ရေကန်ထဲက ငါး(၃)ကောင်

ရေကန်တစ်ခုထဲမှာ ငါးသုံးကောင်အတူတကွနေထိုင်ကြပါတယ်။ ငါးတစ်ကောင်စီမှာ မတူညီတဲ့အကျင့်စရိုက်တွေရှိကြပါတယ်။ နံပါတ် ၁ ငါး က အတိတ်က အကြောင်းကိုသာတွေးပြီး အမြဲပျင်းရိလေးကန်နေတတ်ပါတယ်။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်သင့်တယ် ဆိုတာကို ပထမငါးက လုံးဝလက်မခံပါဘူး။ ပထမငါးဟာ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်” ဆိုတဲ့အဆိုကို လုံးဝဆန့်ကျင်တဲ့သူမျိုးပါပဲ။ သူ့အတွက် ဖြစ်လာမှ ရင်ဆိုင်လိုက်မယ်၊ ဘာကိုမှ ကြိုမတွေးထားသလို ဘာကိုမှလည်း ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ အမြဲတမ်းပျင်းရိနေတတ်ပါတယ်။ဒုတိယငါးကတော့ ပစ္စုပ္ပန်မှာ နေထိုင်တဲ့ငါးပါပဲ။ ဒုတိယငါးကတော့ ဉာဏ်ရှိပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်တတ်သလို၊ နောက်ဆုံးမိနစ်မှာတောင် အကောင်းဆုံးဆုံးဖြတ်ချက်တွေချတတ်သူမျိုးပါ။ တတိယငါးကတော့ ဉာဏ်အ ကောင်းဆုံးပါပဲ။ သူကအမြဲတမ်းဖြစ်လာနိုင်တာတွေကို ကြိုတင်တွက်ဆထားတတ်ပါတယ်။ ဉာဏ်ရှိစွာနဲ့ ဆုံးဖြတ်ချက်ချတတ်ပြီး အ မြဲတမ်း သူ့ဆီမှာ စိတ်ဝင်စားစရာကောင်းတဲ့ အတွေးအခေါ်မျိုးတွေရှိနေတတ်ပါတယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်တတ်အောင် လုံခြုံမှုရှိအောင် အမြဲအကြံကောင်းတွေပေးတတ်ပါတယ်။ တစ်နေ့မှာတော့ လူတွေရဲ့စကားပြောသံကိုကြားတဲ့အတွက် ငါးတစ်ကောင်က ကျန်တဲ့ငါးနှစ်ကောင်ကို တိတ်တိတ်လေးလာနားထောင်ဖို့ ခေါ်လိုက်ပါတယ်။ ရေကန်ပေါ်မှာ ပထမလူကပြောနေသံကိုကြားရပါတယ်။ “ ငါ..ဒီကန်ထဲမှာ ငါးတွေရှိတာတွေ့တယ်ကွ၊ တော်တော်လည်းကြီးတယ်၊ အဲဒီ့တော့ ငါတို့တခြားနေရာမှာ အချိန်ဖြုန်းမယ့်အစား ဒီနေရာမှာပဲ ငါး မျှားကြရအောင်ကွာ” ဒုတိယလူကပြန်ပြောပါတယ် “ အေး…ဟုတ်တယ် မင်းအကြံကို ငါထောက်ခံတယ်။ ဒီကန်ထဲက ငါးတွေပဲ မျှားပြီး ချက်စားကြတာပေါ့ကွာ။ အဲဒါဆို ငါတို့ မနက်ဖြန်နေ့လည်လောက်ကျရင် ဒီနေရာမှာ ငါတို့ဆုံပြီး ငါးဖမ်းကြမယ်ကွာ။”စကားသံတွေဆုံးသွားတဲ့အခါမှာတော့ ထိုလူနှစ်ယောက်ထွက်ခွာသွားတဲ့ ခြေသံတွေကို ကြားလိုက်ရပါတော့တယ်။ အဲဒီ့အချိန်မှာ ထိုလူနှစ်ယောက်ပြောသမျှကို နား ထောင်နေတဲ့ ငါး၃ကောင်က အချင်းချင်းစကားပြောကြပါတယ်။ နံပါတ် ၃ ငါးက အခြားနှစ်ကောင်ကိုပြောလိုက်ပါတယ်။ “ဟေ့ကောင်တွေ …သူတို့က မနက်ဖြန် ငါတို့ကို လာဖမ်းမယ့်အကြောင်းကို ပြောနေတာကွ။

အဲဒီ့တော့ ငါတို့ အခြားတစ်နေ့ကို ခဏလောက်ပြောင်းနေလိုက်တာကောင်းမယ်နော်” နံပါတ် ၂ ငါးက ထပြောပါတယ် “အေး…ဟုတ်တယ် ငါလဲကြားတယ်။ ဒါပေမယ့် မနက်ဖြန် သူတို့ပြန်လာမယ်၊ ပြန်မလာဘူးဆိုတာက မကျိန်းသေပါဘူးကွာ။ ဒီနားဝန်းကျင်က အခြားနေရာမှာလည်း ငါးမျှားတာဖြစ်နိုင်တာပဲကွ၊ တကယ်ဖမ်းဖြစ်မဖမ်းဖြစ် ဆိုတာက မနက်ဖြန် သူတို့နှစ်ယောက်ပြန်လာမှ သေချာမှာလေကွာ”အဲဒီ့အ ချိန်မှာ နံပါတ် ၁ ငါးက ထပြောပါတယ်။ “အမလေးကွာ လျစ်လျူရှုထားလိုက်စမ်းပါ။ မနက်ဖြန်ထိစဉ်းစားမနေနဲ့ ၊ ခုလိုချိန်မှာ ငါတို့ အ နားယူဖို့၊ အေးအေးဆေးဆေးနေဖို့အချိန်ရသေးတယ်၊ နေလိုက်အုံးမယ်” ပြောပြီးတာနဲ့ နံပါတ် ၁ ငါးကတော့ အေးဆေးပဲ ပြန်အိပ်နေသတဲ့။ နံ ပါတ် ၃ ငါးကတော့ ထိုနေရာနားကနေ ခပ်မြန်မြန် ထွက်ခွာပြီး အခြားဘေးကင်းတဲ့နေရာတစ်ခုကို ပြောင်းသတဲ့။ နံပါတ် ၂ ငါးကတော့ “မ နက်ဖြန်သူတို့ပြန်လာတာတွေ့မှ ငါတော့လစ်တော့မယ်” ဆိုပြီး ကျန်ခဲ့သတဲ့။နောက်တစ်နေ့မှာ ငါးဖမ်းသမား ၂ယောက်ပြန်ရောက်လာခဲ့ပါတယ်။ နံပါတ် ၂ ငါးက ထိုလူနှစ်ယောက်ကို မြင်တာနဲ့ သူလွတ်ဖို့ လမ်းကိုအကြံထုတ်နေပါသတဲ့။ နံပါတ် ၂ ငါးက ကြိုတင်ကြံစည်ထားတဲ့အတိုင်း မဖမ်းမိခင်မှာပဲ သေချင်ယောင်ဆောင်ပြီး နေပါတယ်။ ငါးဖမ်းသမားတွေဟာ နံပါတ် ၂ ငါးကိုမြင်တဲ့အခါ သေပြီးသားငါးပဲဆိုပြီး အခြားငါးတွေပုပ်စော်နံမှာစိုးတာကြောင့် နံပါတ် ၂ ငါးကို ရေကန်ထဲကိုပြန် လွှင့်ပစ်လိုက်ပါတယ်။ အဲဒီလိုနဲ့ နံပါတ် ၂ ငါးက လွတ် မြောက် သွားပါတယ်။ နံပါတ် ၁ ငါးကတော့ ကြောက်လန့်တကြားဖြစ်နေတာကလွဲပြီး ဘာမှမစဉ်းစားနိုင်ပါဘူး။ အဲဒီ့အချိန်မှာပဲ ငါးဖမ်းသမား ၂ ယောက်က နံပါတ် ၁ငါးကို ဖမ်းမိသွားပါတော့တယ်။ ခြင်းတောင်းထဲထည့်ပြီး မကြာခင်မှာပဲ အသက်သေဆုံးသွားရပါတော့တယ်။ အဲဒါကြောင့် ဘဝမှာ ကြိုတင်စီစဉ် ကာကွယ်ခြင်းဟာ ဘဝအတွက်ပိုကောင်းပါတယ်လို့ ပြောကြတာဖြစ်ပါတယ်။သင်ခန်းစာလေးကတော့ ကျွန် တော်တို့တွေရဲ့ဘဝမှာလည်း မနက်ဖြန်မှ လုပ်လိုက်မယ်၊ ဒီနေ့တော့ ဘာမှမဖြစ်နိုင်ပါဘူးလို့ စဉ်းစားနေမယ့်အစား ကြိုတင်ကာကွယ်နိုင်သ လောက်ကာကွယ်ခြင်းဟာ ဖြစ်လာမှ ကုသခြင်းထက် ပိုပြီး အကျိုးရှိတယ်ဆိုတာကို ဒီအကြောင်းအရာလေးက ပြောပြထားတာဖြစ်ပါတယ်။

Credit – BAWA

[zawgyi]

ေရကန္တစ္ခုထဲမွာ ငါးသုံးေကာင္အတူတကြေနထိုင္ၾကပါတယ္။ ငါးတစ္ေကာင္စီမွာ မတူညီတဲ့အက်င့္စ႐ိုက္ေတြရွိၾကပါတယ္။ နံပါတ္ ၁ ငါး က အတိတ္က အေၾကာင္းကိုသာေတြးၿပီး အၿမဲပ်င္းရိေလးကန္ေနတတ္ပါတယ္။ အနာဂတ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြလုပ္သင့္တယ္ ဆိုတာကို ပထမငါးက လုံးဝလက္မခံပါဘူး။ ပထမငါးဟာ “ႀကိဳတင္ကာကြယ္ျခင္းသည္ ကုသျခင္းထက္ပိုေကာင္းသည္” ဆိုတဲ့အဆိုကို လုံးဝဆန႔္က်င္တဲ့သူမ်ိဳးပါပဲ။ သူ႔အတြက္ ျဖစ္လာမွ ရင္ဆိုင္လိုက္မယ္၊ ဘာကိုမွ ႀကိဳမေတြးထားသလို ဘာကိုမွလည္း ႀကိဳတင္ျပင္ဆင္ထားျခင္းမရွိဘဲ အၿမဲတမ္းပ်င္းရိေနတတ္ပါတယ္။ဒုတိယငါးကေတာ့ ပစၥဳပၸန္မွာ ေနထိုင္တဲ့ငါးပါပဲ။ ဒုတိယငါးကေတာ့ ဉာဏ္ရွိၿပီး ႀကိဳတင္ျပင္ဆင္မႈေတြလုပ္တတ္သလို၊ ေနာက္ဆုံးမိနစ္မွာေတာင္ အေကာင္းဆုံးဆုံးျဖတ္ခ်က္ေတြခ်တတ္သူမ်ိဳးပါ။ တတိယငါးကေတာ့ ဉာဏ္အ ေကာင္းဆုံးပါပဲ။ သူကအၿမဲတမ္းျဖစ္လာႏိုင္တာေတြကို ႀကိဳတင္တြက္ဆထားတတ္ပါတယ္။ ဉာဏ္ရွိစြာနဲ႔ ဆုံးျဖတ္ခ်က္ခ်တတ္ၿပီး အ ၿမဲတမ္း သူ႔ဆီမွာ စိတ္ဝင္စားစရာေကာင္းတဲ့ အေတြးအေခၚမ်ိဳးေတြရွိေနတတ္ပါတယ္။ ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ရွင္သန္တတ္ေအာင္ လုံၿခဳံမႈရွိေအာင္ အၿမဲအႀကံေကာင္းေတြေပးတတ္ပါတယ္။ တစ္ေန႔မွာေတာ့ လူေတြရဲ႕စကားေျပာသံကိုၾကားတဲ့အတြက္ ငါးတစ္ေကာင္က က်န္တဲ့ငါးႏွစ္ေကာင္ကို တိတ္တိတ္ေလးလာနားေထာင္ဖို႔ ေခၚလိုက္ပါတယ္။ ေရကန္ေပၚမွာ ပထမလူကေျပာေနသံကိုၾကားရပါတယ္။ “ ငါ..ဒီကန္ထဲမွာ ငါးေတြရွိတာေတြ႕တယ္ကြ၊ ေတာ္ေတာ္လည္းႀကီးတယ္၊ အဲဒီ့ေတာ့ ငါတို႔တျခားေနရာမွာ အခ်ိန္ျဖဳန္းမယ့္အစား ဒီေနရာမွာပဲ ငါး မွ်ားၾကရေအာင္ကြာ” ဒုတိယလူကျပန္ေျပာပါတယ္ “ ေအး…ဟုတ္တယ္ မင္းအႀကံကို ငါေထာက္ခံတယ္။ ဒီကန္ထဲက ငါးေတြပဲ မွ်ားၿပီး ခ်က္စားၾကတာေပါ့ကြာ။ အဲဒါဆို ငါတို႔ မနက္ျဖန္ေန႔လည္ေလာက္က်ရင္ ဒီေနရာမွာ ငါတို႔ဆုံၿပီး ငါးဖမ္းၾကမယ္ကြာ။”စကားသံေတြဆုံးသြားတဲ့အခါမွာေတာ့ ထိုလူႏွစ္ေယာက္ထြက္ခြာသြားတဲ့ ေျခသံေတြကို ၾကားလိုက္ရပါေတာ့တယ္။ အဲဒီ့အခ်ိန္မွာ ထိုလူႏွစ္ေယာက္ေျပာသမွ်ကို နား ေထာင္ေနတဲ့ ငါး၃ေကာင္က အခ်င္းခ်င္းစကားေျပာၾကပါတယ္။ နံပါတ္ ၃ ငါးက အျခားႏွစ္ေကာင္ကိုေျပာလိုက္ပါတယ္။ “ေဟ့ေကာင္ေတြ …သူတို႔က မနက္ျဖန္ ငါတို႔ကို လာဖမ္းမယ့္အေၾကာင္းကို ေျပာေနတာကြ။အဲဒီ့ေတာ့ ငါတို႔ အျခားတစ္ေန႔ကို ခဏေလာက္ေျပာင္းေနလိုက္တာေကာင္းမယ္ေနာ္” နံပါတ္ ၂ ငါးက ထေျပာပါတယ္ “ေအး…ဟုတ္တယ္ ငါလဲၾကားတယ္။ ဒါေပမယ့္ မနက္ျဖန္ သူတို႔ျပန္လာမယ္၊ ျပန္မလာဘူးဆိုတာက မက်ိန္းေသပါဘူးကြာ။ ဒီနားဝန္းက်င္က အျခားေနရာမွာလည္း ငါးမွ်ားတာျဖစ္ႏိုင္တာပဲကြ၊ တကယ္ဖမ္းျဖစ္မဖမ္းျဖစ္ ဆိုတာက မနက္ျဖန္ သူတို႔ႏွစ္ေယာက္ျပန္လာမွ ေသခ်ာမွာေလကြာ”အဲဒီ့အ ခ်ိန္မွာ နံပါတ္ ၁ ငါးက ထေျပာပါတယ္။ “အမေလးကြာ လ်စ္လ်ဴရႈထားလိုက္စမ္းပါ။ မနက္ျဖန္ထိစဥ္းစားမေနနဲ႔ ၊ ခုလိုခ်ိန္မွာ ငါတို႔ အ နားယူဖို႔၊ ေအးေအးေဆးေဆးေနဖို႔အခ်ိန္ရေသးတယ္၊ ေနလိုက္အုံးမယ္” ေျပာၿပီးတာနဲ႔ နံပါတ္ ၁ ငါးကေတာ့ ေအးေဆးပဲ ျပန္အိပ္ေနသတဲ့။ နံ ပါတ္ ၃ ငါးကေတာ့ ထိုေနရာနားကေန ခပ္ျမန္ျမန္ ထြက္ခြာၿပီး အျခားေဘးကင္းတဲ့ေနရာတစ္ခုကို ေျပာင္းသတဲ့။ နံပါတ္ ၂ ငါးကေတာ့ “မ နက္ျဖန္သူတို႔ျပန္လာတာေတြ႕မွ ငါေတာ့လစ္ေတာ့မယ္” ဆိုၿပီး က်န္ခဲ့သတဲ့။ေနာက္တစ္ေန႔မွာ ငါးဖမ္းသမား ၂ေယာက္ျပန္ေရာက္လာခဲ့ပါတယ္။ နံပါတ္ ၂ ငါးက ထိုလူႏွစ္ေယာက္ကို ျမင္တာနဲ႔ သူလြတ္ဖို႔ လမ္းကိုအႀကံထုတ္ေနပါသတဲ့။ နံပါတ္ ၂ ငါးက ႀကိဳတင္ႀကံစည္ထားတဲ့အတိုင္း မဖမ္းမိခင္မွာပဲ ေသခ်င္ေယာင္ေဆာင္ၿပီး ေနပါတယ္။ ငါးဖမ္းသမားေတြဟာ နံပါတ္ ၂ ငါးကိုျမင္တဲ့အခါ ေသၿပီးသားငါးပဲဆိုၿပီး အျခားငါးေတြပုပ္ေစာ္နံမွာစိုးတာေၾကာင့္ နံပါတ္ ၂ ငါးကို ေရကန္ထဲကိုျပန္ လႊင့္ပစ္လိုက္ပါတယ္။ အဲဒီလိုနဲ႔ နံပါတ္ ၂ ငါးက လြတ္ ေျမာက္ သြားပါတယ္။ နံပါတ္ ၁ ငါးကေတာ့ ေၾကာက္လန႔္တၾကားျဖစ္ေနတာကလြဲၿပီး ဘာမွမစဥ္းစားႏိုင္ပါဘူး။ အဲဒီ့အခ်ိန္မွာပဲ ငါးဖမ္းသမား ၂ ေယာက္က နံပါတ္ ၁ငါးကို ဖမ္းမိသြားပါေတာ့တယ္။ ျခင္းေတာင္းထဲထည့္ၿပီး မၾကာခင္မွာပဲ အသက္ေသဆုံးသြားရပါေတာ့တယ္။ အဲဒါေၾကာင့္ ဘဝမွာ ႀကိဳတင္စီစဥ္ ကာကြယ္ျခင္းဟာ ဘဝအတြက္ပိုေကာင္းပါတယ္လို႔ ေျပာၾကတာျဖစ္ပါတယ္။သင္ခန္းစာေလးကေတာ့ ကြၽန္ ေတာ္တို႔ေတြရဲ႕ဘဝမွာလည္း မနက္ျဖန္မွ လုပ္လိုက္မယ္၊ ဒီေန႔ေတာ့ ဘာမွမျဖစ္ႏိုင္ပါဘူးလို႔ စဥ္းစားေနမယ့္အစား ႀကိဳတင္ကာကြယ္ႏိုင္သ ေလာက္ကာကြယ္ျခင္းဟာ ျဖစ္လာမွ ကုသျခင္းထက္ ပိုၿပီး အက်ိဳးရွိတယ္ဆိုတာကို ဒီအေၾကာင္းအရာေလးက ေျပာျပထားတာျဖစ္ပါတယ္။