မမေ့ပျောက်နိုင်သော နာကျင်မှု

တခါတုန်းက လယ်သမား တဦး၏ သားလေးသည် မြွေတကောင်ကို မတော်တဆ တက်နင်းမိရာ မြွေက ထိုကောင်လေးအား ပေါက်သတ်လိုက် သဖြင့် ထိုကောင်လေး သေဆုံးသွားလေ၏။သားလေး သေဆုံးသွားသဖြင့် ဒေါသ ထွက်နေသော ကောင်လေး၏ ဖခင်က ပုဆိန်တလက်ဖြင့် သူ၏သားကို ကိုက်သတ်သွားသော မြွေအားလိုက်လံ ရှာဖွေ၍ မြွေကို ခုတ်သတ်သောအခါ မြွေ၏အမြီးကိုသာ ခုတ်ဖြတ်မိလေသည်။ထို့နောက် မြွေကတဖန် လယ်သမားဖြစ်သူ အဆိုပါကောင်လေး၏ ဖခင်ပိုင်ဆိုင်သော ကျွဲ၊ နွား တိရစ္ဆာန်များ မြွေဆိပ် တက်၍ သေ ဆုံးသွားကြရန် လုပ်ဆောင်ပြန်လေ၏။ ထို့နောက်မှာတော့ ကောင်လေး၏ ဖခင်ဖြစ်သူက ဤမြွေနှင့် ညှိနှိုင်းခြင်း သည်သာ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်သည်ဟု ယူဆကာ အစားအစာ များနှင့် ပျားရည်များကို ယူဆောင် လာပြီး”အရာ အားလုံးကို ခွင့်လွှတ်ပြီး မေ့ပစ်လိုက် ကြပါစို့။ မင်းက ငါ့သားကို အပြစ်ပေးတာ မှန်တယ်။ ငါကလည်း မင်းအပေါ် လက်တုံ့ပြန် ခဲ့တာလည်း မှန်တာပဲ။

မင်းကလည်း ငါ့ ကျွဲ နွား တိရစ္ဆာန် တွေကိုလည်း မင်းလက်စားချေသင့်ပါတယ်။ ဒါပေမယ့် ဒီအတိုင်း ဆက်သွားနေရင် ပြီးမှာ မဟုတ်တော့ဘူး။ဒီတော့ ငါတို့တွေ ကျေအေးပြီး ပြန်လည် သင့်သင့်မြတ်မြတ် နေကြရအောင်” ဟု မြွေအား ပြောကြားခဲ့လေသည်။ ထိုအခါ မြွေက “မ ဟုတ်ဘူး၊ သင့်လက်ဆောင် တွေကို ပြန်ယူ သွားလိုက်ပါ။ သင့်သား၏ သေဆုံးမှုကို သင်မေ့နိုင်မှာ မဟုတ်သလို ငါ့အမြီး ဆုံးရှုံးရမှု ကိုလည်း ငါမေ့နိုင်မှာ မဟုတ်ပါဘူး” ဟု ပြန်လည် ပြောကြားလိုက် လေသည်။တချို့ အဖြစ်အပျက်တွေကို ပြန်လည် ညှိနှိုင်းပြီး နားလည်မှုနဲ့ သင့်သင့် မြတ်မြတ် နေထိုင်ကြဖို့ အဆင်မပြေကြတော့ပါဘူး။ နာကျင်မှု ဆိုသည်မှာ ခွင့်လွှတ်ပေးနိုင်သော်လည်း မမေ့ပျောက် နိုင်သောအရာပင်ဖြစ်လေသည်။

credit – original

[zawgyi]

တခါတုန္းက လယ္သမား တဦး၏ သားေလးသည္ ေႁမြတေကာင္ကို မေတာ္တဆ တက္နင္းမိရာ ေႁမြက ထိုေကာင္ေလးအား ေပါက္သတ္လိုက္ သျဖင့္ ထိုေကာင္ေလး ေသဆုံးသြားေလ၏။သားေလး ေသဆုံးသြားသျဖင့္ ေဒါသ ထြက္ေနေသာ ေကာင္ေလး၏ ဖခင္က ပုဆိန္တလက္ျဖင့္ သူ၏သားကို ကိုက္သတ္သြားေသာ ေႁမြအားလိုက္လံ ရွာေဖြ၍ ေႁမြကို ခုတ္သတ္ေသာအခါ ေႁမြ၏အၿမီးကိုသာ ခုတ္ျဖတ္မိေလသည္။ထို႔ေနာက္ ေႁမြကတဖန္ လယ္သမားျဖစ္သူ အဆိုပါေကာင္ေလး၏ ဖခင္ပိုင္ဆိုင္ေသာ ကြၽဲ၊ ႏြား တိရစာၦန္မ်ား ေႁမြဆိပ္ တက္၍ ေသ ဆုံးသြားၾကရန္ လုပ္ေဆာင္ျပန္ေလ၏။ ထို႔ေနာက္မွာေတာ့ ေကာင္ေလး၏ ဖခင္ျဖစ္သူက ဤေႁမြႏွင့္ ညႇိႏႈိင္းျခင္း သည္သာ အေကာင္းဆုံး ေျဖရွင္းနည္း ျဖစ္သည္ဟု ယူဆကာ အစားအစာ မ်ားႏွင့္ ပ်ားရည္မ်ားကို ယူေဆာင္ လာၿပီး”အရာ အားလုံးကို ခြင့္လႊတ္ၿပီး ေမ့ပစ္လိုက္ ၾကပါစို႔။ မင္းက ငါ့သားကို အျပစ္ေပးတာ မွန္တယ္။ ငါကလည္း မင္းအေပၚ လက္တုံ႔ျပန္ ခဲ့တာလည္း မွန္တာပဲ။မင္းကလည္း ငါ့ ကြၽဲ ႏြား တိရစာၦန္ ေတြကိုလည္း မင္းလက္စားေခ်သင့္ပါတယ္။ ဒါေပမယ့္ ဒီအတိုင္း ဆက္သြားေနရင္ ၿပီးမွာ မဟုတ္ေတာ့ဘူး။ဒီေတာ့ ငါတို႔ေတြ ေက်ေအးၿပီး ျပန္လည္ သင့္သင့္ျမတ္ျမတ္ ေနၾကရေအာင္” ဟု ေႁမြအား ေျပာၾကားခဲ့ေလသည္။ ထိုအခါ ေႁမြက “မ ဟုတ္ဘူး၊ သင့္လက္ေဆာင္ ေတြကို ျပန္ယူ သြားလိုက္ပါ။ သင့္သား၏ ေသဆုံးမႈကို သင္ေမ့ႏိုင္မွာ မဟုတ္သလို ငါ့အၿမီး ဆုံးရႈံးရမႈ ကိုလည္း ငါေမ့ႏိုင္မွာ မဟုတ္ပါဘူး” ဟု ျပန္လည္ ေျပာၾကားလိုက္ ေလသည္။တခ်ိဳ႕ အျဖစ္အပ်က္ေတြကို ျပန္လည္ ညႇိႏႈိင္းၿပီး နားလည္မႈနဲ႔ သင့္သင့္ ျမတ္ျမတ္ ေနထိုင္ၾကဖို႔ အဆင္မေျပၾကေတာ့ပါဘူး။ နာက်င္မႈ ဆိုသည္မွာ ခြင့္လႊတ္ေပးႏိုင္ေသာ္လည္း မေမ့ေပ်ာက္ ႏိုင္ေသာအရာပင္ျဖစ္ေလသည္။