ယောက်ျားတွေ မယူသင့်တဲ့ မယား (၇) မျိူး

၁။ မျက်နှာများသောလော်လီသော မိန်းမ – မျက်နှာများသော၊ လော်လီသော၊ ယောက်ျားတို့တွင် ပျော်ရွှင်သော မိန်းမတွေကို အမျိုးကောင်းသားတို့ ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့် ရှောင်ရှားသင့်သလဲ မမေးပါနဲ့။ အဖြေက တစ်လုံးတည်းပါ။ စိတ်မချရလို့ပါ။ မျက်နှာများများတယ်ဆိုတာ ရည်းစားများတာကို ဆိုလိုပါတယ်။ ဒါကိုမျက်စောင်းမထိုးကြပါနဲ့။ ဘယ်သူပဲဖြစ်ဖြစ် သူများပစ်လို့ ကျန်နေခဲ့ရတာဆိုရင်လည်း တစ်ယောက်စ နှစ်ယောက်စ များတာ အပြစ်မပြောလိုပါ။ တစ်ချို့ကကျတော့ အဲဒီထက် များတယ်။ အဲသလောက်မျက်နှာများတဲ့မိန်းမကို ဘယ်လိုပုံစံနဲ့ သင်နဲ့ရမယ့်ကလေးတွေရဲ့ မိခင် ဖြစ်စေမှာလဲ။ ဒါ အဖြေကရှင်းပါတယ်။ ၂။ လက်ဖွာသော မိန်းမ – လက်ဖွာတယ်ဆိုတာ ငွေရေးကြေးရေး အသုံးအနှုန်းမှာ စည်းနဲ့ကမ်းနဲ့ မသုံးတာပါဘဲ။ ကျွန်တော်တစ်ခါက တွေ့ဖူးသေးတယ်။ တံငါသည်လင်မယားပေါ့။ အသုံးအစွဲကြီးသော မိန်းမယူမိလို့ကတော့တစ်သက်လုံး အိပ်ပေါက်နဲ့ ဖားကောက်ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်ဆိုလိုတာက ဒါန လုပ်တာကို အပြစ်မပြောလိုပါ။ ၃။ အရပ်တကာလည်တတ်သော မိန်းမ (သို့) ပွဲလန်းသဘင် ခင်တွယ်လွန်းသောမိန်းမ – ပျော်ပွဲရွှင်ပွဲတွေဆိုတာ မြန် မာနိုင်ငံမှာ (12)ရာသီ မပြတ်ပါဘူး။ ရှေးဆရာတွေရေးခဲ့တဲ့ စာပေထဲမှာ ဇာတ်ပွဲမက်သူတွေဟာ အဲဒီဇာတ်အဖွဲ့ သွားပြီးက,တဲ့ရွာစဉ်လိုက် အားပေးတာတွေ ရှိတယ်လို့တောင် သိရပါတယ်။ အဲဒီအထဲမှာ အများစုက အမျိုးသမီးတွေလို့ ဆိုပါတယ်။ အခုလည်းအပျော်အပါးကို တော်ရုံမက်ပါ။ အရပ်ထဲလည်ပြီး အတင်းတုတ်တာလည်း လျှော့ပါ။ မြို့ကြီးပြကြီးလို နေတဲ့ မိန်းမတွေထဲမှာတော့ ကလပ်အမြဲတမ်းလိုလိုတက်တာတို့၊ အိမ်လည်ထွက်တာ များတာတို့တွေလည်း ပါဝင်ပါတယ်။ လင်တို့မယားတို့ဘဝမှာ တစ်ခြား ဘဝရှေ့ရေးအတွက် လုပ်စရာတွေ ရှိသေးတယ်မဟုတ်လား။၄။ မောက်မာလွန်းသော မိန်းမ – မောက်မာတယ်ဆိုတာ စကားလုံးလေး လှအောင်သုံးထားတာပါ။ အမှန်တော့ ရိုင်းစိုင်းပါတယ်။လူကြားသူကြားထဲ ငါနဲ့ ကော်ဆဲတာမျိုး၊ ရှက်ရကောင်းမှန်းမသိ ထဘီလှန်ပြတာမျိုး၊ ကတ်ကတ်လန် နှုတ်လန်ပြန်ထိုးတာတွေဟာ မိန်းမတွေအဖို့ အတော်လေး တန်ဖိုးကျစေတဲ့ အပြုအမူတွေဖြစ်ပါတယ်။

အဲဒီလို ရိုင်းစိုင်းတဲ့ မိန်းမတွေကို ငါးစိမ်းသည်နဲ့ နှိုင်းကြပါတယ်။ ငါးစိမ်းသည်တိုင်းမရိုင်းပါ။ ဒါပေမယ့် စာနဲ့ရေးပြဖို့မတော်လောက်အောင် ရိုင်းစိုင်းတဲ့သူတွေ တစ်ပုံကြီးရှိပါတယ်။၅။ လောင်းကစားလုပ်သော မိန်းမ – တစ်ချို့ မိန်းမတွေ ထဘီကြီးရင်ခေါင်းတင်ပြီး ဖဲရိုက် ကြက် တိုက်လုပ်ကြတာ တောဘက်မှာ တွေ့ဘူးပါတယ်။ မြို့သူများကတော့ ဝတ်ကောင်းစားလှလေးဝတ်ပြီး ဂျင်ဝိုင်း ကာစီနိုဝိုင်း ပိုကာဝိုင်းသွားကြတာပေါ့။ နောက်ပြီး နှစ်လုံး သုံးလုံး ကစားတာတွေဟာ ဘယ်တုန်းကမှ ကောင်းကျိုးမပေးပါဘူး။ ဒါ့အပြင် မိန်းမကြီးတန်မဲ့ ဘောလုံးပွဲဝင်လောင်းတာတွေတောင် တွေ့ရဖူးပါတယ်။ ၆။ ပျင်းရိလွန်းသော မိန်းမ – တစ်ချိ့ အရမ်းပျင်းလွန်းတဲ့ မိန်းမတွေ ရှိပါတယ်။ ဘယ် လောက် တောင် ပျင်းသလဲဆိုရင် ဝတ်ပီးသားထဘီ လျှော်ဖို့ နေနေသာသာ ချွတ်ပြီး အကွင်းလိုက် ပုံထားတဲ့ အမျိုးသမီးတွေ ရှိပါတယ်။တစ်ချို့ကကျတော့ ပျင်းလွန်းတော့ ထူ၊ ထူလွန်းတော့ န၊ နလွန်းတော့ အ-ဆိုသလို တစ်နေကုန်ထိုင်ပြီး ဘာမှမလုပ်ပဲ မှိုင်နေတဲ့ မိန်းမတွေလည်း အများသားပါ။ အဲဒီလို မိန်းမမျိုး ကိုယ့်ဆရာယူမိလို့ကတော့ ထဘီတွေ အတွင်းခံတွေ လျှော်ပေးဖို့သာ ပြင်ထားပေတော့။ ၇။ မိန်း မပေါ့ – မိန်းမပေါ့ ဆိုတာ မိန်းမပျက်ကို ပြောတာပါ။ ဒါဆို ပြည့်တန်ဆာမတွေက ယောက်ျားမယူရတော့ဘူးလား၊ ကလေးမမွေးရတော့ဘူးလား မေးစရာရှိပါတယ်။ ဒါက သူတို့ အခွင့်အရေးပါ။ ဒါပေမယ့် အမျိုးသားတို့ ရွေးချယ်တဲ့အခါ ဘာကြောင့် ရှောင်ကြဉ်သင့်တာလဲဆိုတာ ပြောပါရစေ။ မွေးလာတဲ့ကလေး မျက်နှာငယ်မယ်၊ လူတောမတိုးဘူး၊ သင့်ရဲ့ ဂုဏ်သိက္ခာကိုလည်း တစ်စတစ်စ ကျဆင်းစေမယ်၊ ပိုအဆိုးဆုံးက မွေးလာတဲ့ကလေးတွေက အကြောင်းမလှလို့ သင့်ရုပ်ရည်နဲ့ လာမတူဘူးဆိုရင် ငါနဲ့ရတဲ့ကလေးမှ ဟုတ်ရဲ့လား-လို့ သံသယတွေ ပွားရမယ်။ ဒါတွေအတွက် မယူသင့်တဲ့မိန်းမထဲမှာ သူတို့ကို ထည့်ရတာ ဖြစ်ကြောင်းပါ။

Credit – မူရင်း

[zawgyi]

၁။ မ်က္ႏွာမ်ားေသာေလာ္လီေသာ မိန္းမ – မ်က္ႏွာမ်ားေသာ၊ ေလာ္လီေသာ၊ ေယာက္်ားတို႔တြင္ ေပ်ာ္႐ႊင္ေသာ မိန္းမေတြကို အမ်ိဳးေကာင္းသားတို႔ ေရွာင္ရွားသင့္ပါတယ္။ ဘာေၾကာင့္ ေရွာင္ရွားသင့္သလဲ မေမးပါနဲ႔။ အေျဖက တစ္လုံးတည္းပါ။ စိတ္မခ်ရလို႔ပါ။ မ်က္ႏွာမ်ားမ်ားတယ္ဆိုတာ ရည္းစားမ်ားတာကို ဆိုလိုပါတယ္။ ဒါကိုမ်က္ေစာင္းမထိုးၾကပါနဲ႔။ ဘယ္သူပဲျဖစ္ျဖစ္ သူမ်ားပစ္လို႔ က်န္ေနခဲ့ရတာဆိုရင္လည္း တစ္ေယာက္စ ႏွစ္ေယာက္စ မ်ားတာ အျပစ္မေျပာလိုပါ။ တစ္ခ်ိဳ႕ကက်ေတာ့ အဲဒီထက္ မ်ားတယ္။ အဲသေလာက္မ်က္ႏွာမ်ားတဲ့မိန္းမကို ဘယ္လိုပုံစံနဲ႔ သင္နဲ႔ရမယ့္ကေလးေတြရဲ႕ မိခင္ ျဖစ္ေစမွာလဲ။ ဒါ အေျဖကရွင္းပါတယ္။ ၂။ လက္ဖြာေသာ မိန္းမ – လက္ဖြာတယ္ဆိုတာ ေငြေရးေၾကးေရး အသုံးအႏႈန္းမွာ စည္းနဲ႔ကမ္းနဲ႔ မသုံးတာပါဘဲ။ ကြၽန္ေတာ္တစ္ခါက ေတြ႕ဖူးေသးတယ္။ တံငါသည္လင္မယားေပါ့။ အသုံးအစြဲႀကီးေသာ မိန္းမယူမိလို႔ကေတာ့တစ္သက္လုံး အိပ္ေပါက္နဲ႔ ဖားေကာက္ျဖစ္ေနပါလိမ့္မယ္။ ကြၽန္ေတာ္ဆိုလိုတာက ဒါန လုပ္တာကို အျပစ္မေျပာလိုပါ။ ၃။ အရပ္တကာလည္တတ္ေသာ မိန္းမ (သို႔) ပြဲလန္းသဘင္ ခင္တြယ္လြန္းေသာမိန္းမ – ေပ်ာ္ပြဲ႐ႊင္ပြဲေတြဆိုတာ ျမန္ မာႏိုင္ငံမွာ (12)ရာသီ မျပတ္ပါဘူး။ ေရွးဆရာေတြေရးခဲ့တဲ့ စာေပထဲမွာ ဇာတ္ပြဲမက္သူေတြဟာ အဲဒီဇာတ္အဖြဲ႕ သြားၿပီးက,တဲ့႐ြာစဥ္လိုက္ အားေပးတာေတြ ရွိတယ္လို႔ေတာင္ သိရပါတယ္။ အဲဒီအထဲမွာ အမ်ားစုက အမ်ိဳးသမီးေတြလို႔ ဆိုပါတယ္။ အခုလည္းအေပ်ာ္အပါးကို ေတာ္႐ုံမက္ပါ။ အရပ္ထဲလည္ၿပီး အတင္းတုတ္တာလည္း ေလွ်ာ့ပါ။ ၿမိဳ႕ႀကီးျပႀကီးလို ေနတဲ့ မိန္းမေတြထဲမွာေတာ့ ကလပ္အၿမဲတမ္းလိုလိုတက္တာတို႔၊ အိမ္လည္ထြက္တာ မ်ားတာတို႔ေတြလည္း ပါဝင္ပါတယ္။ လင္တို႔မယားတို႔ဘဝမွာ တစ္ျခား ဘဝေရွ႕ေရးအတြက္ လုပ္စရာေတြ ရွိေသးတယ္မဟုတ္လား။၄။ ေမာက္မာလြန္းေသာ မိန္းမ – ေမာက္မာတယ္ဆိုတာ စကားလုံးေလး လွေအာင္သုံးထားတာပါ။ အမွန္ေတာ့ ႐ိုင္းစိုင္းပါတယ္။လူၾကားသူၾကားထဲ ငါနဲ႔ ေကာ္ဆဲတာမ်ိဳး၊ ရွက္ရေကာင္းမွန္းမသိ ထဘီလွန္ျပတာမ်ိဳး၊ ကတ္ကတ္လန္ ႏႈတ္လန္ျပန္ထိုးတာေတြဟာ မိန္းမေတြအဖို႔ အေတာ္ေလး တန္ဖိုးက်ေစတဲ့ အျပဳအမူေတြျဖစ္ပါတယ္။အဲဒီလို ႐ိုင္းစိုင္းတဲ့ မိန္းမေတြကို ငါးစိမ္းသည္နဲ႔ ႏႈိင္းၾကပါတယ္။ ငါးစိမ္းသည္တိုင္းမ႐ိုင္းပါ။ ဒါေပမယ့္ စာနဲ႔ေရးျပဖို႔မေတာ္ေလာက္ေအာင္ ႐ိုင္းစိုင္းတဲ့သူေတြ တစ္ပုံႀကီးရွိပါတယ္။၅။ ေလာင္းကစားလုပ္ေသာ မိန္းမ – တစ္ခ်ိဳ႕ မိန္းမေတြ ထဘီႀကီးရင္ေခါင္းတင္ၿပီး ဖဲ႐ိုက္ ၾကက္ တိုက္လုပ္ၾကတာ ေတာဘက္မွာ ေတြ႕ဘူးပါတယ္။ ၿမိဳ႕သူမ်ားကေတာ့ ဝတ္ေကာင္းစားလွေလးဝတ္ၿပီး ဂ်င္ဝိုင္း ကာစီႏိုဝိုင္း ပိုကာဝိုင္းသြားၾကတာေပါ့။ ေနာက္ၿပီး ႏွစ္လုံး သုံးလုံး ကစားတာေတြဟာ ဘယ္တုန္းကမွ ေကာင္းက်ိဳးမေပးပါဘူး။ ဒါ့အျပင္ မိန္းမႀကီးတန္မဲ့ ေဘာလုံးပြဲဝင္ေလာင္းတာေတြေတာင္ ေတြ႕ရဖူးပါတယ္။ ၆။ ပ်င္းရိလြန္းေသာ မိန္းမ – တစ္ခ်ိ႕ အရမ္းပ်င္းလြန္းတဲ့ မိန္းမေတြ ရွိပါတယ္။ ဘယ္ ေလာက္ ေတာင္ ပ်င္းသလဲဆိုရင္ ဝတ္ပီးသားထဘီ ေလွ်ာ္ဖို႔ ေနေနသာသာ ခြၽတ္ၿပီး အကြင္းလိုက္ ပုံထားတဲ့ အမ်ိဳးသမီးေတြ ရွိပါတယ္။တစ္ခ်ိဳ႕ကက်ေတာ့ ပ်င္းလြန္းေတာ့ ထူ၊ ထူလြန္းေတာ့ န၊ နလြန္းေတာ့ အ-ဆိုသလို တစ္ေနကုန္ထိုင္ၿပီး ဘာမွမလုပ္ပဲ မႈိင္ေနတဲ့ မိန္းမေတြလည္း အမ်ားသားပါ။ အဲဒီလို မိန္းမမ်ိဳး ကိုယ့္ဆရာယူမိလို႔ကေတာ့ ထဘီေတြ အတြင္းခံေတြ ေလွ်ာ္ေပးဖို႔သာ ျပင္ထားေပေတာ့။ ၇။ မိန္း မေပါ့ – မိန္းမေပါ့ ဆိုတာ မိန္းမပ်က္ကို ေျပာတာပါ။ ဒါဆို ျပည့္တန္ဆာမေတြက ေယာက္်ားမယူရေတာ့ဘူးလား၊ ကေလးမေမြးရေတာ့ဘူးလား ေမးစရာရွိပါတယ္။ ဒါက သူတို႔ အခြင့္အေရးပါ။ ဒါေပမယ့္ အမ်ိဳးသားတို႔ ေ႐ြးခ်ယ္တဲ့အခါ ဘာေၾကာင့္ ေရွာင္ၾကဥ္သင့္တာလဲဆိုတာ ေျပာပါရေစ။ ေမြးလာတဲ့ကေလး မ်က္ႏွာငယ္မယ္၊ လူေတာမတိုးဘူး၊ သင့္ရဲ႕ ဂုဏ္သိကၡာကိုလည္း တစ္စတစ္စ က်ဆင္းေစမယ္၊ ပိုအဆိုးဆုံးက ေမြးလာတဲ့ကေလးေတြက အေၾကာင္းမလွလို႔ သင့္႐ုပ္ရည္နဲ႔ လာမတူဘူးဆိုရင္ ငါနဲ႔ရတဲ့ကေလးမွ ဟုတ္ရဲ႕လား-လို႔ သံသယေတြ ပြားရမယ္။ ဒါေတြအတြက္ မယူသင့္တဲ့မိန္းမထဲမွာ သူတို႔ကို ထည့္ရတာ ျဖစ္ေၾကာင္းပါ။