လူ (၃) မျိူး

ဆရာတစ်ဦးဟာ ကျောင်းသားများကို လူပုံအရုပ်သုံးခု ပြသပြီး ကွဲလွဲချက်များကို ရှာဖွေပေးရန် ပြောကြားလိုက်တယ်။ အရုပ်သုံးခုစလုံး၏ ပုံပန်းသဏ္ဋ္ဌန်၊ အရွယ်အစားနဲ့ ပြုလုပ်ပစ္စည်းအားလုံးတို့ဟာ တူညီကြတယ်။ ကလေးများဟာ တက်ကြွစွာ လေ့လာကြပြီး ကွဲလွဲချက်မတွေ့လို့ အရုပ်တွေရဲ့ အပေါက်​တွေကိုပါ လေ့လာလာကြတယ်။ ပထမအရုပ်ရဲ့ နား​တွေမှာအပေါက်ရှိကြတယ်။ ဒုတိယအရုပ်ရဲ့ နားတွေနဲ့ပါးစပ်ထဲမှာအပေါက်တွေရှိတယ်။ တတိယအရုပ်ရဲ့ နားတစ်ဖက်မှာ အပေါက်တစ်ပေါက်သာရှိတယ်။ ကျောင်းသားများသည် ပင် အပ်၏ အကူ အ ညီဖြင့်အပ်ကိုပထမအရုပ်၏နားပေါက်ထဲသို့ထည့်လိုက်တယ်။ အပ်က အခြားနားမှ ထွက်လာတယ်။ ဒုတိယအရုပ်ကတော့အပ်ကိုနားထဲထည့်လိုက်တဲ့အခါအပ်ကပါးစပ်ကထွက်လာတယ်။ တတိယအရုပ်ရဲ့နားထဲ အပ်ကိုထည့်လိုက်တဲ့အခါ အပ်ကဘယ်ကမှ ထွက်မလာဘူး။ကွဲလွဲချက်တွေကို ကလေးတွေလေ့လာပြီးနောက်မှာ ဆရာကကလေးတွေကို ရှင်းပြတာက “အရုပ်​တွေက မင်းတို့ ပတ်၀န်းကျင်က လူတွေကိုကိုယ်စားပြုတယ်၊ ပထမအရုပ်ကိုကြည့်ရင် သူတို့တွေဟာ မင်းတို့ပြောတာတွေကိုနားထောင်နေပြီး မင်းတို့ကို သူတို့က ဂရုစိုက်တယ်လို့ထင်မြင် နေကြလိမ့်မယ်။

ဒါပေမဲ့ သူတို့က ဟန်ဆောင်နေကြတာဖြစ်တယ်။ အပ်ဟာနားတစ်ဘက်ကဝင်ပြီး တစ်ဘက်က ထွက်သွားသလိုပဲ မင်းတို့ပြောသမျှဟာ နားတစ်ဘက်ကဝင်ပြီး နောက်နားတစ်ဘက်ကထွက်သွားပြီး မင်းတို့ပြောလိုက်သမျှဟာ သူတို့နားထောင်ပြီး ပျောက်ကုန်ကြတယ်။ မင်းတို့ပတ် ဝန်းကျင်မှာ မင်းတို့ပြောသမျှကို မေ့ပျောက်ပစ်ကြတဲ့၊ မင်းကိုဂရုမစိုက်တဲ့သူတွေ လဲရှိကြမယ်။ ဒုတိယအရုပ်ကလဲ မင်းပြောသမျှ အရာအား လုံးကိုနားထောင်ပြီး သူတို့ကမင်းကိုဂရုစိုက်တယ်လို့ ထင်မြင်သူတွေကိုပဲ ကိုယ်စားပြုတယ်။ ဒါပေမယ့်အရုပ်မှာ နားကသွင်းတဲ့အပ် ပါးစပ်ကနေထွက်လာသလိုပဲ ဒီလူတွေကလဲ မင်းပြောခဲ့တဲ့စကားတွေကိုသုံးပြီး မင်းကိုဆန့်ကျင်မယ်၊ မပြောသင့်တဲ့၊ မသက်ဆိုင်တဲ့ အခြားသူတွေကိုပြောမယ်၊ သူတို့ရည်ရွယ်ချက်အတွက် မင်းရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ကြလိမ့်မယ်။ တတိယအရုပ်ကတော့ နားကအပ်ထည့်လည်း ဘယ်ကမှ ပြန်မထွက်လာတော့ဘူး။ မင်းတို့ပြောသမျှတွေဟာ သူတို့ နားထဲဝင်သွားရင် ဦးနှောက်ထဲ၊ ရင်ဘတ်ထဲရောက်သွားပြီးတော့ မင်းရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးမယ်၊ အကူအညီပေးမယ်၊ အကြံကောင်းတွေပေးမယ်။ ဒီလိုသူတွေကတော့ မင်းတို့ရဲ့ ယုံ ကြည်မှုကိုထိန်းသိမ်းထားလိမ့်မည် သူတို့ကိုမင်းကိုအားကိုးလို့ရတယ်။”သင်ခန်းစာ – အမြဲတမ်းသစ္စာရှိပြီး ယုံကြည်စိတ်ချထိုက်သူကိုသာ ပေါင်းပါ..။

မူရင်း Credit

[zawgyi]

ဆရာတစ္ဦးဟာ ေက်ာင္းသားမ်ားကို လူပုံအ႐ုပ္သုံးခု ျပသၿပီး ကြဲလြဲခ်က္မ်ားကို ရွာေဖြေပးရန္ ေျပာၾကားလိုက္တယ္။ အ႐ုပ္သုံးခုစလုံး၏ ပုံပန္းသဏၬၭန္၊ အ႐ြယ္အစားနဲ႔ ျပဳလုပ္ပစၥည္းအားလုံးတို႔ဟာ တူညီၾကတယ္။ ကေလးမ်ားဟာ တက္ႂကြစြာ ေလ့လာၾကၿပီး ကြဲလြဲခ်က္မေတြ႕လို႔ အ႐ုပ္ေတြရဲ႕ အေပါက္​ေတြကိုပါ ေလ့လာလာၾကတယ္။ ပထမအ႐ုပ္ရဲ႕ နား​ေတြမွာအေပါက္ရွိၾကတယ္။ ဒုတိယအ႐ုပ္ရဲ႕ နားေတြနဲ႔ပါးစပ္ထဲမွာအေပါက္ေတြရွိတယ္။ တတိယအ႐ုပ္ရဲ႕ နားတစ္ဖက္မွာ အေပါက္တစ္ေပါက္သာရွိတယ္။ ေက်ာင္းသားမ်ားသည္ ပင္ အပ္၏ အကူ အ ညီျဖင့္အပ္ကိုပထမအ႐ုပ္၏နားေပါက္ထဲသို႔ထည့္လိုက္တယ္။ အပ္က အျခားနားမွ ထြက္လာတယ္။ ဒုတိယအ႐ုပ္ကေတာ့အပ္ကိုနားထဲထည့္လိုက္တဲ့အခါအပ္ကပါးစပ္ကထြက္လာတယ္။ တတိယအ႐ုပ္ရဲ႕နားထဲ အပ္ကိုထည့္လိုက္တဲ့အခါ အပ္ကဘယ္ကမွ ထြက္မလာဘူး။ကြဲလြဲခ်က္ေတြကို ကေလးေတြေလ့လာၿပီးေနာက္မွာ ဆရာကကေလးေတြကို ရွင္းျပတာက “အ႐ုပ္​ေတြက မင္းတို႔ ပတ္၀န္းက်င္က လူေတြကိုကိုယ္စားျပဳတယ္၊ ပထမအ႐ုပ္ကိုၾကည့္ရင္ သူတို႔ေတြဟာ မင္းတို႔ေျပာတာေတြကိုနားေထာင္ေနၿပီး မင္းတို႔ကို သူတို႔က ဂ႐ုစိုက္တယ္လို႔ထင္ျမင္ ေနၾကလိမ့္မယ္။ဒါေပမဲ့ သူတို႔က ဟန္ေဆာင္ေနၾကတာျဖစ္တယ္။ အပ္ဟာနားတစ္ဘက္ကဝင္ၿပီး တစ္ဘက္က ထြက္သြားသလိုပဲ မင္းတို႔ေျပာသမွ်ဟာ နားတစ္ဘက္ကဝင္ၿပီး ေနာက္နားတစ္ဘက္ကထြက္သြားၿပီး မင္းတို႔ေျပာလိုက္သမွ်ဟာ သူတို႔နားေထာင္ၿပီး ေပ်ာက္ကုန္ၾကတယ္။ မင္းတို႔ပတ္ ဝန္းက်င္မွာ မင္းတို႔ေျပာသမွ်ကို ေမ့ေပ်ာက္ပစ္ၾကတဲ့၊ မင္းကိုဂ႐ုမစိုက္တဲ့သူေတြ လဲရွိၾကမယ္။ ဒုတိယအ႐ုပ္ကလဲ မင္းေျပာသမွ် အရာအား လုံးကိုနားေထာင္ၿပီး သူတို႔ကမင္းကိုဂ႐ုစိုက္တယ္လို႔ ထင္ျမင္သူေတြကိုပဲ ကိုယ္စားျပဳတယ္။ ဒါေပမယ့္အ႐ုပ္မွာ နားကသြင္းတဲ့အပ္ ပါးစပ္ကေနထြက္လာသလိုပဲ ဒီလူေတြကလဲ မင္းေျပာခဲ့တဲ့စကားေတြကိုသုံးၿပီး မင္းကိုဆန္႔က်င္မယ္၊ မေျပာသင့္တဲ့၊ မသက္ဆိုင္တဲ့ အျခားသူေတြကိုေျပာမယ္၊ သူတို႔ရည္႐ြယ္ခ်က္အတြက္ မင္းရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကို ေဖာ္ထုတ္ၾကလိမ့္မယ္။ တတိယအ႐ုပ္ကေတာ့ နားကအပ္ထည့္လည္း ဘယ္ကမွ ျပန္မထြက္လာေတာ့ဘူး။ မင္းတို႔ေျပာသမွ်ေတြဟာ သူတို႔ နားထဲဝင္သြားရင္ ဦးေႏွာက္ထဲ၊ ရင္ဘတ္ထဲေရာက္သြားၿပီးေတာ့ မင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို ထိန္းသိမ္းေပးမယ္၊ အကူအညီေပးမယ္၊ အႀကံေကာင္းေတြေပးမယ္။ ဒီလိုသူေတြကေတာ့ မင္းတို႔ရဲ႕ ယုံ ၾကည္မႈကိုထိန္းသိမ္းထားလိမ့္မည္ သူတို႔ကိုမင္းကိုအားကိုးလို႔ရတယ္။”သင္ခန္းစာ – အၿမဲတမ္းသစၥာရွိၿပီး ယုံၾကည္စိတ္ခ်ထိုက္သူကိုသာ ေပါင္းပါ..။