ရွှေ အလေးချိန် တွက်နည်း

ရွှေဆိုတာနဲ့လူတိုင်းကတန်ဖိုးထားတဲ့အဖိုးတန်လက်ဝတ်ရတနာပဲဖြစ်ပါတယ်။ လက်ဝတ် လက် စားအနေနဲ့သာမက ၁၆ပဲရည်(မီးလင်းအခေါက်ရွှေ)အဖြစ်လည်း ဝယ်ယူကြတာကိုတွေ့ရပါတယ်။လူတိုင်းကတော့ရွှေကိုအနည်းနဲ့အမျှဝယ်ယူကြပေမဲ့ ရွှေတွက်နည်းကိုတော့လူတိုင်းကသတိပြုမိချင်မှပြုမိပါလိမ့်မယ်။ဒီနေ့မှာတော့ ရွှေကိုစုဖို့ဝယ်တာပဲဖြစ်ဖြစ်၊ ဝတ်ဖို့ဝယ်တာဖြစ်ဖြစ် ဆိုင်ကတွက်ပေးတာကို ကိုယ်ကသိပြီးတွက်တတ်ဖို့အတွက် ဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်။ရွှေတွက်နည်း – ၁၆ပဲရည်တစ်ကျပ်သား ပေါက်ဈေးကို ကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစား တစ်ကျပ်သားဈေးအဖြစ် အရင်တွက်ရပါမယ်။ ဥပမာ ၁၄ ပဲရည် အပြင်စပ်အတွက် – 16÷18 ×ပေါက်ဈေး ။ 16÷18 × 887000=788444 ။၁၄ ပဲရည် အတွင်းစပ်အတွက် – 14÷16× ပေါက်ဈေး။ ၁၅ ပဲရည်အတွက် – 16÷17 ×ပေါက်ဈေး (အပြင်စပ်)15÷16× ပေါက်ဈေး (အတွင်းစပ်) ရွှေအမျိုးအစားရဲ့တစ်ကျပ်သားဈေးတွက်ချက်နည်းကိုဖော်ပြပြီးတဲ့နောက်မှာ စုစုပေါင်းအလေးချိန်တွက်နည်းကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။

ရွေး÷8+ပဲ÷16+ကျပ်×တစ်ကျပ်သားဈေး – ဥပမာ>>>> ၁၄ ပဲရည် အပြင်စပ်။ ရွှေတင်ချိန် 1 ကျပ် 7 ပဲ 4 ရွေး အလျော့တွက် 1 ပဲ 6 ရွေး ဆိုပါဆို့ပေါင်းလိုက်ရင် 1 ကျပ် 9 ပဲ 2 ရွေးပါ။ 2÷8+9÷16+1×788444=1244263 ပါ။ရွှေဝယ်ပြီး ပြန်ရောင်းတဲ့အခါမှာလက်ရှိရွှေဈေးကတက်နေပေမဲ့ ပြန်ရောင်းတဲ့အခါအလျော့တွက်ကို ထည့်မတွက်ပဲ ရွှေတင်ချိန်ကိုသာတွက်တဲ့အတွက် ရှုံးတာဖြစ်ပါတယ်။အလျော့တွက်ဆိုသည်မှာ အထည်လုပ်တဲ့အချိန်ရွှေအလေအလွင့်နဲ့ ပန်းထိမ်ဆရာလက်ခအတွက်ပေးရခြင်းကြောင့် ပြန်မရခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကို မြန်မာရွှေဈေးအဖြစ်တွက်နည်းကတော့ – ကမ္ဘာ့ရွှေဈေး÷1.875×ဒေါ်လာပေါက်ဈေးပါ။ 1304÷1.875×1280=890000 ပါ။

မူရင်း Credit

[zawgyi]

ေ႐ႊဆိုတာနဲ႔လူတိုင္းကတန္ဖိုးထားတဲ့အဖိုးတန္လက္ဝတ္ရတနာပဲျဖစ္ပါတယ္။ လက္ဝတ္လက္စားအေနနဲ႔သာမက ၁၆ပဲရည္(မီးလင္းအေခါက္ေ႐ႊ)အျဖစ္လည္း ဝယ္ယူၾကတာကိုေတြ႕ရပါတယ္။လူတိုင္းကေတာ့ေ႐ႊကိုအနည္းနဲ႔အမွ်ဝယ္ယူၾကေပမဲ့ ေ႐ႊတြက္နည္းကိုေတာ့လူတိုင္းကသတိျပဳမိခ်င္မွျပဳမိပါလိမ့္မယ္။ဒီေန႔မွာေတာ့ ေ႐ႊကိုစုဖို႔ဝယ္တာပဲျဖစ္ျဖစ္၊ ဝတ္ဖို႔ဝယ္တာျဖစ္ျဖစ္ ဆိုင္ကတြက္ေပးတာကို ကိုယ္ကသိၿပီးတြက္တတ္ဖို႔အတြက္ ဗဟုသုတအေနနဲ႔မွ်ေဝေပးလိုက္ပါတယ္။ေ႐ႊတြက္နည္း – ၁၆ပဲရည္တစ္က်ပ္သား ေပါက္ေဈးကို ကိုယ္တြက္ခ်င္တဲ့ ေ႐ႊအမ်ိဳးအစား တစ္က်ပ္သားေဈးအျဖစ္ အရင္တြက္ရပါမယ္။ ဥပမာ ၁၄ ပဲရည္ အျပင္စပ္အတြက္ – 16÷18 ×ေပါက္ေဈး ။ 16÷18 × 887000=788444 ။၁၄ ပဲရည္ အတြင္းစပ္အတြက္ – 14÷16× ေပါက္ေဈး။ ၁၅ ပဲရည္အတြက္ – 16÷17 ×ေပါက္ေဈး (အျပင္စပ္)15÷16× ေပါက္ေဈး (အတြင္းစပ္) ေ႐ႊအမ်ိဳးအစားရဲ႕တစ္က်ပ္သားေဈးတြက္ခ်က္နည္းကိုေဖာ္ျပၿပီးတဲ့ေနာက္မွာ စုစုေပါင္းအေလးခ်ိန္တြက္နည္းကို ထပ္မံေဖာ္ျပေပးလိုက္ပါတယ္။ေ႐ြး÷8+ပဲ÷16+က်ပ္×တစ္က်ပ္သားေဈး – ဥပမာ>>>> ၁၄ ပဲရည္ အျပင္စပ္။ ေ႐ႊတင္ခ်ိန္ 1 က်ပ္ 7 ပဲ 4 ေ႐ြး အေလ်ာ့တြက္ 1 ပဲ 6 ေ႐ြး ဆိုပါဆို႔ေပါင္းလိုက္ရင္ 1 က်ပ္ 9 ပဲ 2 ေ႐ြးပါ။ 2÷8+9÷16+1×788444=1244263 ပါ။ေ႐ႊဝယ္ၿပီး ျပန္ေရာင္းတဲ့အခါမွာလက္ရွိေ႐ႊေဈးကတက္ေနေပမဲ့ ျပန္ေရာင္းတဲ့အခါအေလ်ာ့တြက္ကို ထည့္မတြက္ပဲ ေ႐ႊတင္ခ်ိန္ကိုသာတြက္တဲ့အတြက္ ရႈံးတာျဖစ္ပါတယ္။အေလ်ာ့တြက္ဆိုသည္မွာ အထည္လုပ္တဲ့အခ်ိန္ေ႐ႊအေလအလြင့္နဲ႔ ပန္းထိမ္ဆရာလက္ခအတြက္ေပးရျခင္းေၾကာင့္ ျပန္မရျခင္းျဖစ္ပါတယ္။ ကမာၻ႔ေ႐ႊေဈးကို ျမန္မာေ႐ႊေဈးအျဖစ္တြက္နည္းကေတာ့ – ကမာၻ႔ေ႐ႊေဈး÷1.875×ေဒၚလာေပါက္ေဈးပါ။ 1304÷1.875×1280=890000 ပါ။