မောင်ရင်သဘောအတိုင်းပဲ

တစ်ခါတုန်းကအင်မတန်မှ ထင်ရှားကျော်ကြားတဲ့ပညာရှိကြီးတစ်ယောက်ကို လူရမ်းကားတစ်စုဟာအရှက်ခွဲဖို့ ကြံစည်ကြသတဲ့။ သူတို့ဟာလက်ထဲ မှာ ငှက်ငယ်တစ်ကောင်ကို အရှင်ဆုပ်ကိုင်ထားပြီး” ပညာရှိကြီး..ဟောဒီကျုပ်လက်ထဲမှာ ကိုင်ထားတဲ့ငှက်ဟာ အသေလား၊ အရှင်လား ” လို့မေးမယ်။ဒီလိုမေးတဲ့အခါ ပညာရှိက” ငှက်ဟာ အရှင်ပါ ” လို့ ဖြေရင် ငှက်ကိုလက်နဲ့ချက်ချင်း ညှစ်သတ်ပြီး”ဘယ်ကလာ အရှင်ကမှာလဲ၊ ဟောဒီမှာကြည့်အသေပါ ” လို့ပြမယ်။တကယ်လို့ ပညာရှိက” ငှက်ဟာ အသေပါ ” လို့ပြောရင်လည်း ဆုပ်ကိုင်ထားတဲ့ငှက်ကို” အ ရှင်ပါဆိုပြီး လွှတ်ပြမယ် ” ဆိုတဲ့ အစီအစဉ်ပါပဲ။ဒီလိုနဲ့ တစ်နေ့မှာသူတို့ကြိုတင်စီစဉ်ထားတဲ့အတိုင်းပညာရှိထံသွားပြီး မေးတော့တာပေါ့။

” ကဲ ပညာရှိကြီး..ကျုပ်မေးတာကို ဖြေစမ်းပါ ကျုပ်လက်ထဲမှာရှိတဲ့ငှက်ဟာ အသေလား အရှင်လား “လူရမ်းကားအဖွဲ့ကတော့ပညာရှိကြီးဟာ တခုခုတော့ဖြေမှာပဲ လို့ ထင်နေကြတယ်..ဒါပေမယ့်..ပညာရှိရဲ့ အဖြေက သူတို့ထင်ထားတဲ့အဖြေမျိုး ထွက်မလာပါဘူး။ ဘာကြောင့်လဲဆိုတော့လူရမ်း ကားခေါင်းဆောင်ရဲ့ လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ငှက်ငယ်ကို ကြည့်ပြီး ပညာရှိဖြေလိုက်ပုံက ” မောင်ရင့် သဘောအ တိုင်းပါပဲ ” တဲ့။ ငှက်ငယ်ရဲ့သေမှု ရှင်မှုနဲ့ ၊ မှားမှု မှန်မှုဟာလူရမ်းကားလက်ထဲမှာပဲ ရှိနေတယ်လေ လူရမ်းကားပြုတဲ့အတိုင်း၊ လူရမ်းကားရဲ့ ဆန္ဒအတိုင်း ဖြစ်ဖို့ရှိနေတယ်ဆိုတာကို ပညာရှိကမြင်နေတယ်..ဒီလိုပါပဲ လူတစ်ဦးဟာ မိမိဘဝကို ကောင်းအောင် ဆိုးအောင်၊ လူမိုက်ဖြစ်အောင် လူလိမ္မာဖြစ်အောင်၊(ပဓာနအားဖြင့်) မိမိကိုယ်တိုင်ပဲ ဖန်တီးမိနေကြတာပါပဲ။အများအားဖြင့်တော့ သင့်ရဲ့ အောင်မြင်မှု တိုးတက်မှုဟာ သင့်ရဲ့ လုပ်ရပ်အတိုင်းသာ ဖြစ်ပါတယ်။

Credit – ဓမ္မအလင်းရောင်

[zawgyi]

တစ္ခါတုန္းကအင္မတန္မွ ထင္ရွားေက်ာ္ၾကားတဲ့ပညာရွိႀကီးတစ္ေယာက္ကို လူရမ္းကားတစ္စုဟာအရွက္ခြဲဖို႔ ႀကံစည္ၾကသတဲ့။ သူတို႔ဟာလက္ထဲ မွာ ငွက္ငယ္တစ္ေကာင္ကို အရွင္ဆုပ္ကိုင္ထားၿပီး” ပညာရွိႀကီး..ေဟာဒီက်ဳပ္လက္ထဲမွာ ကိုင္ထားတဲ့ငွက္ဟာ အေသလား၊ အရွင္လား ” လို႔ေမးမယ္။ဒီလိုေမးတဲ့အခါ ပညာရွိက” ငွက္ဟာ အရွင္ပါ ” လို႔ ေျဖရင္ ငွက္ကိုလက္နဲ႔ခ်က္ခ်င္း ညႇစ္သတ္ၿပီး”ဘယ္ကလာ အရွင္ကမွာလဲ၊ ေဟာဒီမွာၾကည့္အေသပါ ” လို႔ျပမယ္။တကယ္လို႔ ပညာရွိက” ငွက္ဟာ အေသပါ ” လို႔ေျပာရင္လည္း ဆုပ္ကိုင္ထားတဲ့ငွက္ကို” အ ရွင္ပါဆိုၿပီး လႊတ္ျပမယ္ ” ဆိုတဲ့ အစီအစဥ္ပါပဲ။ဒီလိုနဲ႔ တစ္ေန႔မွာသူတို႔ႀကိဳတင္စီစဥ္ထားတဲ့အတိုင္းပညာရွိထံသြားၿပီး ေမးေတာ့တာေပါ့။” ကဲ ပညာရွိႀကီး..က်ဳပ္ေမးတာကို ေျဖစမ္းပါ က်ဳပ္လက္ထဲမွာရွိတဲ့ငွက္ဟာ အေသလား အရွင္လား “လူရမ္းကားအဖြဲ႕ကေတာ့ပညာရွိႀကီးဟာ တခုခုေတာ့ေျဖမွာပဲ လို႔ ထင္ေနၾကတယ္..ဒါေပမယ့္..ပညာရွိရဲ႕ အေျဖက သူတို႔ထင္ထားတဲ့အေျဖမ်ိဳး ထြက္မလာပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့လူရမ္း ကားေခါင္းေဆာင္ရဲ႕ လက္ထဲမွာ ဆုပ္ကိုင္ထားတဲ့ ငွက္ငယ္ကို ၾကည့္ၿပီး ပညာရွိေျဖလိုက္ပုံက ” ေမာင္ရင့္ သေဘာအ တိုင္းပါပဲ ” တဲ့။ ငွက္ငယ္ရဲ႕ေသမႈ ရွင္မႈနဲ႔ ၊ မွားမႈ မွန္မႈဟာလူရမ္းကားလက္ထဲမွာပဲ ရွိေနတယ္ေလ လူရမ္းကားျပဳတဲ့အတိုင္း၊ လူရမ္းကားရဲ႕ ဆႏၵအတိုင္း ျဖစ္ဖို႔ရွိေနတယ္ဆိုတာကို ပညာရွိကျမင္ေနတယ္..ဒီလိုပါပဲ လူတစ္ဦးဟာ မိမိဘဝကို ေကာင္းေအာင္ ဆိုးေအာင္၊ လူမိုက္ျဖစ္ေအာင္ လူလိမၼာျဖစ္ေအာင္၊(ပဓာနအားျဖင့္) မိမိကိုယ္တိုင္ပဲ ဖန္တီးမိေနၾကတာပါပဲ။အမ်ားအားျဖင့္ေတာ့ သင့္ရဲ႕ ေအာင္ျမင္မႈ တိုးတက္မႈဟာ သင့္ရဲ႕ လုပ္ရပ္အတိုင္းသာ ျဖစ္ပါတယ္။