ရှေးလူကြီးတို့ ၏ မိုးခေါင်မည်ဖြစ်ကြောင်း သိနိုင်သည့် နိမိတ်အဟောများ

မိုးခါဖြစ်လျက် ပုရွက်အမျိုး ရေအိုးအောက်ဝင် ဖြစ်ခဲ့ချင်မိုးလျှင်ခေါင်တတ်စွာ။ဖားသတ္တဝါကား ကုန်းကျက်စား မိုးများခေါင်တတ်လှ။ ဖားမြည်သံပါး ဖြစ်ကုန်ငြား မိုးများသွယ်ရှောင်ကြ ၊ငှက်သိုက်မြေနား ပြုလာငြား မိုးများရွာဖူးပ။ပုစွန်ရေနား တွင်းကိုထား မိုးများခေါင်ကြောင်းပြ၊ရေသတ္တဝါကုန်း ၊ကုန်းသတ္တဝါရေ ကျက်စားလေ မိုးသွေကွင်းမည်ပ။မိုးရာသီ၌ပုရွက်ဆိပ်တို့သည် ရေအိုးအောက်(သို့)ရေအိုးထဲဝင်နေသည်ကိုမြင်ပါက မိုးခေါင်မည်ဖြစ်ကြောင်းနိမိတ်တည်း။ ဖားသတ္တဝါတို့သည် ကုန်း၌ကျက်စားသွားလာနေသည်ကိုမြင်ပါက မိုးခေါင်မည်ဖြစ်ကြောင်းနိမိတ်တည်း။

မိုးရာသီအားရောက်လာသော်လည်း ဖားသတ္တဝါတို့သည် အော်မြည်ခြင်းနည်းပါက မိုးခေါင်မည်ဖြစ်ကြောင်း နိမိတ်တည်း။သစ်ပင်တို့၌တွဲလောင်းချိတ်ကာအိမ်ဖွဲ့နေတတ်သော စာကလေးငှက်တို့၏အသိုက်တို့သည်နိမ့်သောသစ်သစ်ပင် တို့၌သာအိမ်ဖွဲ့၍ နေပါကလည်းမိုးခေါင်မည် ဖြစ်ကြောင်းနိမိတ်တည်း။ပုစွန်လုံး(ဂဏန်း)တို့သည်ရေ၌သာနေကြပြီးတွင်း ထဲ၌မနေကြပဲသွားလာနေကြသည်ကိုမြင်ပါက မိုးခေါင်မည်ဖြစ်ကြောင်းနိမိတ်တည်း။ရေနေသတ္တဝါများသည် ကုန်း၌သာနေကြပြီးကုန်း နေသတ္တဝါများသည်ရေ၌နေထိုင်ကြသည်ကိုမြင် ပါကမိုးခေါင်မည်ဖြစ်ကြောင်းနိမိတ်တည်း။မိုးရွာသွန်းနေလျှင်လည်းတစ်နာရီအတွင်းပြန်လည်၍မိုးတိတ်မည်ဖြစ်ကြောင်းရှေ့ပြေးသင်္ကေတများ ရှိနေပေသေးသည်။ ကိုးကား – ဗေဒင်ဟောပုံကျမ်း

Credit ; လင်းထင်ကျော်

[zawgyi]

မိုးခါျဖစ္လ်က္ ပု႐ြက္အမ်ိဳး ေရအိုးေအာက္ဝင္ ျဖစ္ခဲ့ခ်င္မိုးလွ်င္ေခါင္တတ္စြာ။ဖားသတၱဝါကား ကုန္းက်က္စား မိုးမ်ားေခါင္တတ္လွ။ ဖားျမည္သံပါး ျဖစ္ကုန္ျငား မိုးမ်ားသြယ္ေရွာင္ၾက ၊ငွက္သိုက္ေျမနား ျပဳလာျငား မိုးမ်ား႐ြာဖူးပ။ပုစြန္ေရနား တြင္းကိုထား မိုးမ်ားေခါင္ေၾကာင္းျပ၊ေရသတၱဝါကုန္း ၊ကုန္းသတၱဝါေရ က်က္စားေလ မိုးေသြကြင္းမည္ပ။မိုးရာသီ၌ပု႐ြက္ဆိပ္တို႔သည္ ေရအိုးေအာက္(သို႔)ေရအိုးထဲဝင္ေနသည္ကိုျမင္ပါက မိုးေခါင္မည္ျဖစ္ေၾကာင္းနိမိတ္တည္း။ ဖားသတၱဝါတို႔သည္ ကုန္း၌က်က္စားသြားလာေနသည္ကိုျမင္ပါက မိုးေခါင္မည္ျဖစ္ေၾကာင္းနိမိတ္တည္း။မိုးရာသီအားေရာက္လာေသာ္လည္း ဖားသတၱဝါတို႔သည္ ေအာ္ျမည္ျခင္းနည္းပါက မိုးေခါင္မည္ျဖစ္ေၾကာင္း နိမိတ္တည္း။သစ္ပင္တို႔၌တြဲေလာင္းခ်ိတ္ကာအိမ္ဖြဲ႕ေနတတ္ေသာ စာကေလးငွက္တို႔၏အသိုက္တို႔သည္နိမ့္ေသာသစ္သစ္ပင္ တို႔၌သာအိမ္ဖြဲ႕၍ ေနပါကလည္းမိုးေခါင္မည္ ျဖစ္ေၾကာင္းနိမိတ္တည္း။ပုစြန္လုံး(ဂဏန္း)တို႔သည္ေရ၌သာေနၾကၿပီးတြင္း ထဲ၌မေနၾကပဲသြားလာေနၾကသည္ကိုျမင္ပါက မိုးေခါင္မည္ျဖစ္ေၾကာင္းနိမိတ္တည္း။ေရေနသတၱဝါမ်ားသည္ ကုန္း၌သာေနၾကၿပီးကုန္း ေနသတၱဝါမ်ားသည္ေရ၌ေနထိုင္ၾကသည္ကိုျမင္ ပါကမိုးေခါင္မည္ျဖစ္ေၾကာင္းနိမိတ္တည္း။မိုး႐ြာသြန္းေနလွ်င္လည္းတစ္နာရီအတြင္းျပန္လည္၍မိုးတိတ္မည္ျဖစ္ေၾကာင္းေရွ႕ေျပးသေကၤတမ်ား ရွိေနေပေသးသည္။ ကိုးကား – ေဗဒင္ေဟာပုံက်မ္း