မိမိကားနဲ့ လိုက်ဖက်မည့် အင်ဂျင်ဝိုင်ကိုသာ လဲလှယ်သင့်တဲ့ အကြောင်းအရင်း

စက်ရဲ့အသက်သွေးကြောဖြစ်သော အင်ဂျင်ဝိုင်သည်ကား အလွန်အရေးကြီးလာလေသည်။ မိမိကားနဲ့ လိုက်ဖက်မည့် အင်ဂျင်ဝိုင်ကို ကျွမ်း ကျင်သော အလုပ်ရုံမှာ မှန်ကန်စွာရွေးချယ်တတ်ရမည်။ အစစ်အမှန်ကို ရွေးဝယ်နိုင်ရမည်။ ကြုံသလိုတံဆိပ်အမျိုးမျိုးကို ပြောင်းမသုံးသင့်ပါ။ဆီခန်းတယ်ဆိုပြီး SAE No ကိုတန်ဖိုးမြှင့်သုံးတာလည်း မဖြစ်စေချင်ပါ။ ခုခေတ်ပေါ် ဂျပန်ကားများ အတွက် 5w 30/10w 30 သာအ သုံးများကြပါသည်။ ၄၀ ကိုလည်းသုံးကြပါသည်။အင်ဂျင်မကျဘဲ ဆီခန်းတယ်ဆိုလျှင် သတိထားပါ။ Oil Sludge ဆိုတဲ့ ဆီမိလ္လာကျတတ်ပါသည်။အထူးသဖြင့် TOYOTA ကားများ Oil Sludge ပိုကျတတ်ပါသည်ဟု သတင်းဌာနမှာပါသည်အထိ ဖြစ်ခဲ့ဖူးပါ သည်။ လက် တွေ့အားဖြင့်လည်း ရန်ကုန်မှာတော်တော်တွေ့ခဲ့ဖူးပါပြီ။ ဟုတ်ပါသည်။ အရပ်လိုနောက်ပြောရရင် ဇီးယိုကပ် စီးနဲပုန်းရည်ကြီးကျတယ်ပေါ့။ဒီလိုများဖြစ်ခဲ့ရင် အင်ဂျင်ကဂွမ်းပါပြီ။ အကုန်ဖွင့်ကာ ပြင်ရတတ်ပါသည်။ ဘာကြောင့်လဲဆိုတော့ တိုယိုတာအင်ဂျင်သတ္ထုစပ်သည် မူတစ်မျိုးဖြစ်၏။ ရေနံကိုအခြေခံပြီးထုတ်တဲ့ အင်ဂျင်ဝိုင်နဲ့ အပူလွန်ပြီး ဓာတ်ပြုတဲ့အခါမှာ မူမမှန်ဖြစ်ပြီး ဆီမိလ္လာကျသည်ဆို၏။ ရေနံကိုအခြေမခံဘဲ အခြား Chemical Product များမှလည်း အင်ဂျင်ဝိုင်ကိုတုပကာ ထုတ်လုပ်ထားပြန်သည်။ အင်ဂျင်ဝိုင်အတုလို့ မဆိုလို။ ရေနံမှထုတ်လုပ်တဲ့ အင်ဂျင်ဝိုင်ကဲ့သို့ အစစ်နဲ့မခြား ထုတ်ထားသောကြောင့် Synthetic Oil လို့ နာမည်မှည့်ထား၏။ သူကဆီမိလ္လာကျမှုနည်းပါးစေသည်။

Semi/Fully Synthetic Engine Oil ဆိုပြီး Oil Type ကို ပုံးပေါ်မှာရေးထားပေးပါသည်။အင်ဂျင်ဝိုင်ဂရိတ်ကိုတော့-ထုံးစံအတိုင်း 5w-30/ 10w-30/40 စသဖြင့်ရေးထားပေးရသည်။API Standard SG/CG စသဖြင့်လည်း စာကပ်ပေးကြသည်။ ဒါကြောင့် ဘာကိုထည့်ရမလဲဆိုပြီး ရွာလည်ကြရသည်။မိမိကားကတန်ဖိုးကြီးပါက ဇိမ်ခံအဆင့်ဆိုပါက Fully Synthetic ကို အင်ဂျင်နဲ့ လိုက်မယ့် SAE No ကိုသေချာစွာမေးပြီးထည့်ပါ။ သူကဈေးကြီးပါတယ်။၆၀၀၀၀ ဝန်းကျင်လောက် စရှိပါတယ်။ Taxil လိုကားများအတွက်ကတော့ ဒါမျိုးမထည့်နဲ့ မျက်စိစပ် ပါတယ်။အဆင်ပြေပြီးသား သိပ်မညံ့တဲ့အင်ဂျင်ဝိုင်ကို ကီလို ၅၀၀၀နဲ့ ၆၀၀၀ ကြားမှန်မှန်လဲပါ။ဒီကီလိုအကွာအဝေး အကြမ်းဖျင်းသတ်မှတ်ချက်က အိမ်စီးဆို ၄လဝန်းကျင် Taxil နဲ့ လုပ်ငန်းသုံး ကားဆိုရင်၂ လဝန်းကျင်ခန့်လို့ မှန်းရပါတယ်။ ကီလိုမီတာအတိအကျ မှတ်တာအ ကောင်းဆုံးပါ။ ဇိမ်ခံအဆင့် ကားများ Alphard လို Crown လိုကားများ အဲကွန်းအပြည့်သုံးကြလို့ ကီလိုနည်းနည်းသွားပေမယ့် အင်ဂျင် လည်ရတာရုန်းရတာ အခြားခရီးဝေးသွားတဲ့ကားများလောက် အင်ဂျင်လည်ပြီးနေပြီဆိုတဲ့ အလျော့တွက်ရှိနေ သည်ကိုသတိပြုပါ။ဥပမာ ကီလို ၅၀၀၀ မပြည့်သေးဘူးဆိုပေမယ့် အင်ဂျင် ကြိတ်ရုန်းနေရတာ မီးစက်လို အဲကွန်း တာဝန်ကို အမြဲထမ်းဆောင်နေရတာကိုသဘော ပေါက်ပါ။ကီလိုမီတာခရီးမပြနိုင်တဲ့ မီးစက်များမှာနာရီနဲ့ မှတ်သုံးရပါတယ်။ ဥပမာ နာရီ ၂၀၀ တစ်ကြိမ်လဲ။ သဘောမပေါက်ရင် ကားကိုက်သွားတာက ကျားကိုက်သွားလို့ ကျောပေါက်တာထက်နာပါမယ်။

Credit – ကိုသက်

[zawgyi]

စက္ရဲ႕အသက္ေသြးေၾကာျဖစ္ေသာ အင္ဂ်င္ဝိုင္သည္ကား အလြန္အေရးႀကီးလာေလသည္။ မိမိကားနဲ႔ လိုက္ဖက္မည့္ အင္ဂ်င္ဝိုင္ကို ကြၽမ္းက်င္ေသာ အလုပ္႐ုံမွာ မွန္ကန္စြာေ႐ြးခ်ယ္တတ္ရမည္။ အစစ္အမွန္ကို ေ႐ြးဝယ္ႏိုင္ရမည္။ ႀကဳံသလိုတံဆိပ္အမ်ိဳးမ်ိဳးကို ေျပာင္းမသုံးသင့္ပါ။ဆီခန္းတယ္ဆိုၿပီး SAE No ကိုတန္ဖိုးျမႇင့္သုံးတာလည္း မျဖစ္ေစခ်င္ပါ။ ခုေခတ္ေပၚ ဂ်ပန္ကားမ်ား အတြက္ 5w 30/10w 30 သာအသုံးမ်ားၾကပါသည္။ ၄၀ ကိုလည္းသုံးၾကပါသည္။အင္ဂ်င္မက်ဘဲ ဆီခန္းတယ္ဆိုလွ်င္ သတိထားပါ။ Oil Sludge ဆိုတဲ့ ဆီမိလႅာက်တတ္ပါသည္။အထူးသျဖင့္ TOYOTA ကားမ်ား Oil Sludge ပိုက်တတ္ပါသည္ဟု သတင္းဌာနမွာပါသည္အထိ ျဖစ္ခဲ့ဖူးပါ သည္။ လက္ေ႕အားျဖင့္လည္း ရန္ကုန္မွာေတာ္ေတာ္ေတြ႕ခဲ့ဖူးပါၿပီ။ ဟုတ္ပါသည္။ အရပ္လိုေနာက္ေျပာရရင္ ဇီးယိုကပ္ စီးနဲပုန္းရည္ႀကီးက်တယ္ေပါ့။ဒီလိုမ်ားျဖစ္ခဲ့ရင္ အင္ဂ်င္ကဂြမ္းပါၿပီ။ အကုန္ဖြင့္ကာ ျပင္ရတတ္ပါသည္။ ဘာေၾကာင့္လဲဆိုေတာ့ တိုယိုတာအင္ဂ်င္သတၳဳစပ္သည္ မူတစ္မ်ိဳးျဖစ္၏။ ေရနံကိုအေျခခံၿပီးထုတ္တဲ့ အင္ဂ်င္ဝိုင္နဲ႔ အပူလြန္ၿပီး ဓာတ္ျပဳတဲ့အခါမွာ မူမမွန္ျဖစ္ၿပီး ဆီမိလႅာက်သည္ဆို၏။ ေရနံကိုအေျခမခံဘဲ အျခား Chemical Product မ်ားမွလည္း အင္ဂ်င္ဝိုင္ကိုတုပကာ ထုတ္လုပ္ထားျပန္သည္။ အင္ဂ်င္ဝိုင္အတုလို႔ မဆိုလို။ ေရနံမွထုတ္လုပ္တဲ့ အင္ဂ်င္ဝိုင္ကဲ့သို႔ အစစ္နဲ႔မျခား ထုတ္ထားေသာေၾကာင့္ Synthetic Oil လို႔ နာမည္မွည့္ထား၏။ သူကဆီမိလႅာက်မႈနည္းပါးေစသည္။Semi/Fully Synthetic Engine Oil ဆိုၿပီး Oil Type ကို ပုံးေပၚမွာေရးထားေပးပါသည္။အင္ဂ်င္ဝိုင္ဂရိတ္ကိုေတာ့-ထုံးစံအတိုင္း 5w-30/ 10w-30/40 စသျဖင့္ေရးထားေပးရသည္။API Standard SG/CG စသျဖင့္လည္း စာကပ္ေပးၾကသည္။ ဒါေၾကာင့္ ဘာကိုထည့္ရမလဲဆိုၿပီး ႐ြာလည္ၾကရသည္။မိမိကားကတန္ဖိုးႀကီးပါက ဇိမ္ခံအဆင့္ဆိုပါက Fully Synthetic ကို အင္ဂ်င္နဲ႔ လိုက္မယ့္ SAE No ကိုေသခ်ာစြာေမးၿပီးထည့္ပါ။ သူကေဈးႀကီးပါတယ္။၆၀၀၀၀ ဝန္းက်င္ေလာက္ စရွိပါတယ္။ Taxil လိုကားမ်ားအတြက္ကေတာ့ ဒါမ်ိဳးမထည့္နဲ႔ မ်က္စိစပ္ ပါတယ္။အဆင္ေျပၿပီးသား သိပ္မညံ့တဲ့အင္ဂ်င္ဝိုင္ကို ကီလို ၅၀၀၀နဲ႔ ၆၀၀၀ ၾကားမွန္မွန္လဲပါ။ဒီကီလိုအကြာအေဝး အၾကမ္းဖ်င္းသတ္မွတ္ခ်က္က အိမ္စီးဆို ၄လဝန္းက်င္ Taxil နဲ႔ လုပ္ငန္းသုံး ကားဆိုရင္၂ လဝန္းက်င္ခန႔္လို႔ မွန္းရပါတယ္။ ကီလိုမီတာအတိအက် မွတ္တာအေကာင္းဆုံးပါ။ ဇိမ္ခံအဆင့္ ကားမ်ား Alphard လို Crown လိုကားမ်ား အဲကြန္းအျပည့္သုံးၾကလို႔ ကီလိုနည္းနည္းသြားေပမယ့္ အင္ဂ်င္ လည္ရတာ႐ုန္းရတာ အျခားခရီးေဝးသြားတဲ့ကားမ်ားေလာက္ အင္ဂ်င္လည္ၿပီးေနၿပီဆိုတဲ့ အေလ်ာ့တြက္ရွိေန သည္ကိုသတိျပဳပါ။ဥပမာ ကီလို ၅၀၀၀ မျပည့္ေသးဘူးဆိုေပမယ့္ အင္ဂ်င္ ႀကိတ္႐ုန္းေနရတာ မီးစက္လို အဲကြန္း တာဝန္ကို အၿမဲထမ္းေဆာင္ေနရတာကိုသေဘာေပါက္ပါ။ကီလိုမီတာခရီးမျပႏိုင္တဲ့ မီးစက္မ်ားမွာနာရီနဲ႔ မွတ္သုံးရပါတယ္။ ဥပမာ နာရီ ၂၀၀ တစ္ႀကိမ္လဲ။ သေဘာမေပါက္ရင္ ကားကိုက္သြားတာက က်ားကိုက္သြားလို႔ ေက်ာေပါက္တာထက္နာပါမယ္။