လောဘရမ္မက်ကြီးခြင်း အကျိူး

းအခါက ရွာတစ်ရွာမှာ လွန်စွာဆင်းရဲတဲ့ လင်မယားနှစ်ယောက်ရှိလေတယ်။ ထိုလင်မယားဆင်းရဲနေသည်ကို ယခင်ဘဝကတော်စပ်ဖူးသော သူငယ်ချင်းဟောင်း ရုက္ခစိုးနတ်မင်း မြင်လေသော် သူငယ်ချင်းလင်မယားကို ကူညီလို၍ သိကြားမင်းကို တိုင်ပင်လေတယ်။ သိ ကြားမင်းက အခုလို ကူညီဖို့ကို လက်မခံကြောင်း ပြောလေတယ်။ လက်မခံရခြင်းအကြောင်းကား သူဆင်းရဲ လင်မယားမှာ အနေအထိုင်ဆင်းရဲသလို နေထိုင်မှုမှာလည်း စည်းကမ်းမရှိပဲ ကုသိုလ်ရေးနဲ့ ဘာသာရေးလည်း မလိုက်စားတာမို့ သိကြားမင်းက စည်းကမ်းမရှိတဲ့ လင်မယားကို မကူညီစေလိုတာ ဖြစ်ပါတယ်။သိကြားမင်းတားမြစ်နေသော်လည်း ကူညီလိုစိတ်ပြင်းပြနေတဲ့ ရုက္ခစိုးဟာ သူငယ်ချင်း သူဆင်းရဲ လင်မ ယားကို မိမိအစွမ်းအစနဲ့ မိမိကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။တစ်နေ့ သူငယ်ချင်းဖြစ်သူ အိပ်ပျော်နေခိုက်မှာ ရုက္ခစိုးက ယခုလိုအိပ်မက် ပေး လေတယ်။ “သူငယ်ချင်း ထတော့ ရွာအရှေ့ဘက် ညောင်ပင်အောက် မြောက်ဘက်ကို ခြေလှမ်း(၇)လှမ်း လှမ်းလိုက်ရင် ရွှေအိုးတစ်လုံး ရှိတယ်။ သွားတူးချေတော့။” ဟုဆိုလေတယ်။ အိပ်မက်ထဲမှာ သူငယ်ချင်းကို ရုက္ခစိုးအဖြစ်မြင်လိုက်ရတဲ့ အမျိုးသားဟာ ဝမ်းသာအားရနဲ့ အိပ်မက်ကနိုးသော် ဇနီးဖြစ်သူကို နှိုးပြီး “ရှင်မရေ ထ ထ ငါ့သူငယ်ချင်း အောင်အောင်တစ်ယောက် ရုက္ခစိုးဖြစ်ပြီး ငါ့ကို ကူညီဖို့လာတယ်။ ကံထလို့ဟန်ကြပြီ မိန်းမရေ၊ ရွှေအိုးသွားတူးစို့ – ထ ထ”လို့ ဆိုလေတယ်။ဇနီးဖြစ်သူဟာ ရွှေဆိုသော အသံကြားတာနဲ့ မျက်လုံးကျယ်သွားပြီး ခင်ပွန်းဖြစ်သူကို မေးမြန်းလို့ အိပ်မက်အကြောင်းကို သေချာနားထောင်လေတယ်။ ခင်ပွန်းဖြစ်သူရဲ့ အိပ်မက်အကြောင်းကို ကြားသိရအပြီးမှာတော့ ချက်ချင်းပင် ရွှေအိုးသွားတူးရန် ခင်ပွန်းဖြစ်သူအား ဆော်ဩလေတယ်။ ဒီလိုနဲ့ သူဆင်းရဲ လင်မယားတို့ဟာ တူရွင်းပေါက် ပြားများ ကိုင်ကာ ရွှေအိုးရှိရာ ညောင်ပင်ဆီသို့ ချီတက်ခဲ့ကြတယ်။ လင်မယားနှစ်ယောက် ရွာအရှေ့ဘက်ရှိ ညောင်ပင်သို့ရောက်သော် ရုက္ခစိုးအိပ်မက်ပေးသည့်အတိုင်း မြောက်ဘက်ကို ခြေလှမ်း(၇)လှမ်း လှမ်းလို့ ခင်ပွန်းဖြစ်သူက မြေကိုတူး ဇနီးဖြစ်သူက မြေတွေကို ဖယ်နှင့် တက်ညီလက်ညီတူးလိုက်ရာ မကြာခင်အချိန်မှာပဲ ရွှေအိုးကို တွေ့ပြီး ထိုထဲမှ ရွှေပိဿာချိန်(၇)ပိဿာကို ရရှိခဲ့တယ်။

ရွှေတွေကို ပုဆိုးကောင်းနဲ့ ထုပ်ပြီး အိမ်ပြန်လာလို့ အိမ်ရောက်သော် ခင်ပွန်းဖြစ်သူဟာ အိမ်ရှေ့ ကွပ်ပျစ်မှာထိုင်လို့ ဒီလို စဉ်းစားလေတယ်။ “ရွှေတွေတော့ ရပြီးပြီ။ ဒီရွှေတွေကို မြို့မှာသာ တက်ရောင်းလိုက်ရင် ငွေတွေများများရမယ်။ ဒါပေမယ့် ဒီငွေတွေနဲ့ ငါ့မိန်းမနဲ့ မတန်ဘူးထင်တယ်။ အ တဲ့ အိမ်က မိန်းမကိုထားပြီး ငွေရှိရင် သွက်သွက်လက်လက် မိန်းမယူပြီး အလုပ်ကြိုးစားရမယ်။” လို့တွေးလေတယ်။ ထိုအချိန်မှာလည်း ဇနီးဖြစ်သူက ဒီလိုတွေးနေသတဲ့။ “ဒီယောကျ်ားနဲ့ ငါ ဆက်ပေါင်းလို့တော့ မဖြစ်ဘူး။ ငါ့ကိုလည်း နှိပ်စက်တဲ့ ဒီယောကျ်ားကိုထားလို့ငွေတွေယူပြီး အခြေအနေပေးရင် သွက်လက်ထက်မြက်တဲ့ အမျိုးသားနဲ့ အကြောင်းပါနိုင်သေးတယ်။” လို့တွေးနေသတဲ့။ လင်မယားနှစ်ယောက်စလုံးရဲ့ စိတ်ထဲမှာတော့ အကောက်ကြံဖောက်ပြန်ဖို့ကိုသာ တွေးနေကြလေတယ်။နောက်တစ်နေ့မနက်မှာ ယောကျ်ားဖြစ်သူက မိန်း မဖြစ်သူကို ရှင်းပစ်ဖို့ မနေ့ကလိုပဲ အိပ်မက်ထပ်မက်ကြောင်း ရွှေသွားတူးရန် လှည့်ဖြားပြီး ခေါ်လေတယ်။ မိန်းမဖြစ်သူကလည်း ယောကျ်ား ဖြစ်သူကို အပျောက်ရှင်းမယ့် အကြံနဲ့ စားစရာတွေကို အဆိပ်ထည့်လို့ ညောင်ပင်ရှိရာ လာခဲ့လေတယ်။ မနေ့က တွင်းထက် ပိုနက်အောင် တူးလိုက်တဲ့ ခင်ပွန်းဖြစ်သူဟာ ထိုတွင်းကြီးထဲမှာ ဇနီးဖြစ်သူကို တူရွင်းနဲ့ ရိုက်သတ်ပြီး မြှုပ်ပစ်ဖို့ ကြံလေတယ်။ ထိုအကြံတိုင်း ဇနီးဖြစ်သူကို မြေဖို့ပြီး အိမ်ကရွှေတွေကို ပြန်ယူဖို့ အသွား ဇနီးသည်ပြင်ပေးထားသော အစားအစာများကို အရင်စားလိုက်ရာ ခတ်ထားသော အဆိပ်ကြောင့် ညောင်ပင်အောက်မှာပဲ အစာအဆိပ်တက်ပြီး ဆုံးပါးရလေတယ်။ ဒီလိုနဲ့ လောဘရမ္မက်ကြီးကြတဲ့ လင်မယားနှစ်ယောက်ဟာ ညောင်ပင်အောက်မှာပဲ ခြေလှမ်း(၇)လှမ်းအကွာနဲ့ အသက်ဆုံးပါးသွားကြလေတယ်။ဒီပုံပြင်လေးကတော့ လောဘရမ္မက်ကြီးခြင်းက မိမိကိုကော တစ်ပါးသူကိုပါ အကျိုးယုတ်စေပြီး အဆုံးသတ်မှာ မည်သူမျှ ကောင်းကျိုးမဖြစ်ထွန်းစေနိုင်ကြောင်း အသိပညာကိုပေးထားတာ ဖြစ်ပါတယ်။

Credit – Original

[zawgyi]

းအခါက ႐ြာတစ္႐ြာမွာ လြန္စြာဆင္းရဲတဲ့ လင္မယားႏွစ္ေယာက္ရွိေလတယ္။ ထိုလင္မယားဆင္းရဲေနသည္ကို ယခင္ဘဝကေတာ္စပ္ဖူးေသာ သူငယ္ခ်င္းေဟာင္း ႐ုကၡစိုးနတ္မင္း ျမင္ေလေသာ္ သူငယ္ခ်င္းလင္မယားကို ကူညီလို၍ သိၾကားမင္းကို တိုင္ပင္ေလတယ္။ သိ ၾကားမင္းက အခုလို ကူညီဖို႔ကို လက္မခံေၾကာင္း ေျပာေလတယ္။ လက္မခံရျခင္းအေၾကာင္းကား သူဆင္းရဲ လင္မယားမွာ အေနအထိုင္ဆင္းရဲသလို ေနထိုင္မႈမွာလည္း စည္းကမ္းမရွိပဲ ကုသိုလ္ေရးနဲ႔ ဘာသာေရးလည္း မလိုက္စားတာမို႔ သိၾကားမင္းက စည္းကမ္းမရွိတဲ့ လင္မယားကို မကူညီေစလိုတာ ျဖစ္ပါတယ္။သိၾကားမင္းတားျမစ္ေနေသာ္လည္း ကူညီလိုစိတ္ျပင္းျပေနတဲ့ ႐ုကၡစိုးဟာ သူငယ္ခ်င္း သူဆင္းရဲ လင္မ ယားကို မိမိအစြမ္းအစနဲ႔ မိမိကူညီဖို႔ ဆုံးျဖတ္လိုက္ပါတယ္။တစ္ေန႔ သူငယ္ခ်င္းျဖစ္သူ အိပ္ေပ်ာ္ေနခိုက္မွာ ႐ုကၡစိုးက ယခုလိုအိပ္မက္ ေပး ေလတယ္။ “သူငယ္ခ်င္း ထေတာ့ ႐ြာအေရွ႕ဘက္ ေညာင္ပင္ေအာက္ ေျမာက္ဘက္ကို ေျခလွမ္း(၇)လွမ္း လွမ္းလိုက္ရင္ ေ႐ႊအိုးတစ္လုံး ရွိတယ္။ သြားတူးေခ်ေတာ့။” ဟုဆိုေလတယ္။ အိပ္မက္ထဲမွာ သူငယ္ခ်င္းကို ႐ုကၡစိုးအျဖစ္ျမင္လိုက္ရတဲ့ အမ်ိဳးသားဟာ ဝမ္းသာအားရနဲ႔ အိပ္မက္ကႏိုးေသာ္ ဇနီးျဖစ္သူကို ႏႈိးၿပီး “ရွင္မေရ ထ ထ ငါ့သူငယ္ခ်င္း ေအာင္ေအာင္တစ္ေယာက္ ႐ုကၡစိုးျဖစ္ၿပီး ငါ့ကို ကူညီဖို႔လာတယ္။ ကံထလို႔ဟန္ၾကၿပီ မိန္းမေရ၊ ေ႐ႊအိုးသြားတူးစို႔ – ထ ထ”လို႔ ဆိုေလတယ္။ဇနီးျဖစ္သူဟာ ေ႐ႊဆိုေသာ အသံၾကားတာနဲ႔ မ်က္လုံးက်ယ္သြားၿပီး ခင္ပြန္းျဖစ္သူကို ေမးျမန္းလို႔ အိပ္မက္အေၾကာင္းကို ေသခ်ာနားေထာင္ေလတယ္။ ခင္ပြန္းျဖစ္သူရဲ႕ အိပ္မက္အေၾကာင္းကို ၾကားသိရအၿပီးမွာေတာ့ ခ်က္ခ်င္းပင္ ေ႐ႊအိုးသြားတူးရန္ ခင္ပြန္းျဖစ္သူအား ေဆာ္ဩေလတယ္။ ဒီလိုနဲ႔ သူဆင္းရဲ လင္မယားတို႔ဟာ တူ႐ြင္းေပါက္ ျပားမ်ား ကိုင္ကာ ေ႐ႊအိုးရွိရာ ေညာင္ပင္ဆီသို႔ ခ်ီတက္ခဲ့ၾကတယ္။ လင္မယားႏွစ္ေယာက္ ႐ြာအေရွ႕ဘက္ရွိ ေညာင္ပင္သို႔ေရာက္ေသာ္ ႐ုကၡစိုးအိပ္မက္ေပးသည့္အတိုင္း ေျမာက္ဘက္ကို ေျခလွမ္း(၇)လွမ္း လွမ္းလို႔ ခင္ပြန္းျဖစ္သူက ေျမကိုတူး ဇနီးျဖစ္သူက ေျမေတြကို ဖယ္ႏွင့္ တက္ညီလက္ညီတူးလိုက္ရာ မၾကာခင္အခ်ိန္မွာပဲ ေ႐ႊအိုးကို ေတြ႕ၿပီး ထိုထဲမွ ေ႐ႊပိႆာခ်ိန္(၇)ပိႆာကို ရရွိခဲ့တယ္။ေ႐ႊေတြကို ပုဆိုးေကာင္းနဲ႔ ထုပ္ၿပီး အိမ္ျပန္လာလို႔ အိမ္ေရာက္ေသာ္ ခင္ပြန္းျဖစ္သူဟာ အိမ္ေရွ႕ ကြပ္ပ်စ္မွာထိုင္လို႔ ဒီလို စဥ္းစားေလတယ္။ “ေ႐ႊေတြေတာ့ ရၿပီးၿပီ။ ဒီေ႐ႊေတြကို ၿမိဳ႕မွာသာ တက္ေရာင္းလိုက္ရင္ ေငြေတြမ်ားမ်ားရမယ္။ ဒါေပမယ့္ ဒီေငြေတြနဲ႔ ငါ့မိန္းမနဲ႔ မတန္ဘူးထင္တယ္။ အ တဲ့ အိမ္က မိန္းမကိုထားၿပီး ေငြရွိရင္ သြက္သြက္လက္လက္ မိန္းမယူၿပီး အလုပ္ႀကိဳးစားရမယ္။” လို႔ေတြးေလတယ္။ ထိုအခ်ိန္မွာလည္း ဇနီးျဖစ္သူက ဒီလိုေတြးေနသတဲ့။ “ဒီေယာက်္ားနဲ႔ ငါ ဆက္ေပါင္းလို႔ေတာ့ မျဖစ္ဘူး။ ငါ့ကိုလည္း ႏွိပ္စက္တဲ့ ဒီေယာက်္ားကိုထားလို႔ေငြေတြယူၿပီး အေျခအေနေပးရင္ သြက္လက္ထက္ျမက္တဲ့ အမ်ိဳးသားနဲ႔ အေၾကာင္းပါႏိုင္ေသးတယ္။” လို႔ေတြးေနသတဲ့။ လင္မယားႏွစ္ေယာက္စလုံးရဲ႕ စိတ္ထဲမွာေတာ့ အေကာက္ႀကံေဖာက္ျပန္ဖို႔ကိုသာ ေတြးေနၾကေလတယ္။ေနာက္တစ္ေန႔မနက္မွာ ေယာက်္ားျဖစ္သူက မိန္း မျဖစ္သူကို ရွင္းပစ္ဖို႔ မေန႔ကလိုပဲ အိပ္မက္ထပ္မက္ေၾကာင္း ေ႐ႊသြားတူးရန္ လွည့္ျဖားၿပီး ေခၚေလတယ္။ မိန္းမျဖစ္သူကလည္း ေယာက်္ား ျဖစ္သူကို အေပ်ာက္ရွင္းမယ့္ အႀကံနဲ႔ စားစရာေတြကို အဆိပ္ထည့္လို႔ ေညာင္ပင္ရွိရာ လာခဲ့ေလတယ္။ မေန႔က တြင္းထက္ ပိုနက္ေအာင္ တူးလိုက္တဲ့ ခင္ပြန္းျဖစ္သူဟာ ထိုတြင္းႀကီးထဲမွာ ဇနီးျဖစ္သူကို တူ႐ြင္းနဲ႔ ႐ိုက္သတ္ၿပီး ျမႇဳပ္ပစ္ဖို႔ ႀကံေလတယ္။ ထိုအႀကံတိုင္း ဇနီးျဖစ္သူကို ေျမဖို႔ၿပီး အိမ္ကေ႐ႊေတြကို ျပန္ယူဖို႔ အသြား ဇနီးသည္ျပင္ေပးထားေသာ အစားအစာမ်ားကို အရင္စားလိုက္ရာ ခတ္ထားေသာ အဆိပ္ေၾကာင့္ ေညာင္ပင္ေအာက္မွာပဲ အစာအဆိပ္တက္ၿပီး ဆုံးပါးရေလတယ္။ ဒီလိုနဲ႔ ေလာဘရမၼက္ႀကီးၾကတဲ့ လင္မယားႏွစ္ေယာက္ဟာ ေညာင္ပင္ေအာက္မွာပဲ ေျခလွမ္း(၇)လွမ္းအကြာနဲ႔ အသက္ဆုံးပါးသြားၾကေလတယ္။ဒီပုံျပင္ေလးကေတာ့ ေလာဘရမၼက္ႀကီးျခင္းက မိမိကိုေကာ တစ္ပါးသူကိုပါ အက်ိဳးယုတ္ေစၿပီး အဆုံးသတ္မွာ မည္သူမွ် ေကာင္းက်ိဳးမျဖစ္ထြန္းေစႏိုင္ေၾကာင္း အသိပညာကိုေပးထားတာ ျဖစ္ပါတယ္။