လယ်သမား နှင့် စိန်ပွင့်

တစ်ခါက အာဖရိက မှာ လယ်သမားတစ်ဦးနေထိုင်တယ်။ သူဟာ လယ်မြေအများအပြားကို ပိုင်ပြီးတော့ သူ့လယ်မှာပဲ လယ်လုပ်ရင်းနဲ့ ပျော်ရွှင်စွာ နေထိုင်တယ်။တစ်နေ့တော့ သူ့ဆီကို ခရီးသွားတစ်ယောက် ရောက်လာပါတယ်။ သူကလဲ ဧည့်ခံကျွေးမွေးလိုက်တယ်။ ခရီးသွားက ” တကယ်လို့ မင်းမှာသာ လက်မအရွယ်လောက် စိန်တစ်လုံးရှိရင် မင်းဟာ မြို့တစ်မြို့ကိုတောင် ပိုင်နိုင်တယ်။ တကယ်လို့ မင်းမှာသာ လက်သီးဆုပ်လောက်စိန်ရှိရင် မင်းဟာ နိုင်ငံတစ်နိုင်ငံလောက် ပိုင်နိုင်ပါရဲ့ ” လို့ပြောသွားတယ်။အဲဒီညမှာ လယ်သမားမအိပ်နိုင်တော့ ဘူး။ သူဟာ စိန်ကို အလွန်စိတ်ဝင်စားတယ်။ဒါနဲ့ စိန်တွေကို လိုက်ရှာဖို့ကြိုးစားတယ်။ စိန်ရှိတဲ့နေရာတွေကို လိုက်လံစုံစမ်းပြီး စိန်နောက်လိုက်ခဲ့သတဲ့။သူဟာ အာဖရိကကနေ တောင်အမေရိကမှာ စိန်တွေ ထွက်တယ်ဆိုတဲ့ သတင်းကြားတော့ တောင်အမေရိကထိ ရှိတဲ့ပစ္စည်းလေးတွေ ရောင်းပြီး သွားတူးပေမယ့် စိန်မရပါဘူး။ နောက်တော့ ဥရောပ အလယ်ပိုင်းမှာ စိန်ထွက်တယ်ဆိုတာ ကြားတော့ လိုက်ရှာဖို့ သွားပါတယ်။သူဟာ အာဖရိကကနေ တောင်အမေရိကမှာ စိန်တွေ ထွက်တယ်ဆိုတဲ့ သတင်းကြားတော့ တောင်အမေရိကထိ ရှိတဲ့ပစ္စည်းလေးတွေ ရောင်းပြီး သွားတူးပေမယ့် စိန်မရပါဘူး။ နောက်တော့ ဥရောပ အလယ်ပိုင်းမှာ စိန်ထွက်တယ်ဆိုတာ ကြားတော့ လိုက်ရှာဖို့ သွားပါတယ်။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ စိန်ရှာရင်း ရှာမတွေ့တဲ့အခါမှာ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီးတော့ ကိုယ့်ကိုကိုယ်အဆုံးစီရင်လိုက်တော့ပါတယ်။ ပြီးတော့ တောင်အာဖရိက က သူ့အိမ်ကို စာရေးပို့လိုက်တယ်။စာထဲမှာတော့ ” ငါ့သား ငါသေပြီ တကယ်လို့ မင်းများ စိန်တွေထွက်တဲ့တွင်းကို ရှာဖွေတွေ့ခဲ့ရင် ငါ့နာမည်ပေးလိုက်ပါကွာ ” လို့ရေးပေးလိုက်သတဲ့။၂နှစ်လောက်အကြာမှာတော့ စပိန်တွေ အာဖရိကကို ရောက်လာပြီးတော့ လယ်သမားရဲ့ အိမ်မှာ တည်းခိုတယ်။ အဲဒီအချိန်မှာ လယ်သမားသားဟာ ကုလားအုပ်တစ်ကောင်သေသွားတဲ့အတွက် ကုလားအုပ်ကို မြှပ်ဖို့ တောင်ခြေမှာ တွင်းတူးပါတယ်။ အဲဒီထဲက ထွက်လာတဲ့ အကြည်ရောင် ကျောက်တွေကို စပိန်တွေက တွေ့ပြီးတော့ ဒါစိန်တွေ ဆိုတာကို သိသွားကြတယ်။တကယ်တော့ လယ်သမားပိုင်တဲ့ လယ်ကွင်းရဲ့ အောက်ခြေမှာ စိန်တွင်းအကြီးကြီး ရှိနေတာဖြစ်ပါတယ်။ လယ် သမားရဲ့ သားဟာ အလွန်ချမ်းသာတဲ့ သူဌေးကြီးဖြစ်သွားပြီးတော့ အဲဒီစိန်တွင်းကို သူ့အဖေရဲ့ နာမည်ပေးလိုက်ပါသတဲ့။ Moral – ဘယ်အရာမဆို ကိုယ်နဲ့ထိုက်တန်မှသာ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Credit : နည်းစနစ်ကျကျအတွေးအခေါ်

[zawgyi]

တစ္ခါက အာဖရိက မွာ လယ္သမားတစ္ဦးေနထိုင္တယ္။ သူဟာ လယ္ေျမအမ်ားအျပားကို ပိုင္ၿပီးေတာ့ သူ႔လယ္မွာပဲ လယ္လုပ္ရင္းနဲ႔ ေပ်ာ္႐ႊင္စြာ ေနထိုင္တယ္။တစ္ေန႔ေတာ့ သူ႔ဆီကို ခရီးသြားတစ္ေယာက္ ေရာက္လာပါတယ္။ သူကလဲ ဧည့္ခံေကြၽးေမြးလိုက္တယ္။ ခရီးသြားက ” တကယ္လို႔ မင္းမွာသာ လက္မအ႐ြယ္ေလာက္ စိန္တစ္လုံးရွိရင္ မင္းဟာ ၿမိဳ႕တစ္ၿမိဳ႕ကိုေတာင္ ပိုင္ႏိုင္တယ္။ တကယ္လို႔ မင္းမွာသာ လက္သီးဆုပ္ေလာက္စိန္ရွိရင္ မင္းဟာ ႏိုင္ငံတစ္ႏိုင္ငံေလာက္ ပိုင္ႏိုင္ပါရဲ႕ ” လို႔ေျပာသြားတယ္။အဲဒီညမွာ လယ္သမားမအိပ္ႏိုင္ေတာ့ ဘူး။ သူဟာ စိန္ကို အလြန္စိတ္ဝင္စားတယ္။ဒါနဲ႔ စိန္ေတြကို လိုက္ရွာဖို႔ႀကိဳးစားတယ္။ စိန္ရွိတဲ့ေနရာေတြကို လိုက္လံစုံစမ္းၿပီး စိန္ေနာက္လိုက္ခဲ့သတဲ့။သူဟာ အာဖရိကကေန ေတာင္အေမရိကမွာ စိန္ေတြ ထြက္တယ္ဆိုတဲ့ သတင္းၾကားေတာ့ ေတာင္အေမရိကထိ ရွိတဲ့ပစၥည္းေလးေတြ ေရာင္းၿပီး သြားတူးေပမယ့္ စိန္မရပါဘူး။ ေနာက္ေတာ့ ဥေရာပ အလယ္ပိုင္းမွာ စိန္ထြက္တယ္ဆိုတာ ၾကားေတာ့ လိုက္ရွာဖို႔ သြားပါတယ္။သူဟာ အာဖရိကကေန ေတာင္အေမရိကမွာ စိန္ေတြ ထြက္တယ္ဆိုတဲ့ သတင္းၾကားေတာ့ ေတာင္အေမရိကထိ ရွိတဲ့ပစၥည္းေလးေတြ ေရာင္းၿပီး သြားတူးေပမယ့္ စိန္မရပါဘူး။ ေနာက္ေတာ့ ဥေရာပ အလယ္ပိုင္းမွာ စိန္ထြက္တယ္ဆိုတာ ၾကားေတာ့ လိုက္ရွာဖို႔ သြားပါတယ္။ဒီလိုနဲ႔ ႏွစ္ေပါင္းမ်ားစြာ စိန္ရွာရင္း ရွာမေတြ႕တဲ့အခါမွာ စိတ္ေထာင္းကိုယ္ေၾကျဖစ္ၿပီးေတာ့ ကိုယ့္ကိုကိုယ္အဆုံးစီရင္လိုက္ေတာ့ပါတယ္။ ၿပီးေတာ့ ေတာင္အာဖရိက က သူ႔အိမ္ကို စာေရးပို႔လိုက္တယ္။စာထဲမွာေတာ့ ” ငါ့သား ငါေသၿပီ တကယ္လို႔ မင္းမ်ား စိန္ေတြထြက္တဲ့တြင္းကို ရွာေဖြေတြ႕ခဲ့ရင္ ငါ့နာမည္ေပးလိုက္ပါကြာ ” လို႔ေရးေပးလိုက္သတဲ့။၂ႏွစ္ေလာက္အၾကာမွာေတာ့ စပိန္ေတြ အာဖရိကကို ေရာက္လာၿပီးေတာ့ လယ္သမားရဲ႕ အိမ္မွာ တည္းခိုတယ္။ အဲဒီအခ်ိန္မွာ လယ္သမားသားဟာ ကုလားအုပ္တစ္ေကာင္ေသသြားတဲ့အတြက္ ကုလားအုပ္ကို ျမႇပ္ဖို႔ ေတာင္ေျခမွာ တြင္းတူးပါတယ္။ အဲဒီထဲက ထြက္လာတဲ့ အၾကည္ေရာင္ ေက်ာက္ေတြကို စပိန္ေတြက ေတြ႕ၿပီးေတာ့ ဒါစိန္ေတြ ဆိုတာကို သိသြားၾကတယ္။တကယ္ေတာ့ လယ္သမားပိုင္တဲ့ လယ္ကြင္းရဲ႕ ေအာက္ေျခမွာ စိန္တြင္းအႀကီးႀကီး ရွိေနတာျဖစ္ပါတယ္။ လယ္ သမားရဲ႕ သားဟာ အလြန္ခ်မ္းသာတဲ့ သူေဌးႀကီးျဖစ္သြားၿပီးေတာ့ အဲဒီစိန္တြင္းကို သူ႔အေဖရဲ႕ နာမည္ေပးလိုက္ပါသတဲ့။ Moral – ဘယ္အရာမဆို ကိုယ္နဲ႔ထိုက္တန္မွသာ ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။