကြီး ဒါ ဘာသီးတွေတုန်း ဖျာ့” ဟု မခို့တရို့ဟန်ဖြင့်မေးလေ၏။ ထိုအခါဘုရင်ကြီးမှာ ပြင်းစွာ အမျက်ထွက်ပြီး “သယ် ဘဝမေ့တဲ့ အမိုက်မ။ ဒီအသီးတွေဟာ နင် တသက်လုံး ရောင်းလာခဲ့တဲ့ အသီးတွေ ဆိုတာတောင် မသိလေရော့သလား။ ငါ့နန်းတော်နဲ့ နင်လို ဘဝမေ့ ဘဝင်လေဟပ်သူမတန်။ ဒီတော့ ကျောတရာ ရင်တရာ ကြိမ်ဒဏ်ခတ်ပြီး မြိုင်ရပ်နှင်စေ” ဟု တချက်လွှတ် အမိန့်တော်ချလိုက်လေ၏။ ကြိမ်ဒဏ်များကို ဆွေမေ့ မျိုးမေ့ ခံစားလိုက်ရတဲ့ မဗျိုင်းလည်း များမကြာမီ မူလဘဝဟောင်းကအတိုင်း ဆီးသီး ပြန်ရောင်းနေရပါတော့တယ်။

Credit – တင်မိုး

[zawgyi]

တခါတုန္းက ႐ြာတ႐ြာမွာ အလြန္ ေခ်ာေမာလွပေသာ မဗ်ိဳင္း ဆိုသည့္ သူဆင္းရဲ မိန္းမပ်ိဳကေလး တေယာက္ရွိခဲ့တယ္။ မဗ်ိဳင္းကား ႐ုပ္ ရည္ ေခ်ာေမာ ေသာ္ျငား ဘဝကံအက်ိဳးေပး မေကာင္းရွာ။ ဝမ္းေရးအတြက္ ဆီးသီးေရာင္းစားေနရရွာသျဖင့္ သူ႔ကို ဆီးသီးသည္ မဗ်ိဳင္းဟုေခၚၾကေလ၏။ တေန႔ေတာ့ တိုင္းခန္း လွည့္လည္လာသည့္ ဘုရင္ႀကီးက ဆီးသီးလည္ေရာင္းေနေသာ မဗ်ိဳင္းကို ေတြ႕ျမင္သြားၿပီး “အကာလိေကာ ကာလိေက ” လင္ ရွိမရွိေမး၏။ လင္မရွိသူ အပ်ိဳမွန္း သိေသာအခါ မဗ်ိဳင္းကို မိဖုရားေျမႇာက္လိုက္ေလ၏။ သူဆင္းရဲမကေလး မဗ်ိဳင္း ကံဇာတာတက္ေလၿပီ။ အခ်ိန္ၾကာလာေတာ့ ရရွိထားသည့္ ရာထူးစည္းစိမ္အပၚမွာ မဗ်ိဳင္းသာယာလာသည္။ ယစ္မူးလာသည္။နန္း ေတာ္ေရာက္စက နန္းတြင္းသူ နန္းတြင္းသားမ်ားကို ရင္းႏွီးခ်စ္ခင္စြာ ဆက္ဆံခဲ့ေသာ္လည္း တျဖည္းျဖည္းႏွင့္ မဗ်ိဳင္းေမာက္မာလာသည္။ “ငါလိုလူ ဇမၺဴမွာ ရွိေသးလား” ဟု စိတ္ႀကီးဝင္လာေလသည္။ ဘုရင္ႀကီးမွာ မဗ်ိဳင္းကို ခ်စ္ရွာလြန္း၍ ဘာမွမေျပာရက္။ တေန႔ေန႔ေတာ့ ျပဳျပင္တန္ေကာင္းရဲ႕ ဟုသာ ေျဖသိမ့္ၿပီး ေတြးေနရရွာေလ၏။တေန႔ေတာ့ နန္းေတာ္အနီးမွ ဆီးသီးသည္ တေယာက္က “ဆီးသီးဗ်ိဳ႕ ဆီးသီး” ဟု ဟစ္ေအာ္ရင္း ျဖတ္သြားေလသည္။ ထိုအသံကို ၾကားမိေသာအခါ ဘုရင္ႀကီးမွာ ဆီးသီး ပြဲေတာ္တည္လိုစိတ္မ်ား ျဖစ္ေပၚလာသျဖင့္ မင္းခ်င္းမ်ားအား အဆိုပါ ဆီးသီးသည္ကို ေခၚခိုင္းလိုက္ေလ ၏။ မင္းခ်င္းမ်ားက ဆီးသီးမ်ားကို ေရစင္ေအာင္ေဆးၿပီး ဆက္သၾကသည္။ သူတပါးတည္းပြဲေတာ္ မတည္ရက္ရွာေသာ မင္းႀကီးက သူ႔ခ်စ္သည္း မဗ်ိဳင္းကေလး ကိုပါ ဆင့္ေခၚေစၿပီး အတူတူ ပြဲေတာ္တည္ရန္ျပင္ဆင္ေလ၏။ ေ႐ႊေရာင္ ေငြေရာင္ စိန္ေရာင္မ်ား တေျပာင္ေျပာင္ တလက္လက္ထေနသည့္ မိဖုရားကေလးမဗ်ိဳင္းက မင္းႀကီး၏ ေရွ႕ေတာ္ေမွာက္ သို႔ ေရာက္ရွိလာေသာအခါ “အရွင္မင္းႀကီး ဒါ ဘာသီးေတြတုန္း ဖ်ာ့” ဟု မခို႔တ႐ို႕ဟန္ျဖင့္ေမးေလ၏။ ထိုအခါဘုရင္ႀကီးမွာ ျပင္းစြာ အမ်က္ထြက္ၿပီး “သယ္ ဘဝေမ့တဲ့ အမိုက္မ။ ဒီအသီးေတြဟာ နင္ တသက္လုံး ေရာင္းလာခဲ့တဲ့ အသီးေတြ ဆိုတာေတာင္ မသိေလေရာ့သလား။ ငါ့နန္းေတာ္နဲ႔ နင္လို ဘဝေမ့ ဘဝင္ေလဟပ္သူမတန္။ ဒီေတာ့ ေက်ာတရာ ရင္တရာ ႀကိမ္ဒဏ္ခတ္ၿပီး ၿမိဳင္ရပ္ႏွင္ေစ” ဟု တခ်က္လႊတ္ အမိန႔္ေတာ္ခ်လိုက္ေလ၏။ ႀကိမ္ဒဏ္မ်ားကို ေဆြေမ့ မ်ိဳးေမ့ ခံစားလိုက္ရတဲ့ မဗ်ိဳင္းလည္း မ်ားမၾကာမီ မူလဘဝေဟာင္းကအတိုင္း ဆီးသီး ျပန္ေရာင္းေနရပါေတာ့တယ္။