မြို့ထဲမှာရှိတဲ့ ကျီးကန်း အကောင်အရေအတွက်ကို အတိအကျဖြေနိုင်တဲ့ ပညာရှိအမတ်ကြီး

ပညာရှိသော အကြံပေးအမတ်ကြီးဘီဘာဟိုးရှေးရှေးတုန်းက အိန္ဒိယနိုင်ငံမှာ မဂိုအင်ပါယာလို့ အမည်ရတဲ့ အင်ပါယာကြီးတစ်ခု ထွန်းကားခဲ့ တယ်။ အဲဒီအင်ပါယာရဲ့ ပြည့်ရှင့်ဧကရာဇ်ကတော့ အက္ကဘာပေါ့ကွယ်။ အက္ကဘာဘုရင်ကြီးဟာ သူ့ရဲ့ အမတ် တွေကို အဖြေရခက်စေမယ့် ဉာဏ်စမ်းပဟေဠိတွေ မေးရတာ တော်တော်ဝါသနာပါသတဲ့။ သူဟာ ထူးဆန်းပြီး ခက်ခဲ့တဲ့ မေးခွန်းမျိုးတွေ မကြာခဏမေးလေ့ရှိတယ်။ သူ မေးတဲ့ မေးခွန်းတွေကို ဖြေနိုင်ဆိုနိုင်ဖို့ဆိုတာ အတော်ကို ပညာဉာဏ်ကြီးမားမှသာလျှင် ဖြစ်နိုင်ပေလိမ့်မယ်။တစ်နေ့မှာ အက္ကဘာဘုရင်ကြီးဟာ ညီလာခံတစ်ခုမှာ သူ့ရဲ့အမတ်တွေကို မေးခွန်းတစ်ခု မေးလိုက် သတဲ့။ မေးခွန်းက ထူးဆန်းတော့ အမတ်အားလုံးလည်း ဆွံ့အသွားကြပြီး ဘာပြန်ဖြေလို့ ဖြေရမယ်မှန်းမသိ တော့ဘူး။ဘုရင်ကြီးဟာ သူ့အမတ်တွေဆီက အဖြေရဖို့ တစ်ယောက်ပြီး တစ်ယောက်လိုက်ကြည့်တယ်။ အားလုံး ဟာ အဖြေပြန်ပေးနိုင်ဖို့ ခေါင်းတွေငုံ့ပြီး အားစိုက်ထုတ် စဉ်းစားနေကြသတဲ့။ အဲဒီအချိန်မှာပဲ ညီလာခံထဲကို ပညာရှိအမတ်ကြီးဘီဘာ ရောက်လာပါတယ်။ ဘုရင်ကြီးရဲ့ စိတ်သဘောကို နားလည်တဲ့ အမတ်ကြီးဟာ ညီ လာခံမှာ ဖြစ်နေတဲ့ အခြေ အနေတွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သဘောပေါက်လိုက်တာမို့ ရောက်ရောက်ချင်း ပဲ ဘုရင်ကြီးကို အောက်ပါအတိုင်း မေးလိုက်တယ်။

“မေးခွန်းရဲ့ အဖြေကို ကြိုးစားရှာဖွေနိုင်ဖို့အတွက် ကျွန်တော်မျိုးအနေနဲ့ အရှင်မင်းကြီးရဲ့ မေးခွန်းကို သိခွင့်ရှိပါသလားအရှင်”“ငါ့ရဲ့ နန်းမြို့ တော်ထဲမှာ ကျီးကန်းဘယ်နှစ်ကောင်ရှိသလဲအမတ်ကြီး”လို့ အက္ကဘာဘုရင်ကြီးက မဆိုင်းမတွပြောလိုက်တယ်။နည်းနည်းလေးမှတောင် စဉ်းစားမနေတော့ဘဲနဲ့ အမတ်ကြီးဘီဘာက အောက်ပါအတိုင်း ပြန်ဖြေသတဲ့။“ကျီးကန်းပေါင်း ငါးထောင်ငါးရာနဲ့ ရှစ်ဆယ့်သုံးကောင် ရှိပါတယ်အရှင်မင်းကြီး”အက္ကဘာမင်းကြီးလည်း အံ့သြပြီး အောက်ပါအတိုင်း ထပ်မေးလိုက်တယ်။“အဲဒီလောက်တောင် သေချာရဲ့လားအမတ်ကြီးရဲ့”“မှန်ပါ။ ရဲမက်တွေကို လွှတ်ပြီး လိုက်လံရေတွက်ကြည့်ခိုင်းနိုင်ပါတယ်အရှင်။ တကယ်လို့ ကျွန်တော်မျိုး ပြောတဲ့ အရေအတွက်ထက် ပိုနေရင်တော့ တခြားနယ်က ကျီးကန်းတွေက သူတို့အမျိုးတွေဆီ လာလည်နေကြ တာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ လျော့နေတယ်ဆိုရင်တော့ နယ်ခံကျီးကန်းတချို့ဟာ တခြားနယ်က သူတို့ အမျိုးတွေဆီ သွားလည်နေကြတာ ဖြစ်နိုင်ကြောင်းပါအရှင်မင်းကြီး”အမတ်ကြီးရဲ့ ပညာဉာဏ်နဲ့ ပြည့်စုံတဲ့ အဖြေကို ကြားလိုက်ရတဲ့အခါမှာ အက္ကဘာဘုရင်ကြီးလည်း ကျေနပ်နှစ်သိမ့်သွားတော့သတဲ့ကွယ်။

မူရင်းဘာသာပြန်သူအား လေးစားစွာဖြင့် Credit

[zawgyi]

ပညာရွိေသာ အႀကံေပးအမတ္ႀကီးဘီဘာဟိုးေရွးေရွးတုန္းက အိႏၵိယႏိုင္ငံမွာ မဂိုအင္ပါယာလို႔ အမည္ရတဲ့ အင္ပါယာႀကီးတစ္ခု ထြန္းကားခဲ့ တယ္။ အဲဒီအင္ပါယာရဲ႕ ျပည့္ရွင့္ဧကရာဇ္ကေတာ့ အကၠဘာေပါ့ကြယ္။ အကၠဘာဘုရင္ႀကီးဟာ သူ႔ရဲ႕ အမတ္ ေတြကို အေျဖရခက္ေစမယ့္ ဉာဏ္စမ္းပေဟဠိေတြ ေမးရတာ ေတာ္ေတာ္ဝါသနာပါသတဲ့။ သူဟာ ထူးဆန္းၿပီး ခက္ခဲ့တဲ့ ေမးခြန္းမ်ိဳးေတြ မၾကာခဏေမးေလ့ရွိတယ္။ သူ ေမးတဲ့ ေမးခြန္းေတြကို ေျဖႏိုင္ဆိုႏိုင္ဖို႔ဆိုတာ အေတာ္ကို ပညာဉာဏ္ႀကီးမားမွသာလွ်င္ ျဖစ္ႏိုင္ေပလိမ့္မယ္။တစ္ေန႔မွာ အကၠဘာဘုရင္ႀကီးဟာ ညီလာခံတစ္ခုမွာ သူ႔ရဲ႕အမတ္ေတြကို ေမးခြန္းတစ္ခု ေမးလိုက္ သတဲ့။ ေမးခြန္းက ထူးဆန္းေတာ့ အမတ္အားလုံးလည္း ဆြံ႕အသြားၾကၿပီး ဘာျပန္ေျဖလို႔ ေျဖရမယ္မွန္းမသိ ေတာ့ဘူး။ဘုရင္ႀကီးဟာ သူ႔အမတ္ေတြဆီက အေျဖရဖို႔ တစ္ေယာက္ၿပီး တစ္ေယာက္လိုက္ၾကည့္တယ္။ အားလုံး ဟာ အေျဖျပန္ေပးႏိုင္ဖို႔ ေခါင္းေတြငုံ႔ၿပီး အားစိုက္ထုတ္ စဥ္းစားေနၾကသတဲ့။ အဲဒီအခ်ိန္မွာပဲ ညီလာခံထဲကို ပညာရွိအမတ္ႀကီးဘီဘာ ေရာက္လာပါတယ္။ ဘုရင္ႀကီးရဲ႕ စိတ္သေဘာကို နားလည္တဲ့ အမတ္ႀကီးဟာ ညီ လာခံမွာ ျဖစ္ေနတဲ့ အေျခအေနေတြကို တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔ သေဘာေပါက္လိုက္တာမို႔ ေရာက္ေရာက္ခ်င္း ပဲ ဘုရင္ႀကီးကို ေအာက္ပါအတိုင္း ေမးလိုက္တယ္။“ေမးခြန္းရဲ႕ အေျဖကို ႀကိဳးစားရွာေဖြႏိုင္ဖို႔အတြက္ ကြၽန္ေတာ္မ်ိဳးအေနနဲ႔ အရွင္မင္းႀကီးရဲ႕ ေမးခြန္းကို သိခြင့္ရွိပါသလားအရွင္”“ငါ့ရဲ႕ နန္းၿမိဳ႕ေတာ္ထဲမွာ က်ီးကန္းဘယ္ႏွစ္ေကာင္ရွိသလဲအမတ္ႀကီး”လို႔ အကၠဘာဘုရင္ႀကီးက မဆိုင္းမတြေျပာလိုက္တယ္။နည္းနည္းေလးမွေတာင္ စဥ္းစားမေနေတာ့ဘဲနဲ႔ အမတ္ႀကီးဘီဘာက ေအာက္ပါအတိုင္း ျပန္ေျဖသတဲ့။“က်ီးကန္းေပါင္း ငါးေထာင္ငါးရာနဲ႔ ရွစ္ဆယ့္သုံးေကာင္ ရွိပါတယ္အရွင္မင္းႀကီး”အကၠဘာမင္းႀကီးလည္း အံ့ၾသၿပီး ေအာက္ပါအတိုင္း ထပ္ေမးလိုက္တယ္။“အဲဒီေလာက္ေတာင္ ေသခ်ာရဲ႕လားအမတ္ႀကီးရဲ႕”“မွန္ပါ။ ရဲမက္ေတြကို လႊတ္ၿပီး လိုက္လံေရတြက္ၾကည့္ခိုင္းႏိုင္ပါတယ္အရွင္။ တကယ္လို႔ ကြၽန္ေတာ္မ်ိဳး ေျပာတဲ့ အေရအတြက္ထက္ ပိုေနရင္ေတာ့ တျခားနယ္က က်ီးကန္းေတြက သူတို႔အမ်ိဳးေတြဆီ လာလည္ေနၾက တာ ျဖစ္ႏိုင္ပါတယ္။ တကယ္လို႔ ေလ်ာ့ေနတယ္ဆိုရင္ေတာ့ နယ္ခံက်ီးကန္းတခ်ိဳ႕ဟာ တျခားနယ္က သူတို႔ အမ်ိဳးေတြဆီ သြားလည္ေနၾကတာ ျဖစ္ႏိုင္ေၾကာင္းပါအရွင္မင္းႀကီး”အမတ္ႀကီးရဲ႕ ပညာဉာဏ္နဲ႔ ျပည့္စုံတဲ့ အေျဖကို ၾကားလိုက္ရတဲ့အခါမွာ အကၠဘာဘုရင္ႀကီးလည္း ေက်နပ္ႏွစ္သိမ့္သြားေတာ့သတဲ့ကြယ္။