ရှေးအခါက မြန်မာရှင်ဘုရင်တွေကိုင်စွဲခဲ့တဲ့ သန်လျှက်ဆိုတာ

သန်လျက် ဆိုသည်မှာ ရှေးအခါက မြန်မာဘုရင်များ ကိုင်စွဲရသော လက်နက်၊ မင်းဆောင်မင်းယောင် မင်းခမ်းမင်းနားများတွင် အသုံးပြုရသော လက်နက်ဖြစ်သည်။ မင်းမြှောက်တန်ဆာ ငါးပါးတွင် သန်လျက်သည် တစ်ပါး အပါအဝင်ဖြစ်သည်။ မင်းခမ်းတော်များတွင်လည်း သန်လျက်ကို လင်္ကျာမင်းခမ်းတော်အဖြစ် တွေ့ရသည်။ ထို့ကြောင့် လင်္ကျာတော်က၊ ရွှေလှော်သိင်္ဂါ၊ မျက်စိမြွှာသား၊ ရတနာသန်လျက်၊ လျှံလက် လျှပ်လျှပ်၊ သားမြီးယပ်နှင့်.. စသည်ဖြင့် စပ်ဆိုခဲ့ကြသည်။ သို့သော်လည်း ဘုရင်၏ ခွင့်ပြုချက်ဖြင့် သူရဲကောင်းတို့ ကိုင်စွဲရပုံကို ရာဇဝင် သမိုင်းတွင် တွေ့ရှိရ ပြန်လေသည်။နားတောင်းများမင်း၏ ယောက်ဖတော် မင်းအနန္တသူရိယသည် ဒုတိယ နရပတိစည်သူ လက်ထက်တော်တွင် သူရဲကောင်း ရန်မန်ငထွေးအဖြစ်နှင့် ရေဝယ်ဆင်း၍ ငုပ်ပြီးသော် မင်းကြီး၏ ဖောင်တော်ကို ကျောကုန်းထက်ရွက်၍ ချုပ်ကိုင်သော မိချောင်းအား သန်လျက်ဖြင့် ထိုးသတ်ခဲ့ဘူးပေသည်။ နရသူမင်းလက်ထက်တွင်လည်း မိမိ၏ သန့်သက်ရေ မဆောင်သောကြောင့် ရွှံရှာသဖြင့် မချဉ်းမကပ်နေသော ခမည်းတော်လက်ထက်က ဆက်လာသည့် ကုလားမင်းသမီးကို အမျက်တော်ရှိကာ သန်လျက်ဖြင့် ခုတ်သတ်ခဲ့၏။ ထိုအကြောင်းကို မင်းသမီး၏ ခမည်းတော် ဝေသာလီပြည်မှ ကုလားမင်းကြီး ကြားသိသော် ကုလားသူရဲကောင်း ရှစ်ယောက်တို့ကို ရွေး၍ ပုဏ္ဏား ယောင်ဆောင်စေကာ ပုဂံသို့ စေလွှတ်သည်။ နန်းတော်သို့ ရောက်လျှင် နရသူမင်းကြီးကို မြေဇာမြက်နှင့် ခရုသင်း ကမ်းဟန်ပြု၍ ပတ်ပတ်လည်ဝိုင်းရံကာ သန်လျက်(ဓားမြှောင်)ကိုယ်စီနှင့် ထိုးခုတ်ကြပြီး မိမိတို့ကိုယ်ကိုလည်း အဆုံးစီရင်ခဲ့ကြပေသည်။သန်လျက်ကို ထိုးရာ၌၎င်း၊ ခုတ်ရာ၌၎င်း အသုံးပြုသည်။ သန်လျက် လုပ်သောသံသည် အလွန်ကောင်းမွန်ရ၏။ ရှေးက သံကောင်းကို တစ်ဖန် ကြိုးကြာဝမ်းတွင် အကြိမ်ကြိမ်စိမ်ပြီးမှ သန်လျက်ကောင်း၊ ဓားကောင်းလုပ်ရသည်ဟု အဆိုရှိသည်။ ထို့ကြောင့် သန်လျက်သည် ထက်မြက်လွန်း၍ ဆင်ပေါက် လည်တိုင်ကိုပင် ဖြတ်နိုင်လောက်သည်ဟု အမှတ်သညာ ပြုခဲ့ကြပေသည်။ သန်လျက်သည် အသွားနှစ်ဖက်ရှိသော ဓားဟု ဆိုခဲ့သောကြောင့် သန်လျက်နှင့် ဓားကို ပေါင်းစပ်ကာ "သန်လျက်ဓား"ဟုလည်း သုံးခဲ့ကြသည်။ အသွားနှစ်ဖက်ရှိသော သန်လျက် အစစ်ကိုသာ သန်လျက်ဓားဟု ခေါ်ရုံမျှမက နောင်အခါတွင် အသွားထက်မြက်သည့် ဓားကိုပင် သန်လျက်ဓားဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။စာလုံးပေါင်း သတ်ပုံ - သန်လျက်ကိုသံလျှက်၊ သန်လျက်၊ သန်လျှက်´ဟူ၍ အမျိုးမျိုး စာလုံးပေါင်းတတ်ကြသည်။ သံလျှက်ဟု အသုံးပြုကြခြင်းမှာ `သံဖြင့်ပြုလုပ်ထားသော အပြားတစ်မျိုး´ဟု ကောက်ယူလိုသည့် သဘောဖြင့် သုံးဟန်တူသည်။ စင်စစ် “သံ”မဟုတ်မူဘဲ သန်သာ အမှန်ဖြစ်သည်။ကဝိလက္ခဏာ သတ်ပုံ၌ “ရှင်ဥပနန်၊ ပဋိဘာန်၊ ထားသန်လျက်ပမာ” ဟုပြဆိုခဲ့သည်။

တွင်းသင်းတိုက်ဝန် မဟာစည်သူ၏ ဝေဿန္တရာပျို့တွင် “ကိုင်ငင်စွဲလျက်၊ ရွှေသန်လျှက်တည့်”၊မန်လည်ဆရာတော်၏ မဟာသုတကာရီ-မာဃဒေဝ လင်္ကာသစ်၌ “ဤဓားသန်လျှက်၊ ငါ့ကိုဆက်ဟု၊ တုပ်လျက်နားတော်” စသည်ဖြင့် “လျက်”နှင့် “လျှက်”ကို ခွဲထားစပ်ခဲ့သည်လည်း ရှိ၏။သို့သော်လည်း “လျက်”မှဟထိုး “တိုးကာလျှက်”ဖြစ်လာပုံရ၍ “သန်လျက်”သာ အမှန်ဟု ယူသင့်ပေသည်။သန်လျက်၏ ရင်း မြစ်ကို ရှာလျှင် သက္ကတဘာသာ စကား “ၐလျက”ကို တွေ့နိုင်သည်။ “ၐလျက”သည် ပါဠိ”သလ္လ”နှင့် အနက်သဘောခြင်း တူသည်။ ဖြူ ကောင်-ဆူး၊ မြားဦးစသော အသွားထက်သည့် အရာကို ခေါ်ပေသည်။ “ၐလျက”မှ “သလျက်”၊ “သန်လျက်”ဟု ဟု ကြားဆက်(န်) တိုးကာ ပျက်ယွင်းလာသည်ဟု ယူဆရသည်။ဟယ်လီဒေး၏ မွန်-အင်္ဂလိပ် အဘိဓာန်တွင် a two edged sword or dagger (အသွားနှစ်ဖက်ရှိသော ဓား)ဟု အနက်ဖွင့်ဆိုထားသည်။ မြန်မာတွင်လည်း ရ-ကောက်နှင့် လတို့ ပြောင်းလဲနိုင်သည့်အလျောက် “သန်လျက်”ဟု အသုံးပြုခဲ့ကြခြင်း ဖြစ်ပေသည်။ သန်လျက်သည် အသွားနှစ်ဖက် ရှိသည့်အလျောက်၊ သန်လျက်ဦး၊ သန်လျက်စွန်းသည် နှစ်ဖက်ညီစွာ ချွန်၍ သွားသည်။ သို့ဖြစ်၍ နှစ်ဖက်ညီစွာ ချွန်ထွက်နေသည့် ရတနာပူရ အင်းဝမြေအခုံကို “သန်လျက်ခုံ၊ သန်လျက်စွန်း”ဟု တင်စားသုံးနှုန်း ခဲ့ကြပေသည်။ ရန်ကုန်မြို့ ဗိုလ်တထောင်တွင်လည်း ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်း ဆုံရာ အစွန်းကို “သန်လျက်စွန်း”ဟု အမည်တွင်လေသည်။ သန်လျက် ဟူသည်ကား လက်နက်အထူးတည်း။ သန်လျက် ၂ မျိုးရှိသည်။ တစ်ဖက်သာ အသွားရှိသော ဧကတောဓာရ သန်လျက်နှင့် နှစ်ဖက်သွားရှိသော ဥဘတောဓာရ သန်လျက်ဟူ၍ လည်းကောင်း၊ ဦးဖျား စဉ်းငယ်ညွတ်သော ဤသာဂ္ဂသန်လျက်နှင့် ဦးဖျားမညွတ်ဘဲ အစဉ် အတိုင်း ဦးဖျား သေးသော ဥဇုဂ္ဂသန်လျက်ဟူ၍လည်းကောင်း နှစ်မျိုးခွဲကြသည်။ သန်လျက်၏ အသွား အလျားပမာဏသည် သုံးဆယ့်သုံးသစ်၊ အချိန်ပမာဏသည် သုံးဆယ့်သုံးပိုလ်ဟူ၍ သေနကဇာတ်၊ ပဉ္စာဝုဓဇာတ်တို့၌ လာသည်။

Credit – မူရင်း

[zawgyi]

သန္လ်က္ ဆိုသည္မွာ ေရွးအခါက ျမန္မာဘုရင္မ်ား ကိုင္စြဲရေသာ လက္နက္၊ မင္းေဆာင္မင္းေယာင္ မင္းခမ္းမင္းနားမ်ားတြင္ အသုံးျပဳရေသာ လက္နက္ျဖစ္သည္။ မင္းေျမႇာက္တန္ဆာ ငါးပါးတြင္ သန္လ်က္သည္ တစ္ပါး အပါအဝင္ျဖစ္သည္။ မင္းခမ္းေတာ္မ်ားတြင္လည္း သန္လ်က္ကို လက်ၤာမင္းခမ္းေတာ္အျဖစ္ ေတြ႕ရသည္။ ထို႔ေၾကာင့္ လက်ၤာေတာ္က၊ ေ႐ႊေလွာ္သိဂၤါ၊ မ်က္စိႁမႊာသား၊ ရတနာသန္လ်က္၊ လွ်ံလက္ လွ်ပ္လွ်ပ္၊ သားၿမီးယပ္ႏွင့္.. စသည္ျဖင့္ စပ္ဆိုခဲ့ၾကသည္။ သို႔ေသာ္လည္း ဘုရင္၏ ခြင့္ျပဳခ်က္ျဖင့္ သူရဲေကာင္းတို႔ ကိုင္စြဲရပုံကို ရာဇဝင္ သမိုင္းတြင္ ေတြ႕ရွိရ ျပန္ေလသည္။နားေတာင္းမ်ားမင္း၏ ေယာက္ဖေတာ္ မင္းအနႏၲသူရိယသည္ ဒုတိယ နရပတိစည္သူ လက္ထက္ေတာ္တြင္ သူရဲေကာင္း ရန္မန္ငေထြးအျဖစ္ႏွင့္ ေရဝယ္ဆင္း၍ ငုပ္ၿပီးေသာ္ မင္းႀကီး၏ ေဖာင္ေတာ္ကို ေက်ာကုန္းထက္႐ြက္၍ ခ်ဳပ္ကိုင္ေသာ မိေခ်ာင္းအား သန္လ်က္ျဖင့္ ထိုးသတ္ခဲ့ဘူးေပသည္။ နရသူမင္းလက္ထက္တြင္လည္း မိမိ၏ သန႔္သက္ေရ မေဆာင္ေသာေၾကာင့္ ႐ႊံရွာသျဖင့္ မခ်ဥ္းမကပ္ေနေသာ ခမည္းေတာ္လက္ထက္က ဆက္လာသည့္ ကုလားမင္းသမီးကို အမ်က္ေတာ္ရွိကာ သန္လ်က္ျဖင့္ ခုတ္သတ္ခဲ့၏။ ထိုအေၾကာင္းကို မင္းသမီး၏ ခမည္းေတာ္ ေဝသာလီျပည္မွ ကုလားမင္းႀကီး ၾကားသိေသာ္ ကုလားသူရဲေကာင္း ရွစ္ေယာက္တို႔ကို ေ႐ြး၍ ပုဏၰား ေယာင္ေဆာင္ေစကာ ပုဂံသို႔ ေစလႊတ္သည္။ နန္းေတာ္သို႔ ေရာက္လွ်င္ နရသူမင္းႀကီးကို ေျမဇာျမက္ႏွင့္ ခ႐ုသင္း ကမ္းဟန္ျပဳ၍ ပတ္ပတ္လည္ဝိုင္းရံကာ သန္လ်က္(ဓားေျမႇာင္)ကိုယ္စီႏွင့္ ထိုးခုတ္ၾကၿပီး မိမိတို႔ကိုယ္ကိုလည္း အဆုံးစီရင္ခဲ့ၾကေပသည္။သန္လ်က္ကို ထိုးရာ၌၎၊ ခုတ္ရာ၌၎ အသုံးျပဳသည္။ သန္လ်က္ လုပ္ေသာသံသည္ အလြန္ေကာင္းမြန္ရ၏။ ေရွးက သံေကာင္းကို တစ္ဖန္ ႀကိဳးၾကာဝမ္းတြင္ အႀကိမ္ႀကိမ္စိမ္ၿပီးမွ သန္လ်က္ေကာင္း၊ ဓားေကာင္းလုပ္ရသည္ဟု အဆိုရွိသည္။ ထို႔ေၾကာင့္ သန္လ်က္သည္ ထက္ျမက္လြန္း၍ ဆင္ေပါက္ လည္တိုင္ကိုပင္ ျဖတ္ႏိုင္ေလာက္သည္ဟု အမွတ္သညာ ျပဳခဲ့ၾကေပသည္။ သန္လ်က္သည္ အသြားႏွစ္ဖက္ရွိေသာ ဓားဟု ဆိုခဲ့ေသာေၾကာင့္ သန္လ်က္ႏွင့္ ဓားကို ေပါင္းစပ္ကာ "သန္လ်က္ဓား"ဟုလည္း သုံးခဲ့ၾကသည္။ အသြားႏွစ္ဖက္ရွိေသာ သန္လ်က္ အစစ္ကိုသာ သန္လ်က္ဓားဟု ေခၚ႐ုံမွ်မက ေနာင္အခါတြင္ အသြားထက္ျမက္သည့္ ဓားကိုပင္ သန္လ်က္ဓားဟု တင္စားေခၚေဝၚခဲ့ၾကသည္။စာလုံးေပါင္း သတ္ပုံ - သန္လ်က္ကိုသံလွ်က္၊ သန္လ်က္၊ သန္လွ်က္´ဟူ၍ အမ်ိဳးမ်ိဳး စာလုံးေပါင္းတတ္ၾကသည္။ သံလွ်က္ဟု အသုံးျပဳၾကျခင္းမွာ `သံျဖင့္ျပဳလုပ္ထားေသာ အျပားတစ္မ်ိဳး´ဟု ေကာက္ယူလိုသည့္ သေဘာျဖင့္ သုံးဟန္တူသည္။ စင္စစ္ “သံ”မဟုတ္မူဘဲ သန္သာ အမွန္ျဖစ္သည္။ကဝိလကၡဏာ သတ္ပုံ၌ “ရွင္ဥပနန္၊ ပဋိဘာန္၊ ထားသန္လ်က္ပမာ” ဟုျပဆိုခဲ့သည္။တြင္းသင္းတိုက္ဝန္ မဟာစည္သူ၏ ေဝႆႏၲရာပ်ိဳ႕တြင္ “ကိုင္ငင္စြဲလ်က္၊ ေ႐ႊသန္လွ်က္တည့္”၊မန္လည္ဆရာေတာ္၏ မဟာသုတကာရီ-မာဃေဒဝ လကၤာသစ္၌ “ဤဓားသန္လွ်က္၊ ငါ့ကိုဆက္ဟု၊ တုပ္လ်က္နားေတာ္” စသည္ျဖင့္ “လ်က္”ႏွင့္ “လွ်က္”ကို ခြဲထားစပ္ခဲ့သည္လည္း ရွိ၏။သို႔ေသာ္လည္း “လ်က္”မွဟထိုး “တိုးကာလွ်က္”ျဖစ္လာပုံရ၍ “သန္လ်က္”သာ အမွန္ဟု ယူသင့္ေပသည္။သန္လ်က္၏ ရင္းျမစ္ကို ရွာလွ်င္ သကၠတဘာသာ စကား “ၐလ်က”ကို ေတြ႕ႏိုင္သည္။ “ၐလ်က”သည္ ပါဠိ”သလႅ”ႏွင့္ အနက္သေဘာျခင္း တူသည္။ ျဖဴေကာင္-ဆူး၊ ျမားဦးစေသာ အသြားထက္သည့္ အရာကို ေခၚေပသည္။ “ၐလ်က”မွ “သလ်က္”၊ “သန္လ်က္”ဟု ဟု ၾကားဆက္(န္) တိုးကာ ပ်က္ယြင္းလာသည္ဟု ယူဆရသည္။ဟယ္လီေဒး၏ မြန္-အဂၤလိပ္ အဘိဓာန္တြင္ a two edged sword or dagger (အသြားႏွစ္ဖက္ရွိေသာ ဓား)ဟု အနက္ဖြင့္ဆိုထားသည္။ ျမန္မာတြင္လည္း ရ-ေကာက္ႏွင့္ လတို႔ ေျပာင္းလဲႏိုင္သည့္အေလ်ာက္ “သန္လ်က္”ဟု အသုံးျပဳခဲ့ၾကျခင္း ျဖစ္ေပသည္။ သန္လ်က္သည္ အသြားႏွစ္ဖက္ ရွိသည့္အေလ်ာက္၊ သန္လ်က္ဦး၊ သန္လ်က္စြန္းသည္ ႏွစ္ဖက္ညီစြာ ခြၽန္၍ သြားသည္။ သို႔ျဖစ္၍ ႏွစ္ဖက္ညီစြာ ခြၽန္ထြက္ေနသည့္ ရတနာပူရ အင္းဝေျမအခုံကို “သန္လ်က္ခုံ၊ သန္လ်က္စြန္း”ဟု တင္စားသုံးႏႈန္း ခဲ့ၾကေပသည္။ ရန္ကုန္ၿမိဳ႕ ဗိုလ္တေထာင္တြင္လည္း ရန္ကုန္ျမစ္ႏွင့္ ပုဇြန္ေတာင္ေခ်ာင္း ဆုံရာ အစြန္းကို “သန္လ်က္စြန္း”ဟု အမည္တြင္ေလသည္။ သန္လ်က္ ဟူသည္ကား လက္နက္အထူးတည္း။ သန္လ်က္ ၂ မ်ိဳးရွိသည္။ တစ္ဖက္သာ အသြားရွိေသာ ဧကေတာဓာရ သန္လ်က္ႏွင့္ ႏွစ္ဖက္သြားရွိေသာ ဥဘေတာဓာရ သန္လ်က္ဟူ၍ လည္းေကာင္း၊ ဦးဖ်ား စဥ္းငယ္ၫြတ္ေသာ ဤသာဂၢသန္လ်က္ႏွင့္ ဦးဖ်ားမၫြတ္ဘဲ အစဥ္အတိုင္း ဦးဖ်ား ေသးေသာ ဥဇုဂၢသန္လ်က္ဟူ၍လည္းေကာင္း ႏွစ္မ်ိဳးခြဲၾကသည္။ သန္လ်က္၏ အသြား အလ်ားပမာဏသည္ သုံးဆယ့္သုံးသစ္၊ အခ်ိန္ပမာဏသည္ သုံးဆယ့္သုံးပိုလ္ဟူ၍ ေသနကဇာတ္၊ ပၪၥာဝုဓဇာတ္တို႔၌ လာသည္။