မြောင်မြို့ ဆင်ဂေါင်းတောင်မှ ထူးဆန်းတဲ့ကျောက်နဂါး

ကျောက်နဂါးဘုရား(စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့ ဆင်ဂေါင်းတောင်) လွန်ခဲ့သော နှစ်ပေါင်း လေးသန်း ခန့်ကအင်ကြင်းပင်ကြီးလဲကျရာမှ ဖြစ်ပေါ်ခဲ့တဲ့ ပရိုင်းမိတ် အင်ကြင်း ကျောက်ဖြစ် ရုပ်ကြွင်း ဖြစ်တယ်လို့ ရှေးဟောင်း သုတေသီများက ခန့်မှန်းကြပါတယ်။အရှည် (၆၅) ပေရှည်တဲ့နဂါးတကောင်ပုံစံမျိုးရှိတဲ့အင်ကြင်းကျောက်ဖြစ် ရုပ်ကြွင်းကြီးကို ရွှေတွေ ပိန်းနေအောင် ချထားပြီး စေတီတစ်ဆူတည် ထားပါတယ်။ဒေသခံတွေနဲ့ ယုံကြည်သူတွေ ကတော့အတိတ် တဘောင်အတိုင်း ပေါ်တော်မူ ကျောက်နဂါး ဖြစ်တယ်လို့ ဆိုကြပြန်ပါတယ်။မြန်မာပြည် မှာတော့ ထူးခြားတာတစ်ခုခုဆို ကိုးကွယ်ယုံကြည်မှုနဲ့ ရော ထွေးလိုက်တာအစဉ် အလာတစ်ခု ဖြစ်နေပါပြီ။ဘုရားဖူးလာသူတွေအဆိုအရမိသားစုတွေဥမကွဲသိုက်မပျက် အဆင် ပြေစေတယ်လို့ ဆိုပါတယ်။

ကျောက်နဂါး အသိုက်က နှစ်ပေါင်းများစွာ မပျက်စီးပဲ တည်ရှိနေပြီးနဂါးကြီးဘေးမှာရှိတဲ့လုံးဝန်းနေတဲ့ ကျောက်လုံးတွေ(သူတို့ကတော့ နဂါးဥလို့ပြောတာပါပဲ) ပြပြီး သက်သေ တည်ကြပါတယ်။ ပြီးတော့အမြီးဘက်က ကြည့်ရင်နဂါး အမောက်နဲတည့်နေတာကိုပြပြီး အမြီးအမောက် မတည့်တဲ့ ကိစ္စတွေလည်း အဆင် ပြေဖို့ ဆုတောင်း ပြည့်တယ်လို့ ဆိုကြပြန်ပါတယ်။ဘာပဲပြောပြော အင်ကြင်း ကျောက်ဖြစ် ရုပ်ကြွင်းတွေ လေ့လာနိုင်မယ်၊ ဒေသခံတွေရဲ့ ယုံကြည်မှု ဒဏ္ဍာရီတွေကို စိတ်ဝင်စားစွာ နား ထောင်ရပါမယ်။မန္တလေး မုံရွာ ကားလမ်းအနီး မြောင်မြို့နယ်အတွင်းက ဆင်ဂေါင်းတောင်ပေါ်မှာတည်ရှိပြီး သွားလာရတာလွယ်ကူပါတယ်။အင်ကြင်းကျောက် အမြောက်အများ တွေ့ရပြီး အင်ကြင်း ကျောက်ဥယျာဉ် ကိုလည်း တည်ဆောက် နေပါတယ်။

မူရင်း Credit

[zawgyi]

ေျမာင္ၿမိဳ႕ ဆင္ေဂါင္းေတာင္မွ ထူးဆန္းတဲ့ေက်ာက္နဂါး

ေက်ာက္နဂါးဘုရား(စစ္ကိုင္းတိုင္းေဒသႀကီး ေျမာင္ၿမိဳ႕ ဆင္ေဂါင္းေတာင္) လြန္ခဲ့ေသာ ႏွစ္ေပါင္း ေလးသန္း ခန႔္ကအင္ၾကင္းပင္ႀကီးလဲက်ရာမွ ျဖစ္ေပၚခဲ့တဲ့ ပ႐ိုင္းမိတ္ အင္ၾကင္း ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း ျဖစ္တယ္လို႔ ေရွးေဟာင္း သုေတသီမ်ားက ခန႔္မွန္းၾကပါတယ္။အရွည္ (၆၅) ေပရွည္တဲ့နဂါးတေကာင္ပုံစံမ်ိဳးရွိတဲ့အင္ၾကင္းေက်ာက္ျဖစ္ ႐ုပ္ႂကြင္းႀကီးကို ေ႐ႊေတြ ပိန္းေနေအာင္ ခ်ထားၿပီး ေစတီတစ္ဆူတည္ထားပါတယ္။ေဒသခံေတြနဲ႔ ယုံၾကည္သူေတြ ကေတာ့အတိတ္ တေဘာင္အတိုင္း ေပၚေတာ္မူ ေက်ာက္နဂါး ျဖစ္တယ္လို႔ ဆိုၾကျပန္ပါတယ္။ျမန္မာျပည္ မွာေတာ့ ထူးျခားတာတစ္ခုခုဆို ကိုးကြယ္ယုံၾကည္မႈနဲ႔ ေရာ ေထြးလိုက္တာအစဥ္ အလာတစ္ခု ျဖစ္ေနပါၿပီ။ဘုရားဖူးလာသူေတြအဆိုအရမိသားစုေတြဥမကြဲသိုက္မပ်က္ အဆင္ ေျပေစတယ္လို႔ ဆိုပါတယ္။ေက်ာက္နဂါး အသိုက္က ႏွစ္ေပါင္းမ်ားစြာ မပ်က္စီးပဲ တည္ရွိေနၿပီးနဂါးႀကီးေဘးမွာရွိတဲ့လုံးဝန္းေနတဲ့ ေက်ာက္လုံးေတြ(သူတို႔ကေတာ့ နဂါးဥလို႔ေျပာတာပါပဲ) ျပၿပီး သက္ေသ တည္ၾကပါတယ္။ ၿပီးေတာ့အၿမီးဘက္က ၾကည့္ရင္နဂါး အေမာက္နဲတည့္ေနတာကိုျပၿပီး အၿမီးအေမာက္ မတည့္တဲ့ ကိစၥေတြလည္း အဆင္ ေျပဖို႔ ဆုေတာင္း ျပည့္တယ္လို႔ ဆိုၾကျပန္ပါတယ္။ဘာပဲေျပာေျပာ အင္ၾကင္း ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းေတြ ေလ့လာႏိုင္မယ္၊ ေဒသခံေတြရဲ႕ ယုံၾကည္မႈ ဒ႑ာရီေတြကို စိတ္ဝင္စားစြာ နား ေထာင္ရပါမယ္။မႏၲေလး မုံ႐ြာ ကားလမ္းအနီး ေျမာင္ၿမိဳ႕နယ္အတြင္းက ဆင္ေဂါင္းေတာင္ေပၚမွာတည္ရွိၿပီး သြားလာရတာလြယ္ကူပါတယ္။အင္ၾကင္းေက်ာက္ အေျမာက္အမ်ား ေတြ႕ရၿပီး အင္ၾကင္း ေက်ာက္ဥယ်ာဥ္ ကိုလည္း တည္ေဆာက္ ေနပါတယ္။