မယား (၇) မျိူး ၊ လင် (၈) မျိူး ဆိုတာ

မယားခုနှစ်မျိုး ၊ ရှိမြဲရိုးတွင် ၊ ခိုးသူအရှင် ၊သူသတ်သွင်းသို့ ၊ အကြင်မယား ၊ လား၏ငရဲ ၊အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွန်း ၊ခင်ပွန်းသ ဖွယ် ၊ ကျွန်နှယ်လေးဖြာ ၊ မယားမှာကား ၊နိပ္မာနတ်ပြည် ၊ လာမြဲမည်၏ ၊ယင်းသည့်လေးသွယ် ၊ မယားဝယ်လည်း ၊ကျွန့်နှယ်အလား ၊ထိုမယားမူ ၊ ယောကျာၤးဆုပန် ၊ နိဗ္ဗာန်ဆုကောင်း ၊တောင်းကမလွတ် ၊ မချွတ်တူတည် ၊ ပြည့်မြဲမည်၏ ။( က ) ခိုးသူနဲ့တူတဲ့မယား ၊( ခ ) အ ရှင်သခင်နဲ့တူတဲ့မယား ၊( ဂ ) သူသတ်ကောင်နဲ့တူတဲ့မယားအဲ့ဒီသုံးမျိုးမကောင်းဘူးတဲ့ သေတဲ့အခါ ငရဲသွားရမယ်တဲ့ …( ဃ ) အမေနဲ့တူတဲ့မယား ၊( င ) နှမနဲ့တူတဲ့မယား ၊( စ ) မိတ်ဆွေနဲ့ တူတဲ့မယား ၊( ဆ ) ကျွန်မနဲ့တူတဲ့မယား ၊ဒီလေးမျိုးကောင်းတယ်သေတဲ့ အခါနတ်ပြည်ရောက်မယ်တဲ့ သူငယ်ချင်းတို့ရေ …တစ်ခါက မြတ်စွာဘုရားရှင်ဟာ အနာသပိဏ် သူဌေးအိမ် ကြွတော့ အိမ်သူအိမ်သာတွေဟာ အော်ကြီး ဟစ်ကျယ် ပြောဆိုနေကြပါတယ် ။ဒါနဲ့ဘုရားရှင်က သူဌေးကြီးကို ဒီလိုမေးတယ်..“ ဒါယကာ .. ငါးလုနေကြတဲ့ တံငါတွေလိုသင့်ရဲ့ အိမ်သူ အိမ်သားတွေ ဘာကြောင့် အော်ကြီးဟစ်ကျယ် ပြောဆိုနေကြတာလဲ” မေးတော့ -အနာသပိဏ်သူဌေးကြီးဟာ အရှက်ရတဲ့မျက်နှာနဲ့ -“ မြတ်စွာဘုရား တပည့်တော်ရဲ့ ချွေးမသူဇာတာ ဖြစ်ပါတယ် ။ ဒီကလေးမဟာ ယောက္ခမလင်သား ၊ တခြားမိသားစုများကို ရှိတယ်လို့တောင် သူ့စိတ်ထဲထားပုံမပေါ်ဘူး ၊ ဘယ်သူ့ကိုမှ ရိုသေလေးစား ဂရုမထား ၊ မမြတ်နိုးမပူဇော်ပါဘုရား” လို့လျှောက်ပါတယ် ။“ ကဲသူဌေးကြီး သုဇာတာကို ခေါ်လိုက်ပါဦး” ဆိုပြီး မြတ်စွာဘုရားရှင်က သူဇာတာကို မယား ( ၇ ) မျိုး အကြောင်းဟောပြပါသတဲ့ …( က ) ခိုးသူနဲ့ တူတဲ့မ ယား ၊လင်သားရှာဖွေတဲ့ ပစ္စည်းကို တိတ်တဆိတ်ခိုးယူခြင်း ၊ လင်သားမသိအောင် ဝယ်ခြမ်းစားသောက် ဝတ်ဆင်ပေးကမ်းခြင်း ၊ ကိုယ်ကကောင်းတာတွေ စားသောက်လို့ လင်သားကို ဖြစ်သလို ကြွေးမွေးခြင်း ။( ခ ) အရှင်သခင်နဲ့တူတဲ့မယား ၊အပျင်းကြီးပြီး အလုပ်မလုပ်လိုတာ ၊ ရိုင်းပျ ကြမ်းတမ်းစွာ နိုင်လိုမင်းတက်ယောကျာၤးကို ပြောဆိုဆက်ဆံတာ ၊ လင်သားရဲ့ ဆွေးမျိုးအသိုင်း အဝိုင်းကိုပါ မောက်မာစွာဆက်ဆံတာ ၊( ဂ ) သူသတ်ကောင်နဲ့ တူတဲ့မယား ၊လင်သားအပေါ် ပြစ်မှားလိုစိတ်ရှိတာ ၊ ပြဿနာပေးတာ ၊ ဂျီတိုက်တာ အလေးမထားတာ ၊တခြားယောကျာၤးတစ်ဦးအပေါ်တပ်မက် တာ ၊ လင်သားအပေါ်ငြူစူနေတာ ။( ဃ ) အမေနဲ့တူတဲ့မယား ၊လင်သားရဲ့အကျိုးစီးပွားကို အမြဲကြည့်တာ ၊ တိုးတက်အောင်အကြံပေး ကူညီစောင့်ရှောက်တာ ၊ အမိက သားကိုကြင်နာစွာ အပြောဆိုသလို လင်သားနားဝင်ချိုအောင် ပြော ဆိုတတ်တာ ။( င ) နှမနဲ့တူတဲ့ မယား ၊အမကြီးက ညီမများကို စောင့်ရှောက်သလို မိမိလင်သားကို ရိုသေထိန်းသိမ်း ၊ စောင့်ရှောက်တာ ၊ အရှက်အကြောက်စိတ်ထားပြီး လင်သားအလိုသိတတ်တာ၊

( စ ) မိတ်ဆွေနဲ့ တူတဲ့မယား ၊လင်သားနဲ့တွေ့တဲ့အခါ အချိန်ကြာ ကွဲကွာနေတဲ့ မိတ်ဆွေနဲ့ တွေ့ရသလိုဝမ်းသာလှိုက်လှဲရှိတာ ၊ မျိုးရိုးဂုဏ်နဲ့ ကိုယ်ကျင့်တရားရှိတာ ၊ မလေးမစားမပြုတတ်တာ ။( ဆ ) ကျွန်မနဲ့ တူတဲ့မယား ၊လင်သားက ပြစ်တင် ပြောဆိုသတ်ပုတ်မယ် ခြိမ်းခြောက်ပေမယ့်သည်းခံ ငြိမ်သက်နေတာ ၊ ပြန်လှန်မပြောတာ ၊ ကက်ကက်လန် ပြန်ရန်မတွေ့တာ ၊ စိတ်မဆိုး စိတ်မကောက်ဘဲ ကျင့်သုံးတာ ။“ သုဇာတာ – ဒီ ( ၇ ) မျိုးမှာ သင် ဘယ်လိုအမျိုးအစားထဲ ပါဝင်လဲ” လို့ဘုရားရှင်ကမေးတော့ “ မှန်လှပါဘုရား ၊ တပည့်တော်ကျွန်မနဲ့တူတဲ့ ဇနီးဖြစ်အောင်နေထိုင်ပါ့မယ်လို့ ဝန်ခံခဲ့သတဲ့ ။ဇနီးသည်ရဲ့ရိုသေလေးစားခြင်း မခံရတဲ့ အရည်အချင်းညံ့ညံ့ လင် ( ၈ ) မျိုး ၊လင်မွဲ လင်နာ ၊ လင်သူရာကြိုက် ၊ လင်မိုက် လင်ဖျင်း ၊- လင်ပျင်း လင်အို ၊ အလိုမဖြည့် ၊ မပြည့်ဆန္ဒ ၊ ရှိတုံကလျှင် ၊- မိန်းမဟူသည် ၊ ဤရှစ်မည်ကြောင့် ၊ မကြည်မသာ ၊- အနာဒရ ၊ ပြုတတ်စွာ။( က ) ဆင်းရဲတဲ့လင် ၊ စီးပွားဥစ္စာရအောင် ရှာဖွေမပေးနိုင်ဘဲ မိန်းမလုပ်စာမှီခိုစားသောက်တဲ့ လင်ကို ဇနီးသည်က မလေးစားဘူး ။( ခ ) အနာရောဂါ စွဲကပ်နေတဲ့လင် ၊ ကုသလို့မပျောက်နိုင် ၊ နာတာရှည် ရောဂါစွဲ ။ ရသမျှ ငွေကြေးလည်း ဆေးဖိုးဝါခနဲ့ ကုန်နေရတဲ့လင်ကို ဇနီးသည်က မလေးစားဘူး၊( ဂ ) အရက်သေစာ အလွန်အကျွံသောက်စားတဲ့လင် ၊ ပြဿနာတွေပေါ် ၊ စီးပွားပျက် အရှက်ရစရာဖြစ်လို့ အဲ့ဒီလင်မျိုးကိုလည်း ဇနီးသည်က မလေးစားဘူး ၊( ဃ ) ပေတေမိုက်မဲတဲ့လင် ၊ လူကြီးမိဘ ဆရာသမား ရိုသေလေးစားရမှန် ၊ ပူဇော်မြတ်နိုးရမှန်း မသိတဲ့ လင်မျိုး ၊ ပြောဆိုညွှန်ပြ ဆုံးမစကား နားမဝင်တဲ့လင်မျိုး ။( င ) ဖျင်းတဲ့ အ , တဲ့လင် ၊ သူများခေါ်ရင်သွား ၊ ခိုင်းရင်လုပ် ၊ အ, တယ် န, တယ်တဲ့ ၊ အ, တာက အောက်တန်းကျတာ ၊ န, တာက နောက်တန်းနေရာရောက်နေတာ ။( စ ) ပျင်းတဲ့လင် ၊ လက်ကြောတင်းအောင်အလုပ်မလုပ်ချင်ဘဲ ဘိုးတော် မယ်တော်ကူလိမ့်နိုး သူတစ်ပါးမျှော်ကိုးပြီး ဝီရိယ လုံ့လမရှိတဲ့လင် ။( ဆ ) အားအင်ယိုယွင်း အိုမင်းနေတဲ့လင် ၊ ဇနီးက ငယ်ငယ်လင်သယ်က အသက်ကြီးအရွယ်မတူကြရင်လည်း တကယ်မကြည်ဖြူလှဘူးတဲ့ သူငယ်ချင်းတို့ရေ ။( ဇ ) ပစ္စည်းဥစ္စာ အလိုဆန္ဒပြည့်ဝအောင် ဖြည့်ဆည်းမပေးတဲ့လင် ၊ အမျိုးသမီးရဲ့ဝတ်စားနေမှုနဲ့ အလိုရမ္မက်ကို မဖြည့်ဆည်းတဲ့ လင်ကိုလည်း ဇနီးကမလေးစားဘူးတဲ့ ။

Credit: Myanmar Cnn

[zawgyi]

မယားခုႏွစ္မ်ိဳး ၊ ရွိၿမဲ႐ိုးတြင္ ၊ ခိုးသူအရွင္ ၊သူသတ္သြင္းသို႔ ၊ အၾကင္မယား ၊ လား၏ငရဲ ၊အၿမဲမွတ္ဘိ ၊ အမိတမွ် ၊ ႏွမမယြန္း ၊ခင္ပြန္းသဖြယ္ ၊ ကြၽန္ႏွယ္ေလးျဖာ ၊ မယားမွာကား ၊နိပၼာနတ္ျပည္ ၊ လာၿမဲမည္၏ ၊ယင္းသည့္ေလးသြယ္ ၊ မယားဝယ္လည္း ၊ကြၽန႔္ႏွယ္အလား ၊ထိုမယားမူ ၊ ေယာက်ာၤးဆုပန္ ၊ နိဗၺာန္ဆုေကာင္း ၊ေတာင္းကမလြတ္ ၊ မခြၽတ္တူတည္ ၊ ျပည့္ၿမဲမည္၏ ။( က ) ခိုးသူနဲ႔တူတဲ့မယား ၊( ခ ) အရွင္သခင္နဲ႔တူတဲ့မယား ၊( ဂ ) သူသတ္ေကာင္နဲ႔တူတဲ့မယားအဲ့ဒီသုံးမ်ိဳးမေကာင္းဘူးတဲ့ ေသတဲ့အခါ ငရဲသြားရမယ္တဲ့ …( ဃ ) အေမနဲ႔တူတဲ့မယား ၊( င ) ႏွမနဲ႔တူတဲ့မယား ၊( စ ) မိတ္ေဆြနဲ႔ တူတဲ့မယား ၊( ဆ ) ကြၽန္မနဲ႔တူတဲ့မယား ၊ဒီေလးမ်ိဳးေကာင္းတယ္ေသတဲ့ အခါနတ္ျပည္ေရာက္မယ္တဲ့ သူငယ္ခ်င္းတို႔ေရ …တစ္ခါက ျမတ္စြာဘုရားရွင္ဟာ အနာသပိဏ္ သူေဌးအိမ္ ႂကြေတာ့ အိမ္သူအိမ္သာေတြဟာ ေအာ္ႀကီးဟစ္က်ယ္ ေျပာဆိုေနၾကပါတယ္ ။ဒါနဲ႔ဘုရားရွင္က သူေဌးႀကီးကို ဒီလိုေမးတယ္..“ ဒါယကာ .. ငါးလုေနၾကတဲ့ တံငါေတြလိုသင့္ရဲ႕ အိမ္သူ အိမ္သားေတြ ဘာေၾကာင့္ ေအာ္ႀကီးဟစ္က်ယ္ ေျပာဆိုေနၾကတာလဲ” ေမးေတာ့ -အနာသပိဏ္သူေဌးႀကီးဟာ အရွက္ရတဲ့မ်က္ႏွာနဲ႔ -“ ျမတ္စြာဘုရား တပည့္ေတာ္ရဲ႕ ေခြၽးမသူဇာတာ ျဖစ္ပါတယ္ ။ ဒီကေလးမဟာ ေယာကၡမလင္သား ၊ တျခားမိသားစုမ်ားကို ရွိတယ္လို႔ေတာင္ သူ႔စိတ္ထဲထားပုံမေပၚဘူး ၊ ဘယ္သူ႔ကိုမွ ႐ိုေသေလးစား ဂ႐ုမထား ၊ မျမတ္ႏိုးမပူေဇာ္ပါဘုရား” လို႔ေလွ်ာက္ပါတယ္ ။“ ကဲသူေဌးႀကီး သုဇာတာကို ေခၚလိုက္ပါဦး” ဆိုၿပီး ျမတ္စြာဘုရားရွင္က သူဇာတာကို မယား ( ၇ ) မ်ိဳး အေၾကာင္းေဟာျပပါသတဲ့ …( က ) ခိုးသူနဲ႔ တူတဲ့မယား ၊လင္သားရွာေဖြတဲ့ ပစၥည္းကို တိတ္တဆိတ္ခိုးယူျခင္း ၊ လင္သားမသိေအာင္ ဝယ္ျခမ္းစားေသာက္ ဝတ္ဆင္ေပးကမ္းျခင္း ၊ ကိုယ္ကေကာင္းတာေတြ စားေသာက္လို႔ လင္သားကို ျဖစ္သလို ေႂကြးေမြးျခင္း ။( ခ ) အရွင္သခင္နဲ႔တူတဲ့မယား ၊အပ်င္းႀကီးၿပီး အလုပ္မလုပ္လိုတာ ၊ ႐ိုင္းပ် ၾကမ္းတမ္းစြာ ႏိုင္လိုမင္းတက္ေယာက်ာၤးကို ေျပာဆိုဆက္ဆံတာ ၊ လင္သားရဲ႕ ေဆြးမ်ိဳးအသိုင္း အဝိုင္းကိုပါ ေမာက္မာစြာဆက္ဆံတာ ၊( ဂ ) သူသတ္ေကာင္နဲ႔ တူတဲ့မယား ၊လင္သားအေပၚ ျပစ္မွားလိုစိတ္ရွိတာ ၊ ျပႆနာေပးတာ ၊ ဂ်ီတိုက္တာ အေလးမထားတာ ၊တျခားေယာက်ာၤးတစ္ဦးအေပၚတပ္မက္ တာ ၊ လင္သားအေပၚျငဴစူေနတာ ။( ဃ ) အေမနဲ႔တူတဲ့မယား ၊လင္သားရဲ႕အက်ိဳးစီးပြားကို အၿမဲၾကည့္တာ ၊ တိုးတက္ေအာင္အႀကံေပး ကူညီေစာင့္ေရွာက္တာ ၊ အမိက သားကိုၾကင္နာစြာ အေျပာဆိုသလို လင္သားနားဝင္ခ်ိဳေအာင္ ေျပာဆိုတတ္တာ ။( င ) ႏွမနဲ႔တူတဲ့ မယား ၊အမႀကီးက ညီမမ်ားကို ေစာင့္ေရွာက္သလို မိမိလင္သားကို ႐ိုေသထိန္းသိမ္း ၊ ေစာင့္ေရွာက္တာ ၊ အရွက္အေၾကာက္စိတ္ထားၿပီး လင္သားအလိုသိတတ္တာ၊( စ ) မိတ္ေဆြနဲ႔ တူတဲ့မယား ၊လင္သားနဲ႔ေတြ႕တဲ့အခါ အခ်ိန္ၾကာ ကြဲကြာေနတဲ့ မိတ္ေဆြနဲ႔ ေတြ႕ရသလိုဝမ္းသာလႈိက္လွဲရွိတာ ၊ မ်ိဳး႐ိုးဂုဏ္နဲ႔ ကိုယ္က်င့္တရားရွိတာ ၊ မေလးမစားမျပဳတတ္တာ ။( ဆ ) ကြၽန္မနဲ႔ တူတဲ့မယား ၊လင္သားက ျပစ္တင္ ေျပာဆိုသတ္ပုတ္မယ္ ၿခိမ္းေျခာက္ေပမယ့္သည္းခံ ၿငိမ္သက္ေနတာ ၊ ျပန္လွန္မေျပာတာ ၊ ကက္ကက္လန္ ျပန္ရန္မေတြ႕တာ ၊ စိတ္မဆိုး စိတ္မေကာက္ဘဲ က်င့္သုံးတာ ။“ သုဇာတာ – ဒီ ( ၇ ) မ်ိဳးမွာ သင္ ဘယ္လိုအမ်ိဳးအစားထဲ ပါဝင္လဲ” လို႔ဘုရားရွင္ကေမးေတာ့ “ မွန္လွပါဘုရား ၊ တပည့္ေတာ္ကြၽန္မနဲ႔တူတဲ့ ဇနီးျဖစ္ေအာင္ေနထိုင္ပါ့မယ္လို႔ ဝန္ခံခဲ့သတဲ့ ။ဇနီးသည္ရဲ႕႐ိုေသေလးစားျခင္း မခံရတဲ့ အရည္အခ်င္းညံ့ညံ့ လင္ ( ၈ ) မ်ိဳး ၊လင္မြဲ လင္နာ ၊ လင္သူရာႀကိဳက္ ၊ လင္မိုက္ လင္ဖ်င္း ၊- လင္ပ်င္း လင္အို ၊ အလိုမျဖည့္ ၊ မျပည့္ဆႏၵ ၊ ရွိတုံကလွ်င္ ၊- မိန္းမဟူသည္ ၊ ဤရွစ္မည္ေၾကာင့္ ၊ မၾကည္မသာ ၊- အနာဒရ ၊ ျပဳတတ္စြာ။( က ) ဆင္းရဲတဲ့လင္ ၊ စီးပြားဥစၥာရေအာင္ ရွာေဖြမေပးႏိုင္ဘဲ မိန္းမလုပ္စာမွီခိုစားေသာက္တဲ့ လင္ကို ဇနီးသည္က မေလးစားဘူး ။( ခ ) အနာေရာဂါ စြဲကပ္ေနတဲ့လင္ ၊ ကုသလို႔မေပ်ာက္ႏိုင္ ၊ နာတာရွည္ ေရာဂါစြဲ ။ ရသမွ် ေငြေၾကးလည္း ေဆးဖိုးဝါခနဲ႔ ကုန္ေနရတဲ့လင္ကို ဇနီးသည္က မေလးစားဘူး၊( ဂ ) အရက္ေသစာ အလြန္အကြၽံေသာက္စားတဲ့လင္ ၊ ျပႆနာေတြေပၚ ၊ စီးပြားပ်က္ အရွက္ရစရာျဖစ္လို႔ အဲ့ဒီလင္မ်ိဳးကိုလည္း ဇနီးသည္က မေလးစားဘူး ၊( ဃ ) ေပေတမိုက္မဲတဲ့လင္ ၊ လူႀကီးမိဘ ဆရာသမား ႐ိုေသေလးစားရမွန္ ၊ ပူေဇာ္ျမတ္ႏိုးရမွန္း မသိတဲ့ လင္မ်ိဳး ၊ ေျပာဆိုၫႊန္ျပ ဆုံးမစကား နားမဝင္တဲ့လင္မ်ိဳး ။( င ) ဖ်င္းတဲ့ အ , တဲ့လင္ ၊ သူမ်ားေခၚရင္သြား ၊ ခိုင္းရင္လုပ္ ၊ အ, တယ္ န, တယ္တဲ့ ၊ အ, တာက ေအာက္တန္းက်တာ ၊ န, တာက ေနာက္တန္းေနရာေရာက္ေနတာ ။( စ ) ပ်င္းတဲ့လင္ ၊ လက္ေၾကာတင္းေအာင္အလုပ္မလုပ္ခ်င္ဘဲ ဘိုးေတာ္ မယ္ေတာ္ကူလိမ့္ႏိုး သူတစ္ပါးေမွ်ာ္ကိုးၿပီး ဝီရိယ လုံ႔လမရွိတဲ့လင္ ။( ဆ ) အားအင္ယိုယြင္း အိုမင္းေနတဲ့လင္ ၊ ဇနီးက ငယ္ငယ္လင္သယ္က အသက္ႀကီးအ႐ြယ္မတူၾကရင္လည္း တကယ္မၾကည္ျဖဴလွဘူးတဲ့ သူငယ္ခ်င္းတို႔ေရ ။( ဇ ) ပစၥည္းဥစၥာ အလိုဆႏၵျပည့္ဝေအာင္ ျဖည့္ဆည္းမေပးတဲ့လင္ ၊ အမ်ိဳးသမီးရဲ႕ဝတ္စားေနမႈနဲ႔ အလိုရမၼက္ကို မျဖည့္ဆည္းတဲ့ လင္ကိုလည္း ဇနီးကမေလးစားဘူးတဲ့ ။