မိတ္ထီလာကန် သမိုင်းနှင့် သမိုင်းဝင် သိမ်ကိုးသိမ်

မိတ္ထီလာကန်သည် မြန်မာပြည်တွင် အဓိကထင်ရှားသော ကန်တော်ကြီးဖြစ်သည်။ မိတ္ထီလာကန်တော်ဘွဲ့ ကဗျာ၊ လင်္ကာ၊ မော်ကွန်းများကို ရှေးမြန်မာပညာရှိ စာဆိုများက ရေးစပ်သီကုံးခဲ့သည်မှာ အထင်အရှားရှိပါသည်။မိတ္ထီလာကန်မော်ကွန်းကို အင်းဝခေတ်၊ ရွှေနန်းကျော့ရှင် နရပတိလက်ထက် ရတုလင်္ကာ ဘုရင် မဟာသိလဝံသ ကလည်းကောင်း၊ အမရပူရ ပဌမမြို့တည် နန်းတည်းမင်းတရားကြီး လက်ထက် ဗ လနန္ဒ စည်သူက လည်းကောင်း၊ တွင်းသင်းတိုက်ဝန် မဟာစည်သူက လည်းကောင်း အသီးသီး မိတ္ထီလာကန်တော်မင်္ဂလာ မော်ကွန်းကို ရေး ထိုးစပ်ခဲ့ကြသည်။မိတ္ထီလာကန်အလှကို ချီးကျူးကြသည်။ မိတ္ထီလာကန်၏ အကျယ်အဝန်းကို တင်စားကြသည်။ မိတ္ထီလာကန်၏ အံ့ချီး ဖွယ်များကို သီကုံးစပ်ဆိုကြသည်။ မိတ္ထီလာကန်ကို“ရေမှာ စစ်ကိုင်း၊ လှိုင်းမှာ ပခန်းငယ်၊ လယ်မှာ တောင်တွင်း၊ စပါးမှာ ရမည်းသင်း၊ အင်းမှာ တောင်သမန်၊ ကန်မှာ မိတ္ထီလာ”ဟု တင်စားစပ်ဆိုခဲ့ကြသည်။ ထို့ကြောင့် မိတ္ထီလာကန်မှာ ထင်ရှား ကျော်ကြားသည်။ မိတ္ထီလာမြို့သည် မိုးနည်းရေရှားရန်ဝန်းဒေသတွင် ပါဝင်သော်လည်း မိတ္ထီလာ၊ ရန်ကုန်၊ မြင်းခြံ၊ တောင်ကြီး၊ ကျောက်ပန်းတောင်း၊ မန္တလေးကားလမ်း (၅) လမ်း ဆုံစည်းရာ လမ်းဆုံလမ်းမကြီး ကျသဖြင့် အထူးစည်ကား သည်။ထို့ပြင် “လူကလေးရဲ့ ချော့စရာ မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့ပါ၊ ဖားပါရင် တစ်ကောင်ပေးပါ၊ မျက်လုံးရယ် ကြောင်တောင်တောင်နဲ့ ဖားကောင်ကသေး”ဟူသော သားချော့ကဗျာကြောင့်လည်း မြန်မာလူမျိုးတိုင်း မိတ္ထီလာကန်ကို ကြားဖူးကြသည်။ဤမျှလောက် ရှေးစာဆိုတော် အကျော်အမော်များ ရေးစပ်သီကုံးဖွဲ့ဆိုခဲ့သည့် မိတ္ထီလာကန်သည် မည်မျှကြီးသနည်း၊ မည်မျှကျယ်သနည်း၊ မည်သည့်မင်း တည်ခဲ့သနည်းစသည်ဖြင့် မိတ္ထီလာကန်အကြောင်းကို သိချင်ကြသည်။မိတ္ထီလာကန် သည် ရှေးစာဆိုတော်အကျော်အမော်များ ရေးစပ်သီကုံးသလောက် မည်မျှ ကြီးကျယ်ခမ်းနား တင့်တယ်လှပသည်ကို သိလို ကြသည်။မိတ္ထီလာကန်တော်ကြီးကို ရှေးမြန်မာမင်း ဆယ့်ခုနှစ်ဆက်တိတိတို့က ဆည်ဖို့ပြုပြင်ခဲ့ကြသဖြင့် သမိုင်းဝင် အဓိကရ ကန်တော်ကြီးဖြစ်သည်။မိတ္ထီလာကန်တော်သမိုင်းမှာ ထူးဆန်းအံ့သြ ဖွယ်ရာများကိုလည်း တွေ့ရသည်။ မှတ်သားစရာများ ဖြင့်လည်း ပြည့်နှက်နေသည်။မိတ္ထီလာကန်တော်ကြီးကို ရှေးမြန်မာမင်း တစ်ဆယ့်ခုနှစ်ဆက် ပြုပြင်ဆည်ဖို့ခဲ့ကြသဖြင့် ကန်တော်တဝိုက်တွင် ရှေး မြန်မာမင်းများ တည်ထားကိုးကွယ်ခဲ့သည့် သမိုင်းဝင် ဘုရားစေတီ (၃၂)ဆူလည်း ရှိသည်။ ထိုဘုရားစေတီများမှာ နှစ်ပေါင်း ရာချီလာပြီဖြစ်သဖြင့် အ ချို့ဘုရားစေတီများမှာ ပြိုပျက်ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။ဤကန်တော်ကြီးကို ရှေးမင်းအဆက်ဆက် မည်သည့်ရည်ရွယ် ချက်ဖြင့် ဆည်ဖို့ပြုပြင်သည်ကို လေ့လာသောအခါ အောက်ပါသမိုင်းမှတ်တမ်းကို တွေ့ရသည်။သိကြားမင်းသည် တာဝတိံသာနတ်ပြည်တွင် သက် တမ်းစေ့၍ စုတေရန် နီးလာသောအခါ နိမိတ်ကြီး ငါးပါးကို မြင်သည်။ စုတေရန် ဝန်လေး ကြောက်ရွံ့ လာသည်။ တုန်လှုပ်ချောက်ချားလာသည်။ထိုအခါ သိကြားမင်းသည် မြတ်စွာဘုရားထံ ခွင့်ပန်၍ တာဝတိံသာနတ်ပြည်၌ အဓွန့်ရှည်စွာ နေထိုင်ရန် အသက်ရှည် ကြောင်းတရား ဟောကြားပါရန် လျှောက်ထားတောင်းပန်လေသည်။မတ်စွာဘုရားသည် “သိကြားမင်း၊ ကန်ဟောင်းများ ပျက်စီးယိုယွင်းနေသည်ကို အသစ်ဖြစ်အောင် ပြုပြင်ဆည်ဖို့ ရမည်” ဟု မိန့်တော်မူသောကြောင့် သိကြားမင်းသည် တောသုံးထောင် အတွင်း၌ မှီတင်းနေထိုင်ကြကုန်သော သတ္တဝါ၊ ကျေးငှက်အပေါင်းတို့ သောက်သုံးအားထားမှီခိုရန် ရေကန်အများ ဖန်ဆင်းတည်ထောင်ထားသော ဥပဌမ ္တကုသိုလ် အကျိုး ဆက်ကြောင့် အသက်ရှည်ကြာ နေရသည်ဟု သုတ်မဟာ (ဝါ) အဌကထာ သတ္တပဉ္စသုတ်တော်တွင် ဟောကြား တော်မူခဲ့ သည်။ထိုသုတ်တော်လာ ဟောကြားချက်ကို သိတော်မူသော ရှေးမင်းအဆက်ဆက်တို့သည် မျက်မှောက်အကျိုး၊ တမလွန် အကျိုး တိုးပွားစေရန် ကန်၊ ချောင်း၊ ဆည်မြောင်းများကို ဆည်ဖို့ခြင်း၊ ပြုပြင်ခြင်း စသော ရည်ရွယ်ချက်ဖြင့် ဤမိတ္ထီလာ ကန် တော်ကြီးကို ဆည်ဖို့ ပြုပြင်ခဲ့ကြောင်း သမိုင်း အထောက်အထားအရ သိရပါသည်။မည်သည့်ရည်ရွယ်ချက်ဖြင့် ဆည်ဖို့ခဲ့သည်ဖြစ်စေ မိတ္ထီလာကန်ရေကို အမှီပြု၍ နှစ်ပေါင်းများစွာ တောင်သူလယ် သမားများသည် ကန်ရေသောက်ဖြင့် လယ်ယာစိုက်ပျိုး စားသောက်ခဲ့ကြသည်။ ယခုလည်း ကန်ရေကို အဓိကထား၍ စိုက်ပျိုး လုပ်ကိုင်စားသောက်နေကြသည်။ နောင်ကိုလည်း ကန်ရေကို အမှီပြု၍ စိုက်ပျိုးစားသောက်သွားဦးမည် ဖြစ်သည်။ မိတ္ထီလာ မြို့သူမြို့သားများအတွက်လည်း သောက်ရေသုံးရေများ အဓိက အားထားမှီခိုနေရသော ကန်တော်ကြီး ဖြစ်သည်။ ထို့ကြောင့် မိတ္ထီလာ ကန်တော်ကြီးသည် မျက်မှောက်လူသားများအတွက် အကျိုးကျေးဇူးပြုနေသော ကန်တော်ကြီးပင်ဖြစ်သည်။မိတ္ထီလာကန်သမိုင်းကို လေ့လာကြည့်သောအခါ သက္ကရာဇ်အမျိုးမျိုးကို တွေ့ရသည်။ ဤကဲ့သို့ တွေ့ရသည်မှာ လည်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံအရ ကွဲပြားခြားနားနေရသည်ကို သိလာရသည်။ သက္ကရာဇ်များ မှာ ကလိယုဂ်သက္ကရာဇ်၊ မဟာသက္ကရာဇ်နှင့် သာသနာသက္ကရာဇ်တို့ဖြစ်သည်။ ထို့ကြောင့် သက္ကရာဇ်သုံးမျိုးကွဲပြားနေသည် ကို သိရန်လိုသည်။ကလိယုဂ်သက္ကရာဇ်ဆိုသည်မှာ ဂေါတမမြတ်စွာဘုရား ပွင့်တော်မမူမီကာ လ ထင်ရှားရှိသော သက္ကရာဇ်ဖြစ်သည်။ မဟာသက္ကရာဇ်ဆိုသည်မှာ ကလိယုဂ်သက္ကရာဇ်နောက် ပွားတတ်လာသော သက္ကရာဇ် ၆၈ခုနှစ်သို့ ရောက်သောအခါ အလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူသည်တို့ကြောင့် ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟု ခေါ်သည်။သာသနာသက္ကရာဇ်ဆိုသည်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူသည့်နှစ်တွင်ပင် အဇာတသတ်မင်းက အရှင် မဟာကဿပမထေရ်နှင့် တိုင်ပင်၍ သာသနာခုနှစ်နှင့်အညီဖြစ်စေရန် သက္ကရာဇ် ၁၄၈ခုကို အကြွင်းမထားဘဲ “ဒေဝိယ” ဟူသော ပိဋကတ်သချာၤကိန်းဖြင့် ဖြိုတော်မူပြီးလျှင် တစ်ကစ၍ ရေတွက်လာသည့် သက္ကရာဇ်ဖြစ်သည်။ ထိုမှစ၍ သာသနာ နှင့် ကောဇာသက္ကရာဇ်နှစ်ရပ် ပြိုင်၍ ဝင်လာသည်။ “အာ ကာရဌမင်း” – မိတ္ထီလာကန်တော်ကြီးကို လက်မမွန်မဆွ ပထမဦးဆုံး ဆည်ဖို့ခဲ့သော မင်းကြီးသည် အာကာရဌမင်းကြီး ဖြစ်သည်။ ကလိယုဂ်သက္ကရာဇ် ၃ခုနှစ်တွင် အာကာရဌမင်းကြီးသည် ရဲမက်စစ်သည် ဆင်မြင်း ဗိုလ်ပါ၊ နောက်လိုက်လေးသိန်းကျော်ဖြင့် ထွက်ချီတော်မူလာပြီး ဤမိတ္ထီလာကန်တော်ကြီးကို စတင် တူးဖော်ဆည်ဖို့ ခဲ့သော မင်းဖြစ်သည်။ဤကန်တော်ကြီးကို အာကာရဌမင်းကြီး စတင်ဆည်ဖို့ခဲ့စဉ်က ကန်တော်တဝိုက်တွင် သျှိသျှားပင်များစွာ ပေါက်ရောက်လျက်ရှိသည်။ ကန်တော်တဝိုက်တွင် ပေါက်ရောက်နေသော သျှိသျှားသီးများကို ဘုရားသားတော် အရိယာ ဝိဇ္ဇာ ရဟန္တမထေရ်မြတ်တို့ သုံးဆောင်တော်မူကြ၍ ဤကန်ရေကို သောက်သုံးတော်မူကြရာ နေရာဖြစ်သော ကြောင့် အာကာရဌမင်းကြီးသည် ဤကန်တော်ကို “သျှိသျှား ကန်တော်” ဟု အမည်သမုတ်တော်မူခဲ့သည်။ ထို့ကြောင့် မိတ္ထီလာကန် တော်အစ အာကာရဌမင်းကြီးကဟု ခေါ်ဆို၍ ကဗျာတေးထပ် လင်္ကာများ စပ်ဆိုခဲ့သည်။”ကုသမင်း” – မိတ္ထီလာကန်တော်ကြီးကို ဒုတိယဆည်ဖို့ခဲ့သောမင်းမှာ သဝတ္ထိပြည့်ရှင် ပပဝတီမိဖုရား၏ ကြင်ရာတော် ကုသမင်း ဖြစ်သည်။ ကုသဝတ္ထပြည့်ရှင် ဘုရင်ကုသမင်းကြီးသည် ကလိယုဂ်သက္ကရာဇ် ၇ခုနှစ်တွင် ဆင်၊ မြင်း၊ ရထား၊ ခြေလျင်ဗိုလ်ပါ တို့ဖြင့် မိတ္ထီလာကန်တော်ကြီးကို ဒုတိယအကြိမ်ဆည်ဖို့ခဲ့သော မင်းတစ်ပါးဖြစ် သည်။ ကန်အမည်ကိုလည်း “သျှိသျှားကန်” ဟုပင် သတ်မှတ်တော်မူခဲ့သည်။”ဘိုးတော် အဉ္စန” – မဟာသက္ကရာဇ် ၁၀ခုနှစ်တွင် မြတ်စွာ ဘု ရား ၏ ဘိုးတော် အဉ္စနမင်းကြီးသည် ဆွေတော်ရှစ်သောင်း မျိုးတော် ရှစ်သောင်းနှင့်တကွ ကပ္ပိလဝတ်ပြည်မှ ကြည်းကြောင်း၊ရေကြောင်း၊ တစ်ဆယ့်ခြောက်ကုဋေဖြင့် ကြွချီတော်မူလာပြီး၊ မိတ္ထီလာကန်တည်ရာ အရပ်ကို တောင်ကုန်းတောင်စဉ်၊ ရေလာရေစီး၊ ကုန်းကျင်း၊ ချောင်း မြောင်း အရပ်ဒေသများဖြင့် ချင့်ချိန် ၍ ထာဝရတည်တံ့ရန် ရည်ရွယ်ပြီး တတိယအကြိမ်ဆည်ဖို့ ပြုပြင်ခဲ့သော မင်းဖြစ်သည်။ ကန်တော်အမည်ကိုလည်း “သျှိသျှား ကန်” ဟုပင် ပညတ်တော်မူခဲ့သည်။ကဝိသာရမဉ္စူသာကျမ်းတွင် ဘိုးတော်အဉ္စနမင်းကြီး မိတ္ထီလာကန်တော်ကြီးကို ဆည်ဖို့တော်မူစဉ် ဘုရင်မင်းမြတ်၏ ဘုန်းတန်ခိုးအာနုဘော်ကြောင့် သိကြား၊ ဗြဟ္မာနတ်များစွာတို့က စောင့်ရှောက်လျက် နဂါးမင်းတို့ သည် အနောတတ်အိုင်မှ ရေကို ဆောင်ယူ၍ ကန်တော်ကို ရေကို အန်စေသည်။ သိကြား၊ ဗြဟ္မာများစွာတို့ကလည်း ဤရေကန်တော်သည် နောင်လာ မည့် ရှစ်သောင်းလေးထောင်တိုင်အောင် တည်လိမ့်မည်ဟု ဆိုသည်။”အနာတပိဏ်သူဌေး” – မဟာသက္ကရာဇ် ၁၀၃ခုနှစ်သို့ရောက်သောအခါ သာဝတ္တိပြည်မှ အနာတပိဏ်သူဌေးကြီးသည် နောက်လိုက်ခြွေရံ သင်းပင်းငါးထောင်ကျော်ဖြင့် သျှိသျှားကန်တော်ကြီးအား စတု တ္ထအကြိမ် ဆည်ဖို့ပြင်ပြင်တော်မူသည်။ ကန်တော်အမည်ကို လည်း “သျှိသျှားကန်” ဟု သမုတ်တော်မူခဲ့သည်။”အဇာတသတ်” – သာသနာတော်သက္ကရာဇ် ၁၅ခုနှစ်သို့ရောက်သောအခါ ရာဇဂြိုဟ်ပြည့်ရှင် ပထမသံဃာယနာတင် ဘုရင် အဇာတသတ်မင်းသည် စစ်သည်ဗိုလ်ပါတစ်ကုဋေဖြင့် သျှိသျှားကန်တော်ကြီးအား ပဉ္စမအကြိမ် ဆည်ဖို့တော်မူပြီး ကန်တော် အမည်ကိုလည်း “သျှိသျှားကန်”ဟုပင် မှည့်ခေါ်တော်မူသည်။ “ကာလာသောကမင်း” – သာသနာတော်သက္ကရာဇ် ၁၁၀ပြည့်နှစ်သို့ ရောက်သောအခါ ဝေသာလီပြည့်ရှင် ဒုတိယသံဃာယနာတင် ဘု ရင် ကာလာ သောကမင်းသည် စစ်သည်ရဲမက်ဗိုလ်ပါ တစ်ကုဋေကျော်ဖြင့် သျှိသျှားကန်တော်ကြီးကို ဆဌမအကြိမ် ပြုပြင်တော် မူပြီး “မင်္ဂ လာကန်တော်”ဟူ၍ အမည်သစ်မှည့်ခေါ်တော်မူသည်။”သီရိဓမ္မာသောကမင်း” – သာသနာတော်သက္ကရာဇ် ၂၁၈ခုနှစ်တွင် သီရိဓမ္မာသော ကမင်းကြီးသည် ရေကန်ပေါင်း ၈၄၀၀၀ တူးဖော်ရာတွင် မိတ္ထီလာကန်လည်း တစ်ကန်အပါအဝင်ဖြစ်သည်။ သီရိဓမ္မာသောကမင်းကြီး၏ ဘုန်း တန်ခိုးတော်ကြောင့် အလွန်တရာ ကမ္မဇိဒ္ဓိအာနုဘော်ကြီးမားလှ၍ တန်ခိုးမာနထန်လှသော အနောတတ်အိုင်တော်စေင့် နန္တောပနန္တနဂါးမင်း ကြီးလည်း ဘုရင် ကြီး၏ တန်ခိုးတော်ကို မလွန်ဆန်ရဲဘဲ မိမိနေထိုင်စောင့်ကြပ်ရာ အနောတတ်ရေအိုင်သာမှ အာခံတွင်းဖြင့် ရေများကို သယ် ဆောင်၍ အခြားနတ်နဂါးများနှင့်အတူ ရေများကို သယ်ယူပို့ဆောင်စေရာ မိတ္ထီလာကန်တော်အတွင်းဝယ် ကမ်းလုံးညွတ်မျှ ရေများပြည့်လျှံမောက်တော်မူသည်။ ဤကန်တော်မင်္ဂလာသည် နတ်နဂါးတို့၏ အနောတတ်ရေအိုင်သာမှ ရေကို သယ်ဆောင်၍ ဆောက်တည်ဆည်ဖို့ခဲ့ခြင်းကြောင့် ဘုန်းတန်ခိုး အာနုဘော်ဖြင့် ပြည့်စုံပြီး မြင့်မြတ်သောနတ်ရေစင် ဖြစ်သည်။”ဘိသိတ်တော်ရေစင်” – ဤကဲ့သို့ နတ်နဂါးများ သယ်ဆောင်လာသည့် အနောတတ်ရေအိုင်သာမှ နတ်ရေတော်များ ပါရှိသဖြင့် တန်ခိုး အာဏာဘုန်းတေဇာအလွန် ကြီးမားထွန်း တောက်လိုသော ဘုရင်လောင်းလျာမင်းတကာတို့သည် ရာဇဘိသိတ်၊ မုဒ္ဒဘိသိတ် စသည့် ဘိသိတ်ငါးပါးတို့ကို ခံယူသောသောအခါ၌ မိတ္ထီ လာကန်တော်မှ ရေကို ဆောင်ကျဉ်းသယ်ယူ၍ “ဘိသိတ်တော် ရေစင်” အဖြစ် အသုံးပြုကြသည်။ဤကဲ့သို့ သီရိဓမ္မာသောကမင်းကြီးသည် ဤမိတ္ထီလာကန်တော်ကြီးကို သတ္တမအကြိမ်မြောက် ဆည်ဖို့တော်မူပြီး ကန်တော်အမည်ကို “ကဋာဝက” ကန်တော်ဟူ၍ ဘွဲ့မည်သစ် သ မုတ် တော်မူခဲ့သည်။သီရိဓမ္မာသောကမင်းကြီးသည် မိတ္ထီလာကန်တော်ကို ဆည်ဖို့တော်မူစဉ် အင်းမကြီးရွာအနီး ရွှေမင်းဝံတောင်ခြေတွင် “ရွှေမုဌော”စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့သည်။ ထိုစေတီမှာ သာစည်မြို့နယ်၊ ရွာကြီးရွာအနီးရှိ “ရွှေယင်မျှော်” စေတီတော်ဖြစ်သည်။ ထို့အပြင် ချောင်းကောက်ချောင်းအနီး အင်းရွာ၏ အရှေ့ထိပ်တွင် စစ်သည်တော်တပ်သားများ အားလုံး စုရုံး၍ တည်ထားသော ကြောင့် “လုံးတော်စေတီ”ဟု ဘွဲ့မည်ချီးမြှောက်တော်မူသည်။ ထိုစေတီတော်ကို ယခုအခါ “လုံးစေတီ”ဟု အမည်တွင်သည်။”ဒုဌဂါမဏီမင်း” – သာသနာတော်နှစ် ၃၆၄ခုနှစ်သို့ ရောက်သောအခါ သိဟဋပြည့်ရှင် ဘုရင်ဒုဌဂါမဏီမင်းကြီး သည် ရဲမက်ဗိုလ်ခြေ ကိုးကုဋေကျော်ဖြင့် မိတ္ထီလာကန်တော်ကြီး အဌမအကြိမ် ဆည်ဖို့တော်မူပြီး ကန်တော်အမည်ကိုလည်း မူလ “သျှိသျှားကန် တော်ကြီး”ဟူ၍ပင် ပညတ်တော်မူသည်။”သမုဒ္ဒရိမင်း” – သာသနာတော်သက္ကရာဇ် ၆၁၇ခုနှစ်တွင် သီရိခေတ္တရာပြည်မှ သမုဒ္ဒရီမင်းကြီးသည် ခြွေရံစစ်သည် ခြောက်သိန်း ကျော်ဖြင့် မိတ္ထီလာကန်တော်ကြီးကို နဝမအကြိမ်မြောက် ဆည်ဖို့တော်မူသည်။ သမုဒ္ဒရီမင်းသည် ကန်တော်ကြီးကို မင်္ဂလာ ကျက် သရေ တင့်တယ်သဖြင့် “မေတ္တာကန်တော်”ဟူ၍ အမည်သစ် မှည့်ခေါ်တော်မူသည်။

“ပုပ္ပါးစောရဟန်း” – ကောဇာသက္ကရာဇ် ၃၃၅ခုနှစ်တွင် ပုဂံပြည့်ရှင်ဘုရင် ပုပ္ပါးစောရဟန်းသည် စစ်သည်ဗိုလ်ခြေသုံးသိန်းကျော်ဖြင့် မိတ္ထီလာကန်တော်ကြီးကို ဒဿမအကြိမ် ဆည်ဖို့တော်မူပြီး ကန်တော်အမည်ကိုလည်း မူလအမည် “သျှိသျှားကန်”ဟူ၍ပင် ပြန်လည် သမုတ်တော်မူသည်။”အနော်ရထာမင်း” – ကောဇာသက္ကရာဇ် ၄၁၄ခုနှစ်တွင် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် အမြဲဆည်းကပ်ကိုးကွယ်နေသော အရှင် အရဟံမထေရ်အမှူးပြု၍ မထေရ်ကြီးကိုးပါးနှင့် ရဟန္တာမထေရ်ငယ် ခုနှစ်ရာဖြင့် မိတ္ထီလာကန်တော်ကြီးကို ပြုပြင်ဆည်ဖို့ခဲ့ သည်။အနော်ရထာမင်းကြီးသည် မိတ္ထီလာကန်တော်ကြီးကို လာရောက်ဆည်ဖို့စဉ်က အရှင်အရဟံဦးဆောင်သော မထေရ် ကြီးကိုးပါး၊ ရဟန္တာမထေရ်ငယ် ၁၆ပါးတို့နှင့် မိတ္ထီလာနယ်တဝိုက်တွင် သိမ်ကိုးသိမ်ကို တစ်ပြိုင်တည်း သမုတ်တော်မူခဲ့သည်။မိတ္ထီလာကန်တော်ကြီးတွင် အနော်ရထာမင်း လက်ထက်ကစ၍ သိမ်ကိုးသိမ်၊ ဂူကိုးဂူ၊ အင်းကိုးအင်း၊ ကုန်းကိုးကုန်း ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။ အနော်ရထာမင်းကြီးသည် ကန်တော်တဝိုက်တွင် သာသနဒ္ဓဇစေတီ၊ ရွှေစောလူးစေတီ၊ ရှင်ပစ်ဇယစ်စေတီ၊ ရွှေဂူလှနှင့် ရွှေဂူကြီးဟူသော စေတီငါးဆူ တည်ထားကိုးကွယ်ခဲ့သည်။”ကြိုးကြာမှတ်တိုင်” – အနော်ရထာမင်းကြီးသည် မိတ္ထီလာကန်တော်ကြီးကို ဆည်ဖို့ပြုပြင်ပြီးစီးသောအခါ ရေလွတ်ရန် ရေပြွန်ကျောက် တံခါးတစ်ခုကို တည်ဆောက်ထားသည်။ ထိုရေပြွန်ကျောက်တံခါးကြီး၏ မနီးမဝေးတွင် “ကြိုးကြာမှတ်တိုင်” တစ်တိုင်ကို လုံးပတ်လေးတောင်ခန့်ရှိ အင်ကြင်းနှစ်သစ်သားတိုင်ကို ခိုင်ခံ့စွာ စိုက်ထူထားသည်။ထိုရေမှတ်တိုင်အောက်ခြေမှစ၍ လက်သစ်ကောင်တာ အမှတ်အသားရေးစေပြီးလျှင် တိုင်ထိပ်ဖျား၌ ဟင်္သာပြဒါးဆေးဖြင့် မွမ်းမံခြယ်သထားသည့် ကြိုးကြာ ငှက်ရုပ်တစ်ခုကို ထုလုပ်တပ်ဆင်ထားသည်။ဤကဲ့သို့ ကြိုးကြာရေမှတ်တိုင်ကို စိုက်ထူပြီးလျှင် အနော်ရထာမင်းကြီးသည် ဤကဲ့သို့ သစ္စာတော်မြတ်ကို ရွတ်ဆို တော်မူသည်။“ဤကန်တော်အတွင်းသို့ မည်မျှလောက်ပင် ရေလာရေရောက်ဖြိုးမောက်ကြီးမားစေကာမူ ဤကြိုးကြာ ငှက်၏ နှုတ် သီး ရေစွက်ခြင်း မဖြစ်စေသတည်း။ ကြိုးကြာရေ မသောက်စေသတည်း”ဟူ၍ သစ္စာတော်ဆိုခဲ့သည်။ ထို့ကြောင့်ပင် ကန်တော်၏ အံ့ဖွယ်များထဲတွင် ကြိုးကြာမသောက် ရေမနောက် ဟူ၍ပင် ပါရှိသည်။”မထောင်းတာ မောင်နှမ” – အနော်ရထာမင်းကြီးသည် ကန်တော်ကြီးကို ဆည်ဖို့ပြုပြင်ပြီးနောက် မိမိ၏ ကန်တော်ကြီးကို မည်မျှလောက် ကျယ်ဝန်းသည်ကို သိလိုတော်မူသည်။ ထို့ကြောင့် အနော်ရထာမင်းကြီးသည် တစ်နေ့တွင် မြင်းသည်တော် ယောက်ဖတော် အား ကန်တော်ကြီးကို ပတ်လည်သို့ စေလွှတ်ကြည့်ရှုစေခဲ့သည်။ လမ်းခုလတ်ကျေးရွာများတွင် မြင်းလဲလှယ်ရန် အထောက် အကြိုချထားသည်။ မြင်းသည်တော်မှာ မရပ်မနားတလွှားတည်း ခိုင်းနှင်စီးရသည်။ယောက်ဖတော် မြင်း သည်တော်လည်း နံနက် ကြက်ဆင်း ၆နာရီမှ မြို့တောင်တံခါးမှ စထွက်၍ ကန်တော်ကြီးအား တစ်ပတ်လှည့်လည်ကြည့်ရှုရာ ညနေကြက် တက် ၆နာရီတွင် မြောက်မြို့တံခါးမှ ပြန်ဝင်လာသည်။ မြင်းသည်တော်အား အနော်ရထာမင်းကြီးက “အမောင် ကန်တော်ရေဝပ် အဘယ်သို့ ရှိသနည်း” ဟု မေးတော်မူရာ“အရှင်မင်းကြီး အရှင်မြတ်၏ ဝိဇ္ဇာယောက်ျား ပန်းတော်ဆက် မောင်ဗျတ္တ၏ ဂမုန်းနတ်ပန်းဆောင်ကြဉ်းရာ စခန်းဖြစ်သော တောင်တော်ရွှေပုပ္ပါး၏ တောင် ခါးပန်းတွင် မြောင်းရိုးပြတ်လျက် တောင်တော်နှင့် ကြက်မတစ်ဝပ်စာမျှ ကွာခြား၍ တောင်တော်ကို မထိလာသော ရေဖြစ်ပါ သည် ဘုရား” ဟု ပြန်လည်လျှောက်ထားသည်။ထိုအခါ အနော်ရထာမင်းကြီးသည် ငါဆည်တော်မူသော ကန်တော်ရေသည် ပုပ္ပါးတော်ကို မထိလာသည်ဖြစ်သော ကြောင့် မထိလာကန်တော်ပင်ဖြစ်သည်။ ထို့ကြောင့် ယနေ့မှစ၍ ကန်တော်အား “မထိလာကန်တော်”ဟု ခေါ်တွင်စေရန် အမိန့်တော်ချမှတ်သည်။ယောက်ဖတော် မြင်းသည်တော်သည် ကန်တပတ်မြင်းစီး၍ မရပ်မနားကြည့် ရှုရ၍ ရင်စည်းတဘက်ကို ဖြေလွှတ် လိုက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရတ်မေ့မြောသွားလေသည်။ ထိုသို့ မြင်သည်တော် မေ့မြောနေစဉ် နှမဖြစ်သူ မိဖုရားငယ် သည် မောင်တော်၏ အသက်အန္တရာယ်ကို စိုးရိမ်တော်မူသဖြင့် မောင်တော်အား သက်သာတော်မူပါရဲ့လားဟု မေးမြန်းသောအခါ မောင်ဖြစ်သူ မြင်းသည်တော်က“မထောင်းတာပါ”ဟူ၍ တစ်ခွန်းသာ ဖြေကြားပြီး အမောဆို့ရင်ကွဲနာကျကာ ကွယ်လွန် အနိစ္စရောက်၍ နတ်စိမ်းဖြစ်လေသည်။နှမဖြစ်သူလည်း မောင်တော်မြင်းသည်တော် အဖြစ်ကို ယူကြုံးမရဖြစ်ကာ နေရာတွင်ပင် လတ်တ လော မောင်ဖြစ်သူ စိတ်ဖြင့် သေပွဲဝင်လေသည်။ နှမဖြစ်သူလည်း မောင်ကဲ့သို့ပင် နတ်စိမ်း ဖြစ်ရပြန်သည်။ဤကဲ့သို့ မောင်နှမနှစ်ဦးစ လုံး နတ်စိမ်းများ ဖြစ်ကြ၍ အနော်ရထာမင်းကြီးအား ကိုယ်ထင်ပြကာ “နတ်စိမ်းဘဝတွင် နေထိုင်စရာမရှိဘဲ အတိဒုက္ခရောက်၍ နေ ရာ ဌာန အပိုင်စားပေးသနားရန် တောင်းပန်လျှောက်ထားရာ” အနော်ရထာမင်းကြီး က မြောက်ဘက်ကန်ရိုးတွင် နတ်စင်နတ်ကွန်းတို့ တည် ဆောက်ပေးပြီး မထောင်းတာကန်ရိုးနှင့် မထောင်းတာမောင်နှမ နတ်နန်းဟု သတ်မှတ်နေရာ ပေးခဲ့သည်။”ရွှေငါးကြီးနှစ်ကောင်” – မိတ္ထီလာကန်တော် ကြီးကို အနော်ရထာမင်းကြီးသည် ဆည်ဖို့ပြီးသောအခါ ဤကန်တော်အတွင်းရှိ အကြီးဆုံးသော ငါးရံ့ကြီးနှစ်ကောင်ကို ကြိမ်စင်္ကြာဖြင့် ရိုက်ခတ်ခေါ်ငင်တော်မူပြီး အခြားငါးများနှင့် ထင်ရှားကွဲပြားစေရန် ဦးခေါင်းတွင် ရွှေစင် ရွှေပြားများချလျက် “အသင် ငါးကြီးနှစ်ကောင်သည် ဤမထိလာ ကန်ရေသောက်မှန်ငြား လူအများတို့အတွက် ကောင်းဆိုး နှစ်ပါး နိမိတ်များ ထင်ရှားပြဆိုနိုင်သော နိမိတ်ညွှန်ငါးများအဖြစ် တည်ရစ်ကြစေ၊ နယ်ပိုင်ဆိုင်ရာ နတ်များစွာတို့ကလည်း မျိုးမတူညီ စုံညီရိုင်းပင်းကြစေ၊ အကယ်၍ ဖမ်းယူနှိပ်စက်ခဲ့သော်၊ ဖမ်းယူစားသောက်ခဲ့သော် ဝမ်းလျှော၊ ဝမ်းပျက်၍ ဘေး ဒုက္ခဆိုး၊ အသေဆိုးဖြင့် သေကြေပျက်စီးစေသတည်း” ဟူ၍ အမိန့်တော် ချမှတ်ခဲ့သည်။ထိုငါးကြီးနှစ်ကောင်မှ ကျွဲကြီးတမျှ ကြီးမားလှသည်ဟု ဆိုသည်။ ထိုငါးကြီးနှစ်ကောင်အနက် တစ်ကောင်မှာ ၁၂၈၈ ခုနှစ်က ကန်ရေဝင်အားကြီးသဖြင့် ကန်ရိုးပေါ်ရေကျော်ပြီး ကန်ကျိုးပေါက်ခဲ့သဖြင့် ကန်တော်အောက်သို့ မျောပါသွားရာ ကန်အောက်သားများ သတ်ဖြတ်စားသောက် ကြသောကြောင့် လူအများ ဝမ်းလျှောသေကုန် ကြသည်ဆို၏။အနော်ရထာမင်းကြီးသည် မိတ္ထီလာကန်တော်ကြီးကို လာရောက်ဆည်ဖို့စဉ်က အရှင်အရဟံဦးဆောင်သော မထေရ် ကြီး ကိုးပါး၊ ရဟန္တာမထေရ်ငယ် ၁၆ပါးတို့ဖြင့် မိတ္ထီလာနယ်တဝိုက်တွင် သိမ်ကိုးသိမ်ကို တစ်ပြိုင်တည်း သမုတ်တော်မူခဲ့သည်။မိတ္ထီလာကန်တော်ကြီးတွင် အနော်ရထာမင်းလက်ထက်မှ စ၍ သိမ်ကိုးသိမ်၊ ဂူကိုးဂူ၊ အင်းကိုးအင်း၊ ကုန်းကိုးကုန်း ဟူ၍ ထင်ရှားကျော်ကြားခဲ့သည်။“သိမ်ကိုးသိမ်” – သိမ်ကိုးသိမ်ကို လက်ယာရစ် လှည့်ပတ်မည်ဆိုလျှင် “ပဲသီတာသိမ်” ကို စတင်တွေ့ရမည်ဖြစ်သည်။ ပဲသီတာသိမ် မှာ အလည်ရွာနယ်မြေ၊ မြင်းကန်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး ဆည်ကုန်းကျေးရွာအနီး မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေးတွင် တည်ရှိသည်။ ပဲသီတာသိမ်ကို ရဟန္တာ အရှင်စုနန္ဒက ကြီးကြပ်ခဲ့သည်။ဒုတိယတွေ့ရမည့်သိမ်မှာ “ကတ္တူကန်သိမ်” ဖြစ်သည်။ ကတ္တူကန်သိမ်မှာ မွေအုပ်စုတွင် ပါဝင်ပြီး အိုမတွေ့ရွာ အရှေ့ဘက် သိမ်တော်ကုန်းတွင် တည်ရှိ သည်။ ယခင်က သွားလာရန် ခက်ခဲသော်လည်း ယခုအခါ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးဘေးတွင် ရှိသဖြင့် သွားလာရန် အထူးလွယ် ကူသွားပြီဖြစ်သည်။ ကတ္တူကန်သိမ်ကို ရဟန္တာအရှင်ရဌက ကြီးကြပ် ခဲ့သည်။တတိယတွေ့ရမည့်သိမ်မှာ “ဝက်ကျောက်သိမ်” ဖြစ် သည်။ ဝက်ကျောက်သိမ်မှာ ညောင်ပင်လျှိုကျေးရွာအုပ်စုတွင် ပါဝင်ပြီး ဝက်ကျောက်ရွာ မြောက်ဘက်တွင် တည်ရှိသည်။ ဝက်ကျောက်သိမ်ကို ရဟန္တာအရှင်မြတ် ရှင်ဗာကုလက ကြီးကြပ်ခဲ့သည်။စတုတ္ထတွေ့ရမည့်သိမ်မှာ “ရှင်ပင်ကူသိမ်”ဖြစ်သည်။ ရှင်ပင်ကူသိမ်မှာ ရွာမအုပ်စု၊ ရှင်မြို့ရွာအနီးတွင် တည်ရှိသည်။ ယခုအခါ ချမ်းအေးသာယာမြို့သစ် မြောက်ဘက်တွင် တည်ရှိသည်။ ရှင်ပင်ကူသိမ်ကို ရဟန္တာရှင်မောဂ္ဂလိက ကြီးကြပ်ခဲ့သည်။ပဉ္စမတွေ့ရမည့်သိမ်မှာ “သားဖန်းသိမ်”ဖြစ်သည်။ သားဖန်းသိမ်မှာ မိတ္ထီလာမြောက်ဘက် ငါးမိုင်ကွာ မိတ္ထီလာ- ပင်းတလဲသွား ကားလမ်းဘေးတွင် တည်ရှိသည်။ သားဖန်းတောင်ရွာ မြောက်ဘက်ကုန်းတွင်တည်ရှိသည်။ သားဖန်းသိမ်၏ ထူးခြားချက်မှာ ရှေးအ ဆောက်အဦးအတိုင်း ဘုံငါးဆင့် တန်ဆောင်းနှင့် စေတီတော်အတွင်းရှိ ရုပ်ပွားတော်မှာလည်း ပုဂံ လက်ရာ ရုပ်ပွားတော်ဖြစ်သည်။ ထူး ခြားရှားပါးသည့် သိမ်တော်ဖြစ်သည်။ သားဖန်းသိမ်ကိုရှင်အရဟံမထေရ်မြတ်ကြီးက ကြီးကြပ်ခဲ့သည်။ဆဌမတွေ့ရမည့်သိမ်မှာ “ကလိန်ခြေသိန်”ဖြစ်သည်။ ကလိန်ခြေသိန်မှာ ရှမ်းတဲနယ်မြေ၊ ကျောင်းရွာအုပ်စု၊ လေးထောင့်ကန်ကျေးရွာ အနီးတွင် တည်ရှိသည်။ ကလိန်ခြေသိမ်ကို ရဟန္တာအရှင်မြတ် ဓမ္မိက ကြီးကြပ်ခဲ့သည်။သတ္တမတွေ့ရမည့် သိမ်မှာ “ကူဖြူသိမ်” ဖြစ်သည်။ ကူဖြူသိမ်မှာ ကူဖြူသိမ်ကျေးရွာအနီးတွင် တည်ရှိသည်။ ယခု အခါ သပြေဝ-သာစည်သွား ကားလမ်းဘေး “ဝန်ဇင်းမင်းရာဇာ” တည်ထားကိုးကွယ်သည့် ရွှေစည်းခုံစေတီတော်၏ တောင် ဘက်တွင် တည်ရှိသည်။ ကူဖြူသိမ်မှာ သာစည်မြို့နယ်အတွင်းတွင် ပါဝင်သည်။ ကူဖြူသိမ်ကို ရဟန္တာရှင် ရေဝထက ကြီးကြပ်ခဲ့သည်။အဌမတွေ့ရမည့်သိမ်မှာ “ကုန်းတောင်းသိမ်”ဖြစ်သည်။ ကုန်းတောင်းသိမ်မှာ မိတ္ထီလာ-တောင်ကြီး သွား ကားလမ်း ဘေး ညောင်ကိုင်ကျေးရွာ၏ အရှေ့မြောက် ဘက်တွင် တည်ရှိသည်။ ကုန်းတောင်းသိမ် မှာလည်း သာစည်မြို့နယ်တွင် ပါဝင်သည်။ ကုန်းတောင်းသိမ်ကို ရ ဟန္တာအရှင်မြတ် ရှင်ယသက ကြီးကြပ်ခဲ့သည်။နဝမတွေ့ရမည့်သိမ်မှာ “ထီးသုံးဆင့်သိမ်” ဖြစ်သည်။ ထီးသုံးဆင့်သိမ်မှာ မိတ္ထီလာ-မြင်းခြံသွား ကားလမ်းဘေး “ရွှေမြင်မိ” စေတီတော်ဝင်းအတွင်း သီရိမင်္ဂလာရပ်ကွက်တွင် တည်ရှိသည်။“ထီးသုံးဆင့်သိမ်” မှာ အလယ်သိမ် ဖြစ် သည်။ ထီးသုံးဆင့်သိမ်ကို ရဟန္တာအရှင် နန္ဒက ကြီးကြပ်ခဲ့သည်။သိမ်ကိုးသိမ်မှာ တစ်သိမ်နှင့်တစ်သိမ် အဖြောင့်တိုင်းလျှင် နှစ်မိုင်ခန့်သာ ကွာဝေးသည်။ ထီးသုံးဆင့်သိမ်ကို ဗဟိုထား၍ ကန်အောက်လေးသိမ်နှင့် ကန်အထက် လေးသိမ် တည်ဆောက်ထားခြင်း ဖြစ်သည်။ သိမ်တိုင်းတွင် သိမ်ဦး စေတီရှိသည်။ စေတီတိုင်းမှာ အရှေ့ဘက်မုဒ်လှည့်ထားသည်။ မုဒ်တိုင်းတွင် တင်ပလ္လင်ခွေရုပ်ပွားတော်များ တည်ထားသည်။ ပဲသီတာသိမ်၊ ကတ္တူကန်သိမ်၊ ဝက်ကျောက်သိမ်နှင့် ရှင်ပင်ဂူသိမ်တို့မှာ ကန်အထက်တွင်ရှိသော သိမ်လေးသိမ်ဖြစ်၍ သားဖန်းသိမ်၊ ကလိန်ခြေသိမ်၊ ကူဖြူသိမ်နှင့် ကုန်းတောင်းသိမ်လေးသိမ်တို့မှာ ကန်အောက်လေးသိမ်ဖြစ်သည်။ ထိုသိမ် ကိုးသိမ်ကို ရှင်အရဟံ မထေရ်မြတ် အမှူးပြု၍ မထေရ်ကြီးကိုးပါးနှင့် ရဟန္တာမထေရ်ငယ် ၁၆ပါးတို့က တစ်နေ့တည်း၊ တစ်ရက်တည်း၊ တစ်ပြိုင်တည်ပဲ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Credit – ဇင်မင်းထွန်း

[zawgyi]

မိတၳီလာကန္သည္ ျမန္မာျပည္တြင္ အဓိကထင္ရွားေသာ ကန္ေတာ္ႀကီးျဖစ္သည္။ မိတၳီလာကန္ေတာ္ဘြဲ႕ ကဗ်ာ၊ လကၤာ၊ ေမာ္ကြန္းမ်ားကို ေရွးျမန္မာပညာရွိ စာဆိုမ်ားက ေရးစပ္သီကုံးခဲ့သည္မွာ အထင္အရွားရွိပါသည္။မိတၳီလာကန္ေမာ္ကြန္းကို အင္းဝေခတ္၊ ေ႐ႊနန္းေက်ာ့ရွင္ နရပတိလက္ထက္ ရတုလကၤာ ဘုရင္ မဟာသိလဝံသ ကလည္းေကာင္း၊ အမရပူရ ပဌမၿမိဳ႕တည္ နန္းတည္းမင္းတရားႀကီး လက္ထက္ ဗ လနႏၵ စည္သူက လည္းေကာင္း၊ တြင္းသင္းတိုက္ဝန္ မဟာစည္သူက လည္းေကာင္း အသီးသီး မိတၳီလာကန္ေတာ္မဂၤလာ ေမာ္ကြန္းကို ေရး ထိုးစပ္ခဲ့ၾကသည္။မိတၳီလာကန္အလွကို ခ်ီးက်ဴးၾကသည္။ မိတၳီလာကန္၏ အက်ယ္အဝန္းကို တင္စားၾကသည္။ မိတၳီလာကန္၏ အံ့ခ်ီး ဖြယ္မ်ားကို သီကုံးစပ္ဆိုၾကသည္။ မိတၳီလာကန္ကို“ေရမွာ စစ္ကိုင္း၊ လႈိင္းမွာ ပခန္းငယ္၊ လယ္မွာ ေတာင္တြင္း၊ စပါးမွာ ရမည္းသင္း၊ အင္းမွာ ေတာင္သမန္၊ ကန္မွာ မိတၳီလာ”ဟု တင္စားစပ္ဆိုခဲ့ၾကသည္။ ထို႔ေၾကာင့္ မိတၳီလာကန္မွာ ထင္ရွား ေက်ာ္ၾကားသည္။ မိတၳီလာၿမိဳ႕သည္ မိုးနည္းေရရွားရန္ဝန္းေဒသတြင္ ပါဝင္ေသာ္လည္း မိတၳီလာ၊ ရန္ကုန္၊ ျမင္းၿခံ၊ ေတာင္ႀကီး၊ ေက်ာက္ပန္းေတာင္း၊ မႏၲေလးကားလမ္း (၅) လမ္း ဆုံစည္းရာ လမ္းဆုံလမ္းမႀကီး က်သျဖင့္ အထူးစည္ကား သည္။ထို႔ျပင္ “လူကေလးရဲ႕ ေခ်ာ့စရာ မိတၳီလာကန္ေတာ္ေအာက္က ဖားေကာက္ခဲ့ပါ၊ ဖားပါရင္ တစ္ေကာင္ေပးပါ၊ မ်က္လုံးရယ္ ေၾကာင္ေတာင္ေတာင္နဲ႔ ဖားေကာင္ကေသး”ဟူေသာ သားေခ်ာ့ကဗ်ာေၾကာင့္လည္း ျမန္မာလူမ်ိဳးတိုင္း မိတၳီလာကန္ကို ၾကားဖူးၾကသည္။ဤမွ်ေလာက္ ေရွးစာဆိုေတာ္ အေက်ာ္အေမာ္မ်ား ေရးစပ္သီကုံးဖြဲ႕ဆိုခဲ့သည့္ မိတၳီလာကန္သည္ မည္မွ်ႀကီးသနည္း၊ မည္မွ်က်ယ္သနည္း၊ မည္သည့္မင္း တည္ခဲ့သနည္းစသည္ျဖင့္ မိတၳီလာကန္အေၾကာင္းကို သိခ်င္ၾကသည္။မိတၳီလာကန္ သည္ ေရွးစာဆိုေတာ္အေက်ာ္အေမာ္မ်ား ေရးစပ္သီကုံးသေလာက္ မည္မွ် ႀကီးက်ယ္ခမ္းနား တင့္တယ္လွပသည္ကို သိလို ၾကသည္။မိတၳီလာကန္ေတာ္ႀကီးကို ေရွးျမန္မာမင္း ဆယ့္ခုႏွစ္ဆက္တိတိတို႔က ဆည္ဖို႔ျပဳျပင္ခဲ့ၾကသျဖင့္ သမိုင္းဝင္ အဓိကရ ကန္ေတာ္ႀကီးျဖစ္သည္။မိတၳီလာကန္ေတာ္သမိုင္းမွာ ထူးဆန္းအံ့ၾသ ဖြယ္ရာမ်ားကိုလည္း ေတြ႕ရသည္။ မွတ္သားစရာမ်ား ျဖင့္လည္း ျပည့္ႏွက္ေနသည္။မိတၳီလာကန္ေတာ္ႀကီးကို ေရွးျမန္မာမင္း တစ္ဆယ့္ခုႏွစ္ဆက္ ျပဳျပင္ဆည္ဖို႔ခဲ့ၾကသျဖင့္ ကန္ေတာ္တဝိုက္တြင္ ေရွး ျမန္မာမင္းမ်ား တည္ထားကိုးကြယ္ခဲ့သည့္ သမိုင္းဝင္ ဘုရားေစတီ (၃၂)ဆူလည္း ရွိသည္။ ထိုဘုရားေစတီမ်ားမွာ ႏွစ္ေပါင္း ရာခ်ီလာၿပီျဖစ္သျဖင့္ အ ခ်ိဳ႕ဘုရားေစတီမ်ားမွာ ၿပိဳပ်က္ေပ်ာက္ကြယ္သြားသည္ကို ေတြ႕ရသည္။ဤကန္ေတာ္ႀကီးကို ေရွးမင္းအဆက္ဆက္ မည္သည့္ရည္႐ြယ္ ခ်က္ျဖင့္ ဆည္ဖို႔ျပဳျပင္သည္ကို ေလ့လာေသာအခါ ေအာက္ပါသမိုင္းမွတ္တမ္းကို ေတြ႕ရသည္။သိၾကားမင္းသည္ တာဝတႎသာနတ္ျပည္တြင္ သက္ တမ္းေစ့၍ စုေတရန္ နီးလာေသာအခါ နိမိတ္ႀကီး ငါးပါးကို ျမင္သည္။ စုေတရန္ ဝန္ေလး ေၾကာက္႐ြံ႕ လာသည္။ တုန္လႈပ္ေခ်ာက္ခ်ားလာသည္။ထိုအခါ သိၾကားမင္းသည္ ျမတ္စြာဘုရားထံ ခြင့္ပန္၍ တာဝတႎသာနတ္ျပည္၌ အဓြန႔္ရွည္စြာ ေနထိုင္ရန္ အသက္ရွည္ ေၾကာင္းတရား ေဟာၾကားပါရန္ ေလွ်ာက္ထားေတာင္းပန္ေလသည္။မတ္စြာဘုရားသည္ “သိၾကားမင္း၊ ကန္ေဟာင္းမ်ား ပ်က္စီးယိုယြင္းေနသည္ကို အသစ္ျဖစ္ေအာင္ ျပဳျပင္ဆည္ဖို႔ ရမည္” ဟု မိန႔္ေတာ္မူေသာေၾကာင့္ သိၾကားမင္းသည္ ေတာသုံးေထာင္ အတြင္း၌ မွီတင္းေနထိုင္ၾကကုန္ေသာ သတၱဝါ၊ ေက်းငွက္အေပါင္းတို႔ ေသာက္သုံးအားထားမွီခိုရန္ ေရကန္အမ်ား ဖန္ဆင္းတည္ေထာင္ထားေသာ ဥပဌမ ၱကုသိုလ္ အက်ိဳး ဆက္ေၾကာင့္ အသက္ရွည္ၾကာ ေနရသည္ဟု သုတ္မဟာ (ဝါ) အဌကထာ သတၱပၪၥသုတ္ေတာ္တြင္ ေဟာၾကား ေတာ္မူခဲ့ သည္။ထိုသုတ္ေတာ္လာ ေဟာၾကားခ်က္ကို သိေတာ္မူေသာ ေရွးမင္းအဆက္ဆက္တို႔သည္ မ်က္ေမွာက္အက်ိဳး၊ တမလြန္ အက်ိဳး တိုးပြားေစရန္ ကန္၊ ေခ်ာင္း၊ ဆည္ေျမာင္းမ်ားကို ဆည္ဖို႔ျခင္း၊ ျပဳျပင္ျခင္း စေသာ ရည္႐ြယ္ခ်က္ျဖင့္ ဤမိတၳီလာ ကန္ ေတာ္ႀကီးကို ဆည္ဖို႔ ျပဳျပင္ခဲ့ေၾကာင္း သမိုင္း အေထာက္အထားအရ သိရပါသည္။မည္သည့္ရည္႐ြယ္ခ်က္ျဖင့္ ဆည္ဖို႔ခဲ့သည္ျဖစ္ေစ မိတၳီလာကန္ေရကို အမွီျပဳ၍ ႏွစ္ေပါင္းမ်ားစြာ ေတာင္သူလယ္ သမားမ်ားသည္ ကန္ေရေသာက္ျဖင့္ လယ္ယာစိုက္ပ်ိဳး စားေသာက္ခဲ့ၾကသည္။ ယခုလည္း ကန္ေရကို အဓိကထား၍ စိုက္ပ်ိဳး လုပ္ကိုင္စားေသာက္ေနၾကသည္။ ေနာင္ကိုလည္း ကန္ေရကို အမွီျပဳ၍ စိုက္ပ်ိဳးစားေသာက္သြားဦးမည္ ျဖစ္သည္။ မိတၳီလာ ၿမိဳ႕သူၿမိဳ႕သားမ်ားအတြက္လည္း ေသာက္ေရသုံးေရမ်ား အဓိက အားထားမွီခိုေနရေသာ ကန္ေတာ္ႀကီး ျဖစ္သည္။ ထို႔ေၾကာင့္ မိတၳီလာ ကန္ေတာ္ႀကီးသည္ မ်က္ေမွာက္လူသားမ်ားအတြက္ အက်ိဳးေက်းဇူးျပဳေနေသာ ကန္ေတာ္ႀကီးပင္ျဖစ္သည္။မိတၳီလာကန္သမိုင္းကို ေလ့လာၾကည့္ေသာအခါ သကၠရာဇ္အမ်ိဳးမ်ိဳးကို ေတြ႕ရသည္။ ဤကဲ့သို႔ ေတြ႕ရသည္မွာ လည္း ဗုဒၶဘာသာ ျမန္မာလူမ်ိဳးတို႔၏ ယဥ္ေက်းမႈဓေလ့ထုံးစံအရ ကြဲျပားျခားနားေနရသည္ကို သိလာရသည္။ သကၠရာဇ္မ်ား မွာ ကလိယုဂ္သကၠရာဇ္၊ မဟာသကၠရာဇ္ႏွင့္ သာသနာသကၠရာဇ္တို႔ျဖစ္သည္။ ထို႔ေၾကာင့္ သကၠရာဇ္သုံးမ်ိဳးကြဲျပားေနသည္ ကို သိရန္လိုသည္။ကလိယုဂ္သကၠရာဇ္ဆိုသည္မွာ ေဂါတမျမတ္စြာဘုရား ပြင့္ေတာ္မမူမီကာ လ ထင္ရွားရွိေသာ သကၠရာဇ္ျဖစ္သည္။ မဟာသကၠရာဇ္ဆိုသည္မွာ ကလိယုဂ္သကၠရာဇ္ေနာက္ ပြားတတ္လာေသာ သကၠရာဇ္ ၆၈ခုႏွစ္သို႔ ေရာက္ေသာအခါ အေလာင္းေတာ္ သိဒၶတၳမင္းသားကို ဖြားျမင္ေတာ္မူသည္တို႔ေၾကာင့္ ထိုသကၠရာဇ္ကို မဟာသကၠရာဇ္ဟု ေခၚသည္။သာသနာသကၠရာဇ္ဆိုသည္မွာ ျမတ္စြာဘုရား ပရိနိဗၺာန္ စံဝင္ေတာ္မူသည့္ႏွစ္တြင္ပင္ အဇာတသတ္မင္းက အရွင္ မဟာကႆပမေထရ္ႏွင့္ တိုင္ပင္၍ သာသနာခုႏွစ္ႏွင့္အညီျဖစ္ေစရန္ သကၠရာဇ္ ၁၄၈ခုကို အႂကြင္းမထားဘဲ “ေဒဝိယ” ဟူေသာ ပိဋကတ္သခ်ာကႋန္းျဖင့္ ၿဖိဳေတာ္မူၿပီးလွ်င္ တစ္ကစ၍ ေရတြက္လာသည့္ သကၠရာဇ္ျဖစ္သည္။ ထိုမွစ၍ သာသနာ ႏွင့္ ေကာဇာသကၠရာဇ္ႏွစ္ရပ္ ၿပိဳင္၍ ဝင္လာသည္။ “အာ ကာရဌမင္း” – မိတၳီလာကန္ေတာ္ႀကီးကို လက္မမြန္မဆြ ပထမဦးဆုံး ဆည္ဖို႔ခဲ့ေသာ မင္းႀကီးသည္ အာကာရဌမင္းႀကီး ျဖစ္သည္။ ကလိယုဂ္သကၠရာဇ္ ၃ခုႏွစ္တြင္ အာကာရဌမင္းႀကီးသည္ ရဲမက္စစ္သည္ ဆင္ျမင္း ဗိုလ္ပါ၊ ေနာက္လိုက္ေလးသိန္းေက်ာ္ျဖင့္ ထြက္ခ်ီေတာ္မူလာၿပီး ဤမိတၳီလာကန္ေတာ္ႀကီးကို စတင္ တူးေဖာ္ဆည္ဖို႔ ခဲ့ေသာ မင္းျဖစ္သည္။ဤကန္ေတာ္ႀကီးကို အာကာရဌမင္းႀကီး စတင္ဆည္ဖို႔ခဲ့စဥ္က ကန္ေတာ္တဝိုက္တြင္ သွ်ိသွ်ားပင္မ်ားစြာ ေပါက္ေရာက္လ်က္ရွိသည္။ ကန္ေတာ္တဝိုက္တြင္ ေပါက္ေရာက္ေနေသာ သွ်ိသွ်ားသီးမ်ားကို ဘုရားသားေတာ္ အရိယာ ဝိဇၨာ ရဟႏၲမေထရ္ျမတ္တို႔ သုံးေဆာင္ေတာ္မူၾက၍ ဤကန္ေရကို ေသာက္သုံးေတာ္မူၾကရာ ေနရာျဖစ္ေသာ ေၾကာင့္ အာကာရဌမင္းႀကီးသည္ ဤကန္ေတာ္ကို “သွ်ိသွ်ား ကန္ေတာ္” ဟု အမည္သမုတ္ေတာ္မူခဲ့သည္။ ထို႔ေၾကာင့္ မိတၳီလာကန္ ေတာ္အစ အာကာရဌမင္းႀကီးကဟု ေခၚဆို၍ ကဗ်ာေတးထပ္ လကၤာမ်ား စပ္ဆိုခဲ့သည္။”ကုသမင္း” – မိတၳီလာကန္ေတာ္ႀကီးကို ဒုတိယဆည္ဖို႔ခဲ့ေသာမင္းမွာ သဝတၳိျပည့္ရွင္ ပပဝတီမိဖုရား၏ ၾကင္ရာေတာ္ ကုသမင္း ျဖစ္သည္။ ကုသဝတၳျပည့္ရွင္ ဘုရင္ကုသမင္းႀကီးသည္ ကလိယုဂ္သကၠရာဇ္ ၇ခုႏွစ္တြင္ ဆင္၊ ျမင္း၊ ရထား၊ ေျခလ်င္ဗိုလ္ပါ တို႔ျဖင့္ မိတၳီလာကန္ေတာ္ႀကီးကို ဒုတိယအႀကိမ္ဆည္ဖို႔ခဲ့ေသာ မင္းတစ္ပါးျဖစ္ သည္။ ကန္အမည္ကိုလည္း “သွ်ိသွ်ားကန္” ဟုပင္ သတ္မွတ္ေတာ္မူခဲ့သည္။”ဘိုးေတာ္ အၪၥန” – မဟာသကၠရာဇ္ ၁၀ခုႏွစ္တြင္ ျမတ္စြာ ဘု ရား ၏ ဘိုးေတာ္ အၪၥနမင္းႀကီးသည္ ေဆြေတာ္ရွစ္ေသာင္း မ်ိဳးေတာ္ ရွစ္ေသာင္းႏွင့္တကြ ကပၸိလဝတ္ျပည္မွ ၾကည္းေၾကာင္း၊ေရေၾကာင္း၊ တစ္ဆယ့္ေျခာက္ကုေဋျဖင့္ ႂကြခ်ီေတာ္မူလာၿပီး၊ မိတၳီလာကန္တည္ရာ အရပ္ကို ေတာင္ကုန္းေတာင္စဥ္၊ ေရလာေရစီး၊ ကုန္းက်င္း၊ ေခ်ာင္း ေျမာင္း အရပ္ေဒသမ်ားျဖင့္ ခ်င့္ခ်ိန္ ၍ ထာဝရတည္တံ့ရန္ ရည္႐ြယ္ၿပီး တတိယအႀကိမ္ဆည္ဖို႔ ျပဳျပင္ခဲ့ေသာ မင္းျဖစ္သည္။ ကန္ေတာ္အမည္ကိုလည္း “သွ်ိသွ်ား ကန္” ဟုပင္ ပညတ္ေတာ္မူခဲ့သည္။ကဝိသာရမၪၥဴသာက်မ္းတြင္ ဘိုးေတာ္အၪၥနမင္းႀကီး မိတၳီလာကန္ေတာ္ႀကီးကို ဆည္ဖို႔ေတာ္မူစဥ္ ဘုရင္မင္းျမတ္၏ ဘုန္းတန္ခိုးအာႏုေဘာ္ေၾကာင့္ သိၾကား၊ ျဗဟၼာနတ္မ်ားစြာတို႔က ေစာင့္ေရွာက္လ်က္ နဂါးမင္းတို႔ သည္ အေနာတတ္အိုင္မွ ေရကို ေဆာင္ယူ၍ ကန္ေတာ္ကို ေရကို အန္ေစသည္။ သိၾကား၊ ျဗဟၼာမ်ားစြာတို႔ကလည္း ဤေရကန္ေတာ္သည္ ေနာင္လာ မည့္ ရွစ္ေသာင္းေလးေထာင္တိုင္ေအာင္ တည္လိမ့္မည္ဟု ဆိုသည္။”အနာတပိဏ္သူေဌး” – မဟာသကၠရာဇ္ ၁၀၃ခုႏွစ္သို႔ေရာက္ေသာအခါ သာဝတၱိျပည္မွ အနာတပိဏ္သူေဌးႀကီးသည္ ေနာက္လိုက္ေႁခြရံ သင္းပင္းငါးေထာင္ေက်ာ္ျဖင့္ သွ်ိသွ်ားကန္ေတာ္ႀကီးအား စတု တၳအႀကိမ္ ဆည္ဖို႔ျပင္ျပင္ေတာ္မူသည္။ ကန္ေတာ္အမည္ကို လည္း “သွ်ိသွ်ားကန္” ဟု သမုတ္ေတာ္မူခဲ့သည္။”အဇာတသတ္” – သာသနာေတာ္သကၠရာဇ္ ၁၅ခုႏွစ္သို႔ေရာက္ေသာအခါ ရာဇၿဂိဳဟ္ျပည့္ရွင္ ပထမသံဃာယနာတင္ ဘုရင္ အဇာတသတ္မင္းသည္ စစ္သည္ဗိုလ္ပါတစ္ကုေဋျဖင့္ သွ်ိသွ်ားကန္ေတာ္ႀကီးအား ပၪၥမအႀကိမ္ ဆည္ဖို႔ေတာ္မူၿပီး ကန္ေတာ္ အမည္ကိုလည္း “သွ်ိသွ်ားကန္”ဟုပင္ မွည့္ေခၚေတာ္မူသည္။ “ကာလာေသာကမင္း” – သာသနာေတာ္သကၠရာဇ္ ၁၁၀ျပည့္ႏွစ္သို႔ ေရာက္ေသာအခါ ေဝသာလီျပည့္ရွင္ ဒုတိယသံဃာယနာတင္ ဘု ရင္ ကာလာ ေသာကမင္းသည္ စစ္သည္ရဲမက္ဗိုလ္ပါ တစ္ကုေဋေက်ာ္ျဖင့္ သွ်ိသွ်ားကန္ေတာ္ႀကီးကို ဆဌမအႀကိမ္ ျပဳျပင္ေတာ္ မူၿပီး “မဂၤ လာကန္ေတာ္”ဟူ၍ အမည္သစ္မွည့္ေခၚေတာ္မူသည္။”သီရိဓမၼာေသာကမင္း” – သာသနာေတာ္သကၠရာဇ္ ၂၁၈ခုႏွစ္တြင္ သီရိဓမၼာေသာ ကမင္းႀကီးသည္ ေရကန္ေပါင္း ၈၄၀၀၀ တူးေဖာ္ရာတြင္ မိတၳီလာကန္လည္း တစ္ကန္အပါအဝင္ျဖစ္သည္။ သီရိဓမၼာေသာကမင္းႀကီး၏ ဘုန္း တန္ခိုးေတာ္ေၾကာင့္ အလြန္တရာ ကမၼဇိဒၶိအာႏုေဘာ္ႀကီးမားလွ၍ တန္ခိုးမာနထန္လွေသာ အေနာတတ္အိုင္ေတာ္ေစင့္ နေႏၲာပနႏၲနဂါးမင္း ႀကီးလည္း ဘုရင္ ႀကီး၏ တန္ခိုးေတာ္ကို မလြန္ဆန္ရဲဘဲ မိမိေနထိုင္ေစာင့္ၾကပ္ရာ အေနာတတ္ေရအိုင္သာမွ အာခံတြင္းျဖင့္ ေရမ်ားကို သယ္ ေဆာင္၍ အျခားနတ္နဂါးမ်ားႏွင့္အတူ ေရမ်ားကို သယ္ယူပို႔ေဆာင္ေစရာ မိတၳီလာကန္ေတာ္အတြင္းဝယ္ ကမ္းလုံးၫြတ္မွ် ေရမ်ားျပည့္လွ်ံေမာက္ေတာ္မူသည္။ ဤကန္ေတာ္မဂၤလာသည္ နတ္နဂါးတို႔၏ အေနာတတ္ေရအိုင္သာမွ ေရကို သယ္ေဆာင္၍ ေဆာက္တည္ဆည္ဖို႔ခဲ့ျခင္းေၾကာင့္ ဘုန္းတန္ခိုး အာႏုေဘာ္ျဖင့္ ျပည့္စုံၿပီး ျမင့္ျမတ္ေသာနတ္ေရစင္ ျဖစ္သည္။”ဘိသိတ္ေတာ္ေရစင္” – ဤကဲ့သို႔ နတ္နဂါးမ်ား သယ္ေဆာင္လာသည့္ အေနာတတ္ေရအိုင္သာမွ နတ္ေရေတာ္မ်ား ပါရွိသျဖင့္ တန္ခိုး အာဏာဘုန္းေတဇာအလြန္ ႀကီးမားထြန္း ေတာက္လိုေသာ ဘုရင္ေလာင္းလ်ာမင္းတကာတို႔သည္ ရာဇဘိသိတ္၊ မုဒၵဘိသိတ္ စသည့္ ဘိသိတ္ငါးပါးတို႔ကို ခံယူေသာေသာအခါ၌ မိတၳီ လာကန္ေတာ္မွ ေရကို ေဆာင္က်ဥ္းသယ္ယူ၍ “ဘိသိတ္ေတာ္ ေရစင္” အျဖစ္ အသုံးျပဳၾကသည္။ဤကဲ့သို႔ သီရိဓမၼာေသာကမင္းႀကီးသည္ ဤမိတၳီလာကန္ေတာ္ႀကီးကို သတၱမအႀကိမ္ေျမာက္ ဆည္ဖို႔ေတာ္မူၿပီး ကန္ေတာ္အမည္ကို “ကဋာဝက” ကန္ေတာ္ဟူ၍ ဘြဲ႕မည္သစ္ သ မုတ္ ေတာ္မူခဲ့သည္။သီရိဓမၼာေသာကမင္းႀကီးသည္ မိတၳီလာကန္ေတာ္ကို ဆည္ဖို႔ေတာ္မူစဥ္ အင္းမႀကီး႐ြာအနီး ေ႐ႊမင္းဝံေတာင္ေျခတြင္ “ေ႐ႊမုေဌာ”ေစတီေတာ္တစ္ဆူ တည္ထားကိုးကြယ္ခဲ့သည္။ ထိုေစတီမွာ သာစည္ၿမိဳ႕နယ္၊ ႐ြာႀကီး႐ြာအနီးရွိ “ေ႐ႊယင္ေမွ်ာ္” ေစတီေတာ္ျဖစ္သည္။ ထို႔အျပင္ ေခ်ာင္းေကာက္ေခ်ာင္းအနီး အင္း႐ြာ၏ အေရွ႕ထိပ္တြင္ စစ္သည္ေတာ္တပ္သားမ်ား အားလုံး စု႐ုံး၍ တည္ထားေသာ ေၾကာင့္ “လုံးေတာ္ေစတီ”ဟု ဘြဲ႕မည္ခ်ီးေျမႇာက္ေတာ္မူသည္။ ထိုေစတီေတာ္ကို ယခုအခါ “လုံးေစတီ”ဟု အမည္တြင္သည္။”ဒုဌဂါမဏီမင္း” – သာသနာေတာ္ႏွစ္ ၃၆၄ခုႏွစ္သို႔ ေရာက္ေသာအခါ သိဟဋျပည့္ရွင္ ဘုရင္ဒုဌဂါမဏီမင္းႀကီး သည္ ရဲမက္ဗိုလ္ေျခ ကိုးကုေဋေက်ာ္ျဖင့္ မိတၳီလာကန္ေတာ္ႀကီး အဌမအႀကိမ္ ဆည္ဖို႔ေတာ္မူၿပီး ကန္ေတာ္အမည္ကိုလည္း မူလ “သွ်ိသွ်ားကန္ ေတာ္ႀကီး”ဟူ၍ပင္ ပညတ္ေတာ္မူသည္။”သမုဒၵရိမင္း” – သာသနာေတာ္သကၠရာဇ္ ၆၁၇ခုႏွစ္တြင္ သီရိေခတၱရာျပည္မွ သမုဒၵရီမင္းႀကီးသည္ ေႁခြရံစစ္သည္ ေျခာက္သိန္း ေက်ာ္ျဖင့္ မိတၳီလာကန္ေတာ္ႀကီးကို နဝမအႀကိမ္ေျမာက္ ဆည္ဖို႔ေတာ္မူသည္။ သမုဒၵရီမင္းသည္ ကန္ေတာ္ႀကီးကို မဂၤလာ က်က္ သေရ တင့္တယ္သျဖင့္ “ေမတၱာကန္ေတာ္”ဟူ၍ အမည္သစ္ မွည့္ေခၚေတာ္မူသည္။“ပုပၸါးေစာရဟန္း” – ေကာဇာသကၠရာဇ္ ၃၃၅ခုႏွစ္တြင္ ပုဂံျပည့္ရွင္ဘုရင္ ပုပၸါးေစာရဟန္းသည္ စစ္သည္ဗိုလ္ေျခသုံးသိန္းေက်ာ္ျဖင့္ မိတၳီလာကန္ေတာ္ႀကီးကို ဒႆမအႀကိမ္ ဆည္ဖို႔ေတာ္မူၿပီး ကန္ေတာ္အမည္ကိုလည္း မူလအမည္ “သွ်ိသွ်ားကန္”ဟူ၍ပင္ ျပန္လည္ သမုတ္ေတာ္မူသည္။”အေနာ္ရထာမင္း” – ေကာဇာသကၠရာဇ္ ၄၁၄ခုႏွစ္တြင္ ပုဂံျပည့္ရွင္ အေနာ္ရထာမင္းႀကီးသည္ အၿမဲဆည္းကပ္ကိုးကြယ္ေနေသာ အရွင္ အရဟံမေထရ္အမႉးျပဳ၍ မေထရ္ႀကီးကိုးပါးႏွင့္ ရဟႏၲာမေထရ္ငယ္ ခုႏွစ္ရာျဖင့္ မိတၳီလာကန္ေတာ္ႀကီးကို ျပဳျပင္ဆည္ဖို႔ခဲ့ သည္။အေနာ္ရထာမင္းႀကီးသည္ မိတၳီလာကန္ေတာ္ႀကီးကို လာေရာက္ဆည္ဖို႔စဥ္က အရွင္အရဟံဦးေဆာင္ေသာ မေထရ္ ႀကီးကိုးပါး၊ ရဟႏၲာမေထရ္ငယ္ ၁၆ပါးတို႔ႏွင့္ မိတၳီလာနယ္တဝိုက္တြင္ သိမ္ကိုးသိမ္ကို တစ္ၿပိဳင္တည္း သမုတ္ေတာ္မူခဲ့သည္။မိတၳီလာကန္ေတာ္ႀကီးတြင္ အေနာ္ရထာမင္း လက္ထက္ကစ၍ သိမ္ကိုးသိမ္၊ ဂူကိုးဂူ၊ အင္းကိုးအင္း၊ ကုန္းကိုးကုန္း ဟူ၍ ထင္ရွားေက်ာ္ၾကားခဲ့သည္။ အေနာ္ရထာမင္းႀကီးသည္ ကန္ေတာ္တဝိုက္တြင္ သာသနဒၶဇေစတီ၊ ေ႐ႊေစာလူးေစတီ၊ ရွင္ပစ္ဇယစ္ေစတီ၊ ေ႐ႊဂူလွႏွင့္ ေ႐ႊဂူႀကီးဟူေသာ ေစတီငါးဆူ တည္ထားကိုးကြယ္ခဲ့သည္။”ႀကိဳးၾကာမွတ္တိုင္” – အေနာ္ရထာမင္းႀကီးသည္ မိတၳီလာကန္ေတာ္ႀကီးကို ဆည္ဖို႔ျပဳျပင္ၿပီးစီးေသာအခါ ေရလြတ္ရန္ ေရႁပြန္ေက်ာက္ တံခါးတစ္ခုကို တည္ေဆာက္ထားသည္။ ထိုေရႁပြန္ေက်ာက္တံခါးႀကီး၏ မနီးမေဝးတြင္ “ႀကိဳးၾကာမွတ္တိုင္” တစ္တိုင္ကို လုံးပတ္ေလးေတာင္ခန႔္ရွိ အင္ၾကင္းႏွစ္သစ္သားတိုင္ကို ခိုင္ခံ့စြာ စိုက္ထူထားသည္။ထိုေရမွတ္တိုင္ေအာက္ေျခမွစ၍ လက္သစ္ေကာင္တာ အမွတ္အသားေရးေစၿပီးလွ်င္ တိုင္ထိပ္ဖ်ား၌ ဟသၤာျပဒါးေဆးျဖင့္ မြမ္းမံျခယ္သထားသည့္ ႀကိဳးၾကာ ငွက္႐ုပ္တစ္ခုကို ထုလုပ္တပ္ဆင္ထားသည္။ဤကဲ့သို႔ ႀကိဳးၾကာေရမွတ္တိုင္ကို စိုက္ထူၿပီးလွ်င္ အေနာ္ရထာမင္းႀကီးသည္ ဤကဲ့သို႔ သစၥာေတာ္ျမတ္ကို ႐ြတ္ဆို ေတာ္မူသည္။“ဤကန္ေတာ္အတြင္းသို႔ မည္မွ်ေလာက္ပင္ ေရလာေရေရာက္ၿဖိဳးေမာက္ႀကီးမားေစကာမူ ဤႀကိဳးၾကာ ငွက္၏ ႏႈတ္ သီး ေရစြက္ျခင္း မျဖစ္ေစသတည္း။ ႀကိဳးၾကာေရ မေသာက္ေစသတည္း”ဟူ၍ သစၥာေတာ္ဆိုခဲ့သည္။ ထို႔ေၾကာင့္ပင္ ကန္ေတာ္၏ အံ့ဖြယ္မ်ားထဲတြင္ ႀကိဳးၾကာမေသာက္ ေရမေနာက္ ဟူ၍ပင္ ပါရွိသည္။”မေထာင္းတာ ေမာင္ႏွမ” – အေနာ္ရထာမင္းႀကီးသည္ ကန္ေတာ္ႀကီးကို ဆည္ဖို႔ျပဳျပင္ၿပီးေနာက္ မိမိ၏ ကန္ေတာ္ႀကီးကို မည္မွ်ေလာက္ က်ယ္ဝန္းသည္ကို သိလိုေတာ္မူသည္။ ထို႔ေၾကာင့္ အေနာ္ရထာမင္းႀကီးသည္ တစ္ေန႔တြင္ ျမင္းသည္ေတာ္ ေယာက္ဖေတာ္ အား ကန္ေတာ္ႀကီးကို ပတ္လည္သို႔ ေစလႊတ္ၾကည့္ရႈေစခဲ့သည္။ လမ္းခုလတ္ေက်း႐ြာမ်ားတြင္ ျမင္းလဲလွယ္ရန္ အေထာက္ အႀကိဳခ်ထားသည္။ ျမင္းသည္ေတာ္မွာ မရပ္မနားတလႊားတည္း ခိုင္းႏွင္စီးရသည္။ေယာက္ဖေတာ္ ျမင္း သည္ေတာ္လည္း နံနက္ ၾကက္ဆင္း ၆နာရီမွ ၿမိဳ႕ေတာင္တံခါးမွ စထြက္၍ ကန္ေတာ္ႀကီးအား တစ္ပတ္လွည့္လည္ၾကည့္ရႈရာ ညေနၾကက္ တက္ ၆နာရီတြင္ ေျမာက္ၿမိဳ႕တံခါးမွ ျပန္ဝင္လာသည္။ ျမင္းသည္ေတာ္အား အေနာ္ရထာမင္းႀကီးက “အေမာင္ ကန္ေတာ္ေရဝပ္ အဘယ္သို႔ ရွိသနည္း” ဟု ေမးေတာ္မူရာ“အရွင္မင္းႀကီး အရွင္ျမတ္၏ ဝိဇၨာေယာက္်ား ပန္းေတာ္ဆက္ ေမာင္ဗ်တၱ၏ ဂမုန္းနတ္ပန္းေဆာင္ၾကဥ္းရာ စခန္းျဖစ္ေသာ ေတာင္ေတာ္ေ႐ႊပုပၸါး၏ ေတာင္ ခါးပန္းတြင္ ေျမာင္း႐ိုးျပတ္လ်က္ ေတာင္ေတာ္ႏွင့္ ၾကက္မတစ္ဝပ္စာမွ် ကြာျခား၍ ေတာင္ေတာ္ကို မထိလာေသာ ေရျဖစ္ပါ သည္ ဘုရား” ဟု ျပန္လည္ေလွ်ာက္ထားသည္။ထိုအခါ အေနာ္ရထာမင္းႀကီးသည္ ငါဆည္ေတာ္မူေသာ ကန္ေတာ္ေရသည္ ပုပၸါးေတာ္ကို မထိလာသည္ျဖစ္ေသာ ေၾကာင့္ မထိလာကန္ေတာ္ပင္ျဖစ္သည္။ ထို႔ေၾကာင့္ ယေန႔မွစ၍ ကန္ေတာ္အား “မထိလာကန္ေတာ္”ဟု ေခၚတြင္ေစရန္ အမိန႔္ေတာ္ခ်မွတ္သည္။ေယာက္ဖေတာ္ ျမင္းသည္ေတာ္သည္ ကန္တပတ္ျမင္းစီး၍ မရပ္မနားၾကည့္ ရႈရ၍ ရင္စည္းတဘက္ကို ေျဖလႊတ္ လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ ႐ုတ္တရတ္ေမ့ေျမာသြားေလသည္။ ထိုသို႔ ျမင္သည္ေတာ္ ေမ့ေျမာေနစဥ္ ႏွမျဖစ္သူ မိဖုရားငယ္ သည္ ေမာင္ေတာ္၏ အသက္အႏၲရာယ္ကို စိုးရိမ္ေတာ္မူသျဖင့္ ေမာင္ေတာ္အား သက္သာေတာ္မူပါရဲ႕လားဟု ေမးျမန္းေသာအခါ ေမာင္ျဖစ္သူ ျမင္းသည္ေတာ္က“မေထာင္းတာပါ”ဟူ၍ တစ္ခြန္းသာ ေျဖၾကားၿပီး အေမာဆို႔ရင္ကြဲနာက်ကာ ကြယ္လြန္ အနိစၥေရာက္၍ နတ္စိမ္းျဖစ္ေလသည္။ႏွမျဖစ္သူလည္း ေမာင္ေတာ္ျမင္းသည္ေတာ္ အျဖစ္ကို ယူႀကဳံးမရျဖစ္ကာ ေနရာတြင္ပင္ လတ္တ ေလာ ေမာင္ျဖစ္သူ စိတ္ျဖင့္ ေသပြဲဝင္ေလသည္။ ႏွမျဖစ္သူလည္း ေမာင္ကဲ့သို႔ပင္ နတ္စိမ္း ျဖစ္ရျပန္သည္။ဤကဲ့သို႔ ေမာင္ႏွမႏွစ္ဦးစ လုံး နတ္စိမ္းမ်ား ျဖစ္ၾက၍ အေနာ္ရထာမင္းႀကီးအား ကိုယ္ထင္ျပကာ “နတ္စိမ္းဘဝတြင္ ေနထိုင္စရာမရွိဘဲ အတိဒုကၡေရာက္၍ ေန ရာ ဌာန အပိုင္စားေပးသနားရန္ ေတာင္းပန္ေလွ်ာက္ထားရာ” အေနာ္ရထာမင္းႀကီး က ေျမာက္ဘက္ကန္႐ိုးတြင္ နတ္စင္နတ္ကြန္းတို႔ တည္ ေဆာက္ေပးၿပီး မေထာင္းတာကန္႐ိုးႏွင့္ မေထာင္းတာေမာင္ႏွမ နတ္နန္းဟု သတ္မွတ္ေနရာ ေပးခဲ့သည္။”ေ႐ႊငါးႀကီးႏွစ္ေကာင္” – မိတၳီလာကန္ေတာ္ ႀကီးကို အေနာ္ရထာမင္းႀကီးသည္ ဆည္ဖို႔ၿပီးေသာအခါ ဤကန္ေတာ္အတြင္းရွိ အႀကီးဆုံးေသာ ငါးရံ႕ႀကီးႏွစ္ေကာင္ကို ႀကိမ္စၾကၤာျဖင့္ ႐ိုက္ခတ္ေခၚငင္ေတာ္မူၿပီး အျခားငါးမ်ားႏွင့္ ထင္ရွားကြဲျပားေစရန္ ဦးေခါင္းတြင္ ေ႐ႊစင္ ေ႐ႊျပားမ်ားခ်လ်က္ “အသင္ ငါးႀကီးႏွစ္ေကာင္သည္ ဤမထိလာ ကန္ေရေသာက္မွန္ျငား လူအမ်ားတို႔အတြက္ ေကာင္းဆိုး ႏွစ္ပါး နိမိတ္မ်ား ထင္ရွားျပဆိုႏိုင္ေသာ နိမိတ္ၫႊန္ငါးမ်ားအျဖစ္ တည္ရစ္ၾကေစ၊ နယ္ပိုင္ဆိုင္ရာ နတ္မ်ားစြာတို႔ကလည္း မ်ိဳးမတူညီ စုံညီ႐ိုင္းပင္းၾကေစ၊ အကယ္၍ ဖမ္းယူႏွိပ္စက္ခဲ့ေသာ္၊ ဖမ္းယူစားေသာက္ခဲ့ေသာ္ ဝမ္းေလွ်ာ၊ ဝမ္းပ်က္၍ ေဘး ဒုကၡဆိုး၊ အေသဆိုးျဖင့္ ေသေၾကပ်က္စီးေစသတည္း” ဟူ၍ အမိန႔္ေတာ္ ခ်မွတ္ခဲ့သည္။ထိုငါးႀကီးႏွစ္ေကာင္မွ ကြၽဲႀကီးတမွ် ႀကီးမားလွသည္ဟု ဆိုသည္။ ထိုငါးႀကီးႏွစ္ေကာင္အနက္ တစ္ေကာင္မွာ ၁၂၈၈ ခုႏွစ္က ကန္ေရဝင္အားႀကီးသျဖင့္ ကန္႐ိုးေပၚေရေက်ာ္ၿပီး ကန္က်ိဳးေပါက္ခဲ့သျဖင့္ ကန္ေတာ္ေအာက္သို႔ ေမ်ာပါသြားရာ ကန္ေအာက္သားမ်ား သတ္ျဖတ္စားေသာက္ ၾကေသာေၾကာင့္ လူအမ်ား ဝမ္းေလွ်ာေသကုန္ ၾကသည္ဆို၏။အေနာ္ရထာမင္းႀကီးသည္ မိတၳီလာကန္ေတာ္ႀကီးကို လာေရာက္ဆည္ဖို႔စဥ္က အရွင္အရဟံဦးေဆာင္ေသာ မေထရ္ ႀကီး ကိုးပါး၊ ရဟႏၲာမေထရ္ငယ္ ၁၆ပါးတို႔ျဖင့္ မိတၳီလာနယ္တဝိုက္တြင္ သိမ္ကိုးသိမ္ကို တစ္ၿပိဳင္တည္း သမုတ္ေတာ္မူခဲ့သည္။မိတၳီလာကန္ေတာ္ႀကီးတြင္ အေနာ္ရထာမင္းလက္ထက္မွ စ၍ သိမ္ကိုးသိမ္၊ ဂူကိုးဂူ၊ အင္းကိုးအင္း၊ ကုန္းကိုးကုန္း ဟူ၍ ထင္ရွားေက်ာ္ၾကားခဲ့သည္။“သိမ္ကိုးသိမ္” – သိမ္ကိုးသိမ္ကို လက္ယာရစ္ လွည့္ပတ္မည္ဆိုလွ်င္ “ပဲသီတာသိမ္” ကို စတင္ေတြ႕ရမည္ျဖစ္သည္။ ပဲသီတာသိမ္ မွာ အလည္႐ြာနယ္ေျမ၊ ျမင္းကန္ေက်း႐ြာအုပ္စုတြင္ ပါဝင္ၿပီး ဆည္ကုန္းေက်း႐ြာအနီး မိတၳီလာ-ေက်ာက္ပန္းေတာင္း ကားလမ္းေဘးတြင္ တည္ရွိသည္။ ပဲသီတာသိမ္ကို ရဟႏၲာ အရွင္စုနႏၵက ႀကီးၾကပ္ခဲ့သည္။ဒုတိယေတြ႕ရမည့္သိမ္မွာ “ကတၱဴကန္သိမ္” ျဖစ္သည္။ ကတၱဴကန္သိမ္မွာ ေမြအုပ္စုတြင္ ပါဝင္ၿပီး အိုမေတြ႕႐ြာ အေရွ႕ဘက္ သိမ္ေတာ္ကုန္းတြင္ တည္ရွိ သည္။ ယခင္က သြားလာရန္ ခက္ခဲေသာ္လည္း ယခုအခါ ရန္ကုန္-မႏၲေလး အျမန္ လမ္းမႀကီးေဘးတြင္ ရွိသျဖင့္ သြားလာရန္ အထူးလြယ္ ကူသြားၿပီျဖစ္သည္။ ကတၱဴကန္သိမ္ကို ရဟႏၲာအရွင္ရဌက ႀကီးၾကပ္ ခဲ့သည္။တတိယေတြ႕ရမည့္သိမ္မွာ “ဝက္ေက်ာက္သိမ္” ျဖစ္ သည္။ ဝက္ေက်ာက္သိမ္မွာ ေညာင္ပင္လွ်ိဳေက်း႐ြာအုပ္စုတြင္ ပါဝင္ၿပီး ဝက္ေက်ာက္႐ြာ ေျမာက္ဘက္တြင္ တည္ရွိသည္။ ဝက္ေက်ာက္သိမ္ကို ရဟႏၲာအရွင္ျမတ္ ရွင္ဗာကုလက ႀကီးၾကပ္ခဲ့သည္။စတုတၳေတြ႕ရမည့္သိမ္မွာ “ရွင္ပင္ကူသိမ္”ျဖစ္သည္။ ရွင္ပင္ကူသိမ္မွာ ႐ြာမအုပ္စု၊ ရွင္ၿမိဳ႕႐ြာအနီးတြင္ တည္ရွိသည္။ ယခုအခါ ခ်မ္းေအးသာယာၿမိဳ႕သစ္ ေျမာက္ဘက္တြင္ တည္ရွိသည္။ ရွင္ပင္ကူသိမ္ကို ရဟႏၲာရွင္ေမာဂၢလိက ႀကီးၾကပ္ခဲ့သည္။ပၪၥမေတြ႕ရမည့္သိမ္မွာ “သားဖန္းသိမ္”ျဖစ္သည္။ သားဖန္းသိမ္မွာ မိတၳီလာေျမာက္ဘက္ ငါးမိုင္ကြာ မိတၳီလာ- ပင္းတလဲသြား ကားလမ္းေဘးတြင္ တည္ရွိသည္။ သားဖန္းေတာင္႐ြာ ေျမာက္ဘက္ကုန္းတြင္တည္ရွိသည္။ သားဖန္းသိမ္၏ ထူးျခားခ်က္မွာ ေရွးအ ေဆာက္အဦးအတိုင္း ဘုံငါးဆင့္ တန္ေဆာင္းႏွင့္ ေစတီေတာ္အတြင္းရွိ ႐ုပ္ပြားေတာ္မွာလည္း ပုဂံ လက္ရာ ႐ုပ္ပြားေတာ္ျဖစ္သည္။ ထူး ျခားရွားပါးသည့္ သိမ္ေတာ္ျဖစ္သည္။ သားဖန္းသိမ္ကိုရွင္အရဟံမေထရ္ျမတ္ႀကီးက ႀကီးၾကပ္ခဲ့သည္။ဆဌမေတြ႕ရမည့္သိမ္မွာ “ကလိန္ေျခသိန္”ျဖစ္သည္။ ကလိန္ေျခသိန္မွာ ရွမ္းတဲနယ္ေျမ၊ ေက်ာင္း႐ြာအုပ္စု၊ ေလးေထာင့္ကန္ေက်း႐ြာ အနီးတြင္ တည္ရွိသည္။ ကလိန္ေျခသိမ္ကို ရဟႏၲာအရွင္ျမတ္ ဓမၼိက ႀကီးၾကပ္ခဲ့သည္။သတၱမေတြ႕ရမည့္ သိမ္မွာ “ကူျဖဴသိမ္” ျဖစ္သည္။ ကူျဖဴသိမ္မွာ ကူျဖဴသိမ္ေက်း႐ြာအနီးတြင္ တည္ရွိသည္။ ယခု အခါ သေျပဝ-သာစည္သြား ကားလမ္းေဘး “ဝန္ဇင္းမင္းရာဇာ” တည္ထားကိုးကြယ္သည့္ ေ႐ႊစည္းခုံေစတီေတာ္၏ ေတာင္ ဘက္တြင္ တည္ရွိသည္။ ကူျဖဴသိမ္မွာ သာစည္ၿမိဳ႕နယ္အတြင္းတြင္ ပါဝင္သည္။ ကူျဖဴသိမ္ကို ရဟႏၲာရွင္ ေရဝထက ႀကီးၾကပ္ခဲ့သည္။အဌမေတြ႕ရမည့္သိမ္မွာ “ကုန္းေတာင္းသိမ္”ျဖစ္သည္။ ကုန္းေတာင္းသိမ္မွာ မိတၳီလာ-ေတာင္ႀကီး သြား ကားလမ္း ေဘး ေညာင္ကိုင္ေက်း႐ြာ၏ အေရွ႕ေျမာက္ ဘက္တြင္ တည္ရွိသည္။ ကုန္းေတာင္းသိမ္ မွာလည္း သာစည္ၿမိဳ႕နယ္တြင္ ပါဝင္သည္။ ကုန္းေတာင္းသိမ္ကို ရ ဟႏၲာအရွင္ျမတ္ ရွင္ယသက ႀကီးၾကပ္ခဲ့သည္။နဝမေတြ႕ရမည့္သိမ္မွာ “ထီးသုံးဆင့္သိမ္” ျဖစ္သည္။ ထီးသုံးဆင့္သိမ္မွာ မိတၳီလာ-ျမင္းၿခံသြား ကားလမ္းေဘး “ေ႐ႊျမင္မိ” ေစတီေတာ္ဝင္းအတြင္း သီရိမဂၤလာရပ္ကြက္တြင္ တည္ရွိသည္။“ထီးသုံးဆင့္သိမ္” မွာ အလယ္သိမ္ ျဖစ္ သည္။ ထီးသုံးဆင့္သိမ္ကို ရဟႏၲာအရွင္ နႏၵက ႀကီးၾကပ္ခဲ့သည္။သိမ္ကိုးသိမ္မွာ တစ္သိမ္ႏွင့္တစ္သိမ္ အေျဖာင့္တိုင္းလွ်င္ ႏွစ္မိုင္ခန႔္သာ ကြာေဝးသည္။ ထီးသုံးဆင့္သိမ္ကို ဗဟိုထား၍ ကန္ေအာက္ေလးသိမ္ႏွင့္ ကန္အထက္ ေလးသိမ္ တည္ေဆာက္ထားျခင္း ျဖစ္သည္။ သိမ္တိုင္းတြင္ သိမ္ဦး ေစတီရွိသည္။ ေစတီတိုင္းမွာ အေရွ႕ဘက္မုဒ္လွည့္ထားသည္။ မုဒ္တိုင္းတြင္ တင္ပလႅင္ေခြ႐ုပ္ပြားေတာ္မ်ား တည္ထားသည္။ ပဲသီတာသိမ္၊ ကတၱဴကန္သိမ္၊ ဝက္ေက်ာက္သိမ္ႏွင့္ ရွင္ပင္ဂူသိမ္တို႔မွာ ကန္အထက္တြင္ရွိေသာ သိမ္ေလးသိမ္ျဖစ္၍ သားဖန္းသိမ္၊ ကလိန္ေျခသိမ္၊ ကူျဖဴသိမ္ႏွင့္ ကုန္းေတာင္းသိမ္ေလးသိမ္တို႔မွာ ကန္ေအာက္ေလးသိမ္ျဖစ္သည္။ ထိုသိမ္ ကိုးသိမ္ကို ရွင္အရဟံ မေထရ္ျမတ္ အမႉးျပဳ၍ မေထရ္ႀကီးကိုးပါးႏွင့္ ရဟႏၲာမေထရ္ငယ္ ၁၆ပါးတို႔က တစ္ေန႔တည္း၊ တစ္ရက္တည္း၊ တစ္ၿပိဳင္တည္ပဲ တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။