မီးပွိုင့်မှာ မီးဝါသွားရင် ဆက်မောင်းလို့ ရ မရ

ယာဉ်မောင်းသူတိုင်း ဒွိဟဖြစ်နေတဲ့ကိစ္စလေးပါ မီးပွိုင့်ကမီး ဝါနေတဲ့အချိန် ယာဉ်ဖြတ်သန်းမောင်းနှင်လို့ရ မရ မီးဝါဖြတ်လို့ ချလန်ဖြတ်ခံရတာ ဘာညာဆိုတာတွေ အချို့ကြုံနေရတော့ ဒီမီးဝါလေးအကြောင်း ရှင်းပြချင်ပါတယ်။မီးနီရင်တော့ ရပ် မီးစိမ်းရင်တော့ မောင်း ဒါကတော့ရှင်းပါတယ် မီးစိမ်းလို့မောင်းလာတုံး မီးမနီခင် မီးဝါပါတယ် သုံးစက္ကန့်လောက်ပေါ့ အဲ့ဒီစိမ်းလို့မောင်းလာနေတုံးမီးဝါခဲ့ရင် အဲ့ မီးဝါနေတာကိုသိသိကြီးနဲ့မောင်းတာမျိုးမဟုတ်ဘူးနော်။စိမ်းနေတာကို ပုံမှန်မောင်းလာရင်း မီးကဝါသွားတာကိုပြောတာ အဲ့လိုဆိုရင် သင့်ရဲ့ကား သို့မဟုတ် ဆိုင်ကယ်ဟာ မီးပွိုင့်ရဲ့ရပ်မျဉ်းမရောက်ခင်ဆိုလျှင် မဖြစ်မနေရပ်ပါ။

မဟုတ်ဘူး စိမ်း လို့ ပုံ မှန် မောင်းလာ လိုက်တာ ရပ်မျဉ်ကျော်မီး မှ မီး က ဝါသွားတယ်။ ခဏ နေတော့ နီ သွားတယ် ဆိုရင် ဆက်မောင်းပါ သိသိကြီး နဲ့ဖြတ် မောင်းသွားခြင်း မျိုးမဟုတ်ဘဲ မိမိ ပုံမှန် မောင်းနေရင်း မီးဝါ ပြောင်းလဲ သွားခြင်းမျိုးကိုဆိုလိုတာပါ။အကြံပြုချင်တာတစ်ခုကတော့ မီးဝါတာကို အ ဝေး ကထဲက မြင်နေ ရရင်မီးမနီးခင် မြန် မောင်း တာ လု မောင်း တာ တို့ မ လုပ် ဘဲ အရှိန် လျှော့ လို့ ရပ် စေချင် ပါတယ်။ စိမ်း မှ ပြန်ထွက်ပါ ဒါကတော့ အန္တရာယ် အကင်းဆုံး ပါခင်ဗျာ။

credit:ဒု ရဲ အုပ် ဌေး လွင်(ခ)နေ မျိုးသူရ

[zawgyi]

ယာဥ္ေမာင္းသူတိုင္း ဒြိဟျဖစ္ေနတဲ့ကိစၥေလးပါ မီးပြိဳင့္ကမီး ဝါေနတဲ့အခ်ိန္ ယာဥ္ျဖတ္သန္းေမာင္းႏွင္လို႔ရ မရ မီးဝါျဖတ္လို႔ ခ်လန္ျဖတ္ခံရတာ ဘာညာဆိုတာေတြ အခ်ိဳ႕ႀကဳံေနရေတာ့ ဒီမီးဝါေလးအေၾကာင္း ရွင္းျပခ်င္ပါတယ္။မီးနီရင္ေတာ့ ရပ္ မီးစိမ္းရင္ေတာ့ ေမာင္း ဒါကေတာ့ရွင္းပါတယ္ မီးစိမ္းလို႔ေမာင္းလာတုံး မီးမနီခင္ မီးဝါပါတယ္ သုံးစကၠန႔္ေလာက္ေပါ့ အဲ့ဒီစိမ္းလို႔ေမာင္းလာေနတုံးမီးဝါခဲ့ရင္ အဲ့ မီးဝါေနတာကိုသိသိႀကီးနဲ႔ေမာင္းတာမ်ိဳးမဟုတ္ဘူးေနာ္။စိမ္းေနတာကို ပုံမွန္ေမာင္းလာရင္း မီးကဝါသြားတာကိုေျပာတာ အဲ့လိုဆိုရင္ သင့္ရဲ႕ကား သို႔မဟုတ္ ဆိုင္ကယ္ဟာ မီးပြိဳင့္ရဲ႕ရပ္မ်ဥ္းမေရာက္ခင္ဆိုလွ်င္ မျဖစ္မေနရပ္ပါ။မဟုတ္ဘူး စိမ္း လို႔ ပုံ မွန္ ေမာင္းလာ လိုက္တာ ရပ္မ်ဥ္ေက်ာ္မီး မွ မီး က ဝါသြားတယ္။ ခဏ ေနေတာ့ နီ သြားတယ္ ဆိုရင္ ဆက္ေမာင္းပါ သိသိႀကီး နဲ႔ျဖတ္ ေမာင္းသြားျခင္း မ်ိဳးမဟုတ္ဘဲ မိမိ ပုံမွန္ ေမာင္းေနရင္း မီးဝါ ေျပာင္းလဲ သြားျခင္းမ်ိဳးကိုဆိုလိုတာပါ။အႀကံျပဳခ်င္တာတစ္ခုကေတာ့ မီးဝါတာကို အ ေဝး ကထဲက ျမင္ေန ရရင္မီးမနီးခင္ ျမန္ ေမာင္း တာ လု ေမာင္း တာ တို႔ မ လုပ္ ဘဲ အရွိန္ ေလွ်ာ့ လို႔ ရပ္ ေစခ်င္ ပါတယ္။ စိမ္း မွ ျပန္ထြက္ပါ ဒါကေတာ့ အႏၲရာယ္ အကင္းဆုံး ပါခင္ဗ်ာ။