ရက်စက်ခြင်း နောက်ကွယ်က အဖေ

တစ်ခါတုန်းက မြို့တစ်မြို့မှာအရမ်းထူးချွန်တဲ့ သူခိုးတစ်ယောက်ရယ်၊ နောက်လိုက်တစ်ယောက်ရယ်ရှိတယ်..သူတို့ဝင်ခိုးတဲ့ အရာမှန်သမျှ ရသလိုဘယ်တုန်းကမှ လည်း အဖမ်းမခံရဘူး..ဒါပေမယ့် သူခိုးက သူတို့လိုသလောက်ပဲခိုးတယ်..စည်းထားတယ်..ရွှေထည်ပစ္စည်းတွေ သေတ္တာ လေးနဲ့တွေ့ရင်တောင်အဲ့ထဲက ဆွဲကြိုး ဖြစ်ဖြစ် လက်ကောက်ဖြစ်ဖြစ်တစ်ခုပဲခိုးတယ်..ပိုက်ဆံအုပ်တွေ တွေ့လည်း တချို့တစ်ဝက်ပြန်ထားခဲ့တယ်..အဖေ သားကို ဖိနပ်ဝယ်ပေးဦး..ဟိုမှာတွေ့လား ပန်းရောင်းနေတဲ့ ကောင်လေး မင်းနဲ့ရွယ်တူပဲ..မင်းလည်း ကျောင်းမသွားခင် ပန်းရောင်းရမယ်..နောက်နေ့ ပန်းဒိုင်ဆီက ပန်းတွေယူပြီးသားဖြစ်သူကို ဈေးရောင်းခိုင်းတယ်..ရတဲ့အမြတ်တွေ စုပြီး ဖိနပ်တစ်ရံဝယ်လို့ရမှ ဝယ်ပေးလိုက်တယ်..အဖေ ကျွန်တော် ပုဆိုပြဲသွားပြီ..ဘာပုဆိုးလဲ..ကျောင်းစိမ်း ပုဆိုးပါ..ရော့ အပ်ချည်နဲ့ အပ် ပြန်ချုပ်ပေါ့ကွ..မင်းတို့ စာသင်ခန်းက ပုဆိုးကောင်းမှစာသင်ပေးတာလား.. အဖေ ကျွန်တော် စာအုပ်ကုန်သွားပြီ..မင်း ပန်းရောင်းရတဲ့ငွေထဲဝယ်ပေါ့ နောက်ဆို ငါ့လာမပြောနဲ့..။ကြာလာတော့ သားဖြစ်သူဟာ တစ်ခြား ကလေးတွေကိုကြည့်ပြီး အားငယ်လာတယ်..သူ့ဘဝ ကို သူ နာကျည်းလာတယ်..သူ့အဖေ က သူများအဖေတွေလိုမဟုတ်မှန်း ခံစားလာရတယ် ဝမ်းနည်းလာရတယ်..အဲ့လိုနဲ့ တစ်နေ့ပြီး တစ်နေ့ ကျောင်းတက်ရင်း ကောင်းလေးဟာ ဆယ်တန်းအောင်ပြီးတက္ကသိုလ် ရောက်တယ်..အဲ့အချိန်မှာတော့ ကောင်လေးဟာဆိုင်ကယ်ပြင်ဆိုင်ဖွင့်ပြီး ကျောင်းတတ်နေတဲ့သူဖြစ်လာတယ်..တနေ့ ဆိုင်ကယ်ပြင်ရင်း ညဉ့်နက်သွားတယ်..အရင်ရက်တွေဆိုကောင်လေးက သူ့ဆိုင်မှာအိပ်ပြီးနေတာ ဒီနေ့ကြတော့အိမ်မှာပစ္စည်းတစ်ခု ယူစရာရှိတာနဲ့ ညဉ့်နက်ထဲပြန်လာခဲ့တယ်..အဲ့အချိန်မှာ သူ့အိမ်နောက်ဖေးက လူတစ်ယောက်ထွက်သွားတာတွေ့လိုက်တယ်..သူ” သူခိုးလို့အော်ဖို့ပြင်တယ်..ဒါပေမယ့် ခန္ဓာ ကိုယ်အချိုးအစားကြည့်ပြီးအဖေ လားမသိဘူး ညကြီးမင်းကြီး ဘာလုပ်တာလဲဆိုပြီး နောက်ကနေ တိတ်တိတ်လေးလိုက်သွားတယ်..မြို့အပြင် ဇရပ်တစ်ခုအောက်မှာလူတစ်ယောက်စောင့်နေတာ တွေ့လိုက်တယ်..အသာလေး ခြေကိုဖော့နင်းပြီး ကြားနိုင်လောက်တဲ့ နေရာထိ အရဲစွန့်ပြီးကပ်လိုက်တယ်..ပြီးတော့ ငြိမ်ငြိမ်လေးနေလိုက်တယ်..ဆရာ နောက်ကျလိုက်တာဗျာ..အေး ငါ့ သား ပြန်လာမှာစိုးတာရယ်..ငါ့ မိန်းမ နိုးမှာ စိုးလို့ပါ..ထန်းခြေ ရွာက လယ်ပိုင်ရှင် ဦး တောက်ထွန်းအိမ်မှာ တနေ့က မြို့တက်ပြီး လုပ်ထားတဲ့ ရွှေတွေရှိတယ်လို့သိရတယ်.. အင်း ငါ ဒီအလုပ်တွေ မလုပ်တော့ဘူး ချစ်ငြိမ်း..။

ခုဆို ငါ့သားလေးက ပညာတတ်ကြီးဖြစ်တော့မယ်..သူခြေသူရပ်ပြီး လောကဓံရဲ့ဆိုးခြင်းတွေကို ရဲရဲ ရင့်ရင့် ရင်ဆိုင်ရဲနေပြီလေ..ငါ့အတွက် မလိုအပ်တော့ဘူးလေ..မင်း မေးနေကြပေါ့ ဆရာ ဘာလို့ခိုးလဲဆိုတဲ့အဖြေကို မင်းနဲ့ငါ မခွဲခွာခင်နောက်ဆုံးဒီည ပြောပြမယ်..ငါ ငယ်ငယ် က လမ်းပေါ်မှာ လေ လွင့်ခဲ့တယ်..ပထမ လ္ဘက်ရည်ဆိုင်က မုန့်တွေကိုလုပြေးတယ်..နောက် ကားပေါ်တွေမှာ ခါးပိုက်နှိုက်တယ်..ငါ့ ဘဝမှာ ပ ညာ ဆိုတာလည်းမသိ..ကူညီမယ်သူဆိုတာလည်းမရှိ ငါထမင်းမငတ်စေဖို့ ရုန်းကန်ရင်းရှင်သန်နေခဲ့ရတာကွ..။ငါလည်း မကောင်းမှန်းသိပေမယ့် လူတွေက အပေါ်ယံကြည့်ပြီး အလုပ်မပေးခဲ့ကြဘူး..။မိဘမရှိတဲ့ လေ လွင့်နေတဲ့ကလေးတစ်ယောက်ကို ကူညီဖို့ ဝေးသေး..အနားကပ်ရင်တောင် နှာခေါင်းရှုံ့ မောင်းထုတ်ကြတယ်..။ကြာတော့ ငါ သိလာတယ်..ငါခြေငါရပ်ဖို့အတွက် ကောင်းသောလမ်းမရှိရင်တောင်ငါ ရှင်သန်ဖို့ ငါခိုးခဲ့တယ်..တစ်စတစ်စနဲ့ ငါဟာ သူခိုးအကြီးစားဖြစ်ခဲ့တယ်..ဒါပေမယ့် ငါခိုးတဲ့အိမ်တိုင်းကို အများကြီးမလုပ်ဘူး ဘာလို့လဲသိလား..ငါ့ သူ့တို့အိမ်တွေကို ဖောက်ထွင်းဖို့သုံးလိုက်ရတဲ့ အတတ်ပညာအတွက်ပဲ ငါခိုးယူခဲ့တာ ငါအိမ်ထောင်ကျပြီးသားလေးမွေးတော့ ငါလိုဖြစ်မှာအရမ်းကြောက်တယ်..ငါလို ကူသူမဲ့မှာစိုးတယ်..ငါလို မမှားချင်ပဲမှားနေတဲ့လမ်းကိုလျှောက်မှာစိုးတယ်..ငါ့သားလေးကို အရွယ်မမျှတဲ့နာ ကျင်မှုတွေပေးတယ်..အရွယ်မမျှတဲ့ ဒုက္ခတွေကိုပေးစွမ်းတယ်..အဆိုးဆုံးက တော့ ဖခင်မေတ္တာနဲ့နွေးထွေးခွင့်ကိုငါဖုံးခဲ့တာပဲ..ဘာလို့လဲ သိလား ချစ်ငြိမ်း..။လူတွေဟာ နာကျင်ပြီးမှပြောင်းလဲသွားလို့ပဲ..ငါ့သားလေးကို ပထမဆုံးပန်းရောင်းခိုင်းတုန်းက အိမ်ထဲနေကြည့်ပြီး ငါငိုနေခဲ့တယ်..တကယ်တော့ သူမမြတ်ခဲ့ဘူး ရှုံးခဲ့တယ်..ငါခိုးထားတဲ့ ငွေတချို့ကို သူ့အမြတ်လို့ပြောပြီး သူလိုတဲ့ဖိနပ်လေးကိုဝယ်ပေးတယ်..။သူ့အလုပ်လုပ်လို့ရတဲ့ငွေလေးတွေကိုစာအုပ်ကြားထဲ ထည့်ထည့်စုထားချိန်မှာ သူမသိအောင် ငါဖြည့်ဖြည့်ပေးတယ်..ခုဆို သူ့ရဲ့ ရပ်တည်မှုက ဖြူစင်လွန်းသွားပြီးလူတစ်ယောက်ပြောင်းလဲဖို့အတွက်ရက်စက်တယ်ပြောချင်ပြောကြပါစေ..။ငါ့အသိ ငါ့အတွေးမှာ မှန်တယ်..ဘယ် လောက်ထိ ငါ့ကိုရက်စက်တယ်ပြောပြောငါ ဒီလမ်းကို ဖောက်ချိန်မှာဖခင်ဆိုတဲ့ လူတစ်ယောက် သိစိတ်တွေနောက်မှာကျန်နေခဲ့ရတာ..။ဒါတွေ ဘယ်သူမှမသိဘူး ငါ့သားလည်းမသိစေရဘူး..။ကဲချစ်ငြိမ်း မင်းနဲ့ငါတွဲလုပ်လာတာကြာပြီ ဆရာ တပည့်လည်းဟုတ်တယ်..လုပ်ဖော် ကိုင်ဖက်လည်းဖြစ်တယ်..သစ္စာတရားကို ငါ့တို့လောက်ဘယ်သူသိမှာလဲ..ခု ငါဒီအလုပ်ကိုမလုပ်တော့ဘူး..မင်း ကတော့ မင်းဆန္ဒပေါ့..။ငါ့ရဲ့ ရည်ရွယ်ချက်တွေကောင်းပေမယ့်လုပ်ရပ်တွေမှားခဲ့တယ်..ဒါဟာ ရွေးချယ်မှုမပေးတဲ့ ကံကြမ္မာ ကြောင့်ပဲခုငါရွေးချယ်နိုင်ပြီလေ..ငါ့ သားလေးရဲ့ အနာဂတ်ကို မထိခိုက်စေချင်တော့ဘူး..ကဲသွားတော့ ချစ်ငြိမ်း..။လူနှစ်ယောက် လမ်းခွဲထွက်သွားတယ်..။လူတစ်ယောက် မျက်ရည်တွေနဲ့ ဆို့နစ်စွာကျန်ရစ်ခဲ့တယ်..။အရာရာ ကို ရက်စက်လွန်းသူဆိုတဲ့ သူ့အဖေက သူ့အတွက် အရာရာကို ရက်စက်ခြင်းကိုဖုံးအုပ်ထားတယ်..။သူသိလိုက်တဲ့ အသိက နေလုံးအပူချိန်ကြောင့် နေလုံးကြီးကိုအပြစ်နေကြတယ်..ဒါပေမယ့် နေလုံးကြီးကိုယ်တိုင်ပူလောင်နေတာ သူမ သိခဲ့ဘူး..။ပြီးတော့ ဘဝဆိုတာ တစ်ခုခုပေးဆပ်ပြီးမှ ထိုက်တန်တဲ့အရာတစ်ခုခုကိုရရှိကြစမြဲဆိုတာ..။နောက်တစ်ခုက ဘဝနဲ့ရင်းပြီး ရလိုက်တဲ့ သင်ခန်းစားဟာစာအုပ်ပေါင်းများစွာထက် ပိုထိရောက်တယ်ဆိုတာ..။

credit – ဘာမထီဘွား..အတွေးစာစုလေးများ

[zawgyi]

တစ္ခါတုန္းက ၿမိဳ႕တစ္ၿမိဳ႕မွာအရမ္းထူးခြၽန္တဲ့ သူခိုးတစ္ေယာက္ရယ္၊ ေနာက္လိုက္တစ္ေယာက္ရယ္ရွိတယ္..သူတို႔ဝင္ခိုးတဲ့ အရာမွန္သမွ် ရသလိုဘယ္တုန္းကမွ လည္း အဖမ္းမခံရဘူး..ဒါေပမယ့္ သူခိုးက သူတို႔လိုသေလာက္ပဲခိုးတယ္..စည္းထားတယ္..ေ႐ႊထည္ပစၥည္းေတြ ေသတၱာ ေလးနဲ႔ေတြ႕ရင္ေတာင္အဲ့ထဲက ဆြဲႀကိဳး ျဖစ္ျဖစ္ လက္ေကာက္ျဖစ္ျဖစ္တစ္ခုပဲခိုးတယ္..ပိုက္ဆံအုပ္ေတြ ေတြ႕လည္း တခ်ိဳ႕တစ္ဝက္ျပန္ထားခဲ့တယ္..အေဖ သားကို ဖိနပ္ဝယ္ေပးဦး..ဟိုမွာေတြ႕လား ပန္းေရာင္းေနတဲ့ ေကာင္ေလး မင္းနဲ႔႐ြယ္တူပဲ..မင္းလည္း ေက်ာင္းမသြားခင္ ပန္းေရာင္းရမယ္..ေနာက္ေန႔ ပန္းဒိုင္ဆီက ပန္းေတြယူၿပီးသားျဖစ္သူကို ေဈးေရာင္းခိုင္းတယ္..ရတဲ့အျမတ္ေတြ စုၿပီး ဖိနပ္တစ္ရံဝယ္လို႔ရမွ ဝယ္ေပးလိုက္တယ္..အေဖ ကြၽန္ေတာ္ ပုဆိုၿပဲသြားၿပီ..ဘာပုဆိုးလဲ..ေက်ာင္းစိမ္း ပုဆိုးပါ..ေရာ့ အပ္ခ်ည္နဲ႔ အပ္ ျပန္ခ်ဳပ္ေပါ့ကြ..မင္းတို႔ စာသင္ခန္းက ပုဆိုးေကာင္းမွစာသင္ေပးတာလား.. အေဖ ကြၽန္ေတာ္ စာအုပ္ကုန္သြားၿပီ..မင္း ပန္းေရာင္းရတဲ့ေငြထဲဝယ္ေပါ့ ေနာက္ဆို ငါ့လာမေျပာနဲ႔..။ၾကာလာေတာ့ သားျဖစ္သူဟာ တစ္ျခား ကေလးေတြကိုၾကည့္ၿပီး အားငယ္လာတယ္..သူ႔ဘဝ ကို သူ နာက်ည္းလာတယ္..သူ႔အေဖ က သူမ်ားအေဖေတြလိုမဟုတ္မွန္း ခံစားလာရတယ္ ဝမ္းနည္းလာရတယ္..အဲ့လိုနဲ႔ တစ္ေန႔ၿပီး တစ္ေန႔ ေက်ာင္းတက္ရင္း ေကာင္းေလးဟာ ဆယ္တန္းေအာင္ၿပီးတကၠသိုလ္ ေရာက္တယ္..အဲ့အခ်ိန္မွာေတာ့ ေကာင္ေလးဟာဆိုင္ကယ္ျပင္ဆိုင္ဖြင့္ၿပီး ေက်ာင္းတတ္ေနတဲ့သူျဖစ္လာတယ္..တေန႔ ဆိုင္ကယ္ျပင္ရင္း ညဥ့္နက္သြားတယ္..အရင္ရက္ေတြဆိုေကာင္ေလးက သူ႔ဆိုင္မွာအိပ္ၿပီးေနတာ ဒီေန႔ၾကေတာ့အိမ္မွာပစၥည္းတစ္ခု ယူစရာရွိတာနဲ႔ ညဥ့္နက္ထဲျပန္လာခဲ့တယ္..အဲ့အခ်ိန္မွာ သူ႔အိမ္ေနာက္ေဖးက လူတစ္ေယာက္ထြက္သြားတာေတြ႕လိုက္တယ္..သူ” သူခိုးလို႔ေအာ္ဖို႔ျပင္တယ္..ဒါေပမယ့္ ခႏၶာ ကိုယ္အခ်ိဳးအစားၾကည့္ၿပီးအေဖ လားမသိဘူး ညႀကီးမင္းႀကီး ဘာလုပ္တာလဲဆိုၿပီး ေနာက္ကေန တိတ္တိတ္ေလးလိုက္သြားတယ္..ၿမိဳ႕အျပင္ ဇရပ္တစ္ခုေအာက္မွာလူတစ္ေယာက္ေစာင့္ေနတာ ေတြ႕လိုက္တယ္..အသာေလး ေျခကိုေဖာ့နင္းၿပီး ၾကားႏိုင္ေလာက္တဲ့ ေနရာထိ အရဲစြန႔္ၿပီးကပ္လိုက္တယ္..ၿပီးေတာ့ ၿငိမ္ၿငိမ္ေလးေနလိုက္တယ္..ဆရာ ေနာက္က်လိုက္တာဗ်ာ..ေအး ငါ့ သား ျပန္လာမွာစိုးတာရယ္..ငါ့ မိန္းမ ႏိုးမွာ စိုးလို႔ပါ..ထန္းေျခ ႐ြာက လယ္ပိုင္ရွင္ ဦး ေတာက္ထြန္းအိမ္မွာ တေန႔က ၿမိဳ႕တက္ၿပီး လုပ္ထားတဲ့ ေ႐ႊေတြရွိတယ္လို႔သိရတယ္.. အင္း ငါ ဒီအလုပ္ေတြ မလုပ္ေတာ့ဘူး ခ်စ္ၿငိမ္း..။ခုဆို ငါ့သားေလးက ပညာတတ္ႀကီးျဖစ္ေတာ့မယ္..သူေျခသူရပ္ၿပီး ေလာကဓံရဲ႕ဆိုးျခင္းေတြကို ရဲရဲ ရင့္ရင့္ ရင္ဆိုင္ရဲေနၿပီေလ..ငါ့အတြက္ မလိုအပ္ေတာ့ဘူးေလ..မင္း ေမးေနၾကေပါ့ ဆရာ ဘာလို႔ခိုးလဲဆိုတဲ့အေျဖကို မင္းနဲ႔ငါ မခြဲခြာခင္ေနာက္ဆုံးဒီည ေျပာျပမယ္..ငါ ငယ္ငယ္ က လမ္းေပၚမွာ ေလ လြင့္ခဲ့တယ္..ပထမ လၻက္ရည္ဆိုင္က မုန႔္ေတြကိုလုေျပးတယ္..ေနာက္ ကားေပၚေတြမွာ ခါးပိုက္ႏႈိက္တယ္..ငါ့ ဘဝမွာ ပ ညာ ဆိုတာလည္းမသိ..ကူညီမယ္သူဆိုတာလည္းမရွိ ငါထမင္းမငတ္ေစဖို႔ ႐ုန္းကန္ရင္းရွင္သန္ေနခဲ့ရတာကြ..။ငါလည္း မေကာင္းမွန္းသိေပမယ့္ လူေတြက အေပၚယံၾကည့္ၿပီး အလုပ္မေပးခဲ့ၾကဘူး..။မိဘမရွိတဲ့ ေလ လြင့္ေနတဲ့ကေလးတစ္ေယာက္ကို ကူညီဖို႔ ေဝးေသး..အနားကပ္ရင္ေတာင္ ႏွာေခါင္းရႈံ႕ ေမာင္းထုတ္ၾကတယ္..။ၾကာေတာ့ ငါ သိလာတယ္..ငါေျခငါရပ္ဖို႔အတြက္ ေကာင္းေသာလမ္းမရွိရင္ေတာင္ငါ ရွင္သန္ဖို႔ ငါခိုးခဲ့တယ္..တစ္စတစ္စနဲ႔ ငါဟာ သူခိုးအႀကီးစားျဖစ္ခဲ့တယ္..ဒါေပမယ့္ ငါခိုးတဲ့အိမ္တိုင္းကို အမ်ားႀကီးမလုပ္ဘူး ဘာလို႔လဲသိလား..ငါ့ သူ႔တို႔အိမ္ေတြကို ေဖာက္ထြင္းဖို႔သုံးလိုက္ရတဲ့ အတတ္ပညာအတြက္ပဲ ငါခိုးယူခဲ့တာ ငါအိမ္ေထာင္က်ၿပီးသားေလးေမြးေတာ့ ငါလိုျဖစ္မွာအရမ္းေၾကာက္တယ္..ငါလို ကူသူမဲ့မွာစိုးတယ္..ငါလို မမွားခ်င္ပဲမွားေနတဲ့လမ္းကိုေလွ်ာက္မွာစိုးတယ္..ငါ့သားေလးကို အ႐ြယ္မမွ်တဲ့နာ က်င္မႈေတြေပးတယ္..အ႐ြယ္မမွ်တဲ့ ဒုကၡေတြကိုေပးစြမ္းတယ္..အဆိုးဆုံးက ေတာ့ ဖခင္ေမတၱာနဲ႔ေႏြးေထြးခြင့္ကိုငါဖုံးခဲ့တာပဲ..ဘာလို႔လဲ သိလား ခ်စ္ၿငိမ္း..။လူေတြဟာ နာက်င္ၿပီးမွေျပာင္းလဲသြားလို႔ပဲ..ငါ့သားေလးကို ပထမဆုံးပန္းေရာင္းခိုင္းတုန္းက အိမ္ထဲေနၾကည့္ၿပီး ငါငိုေနခဲ့တယ္..တကယ္ေတာ့ သူမျမတ္ခဲ့ဘူး ရႈံးခဲ့တယ္..ငါခိုးထားတဲ့ ေငြတခ်ိဳ႕ကို သူ႔အျမတ္လို႔ေျပာၿပီး သူလိုတဲ့ဖိနပ္ေလးကိုဝယ္ေပးတယ္..။သူ႔အလုပ္လုပ္လို႔ရတဲ့ေငြေလးေတြကိုစာအုပ္ၾကားထဲ ထည့္ထည့္စုထားခ်ိန္မွာ သူမသိေအာင္ ငါျဖည့္ျဖည့္ေပးတယ္..ခုဆို သူ႔ရဲ႕ ရပ္တည္မႈက ျဖဴစင္လြန္းသြားၿပီးလူတစ္ေယာက္ေျပာင္းလဲဖို႔အတြက္ရက္စက္တယ္ေျပာခ်င္ေျပာၾကပါေစ..။ငါ့အသိ ငါ့အေတြးမွာ မွန္တယ္..ဘယ္ ေလာက္ထိ ငါ့ကိုရက္စက္တယ္ေျပာေျပာငါ ဒီလမ္းကို ေဖာက္ခ်ိန္မွာဖခင္ဆိုတဲ့ လူတစ္ေယာက္ သိစိတ္ေတြေနာက္မွာက်န္ေနခဲ့ရတာ..။ဒါေတြ ဘယ္သူမွမသိဘူး ငါ့သားလည္းမသိေစရဘူး..။ကဲခ်စ္ၿငိမ္း မင္းနဲ႔ငါတြဲလုပ္လာတာၾကာၿပီ ဆရာ တပည့္လည္းဟုတ္တယ္..လုပ္ေဖာ္ ကိုင္ဖက္လည္းျဖစ္တယ္..သစၥာတရားကို ငါ့တို႔ေလာက္ဘယ္သူသိမွာလဲ..ခု ငါဒီအလုပ္ကိုမလုပ္ေတာ့ဘူး..မင္း ကေတာ့ မင္းဆႏၵေပါ့..။ငါ့ရဲ႕ ရည္႐ြယ္ခ်က္ေတြေကာင္းေပမယ့္လုပ္ရပ္ေတြမွားခဲ့တယ္..ဒါဟာ ေ႐ြးခ်ယ္မႈမေပးတဲ့ ကံၾကမၼာ ေၾကာင့္ပဲခုငါေ႐ြးခ်ယ္ႏိုင္ၿပီေလ..ငါ့ သားေလးရဲ႕ အနာဂတ္ကို မထိခိုက္ေစခ်င္ေတာ့ဘူး..ကဲသြားေတာ့ ခ်စ္ၿငိမ္း..။လူႏွစ္ေယာက္ လမ္းခြဲထြက္သြားတယ္..။လူတစ္ေယာက္ မ်က္ရည္ေတြနဲ႔ ဆို႔နစ္စြာက်န္ရစ္ခဲ့တယ္..။အရာရာ ကို ရက္စက္လြန္းသူဆိုတဲ့ သူ႔အေဖက သူ႔အတြက္ အရာရာကို ရက္စက္ျခင္းကိုဖုံးအုပ္ထားတယ္..။သူသိလိုက္တဲ့ အသိက ေနလုံးအပူခ်ိန္ေၾကာင့္ ေနလုံးႀကီးကိုအျပစ္ေနၾကတယ္..ဒါေပမယ့္ ေနလုံးႀကီးကိုယ္တိုင္ပူေလာင္ေနတာ သူမ သိခဲ့ဘူး..။ၿပီးေတာ့ ဘဝဆိုတာ တစ္ခုခုေပးဆပ္ၿပီးမွ ထိုက္တန္တဲ့အရာတစ္ခုခုကိုရရွိၾကစၿမဲဆိုတာ..။ေနာက္တစ္ခုက ဘဝနဲ႔ရင္းၿပီး ရလိုက္တဲ့ သင္ခန္းစားဟာစာအုပ္ေပါင္းမ်ားစြာထက္ ပိုထိေရာက္တယ္ဆိုတာ..။