ယုံကြည်သူတွေအတွက် ဥစ္စာစောင့်ဖြစ်လိုက်၊ သိုက်နန်းရှင်ဖြစ်လိုက်ဖြစ်နေတဲ့ အစ်မတော် မြနန်းနွယ်အကြောင်း

မြနန်းနွယ်ဟာ ၁၉၀၆ ခုနှစ်မှာ မွေးတာ ဖြစ်ပါတယ်။ယခုရှိဆိုရင် ၁၁၁ နှစ်ရှိရော့ပေါ့။ ဦးသန့်က ၁၉၀၉ ခုနှစ်မှာ မွေးတာဖြစ်ပါတယ်။ မြနန်းနွယ်ထက် ဦးသန့်က ၃ နှစ်ပင်ငယ်ပါသေးတယ်။နောက်ပြီး ၁၉၁၅ မွေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့၊ စာရေးဆရာမ ဒေါ်ခင်မျိုးချစ် တို့ ဟာမြနန်းနွယ် အောက် ၉ နှစ်လောက် ငယ်ကြပါသေးတယ်။မြနန်းနွယ်မွေးတဲ့အချိန်ဟာ အင်္ဂလိပ်လက်အောက်က ရုန်းထကြဖို့၊ လွတ်လပ်ကြဖို့ လူငယ်တွေ အသိအမြင်၊ မျိုးချစ်စိတ် တွေ ပေါက်ဖွား ရှင်သန်လာကြတဲ့ အချိန်ဖြစ်ပါတယ်။ အခုရေးပြတဲ့အကြောင်းဟာ အောင်ဆုရှင် (သာကီဝင်)ဆိုတဲ့ စာအုပ်ထဲက မြနန်းနွယ်ရဲ့ အကြောင်း ဖြစ်ပါတယ်။ စာရေးသူ က အဘဦးအောင်ဆု နဲ့တွေ့ပြီး မြနန်းနွယ်အကြောင်း မေးမြန်းစပ်စုထားတာဖြစ်ပါတယ်။ မြနန်းနွယ်ဟာ စော်ဘွားမျိုးဆက်၊ သူမ၏ အဖေအမေတွေကမိုးကုတ်ကျောက်တွင်းပိုင်တွေ၊ သူမမွေးပြီးနောက် မိဘတွေမှာ ကျောက်တွင်းကကျောက်အောင်ပြီး စီးပွားတွေ တရိပ်ရိပ်တက်လာလို့ သူတို့၏ သမီး မြနန်းနွယ် အလိုကျ လိုက်လျော ပေးခဲ့ကြတာ ဖြစ်ပါတယ်။မြနန်းနွယ်ဟာ အသက် ၁၅ နှစ် မှာ အိန္ဒိယနိုင်ငံကိုတက္ကသိုလ်ပညာ ဆည်းပူးခဲ့ပါတယ်။၁၉၂၆ မှာအိန္ဒိယနိုင်ငံက ဝိဇ္ဇာဘွဲ့ယူပြီး မြန်မာနိုင်ငံကို ပြန်လာပါတယ်။မိုးကုတ်တစ်မြို့လုံး ဂုဏ်သရေရှိအမျိုးသားတွေက မြနန်းနွယ်ကို လက်ထပ်လိုကြပေမဲ့ အားလုံးကို ငြင်းဆန်၍ အပျိုကြီးပဲ လုပ်၍ နေခဲ့တယ်။ မြနန်းနွယ်ဟာ ငယ်ငယ်ကတည်းက အသားမစားပါဘူးတဲ့။နွားနို့တော့ သောက်တယ်။ ၁၉၄၁ ဒုတိယ ကမ္ဘာစစ်ဖြစ်ခါနီး တော့ မြနန်းနွယ်ဟာ ၃၅ နှစ် အပျိုကြီး ဖြစ်နေပါပြီ။အိမ်မက်ထဲမှာ ဝတ်ဖြူ စင်ကြယ် အဘိုးတစ်ဦးက မြနန်းနွယ်ကို ရန်ကုန်ပြောင်းဖို့ ၊ သာသနာပြု့ဖို့အချိန်တန်ပြီ လို့ အိမ်မက်ပေးသတဲ့။ ရန်ကုန်ပြောင်းတယ်။ဗိုလ်တစ်ထောင် ဘုရားလမ်း မှာ အိမ်တစ်လုံး ဝယ်တယ်။စာတိုက်နဲ့ ကပ်လျှက်။ ညနေတိုင်း ကိုယ်ပိုင်ရထား လုံးနဲ့ ဗိုလ်တစ်ထောင်ဘုရားကြီးကို လာတယ်။ အစိမ်းရောင် ဝတ်စုံဝတ်တယ်။ရုပ်ရုည်က ပြေပြစ်လှပလွန်းတော့ အများကမြစိမ်းရောင် မင်းသမီးလေးလို့ တင်စားခေါ်ကြတယ်။ အိမ်မက်ထဲ ဘဝဟောင်းက ညီမတစ်တွေက မြန်မာပြည်အရပ်ရပ်စေတီပုထိုးတွေ ပြု့ပြင်ရအောင်လို့ခေါ်ပါတယ်။တစ်နိုင်ငံလုံးလှည့်၍ ဘုရားပြင် ကျောင်းဆောက် လုပ်ခဲ့တယ်။ မိဘတွေက ချမ်းသာတော့ သမီး စိတ်ကြိုက် လှူတာ တန်းကို ကြည်ဖြူ စွာပဲ ခွင့်ပြု ခဲ့တယ်။၁၉၄၅ စစ်ဘေးဒဏ်ကြောင့် ဗိုလ်တစ်ထောင်ဘုရားကြီး ပျက်စီးပါတယ်။ မြနန်းနွယ် အကြီးအကျယ် ဝမ်းနည်းပါတယ်။ အဲဒီမှာပဲ ဆုတောင်းပါတယ်။ဗိုလ်တစ်ထောင်ဘုရားကြီး ပြု ပြင်ရန် အများဆုံး မတည်ဒါန ပြု နိုင်သော အလှူအမ ဖြစ်ရပါလို၏ တဲ့။ မင်းတုန်းမင်းကြီး တစ်ချိန်က ကိုးကွယ်ခဲ့တဲ့နန်းဦးဆင်းတုတော်ကို ဗြိတိသျှဘုရင်မကြီးအဲလိဇဘတ်ဆီကပြန်တောင်းတယ်။အဲဒီဆင်းတုတော်ကိုလည်း စေတီပျက်ကတွေ့ရတဲ့ ဆံတော်သုံးဆူနဲ့အတူ အများပြည်သူများကြည်ညိုနိုင်ရန် အ ပူဇော်ခံထားပါတယ်။ဆာဦးသွင်က ဆံတော် သုံးဆူကို ဋ္ဌာပနာပိတ်ထဲထည့်ဖို့ ကန့်ကွက်တာကြောင့် ယခုထိ ဆံတော်ကို အများမျက်မြင် ဖူးတွေ့နေရခြင်း ဖြစ်ပါတယ်။၁၉၅၅ ခုနောက်ပိုင်း မြနန်းနွယ်အနေနဲ့ ဗိုလ်တစ်ထောင်ဘုရားကို ရောက်မလာခဲ့ဘူး။ ၂၇ ရက်ကြာဗုဒ္ဓဂါယာသွားတယ် လို့ ဆိုပါတယ်။ ဗုဒ္ဓဂါယာကပြန်လာပြီး ချောင်းဆိုးပန်နာ ဖြစ်၍မိုးကုတ်ကို ပြန်သွားပါတယ်။၁၉၅၇ ဖေဖော်ဝါရီလမှာတော့ ချောင်းဆိုးပန်နာရောဂါနဲ့ မြနန်းနွယ် ကွယ်လွန်သွားပါတယ်။ ဒါက အမတော် မြနန်းနွယ်လို့ ခေါ်နေကြတဲ့ မြနန်းနွယ်၏ဇာတ်ကြောင်းပါ။

၁၉၉၀ ခုမှာတော့ အခု မြနန်းနွယ်ဘဝ အကြောင်းကိုရေးသားသူ အဘဦးအောင်ဆုက မြနန်းနွယ် ရုပ်ထုကို တိတ်တဆိတ် ထုလုပ်စေခဲ့တာ ဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ အလှူရှင်မတစ်ယောက်အနေနဲ့ သူမလှူခဲ့တဲ့ ဗိုလ်တစ်ထောင်ဘုရားကို ကြည်ညိုစွာ ဖူးမြော် နေတဲ့ ပုံကလေးပေါ့။ရုပ်ထု ထုပြီးတော့ဘုရားဝန်းထဲထားဖို့ သြဝါဒစရိယ ဆရာတော် ကိုးပါးကို လျှောက်ထားပြီး ခွင့်ပြု့ချက် ယူခဲ့ရတာ ဖြစ်ပါတယ်။အဲဒီ ရုပ်ထု ထုပြီးနောက်တော့ မိုးကုတ်မြို့က သူမ၏ ဆွေတော်မျိုးတော်တွေကို အိမ်မက်ပေးပါသတဲ့။ဗိုလ်တစ်ထောင်ဘုရားကို လာပြီး လှူတန်းကြဖို့။ အမျိုးတွေလည်း လာလှူကြတယ်။အပြန်ကြတော့ မိုးကုတ်က ကျောက်တွင်းတွေ အောင်ကြတယ်။အဲဒီကစပြီး တစ်ယောက်စ နှစ်ယောက်စနဲ့ အမတော်မြနန်းနွယ်ဆိုပြီး နာမည်ကြီးလာတာပဲ ဖြစ်ပါတယ်။ စထုကာစ ရုပ်ထုကတော့ ယောဂီဝတ်စုံနဲ့ ဆံပင်မပါပဲ ကတုံးပုံ။နောက်ပိုင်း သူမ ဆွေတော်မျိုးတော်တွေက ဝတ်စုံတွေယူလာတယ်။ ဆံပင်တုတွေ ယူလာတယ်။ သလွန်တွေ ယူလာတယ်။ ဒီလိုနဲ့ နတ်သမီးလိုလို ၊ မင်းသမီး လိုလို တွေ ဖြစ်ကုန်တာ။မြနန်းနွယ်ဟာ ဝါတွင်းဆိုရင် သီလရှင်ဝတ်စုံ နဲ့နေတာ ယခုဆိုရင် ၁၆ ကြိမ်ရှိပြီလို့ ပြောရတော့မှာပါ။ ကျန်တဲ့ဝါပ အချိန်တွေတော့ လှလှပပ အစိမ်းရောင် ဝတ်စုံလို အဝတ်အစားနဲ့နေပါတယ်။ ဇာတ်လမ်းကတော့ ဒါပဲ။ သာသနာပြု ၊ ဘုရားတည်ကျောင်းဆောက်တဲ့ အမျိုးသမီး။ အဲဒီမှာ သူမဘဝကလည်း ဆန်းဆန်းကြယ်ကြယ် ဖြစ်လောက်အောင် ဘဝကုသိုလ်ကကောင်းတော့ အဆင်းကလည်းလှတယ်။ ပေးနိုင်ကမ်းနိုင် လှူနိုင်တန်းနိုင်သူလည်းဖြစ်တယ်။အဲဒီမှာ အထိမ်းအမှတ် ရုပ်ထု ထုလုပ်ပေးတယ်။ နောက်ပိုင်းဆက်ပြီး ဘယ်လို ကနေ ဘယ်လိုအိမ်မက်တွေ၊ အစောင့်ရှောက်တွေနဲ့ မြနန်းနွယ်ဟာမင်းသမီးလိုလို၊ နတ်လိုလို ဖြစ်သွားရတာလဲ ဆိုတာတော့ မပြောတတ်တော့ဘူး။မြနန်းနွယ်အကြောင်း ရေးသူ အဘဦးအောင်ဆု ကိုယ်တိုင် အတိတ်ဘဝက မြနန်းနွယ်နဲ့ မောင်နှမတော်စပ်တယ်လို့ အိမ်မက်ရပြန်သတဲ့။ ယုံကြည်သူတို့ အဆိုအရမြနန်းနွယ်ဆိုတာသိုက်စောင့်တဲ့။ အရိမတ္တေယျ ဘုရားပွင့်ရင် စောင့်နေတဲ့ ပစ္စည်းဥစ္စာတွေ လှူတန်းပြီး သာသနာပြု့ပြမယ် ဆိုပဲ။ ဘယ်လို ပြောရမလဲ။ မြနန်းနွယ်ဆိုတာ လူထဲက လူပါပဲ။တနည်း သူ့ခေတ်က သာသနာအတွက် သူယုံကြည်သလို သာသနာပြု သွားတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။ နှင်းဆီကုန်းဘိုးဘွားရိပ်သာ တည်ထောင်သွာ တဲ့ဘွားဦးဇွန်းတို့လိုပါပဲ။ ဒါကို နောက်အဆက် လူတွေက ဘယ်လို ယုံကြည်မှုတွေနဲ့ ကိုးကွယ်လိုက်ကြသလဲ။ အမတော် အမတော် ဆိုပြီး မြနန်းနွယ်ဟာ အမတော်မြနန်းနွယ်ဖြစ်သွားရပါတယ်။ထူးပေစွ၊ ဆရာဦးဖိုးကျား၏ သုံးဆယ်ခုနှစ်မင်း နတ်ဆိုတဲ့ စာအုပ်မှာ မှော်ဘီဆရာသိန်း က မသေသေးဘူး၊ အဲဒါကို သန်လျင်ဘက်မှာ မှော်ဘီဆရာသိန်း နတ်ဆိုပြီး ကိုးကွယ်နေကြပြီတဲ့။ဘိုဘိုးအောင်တို့၊ ဘိုမင်းခေါင်တို့ လည်းတကယ်ရှိခဲ့တဲ့ လူထဲက လူတစ်ယောက်ပါပဲ။ ဒါပဲ နောက်လူတွေက ဝိဇ္ဇာအရှင်တန်ခိုးတော်အရှင်၊ ထွက်ရပ်ပေါက်အရှင်တွေ ဖြစ်ကုန်အောင် ကိုးကွယ်ပစ်လိုက်ကြတယ်။ သူတို့က ကတိတည်တယ်၊ အောင်မြင်ရင် ကန်တော့ပွဲပေးရမယ် ဆိုရင် ပေးရတယ်။အခုလည်း မြနန်းနွယ်ဆိုတာ ရုပ်ထုလေးထားပေးတာက စပြီး ကိုးကွယ်ရာ၊မစရာ အဖြစ် ယုံကြည်ပြီး သည်းသည်း လှုပ်ကုန်ကြတာ ဖြစ်ပါတယ်။ ရုပ်ကတော့ မရှိဘူး၊နာမ်ကတော့ကျန်နေတယ်။ ရုပ်ရှိရင် နာမ်ကပ်တယ်ကွ လို့ ဆိုကြအုံးမယ်။ ဒါကို မယုံကြည်ဘူးပြောရင် ဒါတွေ မင်းမသိဘူး လို့အပြောခံရတယ်။ မစော်ကားနဲ့ လို့ အပြောခံရတယ်။မြနန်းနွယ်ဟာ လူတစ်ယောက်ပါပဲဗျာ။ ဘယ်လို လုပ် မစပေးမှာတုန်း။ အမှတ်တရ ရုပ်ထုတွေ ထားတာ တော့ မပြောလိုပါဘူး။အရုပ်ရှိတာနဲ့ အဲဒီအရုပ်ကို လိုချင်တာ တောင်းလို့ရမယ်ဆိုရင် ဘယ်လိုများ တွေးကြည့်ရမလဲ မသိတော့ဘူး။အခုလည်း ဝါတွင်းမှာ မြနန်းနွယ်ရုပ်ထုကို သီလရှင်ဝတ်ပေးတာ ၁၆ ကြိမ်တောင် ရှိပါပြီတဲ့။ ဒါလည်း မြနန်းနွယ်ဆိုတာက အိမ်မက်ပေးလို့ ဝတ်ကြတာလား။သက်ရှိလူတွေ အမြင်မှာတော့ ရုပ်ထုက သီလရှင်ဝတ်စုံနဲ့ ပုံပေါက်သွားမယ်။ ဝါပဆိုရင် မင်းသီးလေးလို အစိမ်းရောင်ဝတ်စုံ ပြန်ဝတ်ပေးကြမယ်။အဲဒီမှာ ရုပ်ထုဘက်ကြည့်ရင် နဲနဲ ကမောက်ကမဖြစ်မနေဘူးလား။ အသက်မဲ့တဲ့ ရုပ်တုက သီလ၊သမာဓိ၊ ပညာ ဘယ်လိုလုပ် တည်နိုင်မှာလဲ။ဗုဒ္ဓက စေတနာသည် ကံလို့ ပြောတယ်။ စေတနာဖြစ်ပေါ်နိုင်ရာ ဇီဝိတိန္ဒြေ မရှိတဲ့သက်မဲ့ ရုပ်တုကဘယ်လိုစေတနာစိတ်ထားတွေ ပေါ်ပေါက်လာမလဲ။ဆိုတာက ဝါတွင်းကို သီလရှင်ဝတ်ပေးတဲ့ သူတွေအမြင်မှာတော့ မြနန်းနွယ်ရုပ်တုဟာ အသွင်းပြောင်းသွားပါလိမ့်မယ်။ မြနန်းနွယ် ရုပ်တုဘက်ကတော့ ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး။အခုလို ပြောလို့ အမတော်မြနန်းနွယ်က ကျနော့်ကိုဘာမှ လုပ်မယ်မထင်ပါဘူး။ သူမက ဘုရားကျောင်ကန် ဆောက်လုပ်လှူတန်းခဲ့တဲ့ …သာသနာပြု_အမျိုးသမီးကြီးပဲလေ။(စိတ်မဆိုးပါနဲ့ အမတော် )ကျွန်ုပ်ပြု့သမျှကုသိုလ်အစုစုကိုအမျှပေးပါတယ်။ရောက်ရာ ဘဝက သာဓု ခေါ်ပါ အမတော် မြနန်းနွယ်၊ယုံကြည်သူတွေအတွက်တော့ မြနန်းနွယ်ဟာ မင်းသမီး ဖြစ်လိုက်၊ ဥစ္စာစောင့်ဖြစ်လိုက်၊ သိုက်နန်းရှင်ဖြစ်လိုက်၊ သီလရှင် ဖြစ်လိုက်ပါ ပဲ။

Credit – မူရင်း

[zawgyi]

ျမနန္းႏြယ္ဟာ ၁၉၀၆ ခုႏွစ္မွာ ေမြးတာ ျဖစ္ပါတယ္။ယခုရွိဆိုရင္ ၁၁၁ ႏွစ္ရွိေရာ့ေပါ့။ ဦးသန႔္က ၁၉၀၉ ခုႏွစ္မွာ ေမြးတာျဖစ္ပါတယ္။ ျမနန္းႏြယ္ထက္ ဦးသန႔္က ၃ ႏွစ္ပင္ငယ္ပါေသးတယ္။ေနာက္ၿပီး ၁၉၁၅ ေမြးတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔၊ စာေရးဆရာမ ေဒၚခင္မ်ိဳးခ်စ္ တို႔ ဟာျမနန္းႏြယ္ ေအာက္ ၉ ႏွစ္ေလာက္ ငယ္ၾကပါေသးတယ္။ျမနန္းႏြယ္ေမြးတဲ့အခ်ိန္ဟာ အဂၤလိပ္လက္ေအာက္က ႐ုန္းထၾကဖို႔၊ လြတ္လပ္ၾကဖို႔ လူငယ္ေတြ အသိအျမင္၊ မ်ိဳးခ်စ္စိတ္ ေတြ ေပါက္ဖြား ရွင္သန္လာၾကတဲ့ အခ်ိန္ျဖစ္ပါတယ္။ အခုေရးျပတဲ့အေၾကာင္းဟာ ေအာင္ဆုရွင္ (သာကီဝင္)ဆိုတဲ့ စာအုပ္ထဲက ျမနန္းႏြယ္ရဲ႕ အေၾကာင္း ျဖစ္ပါတယ္။ စာေရးသူ က အဘဦးေအာင္ဆု နဲ႔ေတြ႕ၿပီး ျမနန္းႏြယ္အေၾကာင္း ေမးျမန္းစပ္စုထားတာျဖစ္ပါတယ္။ ျမနန္းႏြယ္ဟာ ေစာ္ဘြားမ်ိဳးဆက္၊ သူမ၏ အေဖအေမေတြကမိုးကုတ္ေက်ာက္တြင္းပိုင္ေတြ၊ သူမေမြးၿပီးေနာက္ မိဘေတြမွာ ေက်ာက္တြင္းကေက်ာက္ေအာင္ၿပီး စီးပြားေတြ တရိပ္ရိပ္တက္လာလို႔ သူတို႔၏ သမီး ျမနန္းႏြယ္ အလိုက် လိုက္ေလ်ာ ေပးခဲ့ၾကတာ ျဖစ္ပါတယ္။ျမနန္းႏြယ္ဟာ အသက္ ၁၅ ႏွစ္ မွာ အိႏၵိယႏိုင္ငံကိုတကၠသိုလ္ပညာ ဆည္းပူးခဲ့ပါတယ္။၁၉၂၆ မွာအိႏၵိယႏိုင္ငံက ဝိဇၨာဘြဲ႕ယူၿပီး ျမန္မာႏိုင္ငံကို ျပန္လာပါတယ္။မိုးကုတ္တစ္ၿမိဳ႕လုံး ဂုဏ္သေရရွိအမ်ိဳးသားေတြက ျမနန္းႏြယ္ကို လက္ထပ္လိုၾကေပမဲ့ အားလုံးကို ျငင္းဆန္၍ အပ်ိဳႀကီးပဲ လုပ္၍ ေနခဲ့တယ္။ ျမနန္းႏြယ္ဟာ ငယ္ငယ္ကတည္းက အသားမစားပါဘူးတဲ့။ႏြားႏို႔ေတာ့ ေသာက္တယ္။ ၁၉၄၁ ဒုတိယ ကမာၻစစ္ျဖစ္ခါနီး ေတာ့ ျမနန္းႏြယ္ဟာ ၃၅ ႏွစ္ အပ်ိဳႀကီး ျဖစ္ေနပါၿပီ။အိမ္မက္ထဲမွာ ဝတ္ျဖဴ စင္ၾကယ္ အဘိုးတစ္ဦးက ျမနန္းႏြယ္ကို ရန္ကုန္ေျပာင္းဖို႔ ၊ သာသနာျပဳ႕ဖို႔အခ်ိန္တန္ၿပီ လို႔ အိမ္မက္ေပးသတဲ့။ ရန္ကုန္ေျပာင္းတယ္။ဗိုလ္တစ္ေထာင္ ဘုရားလမ္း မွာ အိမ္တစ္လုံး ဝယ္တယ္။စာတိုက္နဲ႔ ကပ္လွ်က္။ ညေနတိုင္း ကိုယ္ပိုင္ရထား လုံးနဲ႔ ဗိုလ္တစ္ေထာင္ဘုရားႀကီးကို လာတယ္။ အစိမ္းေရာင္ ဝတ္စုံဝတ္တယ္။႐ုပ္႐ုည္က ေျပျပစ္လွပလြန္းေတာ့ အမ်ားကျမစိမ္းေရာင္ မင္းသမီးေလးလို႔ တင္စားေခၚၾကတယ္။ အိမ္မက္ထဲ ဘဝေဟာင္းက ညီမတစ္ေတြက ျမန္မာျပည္အရပ္ရပ္ေစတီပုထိုးေတြ ျပဳ႕ျပင္ရေအာင္လို႔ေခၚပါတယ္။တစ္ႏိုင္ငံလုံးလွည့္၍ ဘုရားျပင္ ေက်ာင္းေဆာက္ လုပ္ခဲ့တယ္။ မိဘေတြက ခ်မ္းသာေတာ့ သမီး စိတ္ႀကိဳက္ လႉတာ တန္းကို ၾကည္ျဖဴ စြာပဲ ခြင့္ျပဳ ခဲ့တယ္။၁၉၄၅ စစ္ေဘးဒဏ္ေၾကာင့္ ဗိုလ္တစ္ေထာင္ဘုရားႀကီး ပ်က္စီးပါတယ္။ ျမနန္းႏြယ္ အႀကီးအက်ယ္ ဝမ္းနည္းပါတယ္။ အဲဒီမွာပဲ ဆုေတာင္းပါတယ္။ဗိုလ္တစ္ေထာင္ဘုရားႀကီး ျပဳ ျပင္ရန္ အမ်ားဆုံး မတည္ဒါန ျပဳ ႏိုင္ေသာ အလႉအမ ျဖစ္ရပါလို၏ တဲ့။ မင္းတုန္းမင္းႀကီး တစ္ခ်ိန္က ကိုးကြယ္ခဲ့တဲ့နန္းဦးဆင္းတုေတာ္ကို ၿဗိတိသွ်ဘုရင္မႀကီးအဲလိဇဘတ္ဆီကျပန္ေတာင္းတယ္။အဲဒီဆင္းတုေတာ္ကိုလည္း ေစတီပ်က္ကေတြ႕ရတဲ့ ဆံေတာ္သုံးဆူနဲ႔အတူ အမ်ားျပည္သူမ်ားၾကည္ညိဳႏိုင္ရန္ အ ပူေဇာ္ခံထားပါတယ္။ဆာဦးသြင္က ဆံေတာ္ သုံးဆူကို ႒ာပနာပိတ္ထဲထည့္ဖို႔ ကန႔္ကြက္တာေၾကာင့္ ယခုထိ ဆံေတာ္ကို အမ်ားမ်က္ျမင္ ဖူးေတြ႕ေနရျခင္း ျဖစ္ပါတယ္။၁၉၅၅ ခုေနာက္ပိုင္း ျမနန္းႏြယ္အေနနဲ႔ ဗိုလ္တစ္ေထာင္ဘုရားကို ေရာက္မလာခဲ့ဘူး။ ၂၇ ရက္ၾကာဗုဒၶဂါယာသြားတယ္ လို႔ ဆိုပါတယ္။ ဗုဒၶဂါယာကျပန္လာၿပီး ေခ်ာင္းဆိုးပန္နာ ျဖစ္၍မိုးကုတ္ကို ျပန္သြားပါတယ္။၁၉၅၇ ေဖေဖာ္ဝါရီလမွာေတာ့ ေခ်ာင္းဆိုးပန္နာေရာဂါနဲ႔ ျမနန္းႏြယ္ ကြယ္လြန္သြားပါတယ္။ ဒါက အမေတာ္ ျမနန္းႏြယ္လို႔ ေခၚေနၾကတဲ့ ျမနန္းႏြယ္၏ဇာတ္ေၾကာင္းပါ။၁၉၉၀ ခုမွာေတာ့ အခု ျမနန္းႏြယ္ဘဝ အေၾကာင္းကိုေရးသားသူ အဘဦးေအာင္ဆုက ျမနန္းႏြယ္ ႐ုပ္ထုကို တိတ္တဆိတ္ ထုလုပ္ေစခဲ့တာ ျဖစ္ပါတယ္။ရည္႐ြယ္ခ်က္ကေတာ့ အလႉရွင္မတစ္ေယာက္အေနနဲ႔ သူမလႉခဲ့တဲ့ ဗိုလ္တစ္ေထာင္ဘုရားကို ၾကည္ညိဳစြာ ဖူးေျမာ္ ေနတဲ့ ပုံကေလးေပါ့။႐ုပ္ထု ထုၿပီးေတာ့ဘုရားဝန္းထဲထားဖို႔ ၾသဝါဒစရိယ ဆရာေတာ္ ကိုးပါးကို ေလွ်ာက္ထားၿပီး ခြင့္ျပဳ႕ခ်က္ ယူခဲ့ရတာ ျဖစ္ပါတယ္။အဲဒီ ႐ုပ္ထု ထုၿပီးေနာက္ေတာ့ မိုးကုတ္ၿမိဳ႕က သူမ၏ ေဆြေတာ္မ်ိဳးေတာ္ေတြကို အိမ္မက္ေပးပါသတဲ့။ဗိုလ္တစ္ေထာင္ဘုရားကို လာၿပီး လႉတန္းၾကဖို႔။ အမ်ိဳးေတြလည္း လာလႉၾကတယ္။အျပန္ၾကေတာ့ မိုးကုတ္က ေက်ာက္တြင္းေတြ ေအာင္ၾကတယ္။အဲဒီကစၿပီး တစ္ေယာက္စ ႏွစ္ေယာက္စနဲ႔ အမေတာ္ျမနန္းႏြယ္ဆိုၿပီး နာမည္ႀကီးလာတာပဲ ျဖစ္ပါတယ္။ စထုကာစ ႐ုပ္ထုကေတာ့ ေယာဂီဝတ္စုံနဲ႔ ဆံပင္မပါပဲ ကတုံးပုံ။ေနာက္ပိုင္း သူမ ေဆြေတာ္မ်ိဳးေတာ္ေတြက ဝတ္စုံေတြယူလာတယ္။ ဆံပင္တုေတြ ယူလာတယ္။ သလြန္ေတြ ယူလာတယ္။ ဒီလိုနဲ႔ နတ္သမီးလိုလို ၊ မင္းသမီး လိုလို ေတြ ျဖစ္ကုန္တာ။ျမနန္းႏြယ္ဟာ ဝါတြင္းဆိုရင္ သီလရွင္ဝတ္စုံ နဲ႔ေနတာ ယခုဆိုရင္ ၁၆ ႀကိမ္ရွိၿပီလို႔ ေျပာရေတာ့မွာပါ။ က်န္တဲ့ဝါပ အခ်ိန္ေတြေတာ့ လွလွပပ အစိမ္းေရာင္ ဝတ္စုံလို အဝတ္အစားနဲ႔ေနပါတယ္။ ဇာတ္လမ္းကေတာ့ ဒါပဲ။ သာသနာျပဳ ၊ ဘုရားတည္ေက်ာင္းေဆာက္တဲ့ အမ်ိဳးသမီး။ အဲဒီမွာ သူမဘဝကလည္း ဆန္းဆန္းၾကယ္ၾကယ္ ျဖစ္ေလာက္ေအာင္ ဘဝကုသိုလ္ကေကာင္းေတာ့ အဆင္းကလည္းလွတယ္။ ေပးႏိုင္ကမ္းႏိုင္ လႉႏိုင္တန္းႏိုင္သူလည္းျဖစ္တယ္။အဲဒီမွာ အထိမ္းအမွတ္ ႐ုပ္ထု ထုလုပ္ေပးတယ္။ ေနာက္ပိုင္းဆက္ၿပီး ဘယ္လို ကေန ဘယ္လိုအိမ္မက္ေတြ၊ အေစာင့္ေရွာက္ေတြနဲ႔ ျမနန္းႏြယ္ဟာမင္းသမီးလိုလို၊ နတ္လိုလို ျဖစ္သြားရတာလဲ ဆိုတာေတာ့ မေျပာတတ္ေတာ့ဘူး။ျမနန္းႏြယ္အေၾကာင္း ေရးသူ အဘဦးေအာင္ဆု ကိုယ္တိုင္ အတိတ္ဘဝက ျမနန္းႏြယ္နဲ႔ ေမာင္ႏွမေတာ္စပ္တယ္လို႔ အိမ္မက္ရျပန္သတဲ့။ ယုံၾကည္သူတို႔ အဆိုအရျမနန္းႏြယ္ဆိုတာသိုက္ေစာင့္တဲ့။ အရိမေတၱယ် ဘုရားပြင့္ရင္ ေစာင့္ေနတဲ့ ပစၥည္းဥစၥာေတြ လႉတန္းၿပီး သာသနာျပဳ႕ျပမယ္ ဆိုပဲ။ ဘယ္လို ေျပာရမလဲ။ ျမနန္းႏြယ္ဆိုတာ လူထဲက လူပါပဲ။တနည္း သူ႔ေခတ္က သာသနာအတြက္ သူယုံၾကည္သလို သာသနာျပဳ သြားတဲ့ အမ်ိဳးသမီးတစ္ေယာက္ပါပဲ။ ႏွင္းဆီကုန္းဘိုးဘြားရိပ္သာ တည္ေထာင္သြာ တဲ့ဘြားဦးဇြန္းတို႔လိုပါပဲ။ ဒါကို ေနာက္အဆက္ လူေတြက ဘယ္လို ယုံၾကည္မႈေတြနဲ႔ ကိုးကြယ္လိုက္ၾကသလဲ။ အမေတာ္ အမေတာ္ ဆိုၿပီး ျမနန္းႏြယ္ဟာ အမေတာ္ျမနန္းႏြယ္ျဖစ္သြားရပါတယ္။ထူးေပစြ၊ ဆရာဦးဖိုးက်ား၏ သုံးဆယ္ခုႏွစ္မင္း နတ္ဆိုတဲ့ စာအုပ္မွာ ေမွာ္ဘီဆရာသိန္း က မေသေသးဘူး၊ အဲဒါကို သန္လ်င္ဘက္မွာ ေမွာ္ဘီဆရာသိန္း နတ္ဆိုၿပီး ကိုးကြယ္ေနၾကၿပီတဲ့။ဘိုဘိုးေအာင္တို႔၊ ဘိုမင္းေခါင္တို႔ လည္းတကယ္ရွိခဲ့တဲ့ လူထဲက လူတစ္ေယာက္ပါပဲ။ ဒါပဲ ေနာက္လူေတြက ဝိဇၨာအရွင္တန္ခိုးေတာ္အရွင္၊ ထြက္ရပ္ေပါက္အရွင္ေတြ ျဖစ္ကုန္ေအာင္ ကိုးကြယ္ပစ္လိုက္ၾကတယ္။ သူတို႔က ကတိတည္တယ္၊ ေအာင္ျမင္ရင္ ကန္ေတာ့ပြဲေပးရမယ္ ဆိုရင္ ေပးရတယ္။အခုလည္း ျမနန္းႏြယ္ဆိုတာ ႐ုပ္ထုေလးထားေပးတာက စၿပီး ကိုးကြယ္ရာ၊မစရာ အျဖစ္ ယုံၾကည္ၿပီး သည္းသည္း လႈပ္ကုန္ၾကတာ ျဖစ္ပါတယ္။ ႐ုပ္ကေတာ့ မရွိဘူး၊နာမ္ကေတာ့က်န္ေနတယ္။ ႐ုပ္ရွိရင္ နာမ္ကပ္တယ္ကြ လို႔ ဆိုၾကအုံးမယ္။ ဒါကို မယုံၾကည္ဘူးေျပာရင္ ဒါေတြ မင္းမသိဘူး လို႔အေျပာခံရတယ္။ မေစာ္ကားနဲ႔ လို႔ အေျပာခံရတယ္။ျမနန္းႏြယ္ဟာ လူတစ္ေယာက္ပါပဲဗ်ာ။ ဘယ္လို လုပ္ မစေပးမွာတုန္း။ အမွတ္တရ ႐ုပ္ထုေတြ ထားတာ ေတာ့ မေျပာလိုပါဘူး။အ႐ုပ္ရွိတာနဲ႔ အဲဒီအ႐ုပ္ကို လိုခ်င္တာ ေတာင္းလို႔ရမယ္ဆိုရင္ ဘယ္လိုမ်ား ေတြးၾကည့္ရမလဲ မသိေတာ့ဘူး။အခုလည္း ဝါတြင္းမွာ ျမနန္းႏြယ္႐ုပ္ထုကို သီလရွင္ဝတ္ေပးတာ ၁၆ ႀကိမ္ေတာင္ ရွိပါၿပီတဲ့။ ဒါလည္း ျမနန္းႏြယ္ဆိုတာက အိမ္မက္ေပးလို႔ ဝတ္ၾကတာလား။သက္ရွိလူေတြ အျမင္မွာေတာ့ ႐ုပ္ထုက သီလရွင္ဝတ္စုံနဲ႔ ပုံေပါက္သြားမယ္။ ဝါပဆိုရင္ မင္းသီးေလးလို အစိမ္းေရာင္ဝတ္စုံ ျပန္ဝတ္ေပးၾကမယ္။အဲဒီမွာ ႐ုပ္ထုဘက္ၾကည့္ရင္ နဲနဲ ကေမာက္ကမျဖစ္မေနဘူးလား။ အသက္မဲ့တဲ့ ႐ုပ္တုက သီလ၊သမာဓိ၊ ပညာ ဘယ္လိုလုပ္ တည္ႏိုင္မွာလဲ။ဗုဒၶက ေစတနာသည္ ကံလို႔ ေျပာတယ္။ ေစတနာျဖစ္ေပၚႏိုင္ရာ ဇီဝိတိေျႏၵ မရွိတဲ့သက္မဲ့ ႐ုပ္တုကဘယ္လိုေစတနာစိတ္ထားေတြ ေပၚေပါက္လာမလဲ။ဆိုတာက ဝါတြင္းကို သီလရွင္ဝတ္ေပးတဲ့ သူေတြအျမင္မွာေတာ့ ျမနန္းႏြယ္႐ုပ္တုဟာ အသြင္းေျပာင္းသြားပါလိမ့္မယ္။ ျမနန္းႏြယ္ ႐ုပ္တုဘက္ကေတာ့ ဘာမွ ထူးျခားမွာ မဟုတ္ပါဘူး။အခုလို ေျပာလို႔ အမေတာ္ျမနန္းႏြယ္က က်ေနာ့္ကိုဘာမွ လုပ္မယ္မထင္ပါဘူး။ သူမက ဘုရားေက်ာင္ကန္ ေဆာက္လုပ္လႉတန္းခဲ့တဲ့ …သာသနာျပဳ_အမ်ိဳးသမီးႀကီးပဲေလ။(စိတ္မဆိုးပါနဲ႔ အမေတာ္ )ကြၽႏ္ုပ္ျပဳ႕သမွ်ကုသိုလ္အစုစုကိုအမွ်ေပးပါတယ္။ေရာက္ရာ ဘဝက သာဓု ေခၚပါ အမေတာ္ ျမနန္းႏြယ္၊ယုံၾကည္သူေတြအတြက္ေတာ့ ျမနန္းႏြယ္ဟာ မင္းသမီး ျဖစ္လိုက္၊ ဥစၥာေစာင့္ျဖစ္လိုက္၊ သိုက္နန္းရွင္ျဖစ္လိုက္၊ သီလရွင္ ျဖစ္လိုက္ပါ ပဲ။