လိပ်ကလေးတွေလိုမျိူး ရှင်သန်ပါ

မိခင်လိပ်မကြီးက လိပ်ကလေးပေါက်ဖို့ လှိုင်းနဲ့ဝေးတဲ့ သဲသောင်မှာဥ ဥတယ် ပြီးတော့ သဲတွေနဲ့ဥကိုဖုံးပြီး ပင်လယ်ထဲကိုပြန်လာတယ်..ဥပေါက်ဖို့အတွက်အဝေးကပဲ မေတ္ထာပို့နေတာ..ဥကထွက်တာနဲ့ လိပ်ကလေးတွေဟာတစ်ကောင်ထဲရပ်တည်ရတော့မယ် သူတို့ကို ကူညီမဲ့သူမရှိဘူး သူတို့ရဲ့အခက်အခဲဟာ အဲဒီအချိန်မှာပဲ စတင်ပါတယ်။အပေါ်ကိုရောက်ဖို့ သဲတွေကိုစတင်ထိုးဖောက်ရတယ် ပင်လယ်ထဲရောက်ဖို့ သဲသောင်ကနေ တဖြေးဖြေးဖြတ်သန်းရတယ် အဲဒီအချိန်မှာသူတို့ကိုထိုးချီပြီးစားဖို့ ဌက်တွေကလဲစောင့်နေလေရဲ့..။ဌက်တွေကိုကြောက်လို့ သူတို့နောက်ကြောင်းပြန်မလှည့်ဘူး သူတို့ရဲ့တွင်းထဲမှာပုန်းမနေကြဘူး..။

သူတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ ပင်လယ်ဆီကို ဦးတည်သွားနေကြတုန်းပဲ အောင်နိုင် သူတွေကပင်လယ်ထဲရောက်သွားတယ်..။ ပိုတော်တဲ့သူတွေက ဧရာမလိပ်ကြီးတွေအဖြစ် စာရင်းဝင်သွားတာပေါ့။ဒါကြောင့် ကျွန်တော်တို့တတွေလည်း ဘဝမှာ..တစ်ယောက်ထဲဆိုပြီး စိတ်ပျက်အားငယ်မနေပါနဲ့..လိပ်ကလေးလိုမျိုး ရှင်သန်ပါ စိတ်ဖိစီးမှု့နဲ့ ဖိနှိပ်ခြင်းကနေ ရုန်းထွက်လိုက်ပါ။အပေါ်ကဖိထားတဲ့သူတွေကိုရှိသမျှခွန်အားတွေနဲ့ တွန်းထုတ်လိုက်ပါ..မနာလိုဝန်တိုတဲ့သူတွေချောက်တွန်းဖို့ချောင်းနေတဲ့သူတွေကိုသတိထားပါ။သူတို့ကိုကြောက်ပြီးပုန်းမနေပါနဲ့ သတ္ထိရှိရှိရင်ဆိုင်ပါ.. သူတို့ကြောင့်သွားမဲ့ဦးတည်ချက်ကို မပြောင်းလဲပါနဲ့ မဆုတ်မနစ်နဲ့ကြိုးစားမယ်ဆိုရင်ဧရာမလူသားတွေလဲဖြစ်လာနိုင်ပါတယ် ။

Credit – ဓမ္မအလင်းရောင်

[zawgyi]

မိခင္လိပ္မႀကီးက လိပ္ကေလးေပါက္ဖို႔ လႈိင္းနဲ႔ေဝးတဲ့ သဲေသာင္မွာဥ ဥတယ္ ၿပီးေတာ့ သဲေတြနဲ႔ဥကိုဖုံးၿပီး ပင္လယ္ထဲကိုျပန္လာတယ္..ဥေပါက္ဖို႔အတြက္အေဝးကပဲ ေမတၳာပို႔ေနတာ..ဥကထြက္တာနဲ႔ လိပ္ကေလးေတြဟာတစ္ေကာင္ထဲရပ္တည္ရေတာ့မယ္ သူတို႔ကို ကူညီမဲ့သူမရွိဘူး သူတို႔ရဲ႕အခက္အခဲဟာ အဲဒီအခ်ိန္မွာပဲ စတင္ပါတယ္။အေပၚကိုေရာက္ဖို႔ သဲေတြကိုစတင္ထိုးေဖာက္ရတယ္ ပင္လယ္ထဲေရာက္ဖို႔ သဲေသာင္ကေန တေျဖးေျဖးျဖတ္သန္းရတယ္ အဲဒီအခ်ိန္မွာသူတို႔ကိုထိုးခ်ီၿပီးစားဖို႔ ဌက္ေတြကလဲေစာင့္ေနေလရဲ႕..။ဌက္ေတြကိုေၾကာက္လို႔ သူတို႔ေနာက္ေၾကာင္းျပန္မလွည့္ဘူး သူတို႔ရဲ႕တြင္းထဲမွာပုန္းမေနၾကဘူး..။သူတို႔ရဲ႕ပန္းတိုင္ျဖစ္တဲ့ ပင္လယ္ဆီကို ဦးတည္သြားေနၾကတုန္းပဲ ေအာင္ႏိုင္ သူေတြကပင္လယ္ထဲေရာက္သြားတယ္..။ ပိုေတာ္တဲ့သူေတြက ဧရာမလိပ္ႀကီးေတြအျဖစ္ စာရင္းဝင္သြားတာေပါ့။ဒါေၾကာင့္ ကြၽန္ေတာ္တို႔တေတြလည္း ဘဝမွာ..တစ္ေယာက္ထဲဆိုၿပီး စိတ္ပ်က္အားငယ္မေနပါနဲ႔..လိပ္ကေလးလိုမ်ိဳး ရွင္သန္ပါ စိတ္ဖိစီးမႈ႕နဲ႔ ဖိႏွိပ္ျခင္းကေန ႐ုန္းထြက္လိုက္ပါ။အေပၚကဖိထားတဲ့သူေတြကိုရွိသမွ်ခြန္အားေတြနဲ႔ တြန္းထုတ္လိုက္ပါ..မနာလိုဝန္တိုတဲ့သူေတြေခ်ာက္တြန္းဖို႔ေခ်ာင္းေနတဲ့သူေတြကိုသတိထားပါ။သူတို႔ကိုေၾကာက္ၿပီးပုန္းမေနပါနဲ႔ သတၳိရွိရွိရင္ဆိုင္ပါ.. သူတို႔ေၾကာင့္သြားမဲ့ဦးတည္ခ်က္ကို မေျပာင္းလဲပါနဲ႔ မဆုတ္မနစ္နဲ႔ႀကိဳးစားမယ္ဆိုရင္ဧရာမလူသားေတြလဲျဖစ္လာႏိုင္ပါတယ္ ။