မြန်မာ့ရွှေဈေးသမိုင်းမှာ အမြင့်ဆုံးစံချိန်တင်မှတ်တမ်းဝင်နေတဲ့ ရွှေဈေးကွက်ဖြစ်ပေါ်နေရတဲ့ အကြောင်းရင်း

ဖေဖော်ဝါရီလပထမပတ်ကစလို့ အခေါက်ရွှေတစ်ကျပ်သား ၁၄ သိန်း၂ သောင်းနဲ့ တရိပ်ရိပ်တက်လာတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ မေလမှာ ၁၅သိန်း ၉သောင်းကျော်ဖြစ်ခဲ့ပါတယ်။သြဂုတ် ၁၆ရက်မှာ ပြည်တွင်းအခေါက်ရွှေဈေးနှုန်း တစ်ကျပ်သားကို ကျပ် ၁၇ သိန်းခန့်အထိ စံချိန်တင်မြင့်တက်ခဲ့ပေမယ့်နောက်ရက်မှာ တစ်ကျပ်သားကို ကျပ် ၁၆ သိန်း ၅ သောင်းကို ပြန်လည်ကျဆင်းခဲ့ပါသေးတယ်။အဲဒီနောက် တရိပ်ရိပ် ပြန်တက်လာပြီး အခု စက်တင်ဘာ ၄ရက် ပြည်တွင်းရွှေဈေးနှုန်းဟာ ဈေးကွက်ပိတ်ချိန်မှာ အခေါက်ရွှေတစ်ကျပ်သားကို ၁,၇၇၈,၀၀၀ ကျော် အထိ ဈေးကွက်ပေါက်ဈေးရှိပါတယ်။ဒါဟာ အခေါက်ရွှေတစ်ကျပ်သားကို ၁၈သိန်း နားကပ်လာလို့မြန်မာ့ရွှေဈေးသမိုင်းမှာအမြင့်ဆုံးမှတ်တမ်းဝင်တဲ့ဈေးလည်းဖြစ်ပါတယ်။ရွှေလုပ်ငန်းရှင်အချို့ကတော့နောက်ရက်မှာ ကျရိပ်ရှိနိုင်တယ်လို့ ခန့်မှန်းပေမယ့်အမေရိကန်ဒေါ်လာငွေတန်ဖိုးမြင့်တက်နေတဲ့အတွက် ပြောရခက်တဲ့ အခြေအနေလို့ ဆိုပါတယ်။ပြည်တွင်းရွှေဈေးနှုန်း တရိပ်ရိပ်စေတဲ့ အချက်တွေကတော့ ပြည်တွင်းရွှေဈေးနှုန်း ဟာ ဒေါ်လာငွေဈေးနဲ့ ကမ္ဘာ့ရွှေဈေးအပေါ်မှာ အဓိကမှီတည်ပြီး ပြည်တွင်းငွေတန်ဖိုး ကျဆင်းတဲ့အခါရွှေမှာ ရင်းနှီးမြုပ်နှံမှုပိုလုပ်တာနဲ့လက်ရှိဈေးကွက်ထဲကိုရွှေအဝင်နည်းမှုတွေကလည်း ရွှေဈေးမြင့်တက်စေတဲ့အဓိကအချက်တွေဖြစ်ပါတယ်။ ၇ လအတွင်း မြန်မာငွေတန်ဖိုးကျပြီးအမေရိကန်ဒေါ်လာငွေတန်ဖိုးတရိပ်ရိပ်မြင့်တက်ခဲ့တာဟာ ပြည်တွင်းရွှေဈေးတက်စေတဲ့ အဓိကအချက်လို့ပြောကြပါတယ်။စက်တင်ဘာပထမပတ်မှာတော့ဗဟိုဘဏ်ရဲ့ဒေါ်လာရည်ညွှန်းငွေလဲလှယ်နှုန်းသတ်မှတ်ဈေးမှာတင်တစ်ဒေါ်လာငွေလဲနှုန်းဟာ ၁၇၀၇ ကျပ် ရှိနေပြီး

ပြင်ပဈေးကွက်မှာတစ်ဒေါ်လာပေါက်ဈေးဟာကျပ် ၁၈၀၀ ဝန်းကျင်အထိဈေးပေါက်နေတာပါ။ဒီလိုဒေါ်လာငွေလဲနှုန်းမြင့်တက်လာတာကြောင့်ပြည်တွင်းငွေထက် ခိုင်မာတဲ့ရွှေဈေးကွက်မှာပိုပြီးရင်းနှီးမြှုပ်နှံလာကြပါတယ်။အဲဒီအခါဝယ်လိုအားများပြီးရွှေဈေးမြင့်တက်ပါတယ်။ကမ္ဘာ့ရွှေဈေးကိုကြည့်ရင်လည်း စက်တင်ဘာ ၄ ရက်မှာ ၁ အောင်စ ကို ၁၈၂၇ ဒေါ်လာ ဈေးပေါက်ပြီး ဒါဟာပြီးခဲ့တဲ့ရက်တွေနဲ့နှိုင်းယှဉ်ရင်ဒေါ်လာ ၂၀ ခန့်မြင့်တက်ခဲ့တာဖြစ်ပါတယ်။အခုလိုရွှေဈေးနှုန်းမြင့်တက်တာများပြီးမတည်မငြိမ်ဖြစ်တာကဗဟိုဘဏ်က စက်တင်ဘာ ၃ရက်မှာထပ်မံထုတ်ပြန်လိုက်တဲ့ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ကိုယ့်ရဲ့ဘဏ်ငွေစာရင်းတွေထဲကို နိုင်ငံခြားသုံးငွေဝင်လာတာနဲ့ရတဲ့ငွေထဲကမသုံးဘဲကျန်တဲ့ပို့ကုန်ရငွေတွေကို သက်ဆိုင်ရာနိုင်ငံခြားသုံးငွေရောင်းဝယ်ရေးဘဏ်မှာဈေးကွက်ပေါက်ဈေးနဲ့ ရောင်းချဖို့ ဆိုတာကြောင့်လည်း ပါပါတယ်။ပုံမှန်မိုးကာလမှာရွှေထွက်နည်းလို့ ဈေးကွက်ထဲရွှေဝင်နည်းတာရှိပါတယ်။ဒါပေမယ့်အခုတော့ ရွှေထွက်တဲ့နေရာတွေမှာတိုက်ပွဲတွေရှိနေတာ။နောက်အာဏာသိမ်းပြီးတဲ့နောက် လမ်းခရီးမှာ အစစ်အဆေးတွေတင်းကြပ်တာနဲ့ ကိုဗစ်ကြောင့်ရွှေချွတ်တဲ့လုပ်ငန်းတွေပိတ်ထားကြတာက ဈေးကွက်ထဲမှာရွှေအရနည်းပါး ရွှေဈေးတက်စေတဲ့အချက်ဖြစ်နေပြန်ပါတယ်။အဓိက အကြောင်း အချက်မျိုးစုံနဲ့ ရွှေဈေးကွက်ကိုရွှေဝင်ရောက်တာနည်းနေတယ်။ကိုဗစ်ကာလမှာ ကျန်းမာရေးအရရွှေချွတ်ခန်းတွေက အလုပ်နားထားရတဲ့အခြေအနေရှိတယ်။အဲဒီတော့ရွှေက ဈေးကွက်ထဲ နည်းတော့ ဈေးတက်စေတာလည်းပါတယ်” လို့ နှစ် ၃၀ ကျော် ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးကဆိုပါတယ်။

Credit – BBC

[zawgyi]

ေဖေဖာ္ဝါရီလပထမပတ္ကစလို႔ အေခါက္ေ႐ႊတစ္က်ပ္သား ၁၄ သိန္း၂ ေသာင္းနဲ႔ တရိပ္ရိပ္တက္လာတဲ့ ျပည္တြင္းေ႐ႊေဈးႏႈန္းဟာ ေမလမွာ ၁၅သိန္း ၉ေသာင္းေက်ာ္ျဖစ္ခဲ့ပါတယ္။ၾသဂုတ္ ၁၆ရက္မွာ ျပည္တြင္းအေခါက္ေ႐ႊေဈးႏႈန္း တစ္က်ပ္သားကို က်ပ္ ၁၇ သိန္းခန႔္အထိ စံခ်ိန္တင္ျမင့္တက္ခဲ့ေပမယ့္ေနာက္ရက္မွာ တစ္က်ပ္သားကို က်ပ္ ၁၆ သိန္း ၅ ေသာင္းကို ျပန္လည္က်ဆင္းခဲ့ပါေသးတယ္။အဲဒီေနာက္ တရိပ္ရိပ္ ျပန္တက္လာၿပီး အခု စက္တင္ဘာ ၄ရက္ ျပည္တြင္းေ႐ႊေဈးႏႈန္းဟာ ေဈးကြက္ပိတ္ခ်ိန္မွာ အေခါက္ေ႐ႊတစ္က်ပ္သားကို ၁,၇၇၈,၀၀၀ ေက်ာ္ အထိ ေဈးကြက္ေပါက္ေဈးရွိပါတယ္။ဒါဟာ အေခါက္ေ႐ႊတစ္က်ပ္သားကို ၁၈သိန္း နားကပ္လာလို႔ျမန္မာ့ေ႐ႊေဈးသမိုင္းမွာအျမင့္ဆုံးမွတ္တမ္းဝင္တဲ့ေဈးလည္းျဖစ္ပါတယ္။ေ႐ႊလုပ္ငန္းရွင္အခ်ိဳ႕ကေတာ့ေနာက္ရက္မွာ က်ရိပ္ရွိႏိုင္တယ္လို႔ ခန႔္မွန္းေပမယ့္အေမရိကန္ေဒၚလာေငြတန္ဖိုးျမင့္တက္ေနတဲ့အတြက္ ေျပာရခက္တဲ့ အေျခအေနလို႔ ဆိုပါတယ္။ျပည္တြင္းေ႐ႊေဈးႏႈန္း တရိပ္ရိပ္ေစတဲ့ အခ်က္ေတြကေတာ့ ျပည္တြင္းေ႐ႊေဈးႏႈန္း ဟာ ေဒၚလာေငြေဈးနဲ႔ ကမာၻ႔ေ႐ႊေဈးအေပၚမွာ အဓိကမွီတည္ၿပီး ျပည္တြင္းေငြတန္ဖိုး က်ဆင္းတဲ့အခါေ႐ႊမွာ ရင္းႏွီးျမဳပ္ႏွံမႈပိုလုပ္တာနဲ႔လက္ရွိေဈးကြက္ထဲကိုေ႐ႊအဝင္နည္းမႈေတြကလည္း ေ႐ႊေဈးျမင့္တက္ေစတဲ့အဓိကအခ်က္ေတြျဖစ္ပါတယ္။ ၇ လအတြင္း ျမန္မာေငြတန္ဖိုးက်ၿပီးအေမရိကန္ေဒၚလာေငြတန္ဖိုးတရိပ္ရိပ္ျမင့္တက္ခဲ့တာဟာ ျပည္တြင္းေ႐ႊေဈးတက္ေစတဲ့ အဓိကအခ်က္လို႔ေျပာၾကပါတယ္။စက္တင္ဘာပထမပတ္မွာေတာ့ဗဟိုဘဏ္ရဲ႕ေဒၚလာရည္ၫႊန္းေငြလဲလွယ္ႏႈန္းသတ္မွတ္ေဈးမွာတင္တစ္ေဒၚလာေငြလဲႏႈန္းဟာ ၁၇၀၇ က်ပ္ ရွိေနၿပီးျပင္ပေဈးကြက္မွာတစ္ေဒၚလာေပါက္ေဈးဟာက်ပ္ ၁၈၀၀ ဝန္းက်င္အထိေဈးေပါက္ေနတာပါ။ဒီလိုေဒၚလာေငြလဲႏႈန္းျမင့္တက္လာတာေၾကာင့္ျပည္တြင္းေငြထက္ ခိုင္မာတဲ့ေ႐ႊေဈးကြက္မွာပိုၿပီးရင္းႏွီးျမႇဳပ္ႏွံလာၾကပါတယ္။အဲဒီအခါဝယ္လိုအားမ်ားၿပီးေ႐ႊေဈးျမင့္တက္ပါတယ္။ကမာၻ႔ေ႐ႊေဈးကိုၾကည့္ရင္လည္း စက္တင္ဘာ ၄ ရက္မွာ ၁ ေအာင္စ ကို ၁၈၂၇ ေဒၚလာ ေဈးေပါက္ၿပီး ဒါဟာၿပီးခဲ့တဲ့ရက္ေတြနဲ႔ႏႈိင္းယွဥ္ရင္ေဒၚလာ ၂၀ ခန႔္ျမင့္တက္ခဲ့တာျဖစ္ပါတယ္။အခုလိုေ႐ႊေဈးႏႈန္းျမင့္တက္တာမ်ားၿပီးမတည္မၿငိမ္ျဖစ္တာကဗဟိုဘဏ္က စက္တင္ဘာ ၃ရက္မွာထပ္မံထုတ္ျပန္လိုက္တဲ့ပို႔ကုန္လုပ္ငန္းရွင္ေတြအေနနဲ႔ကိုယ့္ရဲ႕ဘဏ္ေငြစာရင္းေတြထဲကို ႏိုင္ငံျခားသုံးေငြဝင္လာတာနဲ႔ရတဲ့ေငြထဲကမသုံးဘဲက်န္တဲ့ပို႔ကုန္ရေငြေတြကို သက္ဆိုင္ရာႏိုင္ငံျခားသုံးေငြေရာင္းဝယ္ေရးဘဏ္မွာေဈးကြက္ေပါက္ေဈးနဲ႔ ေရာင္းခ်ဖို႔ ဆိုတာေၾကာင့္လည္း ပါပါတယ္။ပုံမွန္မိုးကာလမွာေ႐ႊထြက္နည္းလို႔ ေဈးကြက္ထဲေ႐ႊဝင္နည္းတာရွိပါတယ္။ဒါေပမယ့္အခုေတာ့ ေ႐ႊထြက္တဲ့ေနရာေတြမွာတိုက္ပြဲေတြရွိေနတာ။ေနာက္အာဏာသိမ္းၿပီးတဲ့ေနာက္ လမ္းခရီးမွာ အစစ္အေဆးေတြတင္းၾကပ္တာနဲ႔ ကိုဗစ္ေၾကာင့္ေ႐ႊခြၽတ္တဲ့လုပ္ငန္းေတြပိတ္ထားၾကတာက ေဈးကြက္ထဲမွာေ႐ႊအရနည္းပါး ေ႐ႊေဈးတက္ေစတဲ့အခ်က္ျဖစ္ေနျပန္ပါတယ္။အဓိက အေၾကာင္း အခ်က္မ်ိဳးစုံနဲ႔ ေ႐ႊေဈးကြက္ကိုေ႐ႊဝင္ေရာက္တာနည္းေနတယ္။ကိုဗစ္ကာလမွာ က်န္းမာေရးအရေ႐ႊခြၽတ္ခန္းေတြက အလုပ္နားထားရတဲ့အေျခအေနရွိတယ္။အဲဒီေတာ့ေ႐ႊက ေဈးကြက္ထဲ နည္းေတာ့ ေဈးတက္ေစတာလည္းပါတယ္” လို႔ ႏွစ္ ၃၀ ေက်ာ္ ေ႐ႊေဈးကြက္ကြၽမ္းက်င္သူတစ္ဦးကဆိုပါတယ္။