လေဖြတ်တော့မယ်ဆိုတာ ကြိုသိနိုင်မယ့်အချက်များနှင့် ကာကွယ်ပုံနည်းလမ်းများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးဖြစ်သော WHOရဲ့ ကြေငြာချက်အရ သေစေတတ်သောရောဂါများအနက် လေဖြတ်ခြင်းဟာ တတိယမြောက်ဖြစ်ပါတယ်။လေဖြတ်ခြင်းကို အချိန်မီသိရှိပါက နောက်ဆက်တွဲဆိုးကျိူးတွေမဖြစ်အောင် ကာကွယ်နိုင်ပေမယ့်လဲ လူတော်တော်များများက အချိန်မီမသိရှိနိုင်တာမို့ စောစီးစွာ ဆေးကုသမှုခံယူချိန်မရလိုက်ပါဘူး။လေဖြတ်ခြင်းကို ဘယ်လိုသိနိုင်မှာလဲ.?လေဖြတ်ခြင်းကို (၁)ဦးနှောက်သွေးကြောပေါက်ခြင်း (၂)ဦးနှောက်သွေးကြောပိတ်ခြင်းဆိုပြီး ဆေးပညာအရ၂မျိူခွဲထားပါတယ်။စစ်တမ်းများအရ လေဖြတ်ခြင်းရဲ့၈၀ရာနှုန်းက ဦးနှောက်သွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။သွေးကြောပိတ်ဆို့ခြင်းကြောင့်လေဖြတ်ခြင်းဟာအဖြစ်များသလောက် အစပိုင်းတွင်ရောဂါ လက္ခဏာမပြသတာကြောင့် သိရှိဖို့လဲ ခဲယဉ်းပါတယ်။ဦနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သောလေဖြတ်ရခြင်းရဲ့ အကြောင်းရင်းမှာ ဦးနှောက်ဆီသို့ သွေးစီးဆင်းသောသွေးကြောတစ်နေရာတွင် သွေးခဲဖြင့်ပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။ထိုအခါပိတ်ဆို့သွားသောသွေးကြောနေရာရှိ ဦးနှောက်တစ်ရှူးမှာ တဖြည်းဖြည်းဖောင်းလာပြီး ဦးခေါင်းခွံအတွင်းတွင် ပိုမိုနေရာယူလာရာမှ ဦးနှောက်အတွင်းသားဖိအားမြင့်တက်လာပါတယ်။ထိုအခါ အလွန်ခေါင်းကိုက်ခြင်းဖြစ်ပေါ်လာပါတယ်။ ထို့နောက်မှာတော့ဦးနောက်တစ်ခုလုံးမှာဖိအားကိုခံစားလာရပါတယ်။ လေဖြတ်စဉ်မှာ ထိုလူရဲ့ ခြေ လက်များ လှူပ်မရနိုင်သလို သူ့ရဲ့စကားပြောအာရုံနဲ့ အကြားအာရုံတွေပါအလုပ်မလုပ်နိုင်တော့ပါဘူး။

တစ်ချိူ့သောလေဖြတ်ခြင်းတွေမှာဆို လူနာအနေနဲ့ ထင်ယောင်ထငိမှားတွေပါဖြစ်လာတတ်ပါတယ်။အချိူ့သော လေဖြတ်ခြင်းအနုစားတွေမှာ လွန်ခဲ့သော ၁၀နှစ်ခန့် သို့မဟုတ် မနေ့က အဖြစ်အပျက်များကိုပါ မေ့သွားတတ်ပါတယ်။ ပိုဆိုးလာပါက လူတစ်ကိုယ်လုံး လှုပ်ရှားလို့မရတော့ပါ၊ဦးနှောက်သွေးကြောပိတ် လေဖြတ်ခြင်းရဲ့ လက္ခဏာများ – မျက်နှာ သို့ ခြေ လက်များ ရုတ်တရက်ထုံခြင်း၊အားနည်းခြင်း (များသောအားဖြင့် ကိုယ်တခြမ်းတည်း)စကားမပြောနိုင်တော့ခြင်း သို့ ပြောသည်ကိုနားမလည်ခြင်းအမြင်အာရုံအားနည်းခြင်းမူးဝေခြင်း၊လမ်းမလျှောက်နိုင်ခြင်း၊အာရုံစိုက်မရခြင်းရုတ်တရက် အလွန်အမင်းခေါင်းကိုက်ခြင်း – အောက်ပါလကဏများရှိပါကလဲ ဆရာဝန်ထံ အမြန်သွားပြဖို့လိုပါတယ်။မူးဝေရာမှအော့အန်ခြင်းဦးခေါင်းအနောက်ကြွက်သားနာကျင်ခြင်းအန်ခြင်းမျက်လုံးများညိုမည်းခြင်းတစ်နေရာတည်းကိုအချိန်ကြာမြင့်စွာကြည့်နေခြင်း(ရည်ရွယ်ချက်မရှိပဲ)သင့်အနီးက လူတစ်ယောက် လေဖြတ်နေပြီဟု သံသယရှိပါက သင်ဘာလုပ်သင့်သနည်း.?သူ့ကို ပြုံးခိုင်းပါ။မျက်နှာ တစ်ခြမ်းရွဲ့မရွဲ့ကို အကဲခတ်ပါ။လက်နှစ်ဖက်လုံးကို အပေါ်မြှောက်ခိုင်းပါ။လက်တစ်ဖက်နဲ့တစ်ဖက်ညီမညီကြည့်ပါ။စာတစ်ကြောင်း ကိုထပ်ခါထပ်ခါရွတ်ခိုင်းပါ။စာလုံးများ ပီသမှန်ကန်မှု ရှိမရှိစစ်ဆေးပါ။လေဖြတ်သည်ဟု သံသယရှိပါက ချက်ချင်းဆေးရုံပို့ရပါမည်။လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိူးများကို ကာကွယ်ဖို့အတွက် ပထမ၁နာရီအတွင်း ပို့နိုင်ပါက အကောင်းဆုံးဖြစ်သည်။

Credit – Dr Jue ( XYZ NEWS )

[zawgyi]

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းႀကီးျဖစ္ေသာ WHOရဲ႕ ေၾကျငာခ်က္အရ ေသေစတတ္ေသာေရာဂါမ်ားအနက္ ေလျဖတ္ျခင္းဟာ တတိယေျမာက္ျဖစ္ပါတယ္။ေလျဖတ္ျခင္းကို အခ်ိန္မီသိရွိပါက ေနာက္ဆက္တြဲဆိုးက်ိဴးေတြမျဖစ္ေအာင္ ကာကြယ္ႏိုင္ေပမယ့္လဲ လူေတာ္ေတာ္မ်ားမ်ားက အခ်ိန္မီမသိရွိႏိုင္တာမို႔ ေစာစီးစြာ ေဆးကုသမႈခံယူခ်ိန္မရလိုက္ပါဘူး။ေလျဖတ္ျခင္းကို ဘယ္လိုသိႏိုင္မွာလဲ.?ေလျဖတ္ျခင္းကို (၁)ဦးေႏွာက္ေသြးေၾကာေပါက္ျခင္း (၂)ဦးေႏွာက္ေသြးေၾကာပိတ္ျခင္းဆိုၿပီး ေဆးပညာအရ၂မ်ိဴခြဲထားပါတယ္။စစ္တမ္းမ်ားအရ ေလျဖတ္ျခင္းရဲ႕၈၀ရာႏႈန္းက ဦးေႏွာက္ေသြးေၾကာပိတ္ဆို႔ျခင္းေၾကာင့္ျဖစ္ပါတယ္။ေသြးေၾကာပိတ္ဆို႔ျခင္းေၾကာင့္ေလျဖတ္ျခင္းဟာအျဖစ္မ်ားသေလာက္ အစပိုင္းတြင္ေရာဂါ လကၡဏာမျပသတာေၾကာင့္ သိရွိဖို႔လဲ ခဲယဥ္းပါတယ္။ဦေႏွာက္ေသြးေၾကာပိတ္ျခင္းေၾကာင့္ျဖစ္ေသာေလျဖတ္ရျခင္းရဲ႕ အေၾကာင္းရင္းမွာ ဦးေႏွာက္ဆီသို႔ ေသြးစီးဆင္းေသာေသြးေၾကာတစ္ေနရာတြင္ ေသြးခဲျဖင့္ပိတ္ဆို႔ျခင္းေၾကာင့္ျဖစ္ပါတယ္။ထိုအခါပိတ္ဆို႔သြားေသာေသြးေၾကာေနရာရွိ ဦးေႏွာက္တစ္ရႉးမွာ တျဖည္းျဖည္းေဖာင္းလာၿပီး ဦးေခါင္းခြံအတြင္းတြင္ ပိုမိုေနရာယူလာရာမွ ဦးေႏွာက္အတြင္းသားဖိအားျမင့္တက္လာပါတယ္။ထိုအခါ အလြန္ေခါင္းကိုက္ျခင္းျဖစ္ေပၚလာပါတယ္။ ထို႔ေနာက္မွာေတာ့ဦးေနာက္တစ္ခုလုံးမွာဖိအားကိုခံစားလာရပါတယ္။ ေလျဖတ္စဥ္မွာ ထိုလူရဲ႕ ေျခ လက္မ်ား လႉပ္မရႏိုင္သလို သူ႔ရဲ႕စကားေျပာအာ႐ုံနဲ႔ အၾကားအာ႐ုံေတြပါအလုပ္မလုပ္ႏိုင္ေတာ့ပါဘူး။တစ္ခ်ိဴ႕ေသာေလျဖတ္ျခင္းေတြမွာဆို လူနာအေနနဲ႔ ထင္ေယာင္ထငိမွားေတြပါျဖစ္လာတတ္ပါတယ္။အခ်ိဴ႕ေသာ ေလျဖတ္ျခင္းအႏုစားေတြမွာ လြန္ခဲ့ေသာ ၁၀ႏွစ္ခန႔္ သို႔မဟုတ္ မေန႔က အျဖစ္အပ်က္မ်ားကိုပါ ေမ့သြားတတ္ပါတယ္။ ပိုဆိုးလာပါက လူတစ္ကိုယ္လုံး လႈပ္ရွားလို႔မရေတာ့ပါ၊ဦးေႏွာက္ေသြးေၾကာပိတ္ ေလျဖတ္ျခင္းရဲ႕ လကၡဏာမ်ား – မ်က္ႏွာ သို႔ ေျခ လက္မ်ား ႐ုတ္တရက္ထုံျခင္း၊အားနည္းျခင္း (မ်ားေသာအားျဖင့္ ကိုယ္တျခမ္းတည္း)စကားမေျပာႏိုင္ေတာ့ျခင္း သို႔ ေျပာသည္ကိုနားမလည္ျခင္းအျမင္အာ႐ုံအားနည္းျခင္းမူးေဝျခင္း၊လမ္းမေလွ်ာက္ႏိုင္ျခင္း၊အာ႐ုံစိုက္မရျခင္း႐ုတ္တရက္ အလြန္အမင္းေခါင္းကိုက္ျခင္း – ေအာက္ပါလကဏမ်ားရွိပါကလဲ ဆရာဝန္ထံ အျမန္သြားျပဖို႔လိုပါတယ္။မူးေဝရာမွေအာ့အန္ျခင္းဦးေခါင္းအေနာက္ႂကြက္သားနာက်င္ျခင္းအန္ျခင္းမ်က္လုံးမ်ားညိဳမည္းျခင္းတစ္ေနရာတည္းကိုအခ်ိန္ၾကာျမင့္စြာၾကည့္ေနျခင္း(ရည္႐ြယ္ခ်က္မရွိပဲ)သင့္အနီးက လူတစ္ေယာက္ ေလျဖတ္ေနၿပီဟု သံသယရွိပါက သင္ဘာလုပ္သင့္သနည္း.?သူ႔ကို ၿပဳံးခိုင္းပါ။မ်က္ႏွာ တစ္ျခမ္း႐ြဲ႕မ႐ြဲ႕ကို အကဲခတ္ပါ။လက္ႏွစ္ဖက္လုံးကို အေပၚေျမႇာက္ခိုင္းပါ။လက္တစ္ဖက္နဲ႔တစ္ဖက္ညီမညီၾကည့္ပါ။စာတစ္ေၾကာင္း ကိုထပ္ခါထပ္ခါ႐ြတ္ခိုင္းပါ။စာလုံးမ်ား ပီသမွန္ကန္မႈ ရွိမရွိစစ္ေဆးပါ။ေလျဖတ္သည္ဟု သံသယရွိပါက ခ်က္ခ်င္းေဆး႐ုံပို႔ရပါမည္။ေလျဖတ္ျခင္းရဲ႕ေနာက္ဆက္တြဲဆိုးက်ိဴးမ်ားကို ကာကြယ္ဖို႔အတြက္ ပထမ၁နာရီအတြင္း ပို႔ႏိုင္ပါက အေကာင္းဆုံးျဖစ္သည္။