မိဘမေတ္တာဆိုတာ တုနှိုင်းမဲ့ပါ..မိဘတွေရှိသေးသူများ ဒီအကြောင်းအရာလေးကို ဖတ်မိပြီး ကျေးဇူးသိ၊ ကျေးဇူးဆပ်နိုင်ကြပါစေ

သားတစ်ယောက်ဟာ မိဘတွေနေတဲ့ မွေးရပ်‌မြေ ‌တောရွာလေးကို အလည်ပြန်လာတယ် ။ဒါပေမဲ့ သူဟာ ခွင့်၂ ရက်ပဲရခဲ့လို့ တစ်ညတည်းအိပ်ပြီး နောက်‌နေ့မနက် ‌စောစော ၆ နာရီလောက် မြို့ကားအမှီ ထပြန်ရမှာပါ။အဲ့ဒီည သားအမိနှစ်ယောက်သား ရှေးဟောင်းနှောင်းဖြစ်တွေ အလုပ်အကိုင်အ‌ကြောင်းတွေကို ထိုင်‌ပြောကြရင်း ညဉ့်တော်တော်နက်သွားတယ် ။သွားမအိပ်ခင်လေးမှာ သားဖြစ်သူဟာ သူ့အမေကို နောင်တကြီးစွာနဲ့‌ ပြောတာက..အမေရယ်.. သား ဒီတစ်ခေါက်ပြန်လာရတာ အရမ်းကို အလောတစ်ကြီးနိုင်လိုက်တာ။နောက်တစ်ခါဆို သားအမေနဲ့ အကြာကြီးနေလို့ရအောင် ကြိုးစားပါ့မယ်။သားလေ အမေလုပ်ကျွေးတဲ့ ငှက်ပျောမုန့်ဖက်ထုပ်ကို အရမ်းကြိုက်တာပဲ။ ဘယ်မှာပဲဝယ်စားစား အမေ့လက်ရာကိုလုံးဝမမှီဘူး။သားရဲ့အ‌ပြော‌ကြောင့် အမေ့ရဲ့မျက်နှာမှာ ပီတိတွေနဲ့ ပြုံးသွားတယ် ။ ‌ပြောပြီး‌တာနဲ့ သားဖြစ်သူဟာ မနက်ကျ သူစောစောထရမှာမို့ အမေ့ကိုနှုတ်ဆက်ပြီးအိပ်ခန်းဆီ သွားခဲ့တယ် ။သားဖြစ်သူ သွားအိပ်ပြီးတဲ့နောက် အမေဖြစ်သူဟာ မအိပ်ချင်တော့ဘူးလို့ ခံစားရတယ်။ သူမဟာ သူမအခန်းဆီလျှောက်သွားပြီး အိပ်ပျော်နေတဲ့ သူမခင်ပွန်းကို သွားနှိုးတယ် ။အဖိုးကြီးရေ .. ထပါအုံး။ ရှင်ရွာထဲသွားပြီး ငှက်ပျောရွက်နဲ့ ဖီးကြမ်း အမှည့်တစ်ဖီးလောက် သွားရှာပြီး ‌တောင်းဝယ်လာခဲ့စမ်းပါ။ ရှင့်သားက ငှက်ပျောမုန့်ဖက်ထုပ် စားချင်ရှာလို့တဲ့။ အဲ့တာ မနက်စောစော သူ မပြန်ခင်လေး လုပ်ကျွေးလိုက်ချင်လို့ အိပ်ပျော်နေရာက နိုးလာတဲ့အဖိုးကြီးဟာ သူ့မိန်းမကို ပြန်ပြောတယ် ။အေ,.. ငါအခုပဲ သွားရှာလာလိုက်မယ် တဲ့ ..ပြောပြီး ထလာရင်း တိုင်မှာချိတ်ထားတဲ့ အနွေးထည်အနွမ်းလေးကို ကောက်စွပ်တယ် ။အဖိုးကြီး.. ရှင်သွားရင် ‌ဖြေး‌ဖြေးလျှောက်သွား။ တံခါးလည်း ဖွဖွလေးပဲ စေ့ထားခဲ့။ သားလေးခမြာ ခုလေးတင်မှ အိပ်ပျော်သွားတာ။ မနက်ကျ အစောကြီးထရအုံးမှာ။ တော်ကြာနိုးသွားရင် အိပ်ရေးမဝရှာပဲ နေလိမ့်မယ်။ ကျုပ်လဲ ဟိုဖက်အိမ်က လက်လှည့်ဆုံမှာကောက်ညှင်း သွားကြိတ်ထားလိုက်အုန်းမယ်တဲ့ ။ခုချိန်ဟာ ဆောင်းဝင်နေပြီဆိုတော့ အပြင်မှာ ရာသီဥတုက အေးနေပြီ ။ အဖိုးအိုဟာ တစ်အိမ်ပြီးတစ်အိမ် လိုက်အော်နှိုးရင်း ငှက်ပျော ဖက်နဲ့ ငှက်ပျောခိုင် တောင်းဝယ်တယ် ။ရွာမှာက ငှက်ပျောပင် မစိုက်ကြဘူး။ ရှိတဲ့အိမ်ကျတော့လည်း ဖီးကြမ်းငှက်ပျော မဟုတ်ဘူး ။ ဒါပေမဲ့ အဖိုးအိုရဲ့ကြိုးစား‌မှု့ကြောင့် နောက်ဆုံးမှာ ရွာထိပ်က အိမ်မှာ မှည့်ခါစဖီးကြမ်းတစ်ခိုင် ရှာဝယ်လို့ ရသွားတယ် ။ညကြီးမင်းကြီး ဘယ်သူများလဲလို့..အဘ ဦးလှိုင်မောင် ကိုး ..ငှက်ပျောခိုင်က မနက်ဈေးမှာ သွားရောင်းမလို့ ခုတ်ထားပြီးသား။ ငှက်ပျောဖက်ကတော့ မခုတ်ရသေးဘူး။ အဘလိုချင်ရင် ခြံနောက်မှာ လိုသလောက် ခုတ်ယူသွားလိုက်ပါလို့ အိမ်ရှင်က‌ပြောတယ် ။ခြံဟာ အိမ်နဲ့တော့ သိပ်မဝေးပါဘူး ။ ဒါပေမဲ့ နှင်းတွေရွဲနေတဲ့ မြက်တောမှာ မှောင်မှောင်မဲမဲထဲ ညှပ်ဖိနပ်လေးနဲ့ ဖြတ်လျှောက်ရတာ သိပ်တော့ မလွယ်လှပါဘူး။

အဖိုးကြီးဟာ အိမ်ပြန်ရောက်လာတော့ ည ၁၀ နာရီ ကျော်နေပါပြီ။လင်မယားနှစ်ယောက်သား ငှက်ပျောဖက်တွေကို ဆေး‌ကြောကြပြီး မုန့်ထိုင်ထုတ်နေကြတော့ ည ၁နာရီ ကျော်သွားပါပြီ။ အမှန်ဆိုရင် အဲ့ထက် စောစော ပြီးနိုင်ပါတယ်။ ဒါပေမဲ့ မီးထွန်းပြီး လုပ်နေကြရင် သူတို့သားလေး နိုးသွားမှာစိုးလို့ လက်နှိပ်ဓါတ်မီးနဲ့ထိုးပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထုပ်‌နေကြတာပါ ။၂နာရီလောက်ကျတော့ ငှက်ပျောဖက်ထုပ်တွေ အဆင်သင့်ဖြစ်နေပါပြီ။ အဖိုးကြီးနဲ့အဖွားကြီးဟာ ခဏလောက် မှေးအိပ်လိုက်ကြဖို့ ‌ပြောကြတယ်။ ဒါပေမဲ့ ခဏနေရင် မုန့်ဖက်ထုပ်တွေ ပေါင်းရတော့မဲ့အတူတူ မနိုးမိပဲနေသွားမှာစိုးလို့ မအိပ်ကြတော့ပါဘူး။ဒီလိုနဲ့ ရွာဦးကျောင်းက အုန်းမောင်းသံသဲ့သဲ့ကြားတော့ မုန့်ထုပ်တွေကို မီးဖို‌မှာ တင်‌ပေါင်းကြတယ်။ မကြာပါဘူး ၅နာရီခွဲတော့ သားဖြစ်သူရဲ့ဖုန်းက နှိုးစက်မြည်သံနဲ့အတူ သူတို့သားလေးဟာ နိုးလာပြီး အိပ်ရာတွေသိမ်း အထုတ်အပိုး‌တွေ ပြင်တယ်။အဲ့အချိန်မှာ မုန့်ဖက်ထုပ်နံ့လေးဟာ သင်းပျံ့ပြီး သူ့ရဲ့နှာခေါင်းဝကို ရောက်လာတယ်။ သူ့စိတ်ထဲမှာ အမေ့လက်ရာ မုန့်ဖက်ထုပ်ကို သတိရသွားရင်းဘယ်အိမ်ကများ စောစောစီးစီး မုန့်ဖက်ထုပ် လုပ်နေတာပါလိမ့်..မွှေးလိုက်တာ လို့ တွေးမိတယ် ။သူ အခန်းထဲကထွက်လိုက်တော့ အဖိုးကြီးနဲ့အဖွားကြီးဟာ မုန့်ထည့်ထားတဲ့အိုးကြီးကို ၂ယောက်သား မထွက်လာတာနဲ့ လာဆုံနေတယ်။အမေဖြစ်သူဟာ သူ့သားကိုတွေ့တော့ “လာ.. လာ ငါ့သား..မုန့်တွေအခုပဲ ပေါင်းအိုးထဲကထုတ်လာတာ။ ပူပူနွေးနွေးလေး ဖြစ်နေတုန်း အရင်လာစားလိုက်။ ပြီးတော့မှ သွားတိုက်လို့ရပါတယ် “အ‌ဖေဖြစ်သူကလည်း ဟုတ်တယ်…ပူပူနွေးနွေးဖြစ်နေတုန်း လာစား။ မင်းအမေက မင်းကို အရမ်းစားစေချင်နေတာ။ဆိုပြီး မုန့်တွေ ပန်းကန်ထဲထည့်ရင်း ကမ်းပေးတယ်။သူဟာ အငွေ့တစ်ထောင်းထောင်းထနေတဲ့ မုန့်ပန်းကန်ကို လှမ်းယူရင်း သူ့ရဲ့အဖေနဲ့အမေကို မယုံနိုင်တဲ့မျက်လုံးနဲ့ လှမ်းကြည့်မိတယ်။ညက သူ အမေ့ကို ကျေနပ်သွားအောင်မြှောက်ပြောလိုက်တဲ့ စကားလေးတစ်ခွန်းအတွက်နဲ့ အမေတို့ ဒီလောက်အထိ အသဲအသန် ဖြစ်သွားလိမ့်မယ်လို့ သူ မထင်ထားခဲ့မိဘူး။အသက် ၆၀ ကျော်နေတဲ့ အဖေနဲ့အမေဟာသူစားဖို့ မုန့်ဖက်ထုပ်ကို တစ်ညလုံး မအိပ်ဘဲ လုပ်ကျွေးခဲ့ကြတယ်။သူဟာ မုန့်ကို ပါးစပ်က ဝါးနေရင်း အဖေနဲ့အမေကို စိုက်ကြည့်ပြီး မျက်ရည်တွေ ပါးပြင်ပေါ် ဒလဟော စီးကျလာ‌တော့တယ်။ဒီလောကမှာ ကိုယ့်ကို အသက်လောက်ချစ်ပါတယ် ဆိုတာ တကယ်တော့ ဘယ်သူတွေများလဲနော် ?ကိုယ်ဟာဘယ်လောက်ပဲ လူလားမြောက် ကြီးပြင်း လာတယ်ဆိုဆို မိဘတွေမျက်လုံးထဲမှာ သားသမီးဆိုတာ ချစ်စရာ ခလေးငယ်လေးတွေလိုပါပဲ။ ဘာမျော်လင့်ချက်မှ မထားပဲချစ်တာပါ ။ဒီလိုအချစ်မျိုးကို တစ်ခြားဘယ်သူစိမ်းဆီကများ ရနိူင်အုံးမှာတဲ့လဲ။လွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာ ရွေးချယ်မလားဆိုတာ မူတည်သွားတာပါ။

Credit _ မူရင်းရေးသားသူ

[zawgyi]

သားတစ္ေယာက္ဟာ မိဘေတြေနတဲ့ ေမြးရပ္‌ေျမ ‌ေတာ႐ြာေလးကို အလည္ျပန္လာတယ္ ။ဒါေပမဲ့ သူဟာ ခြင့္၂ ရက္ပဲရခဲ့လို႔ တစ္ညတည္းအိပ္ၿပီး ေနာက္‌ေန႔မနက္ ‌ေစာေစာ ၆ နာရီေလာက္ ၿမိဳ႕ကားအမွီ ထျပန္ရမွာပါ။အဲ့ဒီည သားအမိႏွစ္ေယာက္သား ေရွးေဟာင္းေႏွာင္းျဖစ္ေတြ အလုပ္အကိုင္အ‌ေၾကာင္းေတြကို ထိုင္‌ေျပာၾကရင္း ညဥ့္ေတာ္ေတာ္နက္သြားတယ္ ။သြားမအိပ္ခင္ေလးမွာ သားျဖစ္သူဟာ သူ႔အေမကို ေနာင္တႀကီးစြာနဲ႔‌ ေျပာတာက..အေမရယ္.. သား ဒီတစ္ေခါက္ျပန္လာရတာ အရမ္းကို အေလာတစ္ႀကီးႏိုင္လိုက္တာ။ေနာက္တစ္ခါဆို သားအေမနဲ႔ အၾကာႀကီးေနလို႔ရေအာင္ ႀကိဳးစားပါ့မယ္။သားေလ အေမလုပ္ေကြၽးတဲ့ ငွက္ေပ်ာမုန႔္ဖက္ထုပ္ကို အရမ္းႀကိဳက္တာပဲ။ ဘယ္မွာပဲဝယ္စားစား အေမ့လက္ရာကိုလုံးဝမမွီဘူး။သားရဲ႕အ‌ေျပာ‌ေၾကာင့္ အေမ့ရဲ႕မ်က္ႏွာမွာ ပီတိေတြနဲ႔ ၿပဳံးသြားတယ္ ။ ‌ေျပာၿပီး‌တာနဲ႔ သားျဖစ္သူဟာ မနက္က် သူေစာေစာထရမွာမို႔ အေမ့ကိုႏႈတ္ဆက္ၿပီးအိပ္ခန္းဆီ သြားခဲ့တယ္ ။သားျဖစ္သူ သြားအိပ္ၿပီးတဲ့ေနာက္ အေမျဖစ္သူဟာ မအိပ္ခ်င္ေတာ့ဘူးလို႔ ခံစားရတယ္။ သူမဟာ သူမအခန္းဆီေလွ်ာက္သြားၿပီး အိပ္ေပ်ာ္ေနတဲ့ သူမခင္ပြန္းကို သြားႏႈိးတယ္ ။အဖိုးႀကီးေရ .. ထပါအုံး။ ရွင္႐ြာထဲသြားၿပီး ငွက္ေပ်ာ႐ြက္နဲ႔ ဖီးၾကမ္း အမွည့္တစ္ဖီးေလာက္ သြားရွာၿပီး ‌ေတာင္းဝယ္လာခဲ့စမ္းပါ။ ရွင့္သားက ငွက္ေပ်ာမုန႔္ဖက္ထုပ္ စားခ်င္ရွာလို႔တဲ့။ အဲ့တာ မနက္ေစာေစာ သူ မျပန္ခင္ေလး လုပ္ေကြၽးလိုက္ခ်င္လို႔ အိပ္ေပ်ာ္ေနရာက ႏိုးလာတဲ့အဖိုးႀကီးဟာ သူ႔မိန္းမကို ျပန္ေျပာတယ္ ။ေအ,.. ငါအခုပဲ သြားရွာလာလိုက္မယ္ တဲ့ ..ေျပာၿပီး ထလာရင္း တိုင္မွာခ်ိတ္ထားတဲ့ အေႏြးထည္အႏြမ္းေလးကို ေကာက္စြပ္တယ္ ။အဖိုးႀကီး.. ရွင္သြားရင္ ‌ေျဖး‌ေျဖးေလွ်ာက္သြား။ တံခါးလည္း ဖြဖြေလးပဲ ေစ့ထားခဲ့။ သားေလးချမာ ခုေလးတင္မွ အိပ္ေပ်ာ္သြားတာ။ မနက္က် အေစာႀကီးထရအုံးမွာ။ ေတာ္ၾကာႏိုးသြားရင္ အိပ္ေရးမဝရွာပဲ ေနလိမ့္မယ္။ က်ဳပ္လဲ ဟိုဖက္အိမ္က လက္လွည့္ဆုံမွာေကာက္ညႇင္း သြားႀကိတ္ထားလိုက္အုန္းမယ္တဲ့ ။ခုခ်ိန္ဟာ ေဆာင္းဝင္ေနၿပီဆိုေတာ့ အျပင္မွာ ရာသီဥတုက ေအးေနၿပီ ။ အဖိုးအိုဟာ တစ္အိမ္ၿပီးတစ္အိမ္ လိုက္ေအာ္ႏႈိးရင္း ငွက္ေပ်ာ ဖက္နဲ႔ ငွက္ေပ်ာခိုင္ ေတာင္းဝယ္တယ္ ။႐ြာမွာက ငွက္ေပ်ာပင္ မစိုက္ၾကဘူး။ ရွိတဲ့အိမ္က်ေတာ့လည္း ဖီးၾကမ္းငွက္ေပ်ာ မဟုတ္ဘူး ။ ဒါေပမဲ့ အဖိုးအိုရဲ႕ႀကိဳးစား‌မႈ႕ေၾကာင့္ ေနာက္ဆုံးမွာ ႐ြာထိပ္က အိမ္မွာ မွည့္ခါစဖီးၾကမ္းတစ္ခိုင္ ရွာဝယ္လို႔ ရသြားတယ္ ။ညႀကီးမင္းႀကီး ဘယ္သူမ်ားလဲလို႔..အဘ ဦးလႈိင္ေမာင္ ကိုး ..ငွက္ေပ်ာခိုင္က မနက္ေဈးမွာ သြားေရာင္းမလို႔ ခုတ္ထားၿပီးသား။ ငွက္ေပ်ာဖက္ကေတာ့ မခုတ္ရေသးဘူး။ အဘလိုခ်င္ရင္ ၿခံေနာက္မွာ လိုသေလာက္ ခုတ္ယူသြားလိုက္ပါလို႔ အိမ္ရွင္က‌ေျပာတယ္ ။ၿခံဟာ အိမ္နဲ႔ေတာ့ သိပ္မေဝးပါဘူး ။ ဒါေပမဲ့ ႏွင္းေတြ႐ြဲေနတဲ့ ျမက္ေတာမွာ ေမွာင္ေမွာင္မဲမဲထဲ ညႇပ္ဖိနပ္ေလးနဲ႔ ျဖတ္ေလွ်ာက္ရတာ သိပ္ေတာ့ မလြယ္လွပါဘူး။အဖိုးႀကီးဟာ အိမ္ျပန္ေရာက္လာေတာ့ ည ၁၀ နာရီ ေက်ာ္ေနပါၿပီ။လင္မယားႏွစ္ေယာက္သား ငွက္ေပ်ာဖက္ေတြကို ေဆး‌ေၾကာၾကၿပီး မုန႔္ထိုင္ထုတ္ေနၾကေတာ့ ည ၁နာရီ ေက်ာ္သြားပါၿပီ။ အမွန္ဆိုရင္ အဲ့ထက္ ေစာေစာ ၿပီးႏိုင္ပါတယ္။ ဒါေပမဲ့ မီးထြန္းၿပီး လုပ္ေနၾကရင္ သူတို႔သားေလး ႏိုးသြားမွာစိုးလို႔ လက္ႏွိပ္ဓါတ္မီးနဲ႔ထိုးၿပီး တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ထုပ္‌ေနၾကတာပါ ။၂နာရီေလာက္က်ေတာ့ ငွက္ေပ်ာဖက္ထုပ္ေတြ အဆင္သင့္ျဖစ္ေနပါၿပီ။ အဖိုးႀကီးနဲ႔အဖြားႀကီးဟာ ခဏေလာက္ ေမွးအိပ္လိုက္ၾကဖို႔ ‌ေျပာၾကတယ္။ ဒါေပမဲ့ ခဏေနရင္ မုန႔္ဖက္ထုပ္ေတြ ေပါင္းရေတာ့မဲ့အတူတူ မႏိုးမိပဲေနသြားမွာစိုးလို႔ မအိပ္ၾကေတာ့ပါဘူး။ဒီလိုနဲ႔ ႐ြာဦးေက်ာင္းက အုန္းေမာင္းသံသဲ့သဲ့ၾကားေတာ့ မုန႔္ထုပ္ေတြကို မီးဖို‌မွာ တင္‌ေပါင္းၾကတယ္။ မၾကာပါဘူး ၅နာရီခြဲေတာ့ သားျဖစ္သူရဲ႕ဖုန္းက ႏႈိးစက္ျမည္သံနဲ႔အတူ သူတို႔သားေလးဟာ ႏိုးလာၿပီး အိပ္ရာေတြသိမ္း အထုတ္အပိုး‌ေတြ ျပင္တယ္။အဲ့အခ်ိန္မွာ မုန႔္ဖက္ထုပ္နံ႔ေလးဟာ သင္းပ်ံ႕ၿပီး သူ႔ရဲ႕ႏွာေခါင္းဝကို ေရာက္လာတယ္။ သူ႔စိတ္ထဲမွာ အေမ့လက္ရာ မုန႔္ဖက္ထုပ္ကို သတိရသြားရင္းဘယ္အိမ္ကမ်ား ေစာေစာစီးစီး မုန႔္ဖက္ထုပ္ လုပ္ေနတာပါလိမ့္..ေမႊးလိုက္တာ လို႔ ေတြးမိတယ္ ။သူ အခန္းထဲကထြက္လိုက္ေတာ့ အဖိုးႀကီးနဲ႔အဖြားႀကီးဟာ မုန႔္ထည့္ထားတဲ့အိုးႀကီးကို ၂ေယာက္သား မထြက္လာတာနဲ႔ လာဆုံေနတယ္။အေမျဖစ္သူဟာ သူ႔သားကိုေတြ႕ေတာ့ “လာ.. လာ ငါ့သား..မုန႔္ေတြအခုပဲ ေပါင္းအိုးထဲကထုတ္လာတာ။ ပူပူေႏြးေႏြးေလး ျဖစ္ေနတုန္း အရင္လာစားလိုက္။ ၿပီးေတာ့မွ သြားတိုက္လို႔ရပါတယ္ “အ‌ေဖျဖစ္သူကလည္း ဟုတ္တယ္…ပူပူေႏြးေႏြးျဖစ္ေနတုန္း လာစား။ မင္းအေမက မင္းကို အရမ္းစားေစခ်င္ေနတာ။ဆိုၿပီး မုန႔္ေတြ ပန္းကန္ထဲထည့္ရင္း ကမ္းေပးတယ္။သူဟာ အေငြ႕တစ္ေထာင္းေထာင္းထေနတဲ့ မုန႔္ပန္းကန္ကို လွမ္းယူရင္း သူ႔ရဲ႕အေဖနဲ႔အေမကို မယုံႏိုင္တဲ့မ်က္လုံးနဲ႔ လွမ္းၾကည့္မိတယ္။ညက သူ အေမ့ကို ေက်နပ္သြားေအာင္ေျမႇာက္ေျပာလိုက္တဲ့ စကားေလးတစ္ခြန္းအတြက္နဲ႔ အေမတို႔ ဒီေလာက္အထိ အသဲအသန္ ျဖစ္သြားလိမ့္မယ္လို႔ သူ မထင္ထားခဲ့မိဘူး။အသက္ ၆၀ ေက်ာ္ေနတဲ့ အေဖနဲ႔အေမဟာသူစားဖို႔ မုန႔္ဖက္ထုပ္ကို တစ္ညလုံး မအိပ္ဘဲ လုပ္ေကြၽးခဲ့ၾကတယ္။သူဟာ မုန႔္ကို ပါးစပ္က ဝါးေနရင္း အေဖနဲ႔အေမကို စိုက္ၾကည့္ၿပီး မ်က္ရည္ေတြ ပါးျပင္ေပၚ ဒလေဟာ စီးက်လာ‌ေတာ့တယ္။ဒီေလာကမွာ ကိုယ့္ကို အသက္ေလာက္ခ်စ္ပါတယ္ ဆိုတာ တကယ္ေတာ့ ဘယ္သူေတြမ်ားလဲေနာ္ ?ကိုယ္ဟာဘယ္ေလာက္ပဲ လူလားေျမာက္ ႀကီးျပင္း လာတယ္ဆိုဆို မိဘေတြမ်က္လုံးထဲမွာ သားသမီးဆိုတာ ခ်စ္စရာ ခေလးငယ္ေလးေတြလိုပါပဲ။ ဘာေမ်ာ္လင့္ခ်က္မွ မထားပဲခ်စ္တာပါ ။ဒီလိုအခ်စ္မ်ိဳးကို တစ္ျခားဘယ္သူစိမ္းဆီကမ်ား ရႏိူင္အုံးမွာတဲ့လဲ။လြပ္လပ္မႈ႕ဆိုတာ လူတိုင္းအတြက္ ျဖစ္ႏိုင္ပါတယ္။ ကိုယ္ကသာ ေ႐ြးခ်ယ္မလားဆိုတာ မူတည္သြားတာပါ။